ခရစ္စမတ်နားနီးပြီဆိုတော့ အားလုံးအတွက် Christmas Nail Art လေး တင်ပေးရမှာပေါ့(:D)။ အစက ဒီဇိုင်း နှစ်ခု သုံးခုလောက်လုပ်ဖို့ အစီအစဉ်ရှိခဲ့ပေမယ့် မလုပ်ဖြစ်ခဲ့ဘူး။ ဒီတော့ ဒါလေးနဲ့ပဲ ကျေနပ်ပေးပါလို့ (^_^)။ မနက်ဖြန် သဘက်ခါပဲ ခရစ္စမတ်ရောက်တော့မှာဆိုတော့ ဒီပိုစ့်ကို အပြေးအလွှား ခုံပျံကျော်လွှားပြီး တင်ရမယ်... ဟတ်ချလောင်းးးး :P
ဒီ ဒီဇိုင်းလေးက လူကြီးအကြိုက်နဲ့တော့ ကိုက်ချင်မှ ကိုက်မယ်။ ဘာပဲဖြစ်ဖြစ် Just for Fun ပေါ့။ ကလေးတွေကို လုပ်ပေးရင်တော့ ကြိုက်ကြမယ် ထင်တာပဲ(:P)။ ပိုရိုးရှင်းချင်တယ်ဆိုရင်တော့ လက်သူကြွယ်နေရာမှာ ခရစ္စမတ်ဘိုးဘိုးကြီးပုံမထည့်ဘဲ တခြားလက်ချောင်းလေးတွေလိုပဲ ဆိုးလိုက်နော် :)
ဦးထုပ်ရဲ့အနီအပိုင်းကို ဆိုးတဲ့နေရာမှာ ပြီးရင် အဖြူပြန်ထပ်မှာဆိုတော့ ညီစရာမလိုဘူး။ ဦးထုပ်က အဖြူအခုံးလေးတွေကိုကျတော့ Dotting Tool နဲ့ အ၀ိုင်းစက်လေးတွေကို ဆက်အောင်ချသွားရင် ရတယ်။ ကန်ဒီကတော့ ရိုးရိုး Nail Art Brush နဲ့ပဲ အကွေးလေးတွေ ဆွဲသွားတာ။ ဒါလည်းသိပ်ညီစရာ မလိုဘူးနော်... အခုံးလေးတွေက မညီလေ ပိုသဘာဝကျလေပဲ(:D)။ ကျန်တာတော့ သိပ်ရှင်းပြစရာမလိုတော့ဘူး ထင်တယ်။ ပုံကြည့်လုပ်ရင် ဖြစ်တယ်ဟုတ်(^_~)။ အားလုံးပြီးပြီဆိုရင် ဦးထုပ်ကအနီနေရာလေးတွေမှာ Glitter Nail Polish တစ်ခုခု ဆိုးလိုက်ပါ... အဲ့ဒါဆို ပိုလှတယ် :D
Nail Art ပိုစ့်တွေ တင်မယ့်သာတင်နေတာ ကိုယ့်လက်အခြေအနေ ကိုယ်သိတော့ မရဲတရဲ တင်ရတယ်။ ဒီကြားထဲ လက်နဲ့ပက်သက်ပြီး အဆိုးမြင်တဲ့ကွန်မန့်ရပြီဆို လူကသိမ်ငယ်ပြီး Nail Art ပိုစ့်တွေ တင်ကိုမတင်ချင်တော့တာ..(>.<)။ အပြင်မှာ ကန်ဒီ့လက်က တော်တော်ရုပ်ဆိုးတယ်ဆိုတဲ့ အထဲမှာပါတယ်။ လက္ခဏာတွေလည်း အရမ်းရှုပ်တယ်။ ဓာတ်ပုံထဲမှာတော့ နည်းနည်းကြည့်ပျော်ရှုပျော်ရှိအောင် လက္ခဏာတွေကို မဆိုသလောက် ၀ါးပေးထားပါတယ် >.<
Humm... အချိန်ရှိခိုက် လုံ့လစိုက်ပြီး ဟိုဘက်ဆိုဒ်(ShweBeauty)မှာလည်း သွားတင်လိုက်ဦးမယ်။ အမှန်အတိုင်းပြောရရင် အဲ့ဆိုဒ်မှာတင်ရတာ ဒီမှာတင်ရတာလောက် အားမရဘူး။ လူတွေတော့ များပါတယ်။ ဒါပေမယ့် ကန်ဒီ့ဆီလာနေတဲ့လူတွေလောက် ရင်းနှီးမှုမရှိသလိုပဲ။ တုံ့ပြန်မှုလည်း မရှိဘူး။ ဘလော့ဂါတော်တော်များများ ပိုစ့်တစ်ပုဒ်တင်ပြီးရင် ကြည့်တတ်တာက ကွန်မန့်ရယ်... လာလည်တဲ့လူဦးရေရယ်။ ဒါတွေသိမှ ကိုယ့်ပိုစ့်အခြေအနေကိုယ်သိမှာလေ။ အဲ့ဆိုဒ်မှာတင်ရင် ကွန်မန့်လည်း မလာဘူး။ လူဘယ်လောက်ရောက်လာတယ်ဆိုတာလည်း ကြည့်လို့မရဘူး။ အဲ့တော့ တင်ရတာ အားမရှိဘူး(>.<)။ Okie Dokie... ကန်ဒီအရမ်းကြိုက်နေတဲ့ ဒီခရစ္စမတ်သီချင်းလေးနဲ့ အဆုံးသတ်မယ်နော် ^_^
♫♪ Have yourself a merry little Christmas,
Let your heart be light
From now on, our troubles will be out of sight.
