Wednesday, November 14, 2012

Candy says *Thanks* to you ♥

ဒီနေ့ အရမ်း အရမ်းပျော်နေတယ် ^o^
Finally... Guess what?!?!?!

 ***** 100 Members ***** 

Woww... ၁၀၀ ဆိုတာ နည်းတဲ့ပမာဏ မဟုတ်ဘူးနော်။ အထူးသဖြင့် ကန်ဒီ့လို ပိစိညှောင့်တောင့် ရေးချင်ရာရေးနေတဲ့ ဘလော့ခ်ဂါတစ်ယောက်အတွက်တော့ ဒါကတော်တော်ကြီးမားတဲ့ပမာဏပေါ့။ နောက်ပြီး ၁ ကနေ စရေမယ်ဆိုရင်လည်း ၁၀၀ ရောက်ဖို့ တော်တော်ရေရမယ်။ ဒီပိုစ့်ကို ကြွားချင်လို့ ရေးတယ်လို့တော့ မထင်စေချင်ဘူး။ ကန်ဒီ့ပျော်ရွှင်မှုနဲ့ မှတ်တိုင်တစ်ခုကို ပိုစ့်တစ်ပုဒ်အနေနဲ့ အမှတ်တရသိမ်းဆည်းတဲ့ သဘောပါ (ဟဟဟ မိုက်လိုက်တဲ့စာသား :P)။ ကန်ဒီနဲ့ ဖေ့ဘွတ်မှာ ခင်နေတဲ့စာဖတ်သူတွေရော... ကန်ဒီ့ဆီလာလည်နေကျသူတွေရော သတိထားမိရင် သိမှာပါ။ ကန်ဒီ့ဘလော့ခ်ကို လာလည်ဖို့နဲ့ မန်ဘာဝင်ဖို့ ကန်ဒီတခါမှ မတိုက်တွန်းဖူးဘူး။ ဘာလို့လဲ သိလား?? အဲ့လို မတိုက်တွန်း မနှိုးဆော်ဘဲ ရလာတဲ့အရာက ပိုတန်ဖိုးကြီးပြီး ပျော်စရာကောင်းလို့လေ... ခုပဲကြည့် ကန်ဒီဘယ်လောက်ပျော်နေလဲဆိုတာ ^_^

♥ ပျော်တာနဲ့အတူတူ တဆက်တည်းပြောချင်တာက ခုချိန်ထိ ကန်ဒီရေးသမျှ ကန်ဒီ့ခံစားချက်တွေကို မျှဝေခံစားပေးတဲ့ ကန်ဒီ့ဆီ နေ့စဉ်နေ့တိုင်းလာလည်နေကျ အားလုံး အားလုံးသော(မန်ဘာ ၁၀၀တင်မဟုတ်ပါ) စာဖတ်သူများကို ကန်ဒီက ကျေးဇူး အရမ်း အရမ်း အရမ်း အရမ်း (Infinity) တင်ပါတယ်လို့ ♥ ♥ ♥

တကယ်တော့ ကန်ဒီက စာဖတ်အားနည်းတယ်။ ကန်ဒီစာစရေးတုန်းကဆို စာတစ်ကြောင်း တစ်ကြောင်းရေးဖို့ကို တော်တော်စဉ်းစားရတာ။ စာရေးတာ ထင်သလောက်မလွယ်ခဲ့ဘူး။ "သည်"နဲ့ဆုံးသင့်လား "တယ်"နဲ့ဆုံးသင့်လား စဉ်းစားရတာလည်း အမော။ တင်ပြီးသားပိုစ့်တွေလည်း ဖတ်ပြီးပြန်ပြန်ပြင်ရတာ ခဏခဏပဲ။ ထောက်နေသလိုလို ဘာလိုလိုနဲ့... အဓိကကတော့ စာရေးကျင့်ကမရှိ စာဖတ်အားကလည်း နည်းတော့ မရေးရဲတာမျိုးပေါ့။ အဲ့ဒါကြောင့် ဟိုးးးအရင်တုန်းက ကိုယ်ရေးထားတဲ့ပိုစ့်တွေပြန်ဖတ်မိရင် ကိုယ့်ဟာကိုယ်ရီချင်တယ်။ ဒီလိုပြောလို့ ခုတော်တော်ရေးတတ်နေပြီ ထင်နေဦးမယ်။ ဟိုးးအရင်တုန်းကနဲ့ယှဉ်ရင်တော့ နည်းနည်းပိုအဆင်ပြေလာတယ်လို့ ထင်တာပဲ (ကိုယ့်ဟာကိုယ် ကောက်ချက်ချသည် :P)။ အနည်းဆုံးတော့ စာတစ်ကြောင်းရေးဖို့ အဲ့လောက်မစဉ်းစားရတော့ဘူး။ ပြောရမယ်ဆို ကန်ဒီရေးတတ်တဲ့ ကန်ဒီ့စတိုင်လ်ကို ကိုယ့်ဟာကိုယ်သိသွားပြီ :D

