မင်္ဂလာနံနက်ခင်းပါ :D
ခု ကော်ဖီသောက်ရင်း ဘာရေးရင်ကောင်းမလဲ စဉ်းစားနေပါသည်(:D)။ ထုံးစံအတိုင်း ဟိုဟိုဒီဒီပဲဖြစ်မယ်ထင်တယ်။ ကန်ဒီ့ညီမကတော့ ထူးထူးခြားခြား ဟင်းချက်နေလေရဲ့... သူချက်တော့ ကန်ဒီက ဇိမ်ပေါ့(:D)။ မနေ့က အစ်ကိုနဲ့ "The Hobbit" သွားကြည့်တယ်။ ကြိုက်တယ်... မပြီးသေးဘူး။ သူလည်း အပိုင်းနဲ့သွားမှာပဲ။ ဇာတ်လမ်းက သုံးနာရီနီးပါးကြာတယ်... အရှည်ကြီးပဲ။ ဒါပေမယ့် အချိန်ဘယ်လိုကုန်လို့ ကုန်သွားမှန်းတောင် မသိလိုက်ဘူး ^_^
ဒီနေ့အကယ်ဒမီပေးမှာ ထင်တယ်။ အကယ်ဒမီပေးပွဲတွေကို ကန်ဒီသူများတွေလောက် ရင်မခုန်တတ်ဘူး(:D)။ ဒါနဲ့ မြန်မာကားတွေ တဖြည်းဖြည်း ပိုဆိုးလာတယ်နော်... ဖြစ်သလို လုပ်လာတယ်။ အနောက်က Script တိုင်ပေးတဲ့လူတွေအသံကို ဇာတ်လမ်းတွေထဲမှာ ကြားကြားနေရတယ်။ Editor တွေ သေချာမလုပ်ဘူးလား မသိဘူး... ရှက်စရာကောင်းတယ် (>.<)။ နောက် မြန်မာကားတွေထဲမှာ ကန်ဒီနားမလည်နိုင်ဆုံးအခန်း ရှိတယ်။ ဘာလဲ သိလား?? မင်းသားနဲ့မင်းသမီး မှားယွင်းကြပြီး မင်းသမီးငိုတဲ့အခန်း (xD :P)။ မိန်းကလေးက ဘာမှန်းမသိဘဲ နေရင်းထိုင်ရင်း အဲ့လိုအနိုင်ကျင့်ခံရလို့ ငိုတာဆို ထားပါတော့။ ကောင်လေးနဲ့ ကောင်မလေးက ချစ်သူတွေ... သူတို့အချင်းချင်း မှားယွင်းမိလို့ မိန်းကလေးငိုတာကို နားမလည်တာ။ သူလည်း အလိုတူ အလိုပါပဲဟာကို... လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တာလေ။ ပြီးရင် ကောင်လေးကိုပြောသေးတယ်... "ရှင် မကောင်းဘူး.. ကျွန်မကို ဒီလိုလုပ်တယ်.. ဟင့် ဟင့် ဟင့် ဗြဲ" LOL (xD)။ မြန်မာကားဆိုလို့ "လေပြေညှင်းရဲ့ အသက်ဆက်တေး"ဆိုတဲ့ကားလေးက စင်္ကာပူမှာ လာရိုက်ထားတာ။ ဇာတ်လမ်းကြီးကိုတော့ မကြိုက်ဘူး။ ဒါပေမယ့် ကိုယ်မြင်နေကျ နေရာလေးတွေမှာ ရိုက်ထားတော့ တစ်မျိုးလေး ကြည့်ကောင်းတယ် :D
