Sunday, November 11, 2012

လက်ဆောင်++

မင်္ဂလာနံနက်ခင်းပါ :)
♫♪ အရုဏ်ချိန်မနက်ခင်းဆို အလွမ်းနဲ့ ကိုယ်မျက်နှာသစ်တာ.... ♫♪
ပြောသာပြောရတယ် အချိန်က နေ့လည်ရောက်တော့မယ်(:P)။ ခုမှ နိုးတယ်ဆိုတော့ ဒါကန်ဒီ့အတွက် မနက်ပဲပေါ့ ဟီးဟီး(xD)။ ကော်ဖီတခွက်နဲ့ စာရေးမလို့ ဟန်ပြင်နေတာ။ မနေ့က ကန်ဒီ့ညီမ ရန်ကုန်ပြန်သွားတယ်(အလည်)။ နှစ်ပတ်လောက်ကြာမယ်။ ပျော်စရာကြီးနော်။ ဟင့်.. ကန်ဒီမပြန်ဖြစ်တာ ၂နှစ်တောင် ပြည့်တော့မယ်။ ကန်ဒီမပြန်တဲ့ကြားအချိန်အတွင်း သူပြန်တာ ၂ခါရှိပြီ(>.<)။ သူများတွေက ဘာလို့ မပြန်တာလဲ?? ရန်ကုန်ကို မလွမ်းဘူးလား?? တဲ့။ လွမ်းတာပေါ့... လွမ်းလို့သေမယ်ဆို သေလောက်တယ် (နည်းနည်း ပိုသွားလား :P)။ ဒါပေမယ့် ခုလောလောဆယ် အလည်မပြန်ချင်ရတဲ့ အကြောင်းရင်းတွေကလည်း ရှိနေသေးတယ်။ အဲ့လိုပြောလို့ ကြီးကြီးမားမား ထင်သွားဦးမယ်။ တကယ်တော့ ဘာမှမဟုတ်ပါဘူး။ အဓိကကတော့ ပိုက်ဆံမသုံးချင်လို့... လေယာဉ်လတ်မှတ် ၃၀၀ ကျော် ၄၀၀ နီးပါးက နည်းတာမှ မဟုတ်တာ။ ကန်ဒီရှာနိုင်တယ်ဆို ထားပါတော့။ ခုဟာက ကန်ဒီက ဒီမှာကျောင်းတက်နေရတာလေ။ မိဘဆီက လက်ဖြန့်တောင်းနေရတဲ့အချိန်မှာ အတတ်နိုင်ဆုံး ကိုယ့်ဘက်က သိတတ်ရမှာပေါ့.. ဟုတ်တယ်ဟုတ်။ အမေ့ကိုပြောရင်တော့ သူကပြန်လာလည်ပြောမှာ သေချာတယ်။ အဲ့တော့ သူတို့ကိုက မပြန်ရတဲ့ အကြောင်းပြချက်သက်သက်ပေးထားတယ် :D :D


သူပြန်မယ်ဆိုတော့ အမေ့အတွက် လက်ဆောင်လေးဘာလေးထည့်ပေးရအောင် Watson မှာ သွားကြည့်တယ်။ အစကတော့ နှုတ်ခမ်းနီဝယ်ပေးမလို့ပဲ။ နောက်တော့ လက်သည်းနီပဲ ၀ယ်ဖြစ်သွားတယ်။ သူ့အတွက်တစ်ဗူး ကန်ဒီ့အတွက်တစ်ဗူး(:P)။ အမေ့အတွက်က ခရမ်းရောင်လေး(Sugar Plum)။ သူက အရောင်အရင့်တွေ ကြိုက်တတ်တယ်။ ကန်ဒီ့အတွက်က ခဲရောင်လိုလို ဘာလိုလိုအရောင်(Spanish Moss)။ ကန်ဒီ့ညီမပြန်လာရင် အဖေနဲ့အမေလည်း လိုက်လာမယ်။ ကန်ဒီ့ Convocation အတွက်လေ ^_^

သောကြာနေ့က ကန်ဒီ့ညီမနဲ့ သူအလုပ်ကလူတွေ Dinner သွားစားတာ ကန်ဒီ့ကိုပါ ဖိတ်တာနဲ့ လိုက်သွားဖြစ်တယ်။ Coronation Plaza သုံးထပ်က "MAIO YI" ဆိုတဲ့ Vegetarian Restaurant မှာ... အဲ့ဆိုင်က တရုတ်ဘုန်းကြီးတစ်ပါးဖွင့်တာလို့ ပြောတာပဲ။ အရမ်းစားကောင်းတယ်။ ဈေးလည်း အဲ့လောက်မကြီးဘူး။ ကန်ဒီအဲ့လိုမျိုးချက်တတ်ရင် Vegetarian ပြောင်းလိုက်မယ်လို့တောင် ကန်ဒီ့ညီမကို ပြောဖြစ်သေးတယ် ^_^