ဘလော့ခ်စရေးနေတဲ့ မောင်လေးတယောက်က ပြောဖူးတယ်။ "အစ်မဆီ လာလည်တဲ့သူတွေအများကြီးပဲနော်... ကျွန်တော့်ဆီကျ လာလည်တဲ့သူ နည်းလိုက်တာ... အစ်မကို အားကျတယ်သိလား"တဲ့။ အဲ့လို စိတ်ဓာတ်ကျသလိုလိုပြောလာတော့ စိတ်မကောင်းဘူး။ ကန်ဒီအကြံပေးချင်တာက... ကိုယ့်ဆီလာလည်တဲ့သူ များရမယ် ဆိုတာမျိုး မမျှော်လင့်ထားစေချင်ဘူး။ ကိုယ်လုပ်နေတာကိုပဲ တစိုက်မတ်မတ်လုပ်။ ကျန်တာက သူ့ဟာသူဖြစ်လာမှာပေါ့။ မမျှော်လင့်ထားတဲ့အတွက် မဖြစ်လာရင်လည်း ၀မ်းနည်းစရာ မလိုဘူးလေ။ ဖြစ်လာတော့လည်း အပျော်ကြီးပျော်လိုက်ပေါ့ ဟုတ်တယ်မလား ** No Expectation, No Disappointment :) **

ခင်နေတဲ့ စာဖတ်သူညီမလေးတစ်ယောက်က မန်ဘာ ၁၀၀ ပြည့်အထိမ်းအမှတ် Giveaway လုပ်ပါလားတဲ့။ ကန်ဒီလုပ်ချင်ပါတယ်... ကန်ဒီ့ကိုချစ်တဲ့လူတွေကို တခုခုတော့ လက်ဆောင်အဖြစ် ပြန်ပေးချင်တာပေါ့။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကန်ဒီက အဲ့လောက်ပေါ်ပြူလာဖြစ်နေတာလဲ မဟုတ်။ နောက် ကန်ဒီ့စာဖတ်သူအများစုက လျှို့ဝှက်သိုင်းသမားတွေ... တိုးတိုးတိတ်တိတ်လာပြီး ကိုယ်ဖော့သိုင်းနဲ့ *၀ှတ်*ဆိုပြန်ကုန်တာ။ တနေ့ တနေ့ လာလည်တဲ့လူဦးရေကို Counter က Count လုပ်ထားလို့သာပေါ့... နို့မို့ဆို ကန်ဒီသိလိုက်မှာတောင် မဟုတ်ဘူး။ အဲ့တော့ ကန်ဒီက Giveaway Open လိုက်ပြီပဲထား... ဘယ်သူမှ လာမယူရင် ဘယ်လိုလုပ်မတုန်း?? အဲ့တော့မှ အရှက်က ဗြန်းဗြန်းကွဲမှာ ဟဟဟ(xP) အဲ့ဒါကြောင့် ဘာမှအထူးတလည်မလုပ်တော့ဘူးနော် ^_^

ဘာပဲဖြစ်ဖြစ် ဒီနေ့ပျော်တယ် ဒန်တန်တန် :D :D 
Good Night^^

32 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဒုန်း... ဒုန်း... ဒုန်းးး...
ဒီတစ်ခါတော့ တိုးတိုးလေး မပြန်သွားတော့ဘူး။ ခြေဆောင့်ပြီး ပြန်သွားတယ်။ အိမ်ရှင် မသိဘဲ နေမှာ စိုးလို့။

မေးခွန်းတွေနှင့် အဖြေတွေကိုတော့ သက်ဆိုင်ရာက လုပ်ကြပါလိမ့်မယ်။း)))

ဘုန်း ၂ တောက် said...