New Year's Eve အတွက် ဘာအစီအစဉ်တွေ ရှိကြလဲ?? ကန်ဒီကတော့ East Coast သွားဖြစ်မလား မသိဘူး။ အဲ့မှာ အခန်းငှားထားတယ် ပြောတယ်။ ကမ်းခြေမှာ ဆော့ဖို့ မီးရှူးမီးပန်း ၀ယ်သွားရင်ကောင်းမယ်(:D)။ သူများတွေက သောက်ဖို့... ကန်ဒီက ဆော့ဖို့ ခိခိ(xD)။ ဒီရက်ပိုင်း ဓာတ်ပုံရိုက်ဖို့ လုံးဝစိတ်မပါဘူး။ ကိုယ့်မျက်နှာတောင် ကိုယ်မကြည့်ချင်တဲ့ အနေအထားဖြစ်နေလို့။ ကန်ဒီ့အစ်ကို လက်ဆောင်ပေးတဲ့ Body Shop က Vitamin E moisturizer သုံးမိတာ... မတည့်တာလား မသိဘူး။ မျက်နှာတစ်ခုလုံး အဖုတွေ အမာရွတ်တွေနဲ့ ဖြစ်နေတယ် >.<
ကန်ဒီ Galaxy Note လက်ဆောင်ရထားလို့ ဖုန်းပြောင်းကိုင်နေတယ်။ အရမ်းကြီးတယ်။ နောက်ပြီး Touch နဲ့ စာမရိုက်တတ်လို့ တချိန်လုံးမှားနေတယ်(>.<)။ ကန်ဒီ့ အရင် Blackberry အဖြူလေးကို ပိုကြိုက်တယ်။ စာရိုက်လို့ ကောင်းတယ်။ ဒါပေမယ့် Blackberry က App မကောင်းဘူး။ မြန်မာလိုလည်း ရိုက်လို့မရဘူး။ Viber မရဘူး။ ခု ဒါနဲ့ဆိုတော့ အားလုံးရသွားပြီ။ ရန်ကုန်အိမ်နဲ့လည်း Viber ကနေ ပြောလို့ရပြီ ^_^
ဒီမှာ စာရေးတာနဲ့ပက်သက်လို့ ကန်ဒီ့လောက် လျှို့ဝှက်တာလည်း ကန်ဒီပဲ။ ကန်ဒီက ဖုံးတယ်... အမေက ဖွတယ်(xD)။ ခုဆို တမျိုးလုံး သိတော့မယ်... ဘယ်လိုလုပ်ကြမလဲ(>.<)။ ကိုယ်တိုင်က စာကောင်းကောင်းရေးတတ်တယ်ဆို ဘာမှမဖြစ်ပါဘူး။ ခုဟာက ရေးချင်တာ ရေးနေတာဆိုတော့ ရှက်စရာ(>.<)။ သူငယ်ချင်းတစ်ယောက်က ကန်ဒီက Privacy မှ မထားတာတဲ့။ အကုန်ရေးနေ ဓာတ်ပုံတွေတင်နေတော့ သိပြီပေါ့တဲ့။ မြန်မာဘလော့ဂါအများစုက ဓာတ်ပုံတွေဘာတွေ မတင်ဘဲ စာဆိုစာချည်းရေးတာဆိုတော့ ကန်ဒီတစ်ယောက်တည်း ဖောက်နေသလို ဖြစ်တာပေါ့။ တကယ်တော့ Privacy လုံးဝမထားတာတော့ မဟုတ်ပါဘူး။ ကန်ဒီ နေတဲ့လိပ်စာ တခါမှ မပြောဖူးသလို တက်တဲ့ကျောင်းတောင် ကျောင်းပြီးမှ ပြောတာလေ... အဲ့လိုပေါ့။ ဘာပဲဖြစ်ဖြစ် ကိုယ်စိတ်ချမ်းသာဖို့က အဓိကဆိုတော့ I don't care :P
အစက ပြောမယ်ဆိုပြီး စဉ်းစားထားတာတွေ အများကြီးပဲ။ ခုတကယ်ချရေးမယ်ဆိုတော့ မေ့ကုန်ပြီ(@_@)။ OK နောက်ဆုံးအနေနဲ့ ပဟေဠိ ၀ှက်မယ်။ သိပ်တော့မခက်ပါဘူး။ ကန်ဒီ့ ဒီပိုစ့်ခေါင်းစဉ်က ဘာကိုဆိုလိုချင်တာလဲ??? ဖြေပါ xD
တာ့တာ
Happy New Year 2013!!