Monday, November 26, 2012

Bintan Trip ☼ Day 3 ☼

Morning ^o^
ဖူးး (သက်ပြင်းချသံ) နောက်ဆုံးနေ့ရောက်တော့မှပဲ နေမင်းကြီးကို ကောင်းကောင်းမြင်ရတော့တယ်။ ဒုတိယနေ့ညက (Day2 ဖတ်ချင်ရင် ဒီမှာနှိပ်ပါ) နှစ်ယောက်သား သရဲကားကြည့်ပြီး တော်ရုံမအိပ်ကြတော့ မနက်ကျ မနိုးဘူးလေ။ အဲ့ဒါနဲ့ အရုဏ်ဦးနေထွက်ချိန် ကမ်းခြေသွား ဓာတ်ပုံမရိုက်လိုက်ရဘူး။ နေထွက်နေတဲ့ပုံက တူတူသွားတဲ့ အစ်မတစ်ယောက်ဆီကယူထားတာ... လှတယ်နော် ^_^


"ဒေါက် ဒေါက် ဒေါက်...."(7:00AM)
အိပ်ကောင်းနေတုန်း အခန်းတံခါးခေါက်သံကြားတော့ နိုးသွားတယ်။ သရဲရဲရဲ... (ဟီးးး စတာ :P) မနက်စာသွားစားမယ် လိုက်မလားဆိုပြီး လာခေါ်ကြတာနဲ့ အိပ်ချင်မူးတူးထ... ကားလေးနဲ့ထွက်လာကြတယ်။ လမ်းရောက်တော့ မနက်ရှုခင်းကို ဓာတ်ပုံသွားရိုက်တဲ့အစ်မနဲ့တွေ့တာနဲ့ သူ့ကိုပါခေါ်ပြီး Lobby က Restaurant ဆီ သွားကြတယ်။


တွတ်ပီ ကံမကောင်းပါဘူး... ဆိုင်က အဲ့လောက်အစောကြီး မဖွင့်ဘူးတဲ့။ ၈နာရီခွဲ ၉နာရီလောက်မှ ဖွင့်မှာဆိုတာနဲ့ အဲ့လောက်မစောင့်နိုင်လို့ အခန်းဆီပြန်လာကြတယ်။ ပြန်ရောက်တော့ မနေ့ကစားထားတဲ့ ဟော့ပေါ့တွေ နည်းနည်းကျန်သေးတာနဲ့ အဲ့ဒါနဲ့ပဲ ဖြစ်သလို စားလိုက်ကြတယ်။ စားပြီးတော့ ခဏနား... ပြီးတာနဲ့ ရေကူးမယ်ဆိုပြီး ကမ်းခြေဘက်ထွက်လာကြတယ်။ ရေကူးမယ်ဆိုလို့ Bikini နဲ့ပုံတွေ တွေ့ရမယ်လို့များ တွေးနေပါသလား?? ဟွင်းဟွင်းဟွင်း (မျက်ခုံးတစ်ဖက်ပင့်၍ မသင်္ကာသော အကြည့်ဖြင့်ကြည့်သည် O_o)။ သုံးရက်သွားတာ မိုးရွာနေတာနဲ့ ခုမှပဲကမ်းခြေဆီ သေသေချာချာရောက်တော့တယ်။ ပထမဆုံးနေ့ရောက်တုန်းကလည်း (Day1 ဖတ်ချင်ရင် ဒီမှာနှိပ်ပါ) မှောင်ခါနီးဆိုတော့ေ၀၀ါးဝါးပဲ >.<

လှတယ်နော်... လှဆို ကန်ဒီ့ညီမ သူများ Pro Camera ကြီးနဲ့ ရိုက်ထားတာလေ...

ဟီးးး ခြေထောက်ကို ရေထိတဲ့ပုံကို လှအောင်ရိုက်ကြည့်နေတာ... မလှပါဘူး >.< 
(ဘောင်းဘီကြီးက ဘယ်လိုဖြစ်နေပါလိမ့် =.=')


အ၀ါရောင် Boat ရှည်ရှည်လေးတွေကို သူတို့ခေါ်တာ "Banana Boat" တဲ့။ တခါစီး S$ 20... စီးကြည့်ချင်တာ။ ကန်ဒီတို့က နေ့လည် ၂နာရီ ပြန်မှာဆိုတော့ အချိန်မရလို့ မစီးခဲ့ရဘူး။ အဲ့ထက်ကြီးတဲ့ Boat တွေရှိသေးတယ်။ S$ 88 ဆိုလား... အဲ့ဒါတော့ မစီးနိုင်ပါဘူး :P


