HALLO^^
တမင်တကာ "A"နဲ့ပေါင်းထားတယ်။ ဘာလို့လဲ သိလား??(:D)။ သီတင်းကျွတ် လပြည့်နေ့က ဘာတွေလုပ်ဖြစ်လဲ?? ကောင်းမှုကုသိုလ်တွေရော လုပ်ဖြစ်ရဲ့လား?? ဒီနေရာမှာ ကြီးကြီးမားမားလုပ်ရမယ်လို့ မဆိုလိုဘူးနော်။ အနည်းဆုံး ဘုရားရှိခိုးဖြစ်ရင်ပဲ တော်တော်ဟုတ်နေပြီ။ ဒါလည်း ကောင်းတာလုပ်တာပဲမဟုတ်လား(:D)။ Humm... ဘုရားရှိခိုးတဲ့အကြောင်းပြောမှ တစ်ခုစဉ်းစားမိတယ်။ ကန်ဒီခဏခဏကြားဖူးတဲ့ ဘုရားမရှိခိုးတဲ့လူတွေပြောတတ်တဲ့ အကြောင်းပြချက်က "ဘုရားတရားကို ရိုသေပြီး ယုံကြည်ပါတယ်... စိတ်ထဲမှာလည်း အမြဲရှိတယ်... အဓိကက စိတ်ထဲရှိနေဖို့ပဲမလား??"... စသဖြင့် စသဖြင့်ပေါ့။ ဒါပြောပြနေတာ ဘုရားမရှိခိုးတဲ့လူတွေကို အပြစ်တင်နေတာ မဟုတ်ဘူးနော်။ ဘုရားမရှိခိုးချင်နေပါ... ဒါပေမယ့် အဲ့လိုစိတ်ထဲရှိနေရင် မရှိခိုးလည်းဖြစ်တယ်ဆိုတဲ့ အတွေးမျိုးတော့ မတွေးပါနဲ့နော်။ ကန်ဒီဟိုးးးးတလောက ဖတ်မိတဲ့စာအုပ်ထဲကအကြောင်းလေး အဲ့တုန်းကပိုစ့်တပုဒ်မှာ ထည့်ရေးဖူးတယ်။ အလေ့အကျင့်လိုတယ်ဆိုတာလေ... မလုပ်ချင်လည်း လုပ်ရမယ်ဆိုတဲ့စိတ်လေးထားပြီး ကိုယ့်ဟာကိုယ်နှိုးဆော်နေတဲ့အခါ ကြာလာတော့ လုပ်ဖန်များလာတော့ ကုသိုလ်တွေဆက်တိုက်လုပ်ချင်တဲ့ အကျင့်လေးရလာတယ်တဲ့။
မပြုချင်ပြု ပြုချင်ပြု
ကောင်းမှုကုသိုလ်တွေ။
ကိုယ်တွင်းရောဂါ၊ ကိလေသာ
ကိုယ်မှာ ရှိ၍နေ။
အဲ့ဆောင်ပုဒ်လေးကို အရမ်းသဘောကျလို့ မှတ်မှတ်ရရဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကိုယ်တိုင်လည်း ဘုရားရှိခိုးရမှာ ပျင်းတဲ့အခါတွေရှိတတ်တယ်လေ(:P)။ တော်ပြီနော်... တရားဟောသလိုဖြစ်နေပြီ ဟီးးး xD
ကန်ဒီရဲ့လပြည့်နေ့ကတော့ တယောက်တည်းကို ရှုပ်နေတာ... မနက်အစောကြီး ၅နာရီခွဲလောက်ထပြီး အရုဏ်ဆွမ်းကပ်ဖို့ ဘုန်းဘုန်းတည်းနေတဲ့ Orchard ကိုသွားတယ် (အိပ်ရေးက သိပ်မ၀ဘူး... ကန်ဒီ့ထုံးစံအတိုင်း ည၂နာရီကျော်မှ အိပ်ထားတာလေ >.<)။ အဲ့နေ့မတိုင်ခင် အိမ်ကအန်တီက ဆွမ်းချက်ဖို့လိုတဲ့ ကြက်သွန်မြိတ် ၀ယ်ခိုင်းတာ ကန်ဒီမှားဝယ်လာတဲ့ဟာကို ကြည့်ဦး ဟီးးးးးး(xD) အဲ့ဒါ ဘာကြီးလဲ?? ကန်ဒီလည်း သေချာမသိဘူး။ ထင်တာတော့ စပါးလင်ပဲ xD :P
ရင်လေးတယ်... ရင်လေးတယ်... (ကိုယ့်ဟာကိုယ် ပြောပါတယ် >.<)
အိမ်က မထွက်ခင်...
