Tuesday, December 4, 2012

One Sweet Day of Nov

Humm... ဒီပိုစ့်ကို ဘယ်ကစပြီး ဘာလိုရေးရမလဲတောင် မသိဘူး။ ဓာတ်ပုံတွေများပြီး စာနည်းနေမှာတော့ သေချာတယ်။ ကန်ဒီဘယ်ကျောင်းမှာတက်တယ်ဆိုတာ ဘလော့ဂ်မှာတစ်ခါမှ တရားဝင်ထည့်မရေးဖူးဘူးနော်။ အကြောင်းကတော့ အဲ့ဒါသိသွားရင် မသမာသူတွေက ကန်ဒီ့ကျောင်းလာပြီ ချောင်းရိုက်မှာစိုးလို့ (ဟဟဟဟဟ xD)။ ပြောလို့ရမလား... ကန်ဒီ့ကို အမြင်ကတ်တဲ့လူလည်း ရှိရင်ရှိနေမှာပေါ့ ဟုတ်တယ်ဟုတ်(:P)။ ခုတော့ ကျောင်းပြီးပြီဆိုတော့ ပြောလို့ရပြီ(:D)။ ကန်ဒီ့ကျောင်းက Management Development Institute of Singapore (MDIS)။ သူက တခြားနိုင်ငံကကျောင်းတွေနဲ့ တွဲဖွင့်ထားတဲ့ စင်္ကာပူက Private ကျောင်းတစ်ကျောင်းပေါ့။ ကန်ဒီယူတဲ့ Pharmaceutical Management Course ဆို University of Bradford(UK) နဲ့ MDIS တွဲထားတဲ့ Program လေ။ Module တွေအကုန် ဟိုမှာသင်တာနဲ့ တူတူပဲ... အမှတ်စစ်တာလည်း MDIS မှာ တစ်ကြိမ် Bradford မှာ တစ်ကြိမ် နှစ်ကြိမ်စစ်တယ်။ အဲ့ဒါကြောင့် ကန်ဒီတစ်ခါတစ်ခါ စာမေးပွဲဖြေပြီးတိုင်း Result ထွက်ဖို့ ကြာနေတာ...


စင်္ကာပူမှာကျောင်းတက်ဖို့ ကျောင်းရွေးတာနဲ့ ပက်သက်လို့ နည်းနည်းပြောပြရရင်... ကန်ဒီက ရန်ကုန်မှာ ဆေးဝါး(Pharmacy)နဲ့ ကျောင်းပြီးတယ်လေ။ အဲ့လို ဆေးနဲ့ပက်သက်တဲ့ဘာသာတွေနဲ့ မြန်မာပြည်မှာကျောင်းပြီးတဲ့သူတွေ ဒီမှာကျောင်းဆက်တက်မယ်ဆို တော်တော်များများရွေးကြတာက ဒီ Course တွေပေါ့...

(1) B.Sc in Pharmacy - National University of Singapore (NUS)
(2) B.Sc (Hons) in Pharmaceutical Management - Management Development Institute of Singapore (MDIS)
(3) B.Sc (Hons) in Biomedical Sciences - MDIS
(4) B.Sc (Hons) in Biotechnology - MDIS

NUS က အစိုးရကျောင်း... ၀င်ဖို့တော်တော်ခက်တယ်။ နောက်ပြီး အကြာကြီးတက်ရမှာမို့(၄နှစ်) MDIS ပဲ ရွေးလိုက်တာ။ ကန်ဒီတို့လို ရန်ကုန်မှာဘွဲ့ရထားရင် ပထမနှစ်တက်စရာမလိုတော့ဘူး။ အဲ့တော့ ပိုက်ဆံကုန်လည်း သက်သာ အချိန်လည်း အရမ်းမကုန်တော့ဘူးပေါ့။ ဒါတွေပြောပြနေတာ စင်္ကာပူမှာ ကန်ဒီ့လိုဘာသာမျိုးနဲ့ ကျောင်းတက်ချင်တဲ့လူတွေအတွက် အဆင်ပြေအောင်လို့နော်။ တစ်ခါက ဖိုးမောင်က ပြောဖူးတယ်။ ကျောင်းနဲ့ပက်သက်တဲ့ပိုစ့်လေး ရေးပါလားတဲ့။ သူပြောတာ ကြာလှပြီ... ခုမှပဲ ရေးဖြစ်တော့တယ် :P