ကန်ဒီ့ကို ဘယ်အချိန်က စသိလဲဆိုတော့ မလေးကို သုံးခေါက်မြောက် ရောက်တဲ့အချိန်တုန်းက ၁-လပိုင်း ၂၀၁၂ ကထင်တယ်။ ကန်ဒီကို မိတ်ဆက်တော့ ကန်ဒီက ပြန်ပြောတယ် သိသားပဲတဲ့။

ပွင့်ပွင့်လင်းလင်း ပြောရရင် ကန်ဒီ့စာကို ဖတ်ရတာ သိပ်....ပျော်စရာကောင်းတယ်။ အထူးသဖြင့်တော့ ကွင်းစ နဲ့ ကွင်းပိတ်ကြားထဲက စကားတွေပေါ့။ ကန်ဒီက ဟာသရည်ရွယ်ချင်မှ ရည်ရွယ်မယ်။ သို့ပေသိ ရယ်ရတယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါးရှိပြီး လေးတိလေးကန် ဖြစ်မနေတာရယ်။ (ရေးရင်းနဲ့တောင် ပြုံးလိုက်မိသေး)။

ချိုချဉ်ရေ ပီတိကိုစား အားရှိ၏တဲ့။ ဒီနေ့ကော ထမင်းစားဖြစ်သေးရဲ့လား (ခင်မင်လို့ စ-ကြည့်လိုက်သည်)။

ကန်ဒီ့အကြိုက်ဆုံးအရောင်က Pink ရောင်လေ။ (အမှတ်တရာပြည့်လား)

ရေးရင်းနဲ့တောင် ကန်ဒီ့ဆီက အပျော်တွေ ကူးစက်လာတယ်။ (Comment တွေ သိပ်ရှည်သွားလား)ချမ်းမြေ့ပါစေ
ခင်မင်တဲ့

ချစ်စံအိမ် said...

ဝမ်းသာမိပါတယ်ညီမရေ မေးထားတာတွေမဖြေနိုင်တာတော့စိတ်မကောင်းဘူးကွယ်

Fred said...

Congrats Candy!!!

You have reach a mile stone.. Hope you have more followers in future..

I really like what you said of "ကိုယ်လုပ်နေတာကိုပဲ တစိုက်မတ်မတ်လုပ်။ ကျန်တာက သူ့ဟာသူဖြစ်လာမှာပေါ့။"

:)

Anonymous said...

I'm happy for you too sis. Keep going and keep writing. Love u. :)

Anonymous said...

Congratulations! Wishing you the best for your future. Keep it up.

Your fav color = Pink (At first, I thought it was Purple)
Your fav western food = Pizza
The other Website you're contributing = Something to do with Beauty Style (Don't know the exact site name)
Your friends call you = Wine Su

Areal Thu said...

ကိုယ်လုပ်နေတာကိုပဲ တစိုက်မတ်မတ်လုပ်။ ကျန်တာက သူ့ဟာသူဖြစ်လာမှာပေါ့။ မမျှော်လင့်ထားတဲ့အတွက် မဖြစ်လာရင်လည်း ၀မ်းနည်းစရာ မလိုဘူးလေ။ ** No Expectation, No Disappointment :) **
Ahthuလဲအဲ့ဒီတိုင်းပဲလုပ်နေတယ်။ကိုယ်ရေးချင်တာရေးခွင့်ရနေတာကိုကုသိုလ်တမျိုးလို.မှတ်ပါတယ်နော့်<3<3<3

Anonymous said...

Now you've got 101 members. More than you wished for.

- Someone

Anonymous said...

Hey! I'm waiting for Bintan post leh. Alama.. take so long. :P

Candy said...

ဟီးဟီး.. ဒီပိုစ့်ရေးမှပဲ လျှို့ဝှက်သိုင်းသမားတွေ တယောက်ပြီး တယောက်ပေါ်လာတော့တယ် :P :P Thanks for your wishes <3 <3

Bintan ပိုစ့်လည်း ရေးပါ့မယ် :D xD

မိုးငွေ့........ said...

အမြဲဖတ်တယ်အမြဲအားပေးတယ် အမြဲကော်မန့်ပေးတယ် အပျော်တွေကူးဆက်သွားပြီ ကန်ဒီလေး....

Anonymous said...

Congratulations မမကန်ဒီ

Anonymous said...

Candy ,

Happy & Congrat for you .

Lovely ,

KKN

လရိပ်အိမ် said...

ဪ ဒါကြောင့်ကိုး။ မနေ့က ဖဘမှာတွေ့တယ်။ အရမ်းပျော်တယ်ဆိုလို့။ ဘာများလဲတော့မမေးလိုက်ဘူး။ ဒီနေ့အဖြေသိသွားပြီ။ ဟက်ပီး 100% ကန်ဒီ။

Anonymous said...

