Friday, November 30, 2012
My Other Half ♥ My Family
ဒီရက်ပိုင်း ကန်ဒီတစ်ယောက် အရမ်းအရမ်းကို ဇိမ်ကျနေတယ်။ ကိုယ်တိုင်လည်း ဘာမှချက်စရာမလိုဘူး။ ဟင်းတွေကလည်း အရမ်းကောင်း... အရမ်းစား... မကြာခင် ဖက်တီးဘုတ်ဖြစ်တော့မယ်(:D :D)။ ရန်ကုန်မှာတုန်းကဆို မနက်စာကို ကော်ဖီအပြင် ထမင်းကြော်ဖြစ်ဖြစ် ပဲပြုတ်ဆီထမင်းဖြစ်ဖြစ် အဲ့လိုမျိုး ဗိုက်ပြည့်တာတစ်ခုခု အမြဲစားတတ်တယ်။ ဒီရောက်တော့ ကော်ဖီပဲသောက်ဖြစ်တာ များတယ်။ တခါတလေ လမ်းကြုံမှ ပေါင်မုန့်ဝယ်ထားဖြစ်တယ်။ တကယ်တော့ မနက်စာက အရမ်းအရေးကြီးတယ်။ ကျန်းမာချင်ရင် မနက်စာကို ဗိုက်ပြည့်အောင်စားရတယ်လို့ ဖတ်ဖူးတယ်။ ခုတလောတော့ ဟဲဟဲ... အိပ်ယာကနိုးပြီဆို မနက်စာက အဆင်သင့် xD
 ပဲပြုတ်ဆီထမင်း၊ ငါးကြော်နဲ့ ကော်ဖီ :)
ကန်ဒီ ဘယ်သူနဲ့ ပိုတူလဲ?? :D
ထမင်းဝိုင်းဆိုလည်း ဟင်းတွေကိုစုံလို့။ ငါးပိရည်နဲ့တို့စရာတောင် ပါလိုက်သေး... ရှလွတ် (:D)။ ရန်ကုန်မှာဆို အဲ့လိုမိသားစုတူတူ ထမင်းမစားရဘူး။ အမေတို့ကလည်း အလုပ်က ရှုပ်ပါဘိဆိုတော့... ခုမှပဲ ကန်ဒီလိုချင်တဲ့ ထမင်းဝိုင်းလေး ရတော့တယ်။ အဲ... စားတာတွေချည်းလှိမ့်ပြောနေမိတယ် ဟီးဟီး။ တကယ်တော့ အမေတို့ဒီလာတာ ကန်ဒီ့ Convocation တက်ဖို့ပေါ့။ ဘွဲ့ကယူပြီးသွားပြီ။ အဲ့ပိုစ့်ကိုနောက်မှ တင်ပေးမယ်နော်။ ဓာတ်ပုံတွေ မရွေးရသေးလို့... ခဏတော့စောင့် (:D)။ သူတို့နဲ့မတွေ့တာ နှစ်နှစ်ပြည့်တော့မယ်။ ခုပြန်တွေ့တော့လည်း အရင်လိုပဲ... ဘာမှသိပ်မပြောင်းလဲကြဘူး။ အဖေကတော့ နည်းနည်းဝလာတယ် ထင်တယ်။ ရန်ကုန်ကအဒေါ်(အမေ့ညီမ)ကလည်း ကန်ဒီကြိုက်တတ်တဲ့ အာလူးကတ်တလိပ်ကြော်ပြီး ဗူးလေးနဲ့ ထည့်ပေးလိုက်တယ်။ ဆူးပုတ်ရွက်က ပါသေးတယ်။ ကန်ဒီက ဆူးပုတ်နဲ့ ဘဲဥကြော်ရင် ကြိုက်တတ်လို့တဲ့။ တကယ်တမ်း ကန်ဒီတို့က အဒေါ်တွေလက်ပေါ်ကြီးလာတာဆိုတော့ သူတို့က ကန်ဒီတို့ဘာကြိုက်တတ်လဲ အသိဆုံးပေါ့။
 ချိုချဉ်ပိစိပုံ ^_^ (အမေယူလာပေးတာ...)