စာသင်ပုံတွေ ဘာတွေကတော့ မြန်မာပြည်နဲ့ တခြားစီပေါ့။ မြန်မာပြည်မှာက အားလုံးသိတဲ့အတိုင်း အလွတ်ကျက်တဲ့စနစ်လေ။ ဆရာမတွေကလည်း  ကျောင်းသားတွေအတွက် အဆင်သင့်Noteတွေ ထုတ်ထားပေးပြီးသား... ကိုယ်ကကျက်ရုံပဲ။ ဒီမှာတော့ ဒါမျိုးမရဘူး(>.<)။ ကန်ဒီတို့ Lecture note ဆို ပါးပါးလေး... အဲ့ထဲမှာ PowerPoint Slideshow တွေပဲရှိတယ်။ အခန်းတစ်ခန်းကို Slide နှစ်ဆယ်လောက်နဲ့ ပြီးသွားတယ်။ Slide ထဲမှာကလည်း စာထက် ပုံကခပ်များများ။ စာမေးပွဲမှာ အဲ့အတိုင်းသွားဖြေလို့ကတော့ တစ်မှတ်ရရင်တောင် ကံကောင်း(=.=')။ စာမေးပွဲနီးပြီဆို မူရင်း Text Book အထူကြီးတွေ Library မှာဖတ်ပြီး ကျက်ဖို့ Note အရင်ထုတ်ရတယ်။ Note တွေထုတ်ပြီးမှ စာစကျက်ရတယ်။

စာမေးပွဲတွင်းဆို အဲ့လို... ဟဟဟဟ xD


Group Presentation တွေရှိရင်လည်း ပြင်ဆင်ရတာအမော။ Report တင်စရာရှိတာတွေနဲ့ တိုက်နေရင် ပို Stress များတယ်။ စာမေးပွဲနားနီးမှဆို ပိုဆိုးးး... (>.<)။ ဒုတိယနှစ်မှာ Final Year Dissertation အတွက် ဘာလုပ်မယ်ဆိုတဲ့ Protocol တစ်ခုရေးရတယ်။ အဲ့တုန်းက Supervisor က တော်တော်ဆိုးတာ... သူကရတယ်ဆိုလို့ ရေးလိုက်တဲ့ Protocol က Final Year လည်း ရောက်ရော.. Final Year Supervisor က မရဘူး ဆိုလို့ အကုန်အသစ်ပြန်စဉ်းစား ပြန်ရေးတင်ရတယ် >.<