ဟိုတလောက အမေပို့ပေးလိုက်တဲ့အကျီလေးလေ။ ခါးတိုပြီး နည်းနည်းလေးပွနေတယ်။ ကန်ဒီဝတ်နေကျ တစ်ထည်တည်းသော(:P) ခရမ်းရောင်အကျီလောက် Fit မဖြစ်ဘူး။ အဲ့လောက်တော့ရှိမှာပေါ့ နော်။ သူလည်း မှန်းဝယ်ရတာဆိုတော့ :D
ဆွမ်းကပ်ခါနီး...
အားလုံးပြီးတော့ သိမ်းတာဆည်းတာ ဘာညာနဲ့ အိမ်ပြန်ရောက်တော့ မနက် ၁၁နာရီလောက်။ နေ့လည်စာစားပြီး အလုပ်ဆက်သွားတယ်။ အလုပ်က ထူးထူးခြားခြား နည်းနည်းလေးစောပြီးတယ်။ အဲ့ဒါနဲ့ ကမန်းကတန်းအိမ်ပြန်ပြီး ရေချိုးခေါင်းလျှော်... ပြီးတော့ Yeo's Building မှာလုပ်တဲ့ ပါချုပ်ဆရာတော်ရဲ့ တရားပွဲဆက်သွားတယ်။ တကယ်တော့ အင်္ဂလိပ်လိုဟောတာ တခါမှမနာဖူးလို့ သွားနားထောင်တာ ဆိုပါတော့။ ပါဠိအသံထွက်တွေက နည်းနည်းလေးကွာတယ်။ မှန်းကြည့်ရင်တော့ ဘာပြောလဲ သိပါတယ်... ဥပမာ- "သီလ" ဆို "စီလ" လို့ထွက်တယ်။
တရားပွဲမှာ...
ဒီအကျီကတော့ ခုနကဟာထက် ပိုတော်တယ်ပြောရမယ် :D
(အမေပို့ပေးထားတာတွေ ခုမှဝတ်ရတာ xD)
ပြန်လာတော့ ည ၁၀ နာရီလောက်။ မျက်လုံးကိုလည်း ကြည့်ဦး... ပန်ဒါလေးကျနေတာပဲ။ ပြန်ရောက်တာနဲ့ မအိပ်သေးဘူး။ ကိုယ့်ဘလော့ခ်လေးတော့ ၀င်ကြည့်လိုက်သေးတယ်။ ဘယ်သူတွေများ ဘာတွေပြောထားမလဲလို့(:D)။ ဒီနေရာကို အဲ့လောက်ချစ်တာ ♥
နောက်ဆုံးးးအနေနဲ့..................
အပေါ်ဆုံးက........................
စကားလုံး.....................
အကြောင်းလေး.........
ပြန်ဆက်ရရင်........
....................
..................
...............
.............
..........
......
....
..
*** HaPpY HaLlOwEeN ***
ဟီးဟီးဟီး... လန့်သွားလား???
Good Night^^
Have a Ghost Dream xP
24 comments:
အမလေး။
လန့်လိုက်ထာ ပိစိရာ။း))
မြှောက်ပြောတာ မဟုတ်ဘူး။
နန်းခင်ဇေယျာနဲ့ နင်လား ငါလားဘဲ။း))
Happy Halloween!
Iora
အပေါ်ဆုံးက အကျီင်္လေးပိုကြိုက်တယ်...
သရဲလေးက ကြောက်ဖို့မကောင်းဘူး ချစ်ဖို့ကောင်းတယ်..
ဆုံးမတာတွေကိုလည်း ဖတ်သွားပါတယ်... :P
ကန်န်ဒီလေးက ငယ်ငယ်လေးနဲ့ ဘာသာရေးအလုပ်လေးတွေနဲ့ မပြတ်တာ ချီးကျူးပါတယ်..
ဂျာန်မန်လို Hello ကို A နဲ့ပေါင်းတယ် ကန်န်ဒီပေါင်းသလိုပေါ့ Hallo..!!
တိုက်ဆိုင်သွားပြီနော်..
အိမ်မက်
Dear Candy,
Could u please give me the video/audio link of Tayar in English by (Yeo's Building မှာလုပ်တဲ့ ပါချုပ်ဆရာတော်ရဲ့ တရားပွဲ ) as u mentioned above ? Thank you.
Happy halloween.....
I saw your photo on Dhamma download FB.