Hi little sis Candy,
Thank you for sharing about making jelly.I read your blog and tested it.It is so easy and the outcome is also nice.
Just would like to share with you my funny experience that finding "Konnyaku Jelly Powder Brand" and Kiwi seeds.
Actually "Konnyaku is same as jelly in Janpanese and Kiwi seeds is pin-pwa(we usually called as like that in Myanmar).
I just would like to share with you only and hope that would not make you feel bad.I am one of your blog fan.
Thank you :P

Candy said...

I didn't know Kiwi seed is called "pin pwa" LOL xD Your comment doesn't make me feel bad sis. Instead, I'm very happy to heard that my post could help with you in making jelly :D

Thank you so much for visiting and leaving nice comment for me <3 <3

ညိမ်းနိုင် said...

မုန့်ကျွေးပေါ့ဟယ်..... :D

ညီလင်းနိုင် said...

ဘုန်းဘုန်းတောက် မိန့်သလိုပါပဲ .....

THE ကြားလုံး ပို့စ်တွေ ဖတ်တိုင်း

အပျော်တွေ ကူးစက် မျှဝေ ခံစားမိတယ် ။

ရိုးရှင်းတဲ့ ဟန်တွေကို ထိတွေ့မိတယ် ။

ကျွန်တော်လည်း မန်ဘာ ဝင်ချင်တာပါ .....

အမှန်ဝန်ခံရရင် ဘယ်လို ဝင်ရမှန်း မသိသေးတာနဲ့

အခုထိ ဘယ်မိတ်ဆွေဆီမှာမှ မဝင်ဖြစ်သေးတာပါ ။

သိတဲ့အချိန် ပထမဆုံး မန်ဘာဝင်ဖြစ်မယ့်

ဘလော့ဂါ ကတော့ THE ကြားလုံး ပဲဖြစ်မှာပါ ။

အမြဲတမ်း ပျော်ရွှင်နိုင်ပါစေ ညီမလေးရေ .....

မိုးနတ်ကြယ်စင် said...

ဟုတ်တယ်..မမကန်ဒီလေးရေ..
မစာတွေကို အရင်ဆုံးသတိထားမိတာက
ရိုးရှင်းတဲ့ရေးဟန် ပေါ့ပါးသွက်လက်မှုကိုပါ..
မိုးနတ်လို ဘာမဟုတ်တဲ့ လူတစ်ယောက်တောင်
မစာကို ဖတ်ဖတ်ချင်းခံစားမိတယ်...
ပျော်ရွှင်မိတယ်...ပကတိရိုးသားမှုနဲ့ စိတ်ကိုကြည်နူးစေတယ်လို့လေ...ဟုတ်တယ်..
မမရဲ့ကိုယ်ပိုင်ရေးဟန်လေးနဲ့ရေးတာပဲကောင်းတယ်
လူတိုင်းဟာ ကိုယ့်စတိုင်နဲ့ကိုယ်ပါပဲ....မမကန်ဒီ့
စတိုင်ကိုကြိုက်တယ်....ညလေးအနှစ်သက်ဆုံး
ဘလော့ဂါတွေထဲမှာ မမကန်ဒီလဲထိပ်ဆုံးတနေရာက
ပါနေတယ်...သိပ်ပြီးအဆန်းအပြားတွေရေးတတ်ဖို့ထက် ကိုယ်ရေးတတ်တဲ့ဟန်လေးနဲ့ စာဖတ်သူဆီ ရသတွေ ပေးစွမ်းနိုင်ဖို့က ပိုပြီးအဓိကကျပါတယ်..
ညလေးရေးတာတွေ သိပ်များသွားပြီလားမသိ...
(ဟုတ်တယ် ..ညလေးလဲတူတူပဲ ...ကိုယ့်ဆီ မန်ဘာဝင်ဖို့ ဘယ်သူ့ကိုမှမတောင်းဆိုဖူးဘူး..ညလေးက
ပိုဆိုးတယ်...fb နဲ့ bg နဲ့ကို ခွဲထားတော့..fb ကသယ်ရင်းတွေတောင် ညလေးဘလော့ကို တခါမှမရောက်ဖူးဘူး..မမလိုပဲ ညလေးဆီမှာ မန်ဘာ ၁၀၀ ပြည့်ခဲ့ရင် ညလေးလဲအရမ်းပျော်မိမယ်
ထင်ပါတယ်..)
ချစ်တဲ့.....မိုးနတ်

ညီရဲ said...

ဟုတ်တယ် အစ်မတော် ပြောသလိုဘဲ မုန့် ဝယ်ကျွေးပေါ့...:P

အလွမ်းမြို့ said...

ဘယ်သူမှ လာမယူလည်း မကြီးလွမ်း လာယူမယ်
ကန်ဒီလေး

အာကာမိုးနိုင် said...