 Presentation အတွက် ပြင်ဆင်နေတာ... ဟီးး xD

Lab ခန်းထဲမှာ သောင်းကျန်းနေတာ xD

ကန်ဒီတို့ Course က Lab သိပ်မ၀င်ရဘူး။ Management နဲ့ တွဲထားလို့လည်း ပါမှာပေါ့။ ကျောင်းပြီးတဲ့အချိန်ထိ Lab ၀င်ရတဲ့အချိန်ကို လက်ချိုးရေလို့ရတယ်။ ရန်ကုန်ကျောင်းတုန်းကတော့ အနည်းဆုံး တစ်ပတ်နှစ်ရက် Lab ၀င်ရတယ်။ ဒီကျောင်းမှာ Lab ခန်းဝင်ရမယ်ဆို အရမ်းစိတ်ညစ်တယ်။ သူတို့သုံးတဲ့ပစ္စည်းတွေက အရမ်းခေတ်မှီနေတော့ ရန်ကုန်မှာသုံးတာတွေနဲ့ မတူဘူးလေ။ တချို့ဟာတွေဆို ကြားပဲကြားဖူးပြီး ခုမှမြင်ဖူးတာမျိုးတွေ... သူတို့အတွက် ဒါတွေက Basic တွေဖြစ်နေပေမယ့် ကန်ဒီတို့အတွက်ကတော့ လုံးဝအသစ်တွေ။ ဆရာမတွေကလည်း သိတယ်ဆိုတဲ့ပုံစံမျိုးနဲ့ မပြတော့ဘူးလေ။ အဲ့တော့ အဖွဲ့လိုက်လုပ်ရတဲ့ Test မျိုးဆို တချို့စက်တွေမကိုင်တတ်လို့ သူများကိုလုပ်ခိုင်းရတယ်။ အားငယ်တာ (>.<)။ အဲ့ဒါကြောင့် Lab မ၀င်ချင်တာ။ အပေါ်ကပုံက Lab တစ်ချိန်ကတော့ သွေးခုန်နှုန်းတိုင်းတာတို့ ဘာတို့ပဲဆိုတော့ ပျော်စရာကောင်းတယ် ^_^

တဂျင်းမီရော ကိုမင်းဧရာရော အတန်တန်မှာတယ်...  ဘွဲ့ဝတ်စုံနဲ့တော့ ပြောင်ချော်ချော်မလုပ်ပါနဲ့တဲ့ 
ရုပ်တည်နဲ့ဆို ကြည့်တဲ့လူပျင်းမှာစိုးလို့ပါ ဟီးဟီး xD

Laboratory နဲ့ပက်သက်တဲ့အလုပ်မျိုး ပိုသဘောကျရင် Biomedical လို Course မျိုးက ပိုအဆင်ပြေလိမ့်မယ်။ သူတို့က တစ်ချိန်လုံး Lab ၀င်နေရတာ။ ကန်ဒီတို့ကျ Final Year လောက်ရောက်တော့ Management ဘာသာတွေ ပိုများလာတယ်။ ဆေးနဲ့ဆိုင်တဲ့ Management မျိုးပေါ့။



ကန်ဒီက အစောကြီး ၈နာရီခွဲအရောက် အဲ့ကိုသွားရတယ်။ အမေတို့ကို ပွဲစခါနီး ၁၁နာရီလောက်မှ လာခိုင်းလိုက်တယ်။ သူတို့ကို ကန်ဒီ့ညီမ လိုက်ပို့တယ်လေ။ ဧည့်သည်က နှစ်ယောက်ပဲခေါ်လို့ရတော့ ကန်ဒီ့ညီမက အမေတို့ကိုလိုက်ပို့ပြီး ပြန်သွားတယ်။

With Mom & Dad ^_^ (Dad is hiding his belly with his coat xD)

 Butterfly Candy... Ready to fly ^_~


အဲ့ဒီအရုပ်လေးက အလကားမရဘူး... သူတို့ပေးတဲ့ Survey ဖြေမှ ရတာ။ အရုပ်လိုချင်လို့ သွားဖြေထားတာလေ (ဟီးဟီး xD)။ သူများတွေလို ပန်းစည်းပေးမယ့်လူ မရှိတော့လည်း ဒီအရုပ်လေးပိုက်ပြီး (ပိုက်လို့တောင် မရဘူး >.<) ကိုင်ပြီးပဲ ရိုက်ရတာပေါ့နော်။ ၀မ်းနည်းတာ... 