My Two Little Sisters :)
ကန်ဒီတို့က ညီအစ်မသုံးယောက်။ အလတ်က ကန်ဒီနဲ့တူတူနေနေတော့ သူ့ကိုခဏခဏမြင်ဖူးမှာပဲ။ အငယ်ဆုံးကတော့ ရန်ကုန်မှာနေတော့ သူ့ကိုသိပ်မမြင်ဖူးလောက်ဘူးနော်။ တကယ်တော့ သူက ကန်ဒီနဲ့ရုပ်ပိုဆင်တယ် (ထင်တာပဲ)။ အငယ်ဆုံး အဆိုးဆုံးပေါ့ (:P)။ ကန်ဒီက အကြီးဆုံး အလိမ္မာဆုံး ဟဟဟဟ (xD)။ အပေါ်ကပုံကြည့်ပြီး တော်တော်တောင် အံ့သြသွားတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော် ကန်ဒီနဲ့တွေ့တုန်းက သူအဲ့လောက်မပိန်ပါဘူးလို့... ဒီပုံကိုကြည့်ကြည့်...
နောက်ဆုံးတခေါက် ရန်ကုန်ပြန်တုန်းကပုံ :)
သူ့ကိုအမေတို့နဲ့လိုက်လာလည်ဖို့ ပြောတာ လိုက်မလာဘူးလေ။ မလာချင်လို့ အကြောင်းအမျိုးမျိုး ပြနေလေရဲ့။ နောက်မှ သူ့ကိုတစ်ယောက်တည်း ဒီလွှတ်လိုက်လို့ အမေ့ကိုပြောထားတယ်။ ဒီကအစ်မနှစ်ယောက်က သူ့ကိုပညာကောင်းကောင်းပေးဖို့ အားခဲထားတယ် ဟဟဟ။ သူက အိမ်မှာဆို မင်းသမီးလိုနေတာလေ။ အကုန်လိုက်လုပ်ပေးရတာ။ ဒီမှာနေလို့ကတော့ ဒါမျိုးမရဘူး။ ကိုယ့်ကိစ္စကိုယ်လုပ်မှ ရတယ်။ အဲ့လိုဘ၀မျိုးကို သူ့ကိုသိစေချင်တယ်။ သူများကိုအားကိုးတတ်တဲ့စိတ်ကို ဖျောက်စေချင်တယ်။ ကန်ဒီကိုယ်တိုင်လည်း ရန်ကုန်မှာနေတုန်းက ဘာမှမလုပ်ရပါဘူး။ ထမင်းစားချိန်ဆို စားလိုက်ရုံပဲ။ ဒါပေမယ့် ကန်ဒီက အနည်းဆုံးတော့ ကိုယ့်ထမင်း ကိုယ်ခူးစားတတ်တယ်။ ကိုယ့်အခန်းဆိုလည်း ကိုယ့်ဟာကိုယ်ပဲ ရှင်းတတ်တယ်။ သူကျတော့ သူ့ကိစ္စတွေလုပ်ဖို့ လူတစ်ယောက်က အမြဲရှိနေရတယ်။ အဲ့ဒါမျိုးကို ကန်ဒီလုံးဝမကြိုက်ဘူး။ နိုင်ငံခြားမှာ မိဝေးဖဝေးနေရမှ အဲ့လိုပုံစံမျိုးအမြဲမရဘူးဆိုတာ နားလည်လာမှာ။ ယုံမလားတော့မသိဘူး... ကန်ဒီကိုယ်တိုင်တောင် အိမ်သာဘယ်လိုဆေးရတယ်ဆိုတာ ဒီရောက်ပြီး အိမ်သန့်ရှင်းရေးတွေ လုပ်ရမှ သိတာ >.<
ကန်ဒီတို့ ရန်ကုန်အိမ်က လမ်းမကြီးပေါ်မှာဆိုတော့ ခြံမရှိဘူး။ ဒါပေမယ့် ကန်ဒီတို့အိမ်နား(လမ်းလျှောက်သွားရင် ရတယ်)မှာ အမေက ခြံလေးဝယ်ထားတယ်။ ခြံထဲမှာ အပင်တွေအများကြီးပဲ... ပန်းပင်၊ သရက်ပင်၊ ဗူးပင်၊ ဒန့်ဒလွန်ပင် အစုံစိုက်ထားတယ်။ အဲ့မှာ ခြံစောင့်ဦးလေးကြီးပဲနေတယ်။ ကန်ဒီက ခြံနဲ့ဝင်းနဲ့ အေးအေးဆေးဆေး နေရတာကြိုက်တယ်။ အသက်ကြီးလာရင် အဲ့လိုလေးပဲ နေချင်တယ်။ ခြံထဲမှာ ညမွှေးပန်းတွေလည်း ရှိတယ်။ ညဘက်ဆို မွှေးနေတာပဲ။ ကန်ဒီသိတာ အရင်က မောင်နီဆိုတဲ့ ခွေးလေးရှိတယ်။ သူက သေသွားပြီတဲ့။ အခု မိဖြူဆိုတဲ့ ခွေးလေး ရှိတယ်။ ဟိုလို ၀ယ်မွေးတာ မဟုတ်ဘူးနော်။ ခြံထဲလာလာနေလို့ ခေါ်မွေးထားတာ။ သူက ပေါင်မုန့်ကြိုက်တယ်တဲ့ ^_^
ကန်ဒီငယ်ငယ်တည်းက ကြောင်တွေအများကြီးနဲ့ ကြီးလာတာ ဟဟဟ။ အိမ်မှာ ကြောင်တွေအများကြီးရှိတယ်။ ငယ်ငယ်က ကန်ဒီအမှတ်ရဆုံးနဲ့ အချစ်ဆုံးကြောင်နာမည်က "အကျိုး" တဲ့။ သူကကားတိုက်ပြီး ခြေထောက်လေး နည်းနည်းကျိုးသွားလို့ အဲ့လိုခေါ်တာ (နာမည်ပေးတော်တယ်နော် xD)။ သူက အရမ်းလှတဲ့ ကြောင်ထီးကြီးပေါ့။ သူ့လောက်လှတဲ့ကြောင် မတွေ့ဖူးသေးဘူး။ သူသေသွားတော့ ကန်ဒီငိုတောင်ငိုတယ် (တိတ်တိတ်လေး)။ သူများတွေက ရုပ်ရှင်တွေဘာတွေကြည့်လို့ မင်းသမီးမင်းသား သေရင်ဖြစ်ဖြစ် အမေလုပ်တဲ့လူ သေရင်ဖြစ်ဖြစ် ငိုတတ်ကြတယ်။ ကန်ဒီက အဲ့ဒါမျိုးဆို အေးဆေးပဲ။ ဒါပေမယ့် အကောင်လေးတွေကားကြည့်ရင်း သေပြီဆို မရတော့ဘူး... ငိုချင်လာရော။ အဲ့ဒါကြောင့် တိရိစ္ဆာန်ဇာတ်လမ်းတွေ သိပ်မကြည့်ချင်ဘူး။ ၀မ်းနည်းလွန်းလို့။ အပေါ်ကကြောင်က နောက်မှပေါက်တဲ့ကောင်။ ကန်ဒီမသိတော့ဘူး။ အဲ့ကောင်က "အကျိုး"နဲ့ဆင်တယ် :D :D
မွေးပြန်ပြီ တစ်သုတ် :D xD
ကန်ဒီစင်္ကာပူစရောက်တော့ အရင်ဆုံးသတိထားမိတာ ကြောင်တွေပဲ။ ဒီကကြောင်တွေက အမြီးပြတ် နားရွက်ပြတ်လေးတွေ။ ကန်ဒီ့ညီမကို ဘာလို့ အဲ့လိုဖြစ်နေတာလဲ မေးကြည့်တော့... သူတို့အစိုးရက ပိုင်ရှင်မရှိတဲ့ကြောင်တွေဆို အဲ့လိုလုပ်ထားတယ်တဲ့။ ခွေးတွေဆိုလည်း လိုက်ဖမ်းတာပဲလေ။ ကြောင်တွေကိုတော့ ဖမ်းမထားဘူး။ အဲ့လိုလုပ်ပစ်ပြီး လွှတ်ထားတယ်။ သနားပါတယ်။ ပိုင်ရှင်ရှိတဲ့အကောင်တွေဆို လည်ပတ်ပါတယ်။ နောက် လည်ပင်းမှာ သူတို့ ID Code ကို မြှပ်ထားတယ်။ သူတို့မှာလည်း လူတွေလို ID ရှိတယ်နော်... အထင်မသေးနဲ့ ဟဟ :D
Woww!!! စာအရမ်းရှည်သွားပြီ ဆောရီး :D
တာ့တာ^^
21 comments:
ဘုန်း ၂ တောက် said...