ဟုတ်တယ်နော် မရောက်တာအတော်ကြာနေပြီ
အရင်၄၀ကျော်လောက်ကရောက်ဖြစ်တယ်အခုတစ်ရာကျော်နေပြီနော်...ဒါလည်းပျော်ရွှင်ရွှင်မှတစ်မျိုးပါပဲ
ဝမ်းသာပါတယ်..ညီမရေ
ကနော်တောင် တစ်ဆယ်ကျော်လာပြီ
ဟိဟိ...

အာကာမိုးနိုင် said...

ဟုတ်တယ်နော် မရောက်တာအတော်ကြာနေပြီ
အရင်၄၀ကျော်လောက်ကရောက်ဖြစ်တယ်အခုတစ်ရာကျော်နေပြီနော်...ဒါလည်းပျော်ရွှင်ရွှင်မှတစ်မျိုးပါပဲ
ဝမ်းသာပါတယ်..ညီမရေ
ကနော်တောင် တစ်ဆယ်ကျော်လာပြီ
ဟိဟိ...

မောင်(စွယ်စုံကျမ်း) said...

ဖွားလေး ပျော်နေတယ်ပေါ့ ပါတီထောင်ရအောင်နော် Facebook နဲ့ ဘလော့ မျှမျှတတ သုံးတာဆို ငါတော့
နင့်ပဲ မြင်တယ် ဒပဲ ဆက်ကြောရင် ဘ၀င်မြင့်မစိုးလို့ 

ကူးကူးလှိုင် said...

အပျော်တွေကူးစက်သွားရတယ်ညီမလေးရေ အစ်မလဲ အမြဲလိုလိုလာလည်ဖြစ်ပါတယ်...

myo thant said...

ဆူညံဆူညံလုပ်ခဲ့တယ်ညီမ လေးရေ (ပအိုဝ့်လေး)

mstint said...

ပျော်ရွှင်မှု ဝမ်းနည်းမှု ဆိုတဲ့ လောကဓံတရားဟာ လူသားတိုင်းအတွက် အခိုင်အမာ အုတ်မြစ်ချထားပြီးသားပေါ့ ကန်ဒီလေးရေ။ ပျော်ရွှင်မှုတွေ ကြုံတွေ့တဲ့အခါဖြစ်စေ ဝမ်းနည်းမှုတွေ ကြုံတွေ့ရတဲ့အခါ ဖြစ်စေ ရင်ထဲမှာ ပွေ့ပိုက်မထားပဲ ဘလော့ဂါမောင်နှမတွေကို ရင်းနှီးပွင့်လင်းစွာ အံထွက်သိခွင့်ပေးတတ်တဲ့ ကန်ဒီလေးကို အခါသင့်တိုင်း အားပေးလျှက်ပါနော်။
တီတင့်က ကန်ဒီထက် ၁ယောက်ပိုတယ် ဟိဟိ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Nandar said...

Congratulation! မမကန်ဒီရေးတဲ့စာလေးတွေဖတ်ရတာ ကိုယ့်ညီအစ်မအရင်းက ကိုယ့်ကိုပြောနေသလိုပဲ အရမ်းရင်းနှီးတယ်လို့ ခံစားရတယ်။ မမကန်ဒီ အိမ်လာလည်ရင် မေမေ့ကို မုန့်တွေအများကြီး လုပ်ကျွေးခိုင်းရမယ် :) လာလည်နော်။

Anonymous said...

Hi Candy sis,

Congratulations for 100 memebers !!
Yeah, your post makes me want to write to you.
I always read your blog during my overnight shift, and it can always wake me up :P.
Pls write more on the beauty topic (I really love that). I always try it at home but the outcome is not that nice like you :D.

The other Website you're contributing = Shwe Beauty ( the answer that the other anonymous missed :P)

My requests go for more nail arts and smokey eye post ^_*.

Have a good night, Candy sis ^^







Candy said...

Thank you so much sis <3 I will try to write your requests as soon as possible :)

မေမြို့မိုး said...

ဟိ. .အနောနမတ်တွေ ရေးတဲ့ ကွန်မန့်တွေဖတ်ရတာ အားရထှာ.. ။ အဲ့လို နောက်ကွယ်ကနေ တိတ်တိတ်လေးအားပေးနေတဲ့သူတွေရဲ့စကားတွေကိုကြားရတဲ့ ပီတိလေးလိုချင်တယ်.။တားကတော့ ၃၅ ယောက်ပဲချိတေးတယ်.။ :'(.

Susan Naing said...

Congrats!!! candy 4ever ^ ^