Have yourself a merry little Christmas,
Make the Yule-tide gay,
From now on, our troubles will be miles away.
Here we are as in olden days,
Happy golden days of yore.
Faithful friends who are dear to us
Gather near to us once more.
Through the years
We all will be together,
If the Fates allow
Hang a shining star upon the highest bough.
And have yourself A merry little Christmas now. ♫♪
Merry Christmas & Happy Holiday everyone^^
14 comments:
christmas ညဘုရားကျောင်းသွားရင်လုပ်သွားရမယ် အရမ်းလှတယ် ချစ်ဖို့ ကောင်းတယ် မမလက်နဲ့ လိုက်တယ်
လက်သည်းတွေညှပ်ပစ်လိုက်ပြီ ဆိုးလို့မရတော့ဘူး...
ဆိုးကြည့်မယ်။ ကြိုက်တယ်။ တခါတလေ ကိုယ့်ကိုယ်ကိုယ်မပျင်းအောင် အဲလိုလေးတွေအလှပြင်ကြည့်တာကောင်းတယ်။
ညလေး ကန်ဒီလက်လည်းလှတယ်။
ကျေးဇူးအများကြီး။
Merry Christmas Candy !
ပိစိ..
လက္ခဏာလေးတွေလှတယ်။ နွယ်ပင်လေးတွေကို စင်ခံပေးထားတဲ့အတိုင်းဘဲ။ ကြီးပွါးဦးမယ်။ ဗူးကောင်းရင် စင်ခံ၊ လင်ကောင်းရင် စံ တဲ့။
ဆိုင်မဆိုင်တော့ မသိ။း))
သီချင်းနားထောင်သွားတယ် ကန်ဒီလေး။ အေးအေးလေး နားထောင်လို့ကောင်းတယ်။
လက်သည်းပုံလေး လှတယ် Merry X'mas sis :)
လက်သည်းပုံလေး လှတယ် Merry X'mas sis :)
ဒီ design လေးက လွယ်လဲ လွယ်တယ်နော် လုပ်ကြည့်ချင်သွားပြီကန်ဒီရေ...
သီချင်းလေးကိုလည်း နားထောင်သွားတယ်
Christmas Nail လုပ်နည်းလေးကိုလည်းမှတ်သားသွားပါတယ်
ပျော်ရွှင်နိုင်ပါစေနော်ခရစ်မစ်မှာ
ခင်တဲ့(အိပ်မက်ကောင်းကင်)
Candy Lay ,
Thanks for your post . Sure i will try tomorrow night.
With love ,
KKN
ချစ်စရာ ဒီဇိုင်းလေး..
သိပ်မခက်တော့ လုပ်ကြည့်ဦးမှ..လက်သည်းပုံဖော်ရင် ဘယ်ဘက်ကို အဆင်ပြေအောင် ဆွဲလို့ ရပေမယ့် ညာဘက်ဆို အသက်အောင့်ပြီးမှ ဆွဲလို့ ရတယ်..း)
ခင်တဲ့
အိမ်မက်
လက်သည်းဆိုးတာလည်းပညာပါတယ်နော်။အစ်ကိုတော့နားမလည်ပါဘူး။လှမှန်းတော့သိတယ်။ကြံကြံဖန်ဖန်နော်။ခရစ္စမတ်ဘိုးဘိုးကြီးပုံကိုတောင်လက်သည်းဆိုးလို့ရသတဲ့။သီချင်းနားထောင်သွားပါတယ်။မြန်မာပြည်ကွန်နက်ရှင်ကြောင့်သီချင်းတစ်ပုဒ်ကိုကြိုးစားပမ်းစားနားထောင်လိုက်ရတယ်။
အန်းဂရီးဘတ်ပုံဆွဲလေ..
လက်မမှာ ငှက်၀၀
လက်သန်းမှာ သုံးကောင်ခွဲတဲ့အသေးလေးတွေ
လက်ညှိုးမှာ အ၀ါကောင်လေး..
အဲ့လိုတွေကွကိုတွေးပြီးဆွဲကြည့် အစ်မ.။ :D
ဟုတ်တယ် ကန်ကန်ရေ..မေမိုးပြောသလို
အန်းဂရီးဘတ်ပုံလေးဆိုရင်လဲ လှမယ်နော်..:)
ချစ်ချာရေး...ခု ခရစ်စမတ် ဘိုးဘိုးကြီးပုံလေးလဲ
လှတယ်နော်...ကန်ကန့်လက်ကလေးကလှပါတယ်
ချစ်ချာရေးကို...သီချင်းကတော့ မြန်မာပြည်ကွန်ကြောင့်နားမထောင်ခဲ့ရဘူး ....:(
Post a Comment