ပိစိငယ်ပုံလေးက သေးသေးလေးပဲ ရှိသေးတယ်နော်။ ချိုချဉ်က The ကြားလုံးရဲ့အမေနဲ့ ပိုဆင်သလိုပဲ။
စလုံးအစိုးရကလည်း ခွေးတွေကို ဘာလို့ အဲဒီလို လုပ်ပစ်ကြတာလဲ မသိဘူးနော်။ ဟုတ်ပါ့ သနားပါတယ်။
သီဟိုဠ်မှာဆို အစိုးရက ခွေးလေခွေးလွင့်တွေကို အဆိပ်တွေ လိုက်ကျွေးပစ်တာ။ (အဲဒီဆိုးတဲ့နှစ်ခုထဲက ပိုက ဘယ်ကောင်းမလဲ မသိဘူး)
ပိစိတို့ မိသားစုအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ...
ခင်မင်တဲ့
မြတ်ကြည် said...
ကန်ဒီက ကန်ဒီ မာမားနဲ့ ပိုတူတယ်။ ညီမ သုံးယောက်လုံးက တစ်ယောက်တစ်မျိုးစီချောကြတာပဲ။
မိုးနတ်ကြယ်စင် said...
မိုးနတ်ကတော့ ပုံတွေမြင်ရဘူး ကန်ကန်ရေ..
စာပဲလာဖတ်သွားတယ်နော်..:(.
ဟိုတခါပို့စ်တုန်းကတော့ မြင်ဖူးတယ်..
ကန်ကန်ကချစ်ချာရေး....ချောလဲချောတယ်လေ..
Anonymous said...
မူရင်းကောင်းတော့
မိတ္တူလေးတွေလည်းလှတာပေါ့း)))
ညီလင်းနိုင် said...
( မိသားစုထမင်းဝိုင်းလောက်
ဘယ်ကောင်းကင်မှ ကြယ်မစုံဘူး ။ )
THEကြားလုံးအတွက်
ကဗျာလက်ဆောင်ပါ ။
လိမ္မာတဲ့သမီးမို့ အမိအဖအတွက်
ထီးတစ်လက် ဖြစ်နိုင်ပါဗျော ။
mstint said...
ကန်ဒီလေးတို့ ညီအစ်မတွေအားလုံး တစ်ယောက် တစ်မျိုးချစ်ဘို့ကောင်းကြတယ် (မုန့်ကျွေး)
သမီးတွေဘယ်လောက်လှလှ အမေကိုမှီရိုးထုံးစံမရှိဘူးတဲ့နော်း)
ကန်ဒီကကြောင်တွေအများကြီးနဲ့ ကြီးလာတာဆိုလို့ တီတင့်က ငယ်ငယ်ထဲက ကြောင်မချစ်ဘူး အသည်းယားတယ် အခုအိမ်မှာ ၄ကောင်ပေါက်နေတယ် ဟိဟိ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Anonymous said...
ကန်ဒီက ငယ်ငယ်ကလေးတည်းက ချစ်ဖို့ ကောင်းတာ..
မျက်လုံးလေးဆို ပြူးပြီး ၀တုတ်တုတ်လေး..
=P
ကြောင်တွေကို ဖမ်းပြီး နားရွက်ထောင့်လေးတွေ ဖြတ်တာက သင်းကွပ်တာ မဟုတ်ဘူးလား..