ကန်ဒီ့ကင်မရာလေးနဲ့ ရိုက်ထားတာလည်း လှပါတယ်နော် ^_^


ရေက ကြည်နေတာပဲ... ရေအောက်ကြမ်းပြင်ကသဲတွေတောင် လှမ်းမြင်ရတယ်။ ကန်ဒီလည်း ရေကူးချင်တာ မကူးတတ်လို့ ငြိမ်နေရတယ် (>.<)။ လှိုင်းတွေကတော့ ချောင်းသာတို့ ဘာတို့က လှိုင်းတွေလောက် မကြီးဘူး။ လှိုင်းစီးလို့မကောင်းဘူးပေါ့။ ရေတွေဘာတွေငုတ်မယ်ဆိုရင်တော့ တော်တော်မိုက်မယ် :D

 ဒါက ဟိုတယ်ထဲက ရေကူးကန်...


နေ့လည် ၂နာရီလောက်ကျတော့ Check out လုပ်ပြီး သင်္ဘောဆီသွားဖို့ ဟိုတယ်ကစီစဉ်ပေးတဲ့ကားကို Lobby က ထိုင်စောင့်ကြတယ်။ စောင့်နေတုန်း ဗိုက်က"ဂွီ ဂွီ"ဆိုပြီး ဆန္ဒပြပါလေရော... အဲ့ဒါနဲ့ အဆာပြေစားဖို့ Sandwich လေးဘာလေး ၀ယ်မယ်ဆိုပြီး ဟိုတယ်မှာ လိုက်ရှာတာ တွေ့တော့ တွေ့ပါတယ်... ဒါပေမယ့် Sandwich လေး နှစ်ခုကို S$ 9 (O_O)။ အဲ့ဒါနဲ့ နှစ်ယောက်သား အအေးလေးဝယ်ပြီး ပြန်လာကြတယ် (ကတ်စေးနဲပုံ xD xD)။ အဲ့လိုနဲ့ပဲ ကမ်းခြေမြို့လေးကို သင်္ဘောပေါ်ကနေ လက်ပြနှုတ်ဆက်ခဲ့ပါတော့သတည်းးးး။ ပုံပြင်လေးကတော့ ဒါပါပဲရှင်... အားလုံးလည်း ဆန့်တငင်ငင်နဲ့ ဖတ်ရလို့ မောနေလောက်ပြီ ဟီး xD

တာ့တာ^^

19 comments:

Anonymous said...

Don't go Bintan in Nov & Dec as it is raining season. We want to Bintan Agro Beach resort. good point is food & sea sports activities are cheaper (compare to what u wrote), but need to ride 1 hr from ferry terminal to hotel.

မိုးငွေ့........ said...

ကမ်းခြေကတော်တော်လှတာပဲ...ရေကူးကန်ကကူးချင်စရာ အမသာဆို အဲကန်ထဲကထွက်မှာမဟုတ်တော့ဘူး ပြီးတော့ ပင်လယ်ရေကကြည်တယ်ဆိုလို့ ငုတ်ကြည့်ချင်သေးတာ..တနေ့နေ့တော့ ရောက်ဖြစ်မှာပါ....ညီအမနှစ်ယောက်ချစ်စရာ...

Candy said...

Thanks for your information Anonymous :D

ဘုန်း ၂ တောက် said...

Wow! ပျော်ချရာကြီးပါလား။

ဒါနဲ့ Banana Boat ကို အမှတ်တမဲ့ကြည့်တော့ ဖိနပ် မှတ်လို့။ ဟဲ့ ဖိနပ်ကလည်း တစ်ဖက်နဲ့တစ်ဖက် အရောင်မတူပါလားလို့ တွေးနေသေးတယ်။

ဒီပိုစ်ထဲမှာ တော်တော်လေးရယ်ရတဲ့ အပိုဒ်လေး ပါသေးတယ်။ ပြောပြ၀ူး...

(စကားမစပ် ဒီည ၁၂ ကျော်ရင် တင်မည့်ပိုစ်ထဲမှာ ချိုချဥ့်လေသံကို နည်းနည်းယူသုံးထားတယ်။ ကြိုပြောထားပြီနော်။ ဟိ)
ချမ်းမြေ့ပါစေ The ကြားလုံးလေးရေ။
ခင်မင်တဲ့


Anonymous said...

တော်တော်ပျော်စရာကောင်းမှာပဲ

အလင်းသစ် said...

ခရီးသာသွားနေရမယ်ဆိုရင် ထမင်းမေ့၊ ဟင်းမေ့ပဲ.... ဝါသနာတူနေပြီထင်တယ်..... :P

မိုးနတ်ကြယ်စင် said...

မိုးနတ်လဲ အဲလိုခရီးသွားရတာ ၀ါသနာပါတယ်လေ
အတော်ပျော်ခဲ့ရဲ့လား ကန်ကန်ရေ...
ချစ်တဲ့...မိုးနတ်

Anonymous said...