အလည်လာပြီး
ဖတ်မှတ်လေ့လာသွားတယ် ညီမချောလေးရေ
အလည်လာပြီး
ဖတ်မှတ်လေ့လာသွားတယ် ညီမချောလေးရေ
အလည်လာပြီး
ဖတ်မှတ်လေ့လာသွားတယ် ညီမချောလေးရေ
For the video link for Dhamma Talk, Pls go to dhammdownload website.It is under 'live webcast'
http://www.ustream.tv/recorded/26542288
ကန်ဒီရေ မင်္ဂလာရှိသော နေ့လည်ခင်းလေးပါ။
ကြက်သွန်မြိတ်နဲ့ စပလင်မှားပုံလေးကို ကြည့်ပြီး သီဟိုဠ်မှာနေတုန်းက ဦးဇင်းကြီးတစ်ပါးက ကားဆရာတစ်ယောက်ကို ကွမ်းရွက်သွားဝယ်ခိုင်းတာ။ ကွမ်းရွက်လေးက သေးနေတော့ ဦးဇင်းကြီးက ဘာပြောတယ်မှတ်လဲ ကွမ်းရွက်နဲ့မြင်းခွါရွက်နဲ့များ မှားဝယ်လာသလား အောက်မေ့ရတယ်တဲ့။ ဟိ။
ချိုချဉ်ကောင်းမှု၊ အစုစု၊ သာဓုခေါ်ပါသည်။
ဒါနဲ့ စကားမစပ် ပန်ဒါဆိုတာ ဘာတဲ့လဲ။ (ဗဟုသုတစုံချက်)ဟိ။
ခင်မင်တဲ့
အလည်ေ၇ာက်ခဲ့ပါတယ်အမကန်ဒီ
ပုံလေးကလည်းချစ်စရာကောင်းတယ်
ကြက်သွန်မြိတ်နဲ့ စပါးလင် မှားတယ်ဆိုတော့
မီးဖိုဖျောင် နိုင်နင်းတဲ့ သဘောကို ပြနေတာပေါ့ ။
ဟက် ဟက် ဟက် ဟက်
ဆက်လက်ထုဆစ်နိုင်ပါစေဗျာ ။
ကြက်သွန်မြိတ်နဲ့ စပါးလင်က အနံ့ ရော အရသာရောကွာတယ်တဲ့ ပြီးတော့ စပါးလင်ကဇက်ကြောတက်တယ်တဲ့ ငယ်လေးလဲမသိဘူး
အမေ့ကိုမေးလိုက်တာ မမရဲ့ အမှားကသိပ်မဆိုးပါဘူး ငယ်လေးဆိုရင် အမေကဈေးဝယ်ခိုင်းတိုင်းတစ်ခုခုတော့မှားပြီးဝယ်တက်တယ်
wow, the food seems to be so delish! hehe, happy halloween too :D
၃၀ ရက်နေ့က အင်္ဂလိပ်လိုဟောတဲ့ တရားပွဲလင့်ခ်က ဒီမှာနော်...
http://www.dhammadownload.com/live1.htm
Dhamma Download Website မှာ မနည်းရှာလိုက်ရတယ် :D :D ကျန်တဲ့သုံးရက်က တရားတွေပါ နာချင်ရင်တော့ ဒီကိုသွားနော်...
http://www.dhammadownload.com/Dhammadownload-NEWS-Dr-Nandamalabhivamsa-Feb-2012.htm
အဲ့မှာ နေ့အလိုက်သူ့လင်ခ့်လေးနဲ့သူပေးထားတယ် :D
တရားလင့်လေးအတွက်ကျေးဖူး ချိုချဉ်ရေ
မိုးသူ(တောင်ကြီး)
Thank you so much another Anonymous and Candy for the Dhamma Talk link.
ညီမလေးကန်ဒီရေ
မကြီးလွမ်းလာသွားတယ်။ စာတွေလည်းဖတ်တယ်။
ပုံလည်းကြည့်တယ်။ သီချင်းလေးလည်း နားထောင်သွား
တယ်။ အားလုံး ကြိုက်တယ်။ ကန်ဒီဘလော့လေးလာရ
တာစိတ်ချမ်းသာတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ
ခင်တဲ့
မကြီးလွမ်း
I have a problem with the overall premise of your article but I still think its really informative. I really like your other posts. Keep up the great work. If you can add more video and pictures can be much better. Because they help much clear understanding. :) thanks
တရားပွဲဆိုလို့ ဟုတ်လာတာ အစကတည်းကစပါးလင်နဲ့တိုးတယ်
နောက်ဆုံးတော့ ဟော်လ၀န်းသရဲကိုမြင်ရတယ်
တကယ်လန့်တယ်
ဂျာရစ်း)
သီတင်းကျွတ် လပြည့်နေ့ကလား အင်း ကုသိုလ်တွေ လုပ်ဖြစ်ခဲ့တယ် တရားနာတယ် ပဌာန်းရွတ်တယ် ဘုန်းကြီးကျောင်းမှာပေါ့ ။
သကြားလုံးရေ......
၁နာရီ ၃ကျပ်နဲ့ အွန်လိုင်းနားမကပ်နိုင်တာကြာလို့ မဖတ်ရတာ ကြာနေပြီ။
မမကန်ဒီရေ သီတင်းကျွတ်တဲ့နေ့က အိမ်မှာ ဘုရားပန်းဝယ် သစ်သီးဝယ်ပြီး အိမ်က ဘုရားမှာ ကပ်တယ် ပြီးတော့ ဘုရားအကြာကြီးရှိခိုးဖြစ်တယ်။
Post a Comment