ကြားဖူးနားဝကို ပြန်ပြောပြတာ..
-m
Candy said...
ဟုတ်လား... ဟုတ်မှာပေါ့နော်.. မျိုးမပွားအောင် သင်းကွပ်ပြီး ပြန်လွှတ်လိုက်တာနေမှာပေါ့.. ဒါဆို အမြီးကိုရောဘာလို့ ဖြတ်တာလဲ မသိဘူး.. အဲ့လိုတွေဖြတ်ပစ်မှ သင်းကွပ်လို့ ရတာတော့ မဟုတ်လောက်ဘူး ထင်တယ်နော် @_@ တကယ်တော့ သင်းကွပ်တာလည်း သနားစရာနော်.. သူတို့မှာ မျိုးမပွားနိုင်တော့ဘူး။ အိမ်ကကြောင်တွေကို အမေက သင်းကွပ်ချင်တာ ကန်ဒီတို့ မကွပ်ခိုင်းလို့... အဲ့ဒါကြောင့် ကြောင်တွေမွေးမွေးနေတာ ခဏခဏ xD xD
Anonymous said...
အူးလာလား .. ညီအစ်မတွေက အချောစားတွေချည်းပဲ။
- You know who :)
ကိုကိုမောင်(ပန်းရနံ့) said...
ညီမတွေ အားလုံး တစ်ယောက်တစ်မျိုးစီ ပိန်ကြတယ်နော်။ အဲလေ လှကြတယ်နော်။း))
ပါးပါးမားမားနှစ်ယောက်က ချိန်ခွင်တစ်ဖက်
သမီးသုံးယောက်က ချိန်ခွင်တစ်ဖက်
ရွှေချိန်ခွင်ကြီးပေါ်တင်ကြည့်ရင်
ဘယ်ဘက် ချိန်ခွင့်လျာ ထွက်မည်နည်း။ မသိတော့ချေ။း))
အားလုံးအသက်ရွယ်တူဆိုရင် အမေက ပိုအချောဆုံးဖြစ်လောက်တယ်။း))
.
မိုးငွေ့........ said...
ညီအမတွေအားလုံးကအချောတွေချည်းပဲ...း) မိသားစုစုံစုံလင်လင်ပြန်တွေ့ရတာ ၀မ်းသာစရာပါ...
KhaingSuMon said...
ဒုတိယပုံက ကျတော်ရိုက်ပေးတာ.... ပဲာပဲာ ..myin ya tar sate chan thar tal. a ma a myae ae lo pyaw ng par say :)
Anonymous said...
အင်း....
သကြားလုံးက အမေနဲ့တူတယ် ( ထင်တာဘဲ )
အဲလိုမျိုး မိသားစုလေးနဲ့ ထမင်းစား ချင်မိတယ်။
ဦးကြံသကာ
Anonymous said...
အေးချမ်းပြီး၊ပျော်ရွှင်တဲ့ချစ်စရာမိသားစုထမင်းဝိုင်းလေးကို ကြည့်ပြီး
ကျေးဇူးတင်ပါတယ် ...Obama :)
Candy said...
ဟဟဟဟဟဟဟ :D xD
ကူးကူးလှိုင် said...
မိသားစုထမင်းဝိုင်းလေး အားကျလိုက်တာ အရမ်းစားကောင်းမှာပဲနော် ညီမလေး...
အလွမ်းမြို့ said...
ကန်ဒီလေးရေ
ပျော်ရွှင်စရာ မိသားစုတွေမြင်တိုင်း ကိုယ့်မိသားစုကို ပိုတမ်း သတိရမိတယ် ညီမလေးရေ။
ခုလိုမိသားစု ထမင်းဝိုင်းလေးမြင်တော့ မကြီးလွမ်းတောင်
အိမ်ကို လွမ်းလာမိတယ်။အဖေ့ကိုလည်း ပိုသတိရတယ်။
ကန်ဒီတို့ မိသားစု ပျော်ရွှင်ချမ်းမြေ့ပါစေ။
blackroze said...