ရေကူးမယ်ဆိုလို့ Bikini နဲ့ပုံတွေ တွေ့ရမယ်လို့များ တွေးနေပါသလား??
ကိန် ... သူသိသွားတယ် :p

- you know who :))

အိမ်မက်စေရာ said...

အပေါ်က ဘုန်း၂တောက် ပြောသလိုပဲ banana boat ကို ဖိနပ်ထင်နေတာ..သေချာကြည့်မှ အော် boat မှန်းသိတယ်..ဟိ အ တယ်နော်..ဓါတ်ပုံလေးတွေ တော်တော်လှတယ်.

ကိုကိုမောင်(ပန်းရနံ့) said...

အဝေးကကြည့်ရင် ၀ိုင်းစုလိုလို ဘာလိုလိုနဲ့။
လုပ်တာ လုပ်တာ။

အနီးကပ်ကြည့်ုလိုက်တော့မှ....ပိစိက ပိစိပါဘဲ။း))

ကူးကူးလှိုင် said...

ညီမလေးရေ ပျော်စရာခရီင်္းလေးအကြောင်းလဲ သိရတယ် တစ်ချို့ကွန်မန့်တွေကြောင့်လဲ ပျော်ရတယ်...

Suzy said...

banana boat သာပြောတယ် Rocket ကြီးနဲ့တူတယ် ဟီးဟီး xD

ညီလင်းနိုင် said...

THEကြားလုံးစာတွေက ဟာသမဟုတ်ပေမယ့်

ဖတ်နေသူကိုပါ ရွှင်မြူးလာစေတာတော့ အမှန်ပဲ ။

မသင်္ကာသော အကြည့်ဖြင့် ကြည့်သည် ဆိုပဲ ....

ဟက် ဟက် ဟက် တော်တော်နောက် ။

ဆက်လက်ထုဆစ်နိုင်ပါစေ

THEကြားလုံးရေ ..... ။

မိုးဇက် said...

အဟုတ်မှတ်လို့ အစဆုံးဖတ်နေတယ် ၊ အဆုံးရောက်တော့ ပုံပြင်တဲ့ ..တိန်
စကားမစပ် အာ့လိုမျိုး ကမ်းခြေတစ်ခုခုမှာ တစ်ခါလောက်ကဲချင်သေးတယ် ဒါပေသိ စိတ်ကူးပဲရှိသေးတယ် လက်တွေ့တော့ ဖြစ်မလာသေးဘူး ။ ။
အော် မေ့လို့
ဟိုနေ့က သီချင်း Lyrics ကိုချက်ခြင်းပို့ပေးလို့ ကျေးဇူး မမ ..
ဟီး

myo thant said...

ညီမလေး မ တွေ့ ဖြစ်တာတောင်ကြာပေါ့ ဆဖယ ကိုမလာတော့ဘူးလား အစ်ကို 7 ရက်နေ့ မြန်မာပြည်အပြီးပြန်တော့မှာ လာနုတ်ဆက်တယ်ချိုချဉ်လေးရေ ( ပအိုဝ့်လေး )

myo thant said...

ညီမလေး မ တွေ့ ဖြစ်တာတောင်ကြာပေါ့ ဆဖယ ကိုမလာတော့ဘူးလား အစ်ကို 7 ရက်နေ့ မြန်မာပြည်အပြီးပြန်တော့မှာ လာနုတ်ဆက်တယ်ချိုချဉ်လေးရေ ( ပအိုဝ့်လေး )

Anonymous said...

ပိုစ့်ကို ဖတ်ပြီးမှ ဘုန်းဘုန်းတောက် ကွန်မန့်ကို တွေ့လို့ ပြန်ရှာရသေးတယ် ဘယ်နေရာကများ ရယ်စရာကောင်းတုန်းလို့ပေါ့း) အကိုလည်း တွေ့လိုက်တယ် သူ့လိုဘဲပြောဘူးး))။

ဒါက ဘင်တန် ခရီးသွား ပြီးဆုံးကြောင်းပေါ့
များများသွား များများရေး ကျုပ်ကတော့ အားပေးတယ် အာပေတူး ရေ....။

Candy said...

ဟင်... တကယ်ကြီး ပြန်တော့မှာလား :( :( ညီမလည်း အလုပ်တွေရှုပ်နေလို့ အဲ့မရောက်ဖြစ်ဘူး >.<

Candy said...

ဟဲဟဲ... သူတို့မပြောလဲ ဘယ်နေရာကို ကွိကွိနဲ့ ရီသွားကြလဲဆိုတာ ဒီကလည်း သိနေပါတယ်နော် ဟတ်ဟတ် xD