 
Dinner အတွက် Make up ^_~


ကန်ဒီ မျက်လုံးချယ်တာနဲ့ပက်သက်တဲ့ ပိုစ့်တွေ ရေးမယ် ရေးမယ်ဆိုပြီး ဘယ်လိုပုံစံရေးရမလဲ စဉ်းစားမရတာနဲ့ ခုထိမရေးဖြစ်သေးဘူး။ အပေါ်ကပုံလို မျက်လုံးလည်းပေါ် Focusလည်းမိဖို့ဆို အနည်းဆုံး လေးငါးပုံလောက် ရိုက်ရတယ်။ အဲ့တော့ မျက်လုံးချယ်တဲ့ Step by Step ပိုစ့်ရေးဖို့ဆို ဓာတ်ပုံရိုက်ဖို့ အချိန်တော်တော်ပေးရမယ်။ အဲ့ဒါ အပျင်းတစ်နေတာဆိုပါတော့ ဟီးးးး။ နောက်ပြီး မြန်မာလို ဘယ်လိုစကားလုံးသုံးပြီး ရှင်းပြရမလဲဆိုတာလည်း စဉ်းစားမရဖြစ်နေတယ် @_@

မနေ့(စနေနေ့)ကတော့ ကန်ဒီ့အသိအစ်မတယောက်ရဲ့အိမ်မှာ တနေ့လုံးနေဖြစ်တယ်။ ကြေးအိုးလုပ်စားကြတယ်လေ။ ညနေကျတော့ အစ်မသမီးလေးက 1D Albumအသစ်မှာထားတာ သွားယူမယ်ဆိုလို့ Jurong Point ကို လိုက်သွားပေးတယ်။ သူက ကလေးနဲ့တူပြီး ချစ်ဖို့ကောင်းတယ်။ ကလေးနဲ့မတူတဲ့ ကလေးတွေကို ကန်ဒီသိပ်မချစ်တတ်ဘူး။ သူ့ကို 1D ပါတဲ့ ကော်ဖီခွက်လေး လက်ဆောင်ပေးဖြစ်တယ်။ ဘာရယ် မဟုတ်ဘူး... ချစ်လို့ပေးတာ :D

ကန်ဒီ့ရုပ်က ဘာရုပ်ပေါက်နေလဲ မသိဘူး >.<

အစ်မပေးလိုက်တဲ့ Face Shop free sample တွေ... Thank you ♥

သူတို့အိမ်မှာရောက်နေတုန်း ကိုလေး(အစ်ကိုငယ်)က ဖုန်းဆက်တယ်။ "ကန်ဒီ့ညီမပြန်သွားပြီလား... အိမ်မှာ တယောက်တည်းဖြစ်နေလား.. အဆင်ပြေလား..." မေးတာ။ ကန်ဒီက "အဆင်ပြေတယ်... ခုသူငယ်ချင်းအိမ်မှာ..."လို့ ပြောတော့... "ပါတီလား?" တဲ့။ "မဟုတ်ဘူး မုန့်လုပ်စားတာ"လို့ ပြောတာကို... "သောက်တာသောက် မမူးစေနဲ့"တဲ့(>.<)။ အစ်ကိုဖြစ်နေပြီး ကိုယ့်ညီမ သောက်တတ်လား မသောက်တတ်လားတောင် မသိဘူးဆိုတော့ နည်းနည်းလွန်သွားပြီ =.="

ဒီရက်ပိုင်း စိတ်ရှုတ်စရာတွေ ရှိတယ်။ ပြဿနာက ကိုယ်နဲ့မဆိုင်ဘူး ဆိုပေမယ့် ကိုယ်နဲ့ပက်သက်တဲ့လူမှာဖြစ်နေတော့လည်း ကြားထဲက ကိုယ်ကစိတ်မကောင်းဘူး။ ကန်ဒီ သူများကိစ္စတွေမှာ တော်ရုံဝင်မပါတတ်ဘူး။ ကန်ဒီဝင်ပါရပြီဆို အဲ့ကိစ္စက တော်တော်ဆိုးနေလို့ပဲ။ ခုလည်း အဲ့လိုအနေအထားဖြစ်နေတယ်။ မပါချင်ပေမယ့် ကိစ္စက တော်တော်အမြင်မတော်ဘူး။ ကြားထဲကနေ လူတယောက်ကို မုန်းမိချင်သလို ဖြစ်နေတယ်။ မဖြစ်သင့်ဘူး။ ပါးစပ်နဲ့ အနိုင်ကျင့်တာမျိုး ကြားဖူးလား?? ခုဟာက ပါးစပ်နဲ့ရော လက်နဲ့ရော။ ကိုယ့်ရှေ့မှာ လူတစ်ယောက်ကိုရိုက်နှက်ပြီး တွန်းလှဲနေတာ ဘယ်လိုလုပ်မလဲ??? ကိုယ့်ပါးစပ်ကထွက်တဲ့စကားနဲ့ ကိုယ့်အပြုအမူက ကိုယ့်အဆင့်အတန်းကို ဖော်ပြတယ်ဆိုတာ မမေ့စေချင်ဘူး။ ထားလိုက်ပါတော့... ဟိုတနေ့က ဖိုးမောင်တင်တဲ့ ဒီပိုစ့် ဖတ်ပြီး ထိုင်ကလိနေတာ အရမ်းရီရတယ် ဟီးးးး xD

ဟဟဟဟဟ :D :P

Ekk... ဟဟဟ (သူငယ်ချင်း လာတဂ်တာ :D :D)

ရေးထားတာတွေစုံတော့ ခေါင်းစဉ်ဘယ်လိုတပ်ရမလဲ မသိတော့ဘူး >.<
Have a Nice Weekend ^_~

16 comments:

ဘုန်း ၂ တောက် said...