စံပလုံစိနေတဲ့ ချစ်စရာဇတ်လမ်းလေးဖတ်သွားတယ်
သကြားလုံးလေးရေ
လရိပ်အိမ် said...
ကန်ဒီက အဖေနဲ့လဲတူတယ် ၊ အမေနဲ့လဲတူတယ်။ အစားအစာတွေကလဲရှယ်ဘဲ။ မိသားစုထမင်းဝိုင်းပေါ့။ အငယ် ၂ယောက်ပါဘူး။
မျက်လုံးလေး အရမ်းလှတယ်။ အမဲလေးများတယ်။ အဲဒါ ကောင်းသတဲ့။
အငယ်ဆုံးညီမလေးကဘာလို့မလိုက်လာပါလိမ့်။ ရုပ်တော်တော်ပြောင်းသွားတယ်။ တမျိုးစီလှတယ်။ ကန်ဒီနဲ့ရိုက်ထားတာပိုလှပိုချစ်စရာကောင်းသလားလို့။
ခြံလေးထဲမှာပွင့်နေတဲ့ပန်းလေးကလှလိုက်တာ။ ကြိုက် (စ)
ကြောင်ကလေးတွေက အမေရိကန်မှာ မွေးတဲ့သူမရှိရင် သတ်ပစ်တာတဲ့။ သူတို့မှာအဲလိုလေလွင့်နေတဲ့ကြောင်တွေထားတဲ့နေရာရှိတယ်။ ပြီးရင် သတ်သတဲ့။
အမယောင်းမက ကြောင်လေးမွေးချင်လို့သွားကြည့်တာ ရှိသမျှကြောင်တွေက သူတို့သေတော့မယ်မှန်းသိတော့ အော်ကြတာတဲ့။ အဲဒီထဲမှာ တစ်ကောင်ကတော့ ငြိမ်ငြိမ်လေးဘဲနေတာ။ အဲဒီတကောင်ကို ယောင်းမကသဘောကျလို့ခေါ်လာတယ်။
အဲကောင်က နက်ဖန်ဆိုသတ်ခံရမှာတဲ့။ ကြောင်လေးကံကောင်းသွားတာလေ။ ယောင်းမက ဒီကြောင်ကိုအရမ်းချစ်။ နောက်မှ post တင်ပေးလိုက်မယ်။
မေမြို့မိုး said...
သမီးတွေချည်းမွေးထားတော့ မျက်နှာပွင့်တာပေါ့. ဦးဦး
တို့က.. ဟီး.။ အစ်မတို့ကို ညီအစ်မ နှစ်ယောက်တည်းမှတ်
နေတာ.။ ဒါမယ့် နအမ အချောဆုံးပါပဲ.. ဟီး..(ဖားရတယ်..)
အိမ်မက်ကောင်းကင် said...
မမချိုချဉ်ရဲ့ ဘလော့ထဲဝင်ဝင်ချင်း ပဲပြုတ်ထမင်းကိုတွေ့ "ဂလု" မိတယ် ခိခိ
မိသားစုတွေနဲ့ထမင်းလက်စုံစားရတာလည်း ကြည်နူးမိတယ် ကျွန်တော်လည်း အဲလိုမိသားစုနဲ့ထမင်းလက်စုံမစားရတာကြာသွားပြီ
ငါးပိရည်တို့တာကို ရှလွတ်လုပ်လိုက်တော့ နောက်တစ်ခါ
" ဂလု " လိုက်မိပြန်တယ် ခိခိ
မမချိုချဉ်တို့ မောင်နှမ အဲမှားလို့ ညီအစ်မတွေအကုန်လုံးတွေက အချောတွေကြီးပဲနော်
ဒါပေမဲ့ မမချိုချဉ်ကိုမမှီပါဘူး (ခိခိ ကပ်ဖားထားရမယ်)
သည်တစ်ခေါက်မမချိုချဉ်စီ လာလည်ရတာလည်း ပျော်မိသား
ဒီဇင်ဘာညချမ်းလေးမှာ ပျော်ရွှင်နိုင်ပါစေ မမသကြားလုံးရေ . . . .
ခင်တဲ့(အိမ်မက်ကောင်းကင်)