ကန်ဒီက ချိုချဉ်ရုပ်ပေါက်နေတယ်။ ချိုချိုလေး...
ခင်မင်တဲ့

Thu said...

အဲ့ဒီsmismi chatကိုAhthuတို.ကျောင်းမှာလဲဝိုင်းကလိနေကြတာ။တော်တော်ပျော်ဖို.တော့ကောင်းတယ်။
ဘာလုပ်လုပ်ကန်ဒီလဲချစ်ဖို.ကောင်းတဲ့ထဲပါတယ်။

မြတ်ကြည် said...

မျက်တောင်အရှည်ကြီးတွေကို အားကျတယ်။

ဆုမြတ်မိုး said...

candy & myatkyi- please try to ask.. candy khine ko thi lar ...
myat kyi ko thi lar
ask with buglish in simi :D

ညီလင်းနိုင် said...

THE ကြားလုံးက ကလေးလေးပိစိကွေးလေးလိုပါပဲ ။

အပြစ်ကင်းတယ်.... မာနကင်းတယ် ။

ကျွန်တော် ထင်တာကို ထုတ်ပြောမိတာပါ ။

ဆက်လက်ထုဆစ်နိုင်ပါစေ THE ကြားလုံး ရေ..... ။

ကူးကူးလှိုင် said...

ကန်ဒီက အရမ်းချစ်ဖို့ကောင်းတာပဲ အပြစ်ကင်းတယ် မာနကင်းတယ်ဆိုတဲ့ ကွန်မန့်လေးကို ထောက်ခံသွားတယ်နော်
ညီမလေးရေ အမြဲတမ်းအဲလိုလေးနေနော်...

မြတ်နိုးသူ said...

အလည်ေ၇ာက်ခဲ့ပါတယ်အမ
စာလေးတွေဖတ်ပုံလေးတွေကြည့်ပီး
ပြန်သွားပီနော်။

မင်းဧရာ said...

သောက်တော့သောက် မကုန်စေနဲ့ အကိုတို့ အတွက်ကျန်ဘဲနေမယ်း)

သကြားလုံးရေ...
ညေးကတော့ ဘယ်လိုရေးရေး ပို့စ်ကိုဖတ်တဲ့အခါ နွေးနွေးထွေးထွေးလေးခံစားရတယ်။

မိုးနတ်ကြယ်စင် said...

ချစ်ချာရေး..ကန်ကန်ရေ...
ခုမှကို ပိုပြီးသတိတရရှိနေတယ်ဟ...
ချစ်တဲ့...မိုးနတ်

မေမြို့မိုး said...

မသောက်နဲ့ အမြည်းစားအေ..

မိုးငွေ့........ said...

ဟုတ်တယ် ကိုယ်လဲ ကိုယ့်အရှေ့မြှ အဲလို လက်တွေဘာတွေပါပြီး အနိုင်ကျင့်တာကို သိပ်မုန်းတာပဲ...။ ဒါပေမယ့် သူများကြားထဲမ၀င်တာကတော့အကောင်းဆုံးပဲ...။ဟဟ အဲဒီ Sim Simi ကို ဟိုနေ့ကပဲလျှောက်မေးနေတာ ရီရတယ်...။

အလွမ်းမြို့ said...

ကန်ဒီလေး.. အဟယ် မကြီးလွမ်းအမြဲပြောတယ်မို့
လား.ကန့်ဒီဘလော့လာရင် စိတ်ချမ်းသာပါတယ်ဆို။
ဓါတ်ပုံလေးမြင်ရတိုင်း ပျော်တယ်။အပြစ်ကင်းပြီး
ချစ်ချာလေးပါချို။ဘယ်လိုလေးဘဲ စာရေးရေး ဖတ်ကောင်းတယ်။အားပေးသွားတယ် ညီမလေး


ခင်တဲ့
မကြီးလွမ်း

လရိပ်အိမ် said...

Congratulations for convocation!

ချစ်စံအိမ် said...

မျက်တောင်အရှည်ကြီးတွေကို အားကျတယ်။

ညိမ်းနိုင် said...

အေးဟယ်....ညေးလည်း ဘယ်လိုခေါင်းစဉ်တပ်ရမှန်း
မသိ...၊ငါလည်း ဘာကွန်မန့်ပေးရမှန်းတောင်မသိဖြစ်
သွားတယ်...:)

Anonymous said...

အဲ့ဒီမျက်လုံးအစုံကို ... တွေ့တွေ့လိုက်တိုင်း အသက်ရှူမှား ...