ဒါနဲ့ ဂုဏ်ယူစရာပြောပြရဦးမယ်။ Course တစ်ခုမှာ ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်ဆုနဲ့ ကြေးတံဆိပ်ဆုဆိုပြီး ဆုသုံးခုပေးတယ်လေ။  ကန်ဒီတို့ Course အတွက်ရတဲ့ ရွှေတံဆိပ်နဲ့ ကြေးတံဆိပ်ဆုရှင်နှစ်ယောက်လုံးက မြန်မာတွေချည်းပဲ (:D :D :D)။ ရွှေတံဆိပ်ဆုရှင်က ကန်ဒီ့သူငယ်ချင်း။ သူက အစတည်းက တော်တဲ့ ဒေါက်တာစာကြမ်းပိုး(:P) ကန်ဒီ့လို မဟုတ်ဘူး ဟီး... သူ့အတွက်ပျော်တယ် :D

ဘွဲ့ယူပြီးလို့ သားအဖနှစ်ယောက် ဖရီးဝါးတီး :D


 
My inspiration, my mom ^_^


တချိန်လုံး ဟိုဝတ်ရုံကြီး ၀တ်ထားရတာလည်း ကောင်းတယ်။ ကန်ဒီက ပုံမှန်ဆို စကပ်မ၀တ်တော့ စကပ်အတိုနဲ့ မနေတတ်ဘူး။ အောက်စလွတ်နေသလိုလို မလုံမလဲကြီး ခံစားရတယ် (ထိုင်လိုက်ရင် ပိုဆိုး ဟဟဟ xD)။ မိတ်ကပ်ကတော့ ကန်ဒီလိမ်းနေကျပုံစံ ရိုးရိုးပဲ... ဘာမှ အထူးတလည်ကြီး လုပ်မနေဘူး။ ဆံပင်ကိုက အစက ရိုးရိုးပဲချမလို့... နောက်တော့ Formal အကျီကြီးနဲ့ ဆံပင်ကြီးချထားရင် မသပ်ရပ်ဘူးဆိုပြီး စည်းတယ်ဆိုရုံလေး ဘေးနှစ်ဘက်ကိုလိမ်ပြီး နောက်မှာစုစည်းထားတယ်။ ဒါကတော့ ဘွဲ့ယူမယ့်ကောင်မလေးတွေအတွက် ဆံပင်စတိုင် Quick Tip ပေါ့ :P

The End...
တာ့တာ^^

29 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ မိဘနှစ်ပါးကတော့ သူတို့သမီးအတွက် တော်တော်ဂုဏ်ယူပျော်ရွှင်နေမှာဘဲနော်။
ဘွဲ့ဝတ်စုံနဲ့ ပိစိဓါတ်ပုံလေးတွေကြည့်ရင်း ဘာမဆိုင်ညာမဆိုင် တဂျင်းမီးတောင် ကိုယ့်တူမလေး ကိုယ့်နှမငယ်လေး ဘွဲ့ယူသလို ခံစားမိပြီး တကယ်ကို ကြည်နူးပီတိ ဖြစ်နေမိတယ်။ ဆက်လုပ် ဆက်လုပ် ပိစိလေးရေ.....

မောင်သစ္စာ said...

cute..cute..my sis...

မြတ်ကြည် said...

COngratulations :) DOn't know when my turn will come :P

ဘုန်း ၂ တောက် said...

တကယ်ကို Congratulations ပါ ပိစိရေ။

ဒါနဲ့ ချိုချဉ်အိပ်နေတဲ့ပုံလေးက မျက်တောင်လည်း မခတ်ဘူး။ တကယ် အိပ်တာနဲ့ တူလိုက်တာနော်။ (ဓာတ်ပုံပါဆို ခတ်မလားလို့ ပြောချင်စရာ)

ရယ်စရာပါပြန်ပြီ အသံမထွက်အောင် ခပ်တိုးတိုးပဲ ရယ်ပလိုက်တယ်။ (ဘေးမှာ Some Friend က အိပ်မောကျနေကြလို့)

ဒါနဲ့ စကားမစပ် ဒီတစ်ခါ တဂျင်းမီးရဲ့ Comment က မရယ်ရတော့ဘူး။ ခါတိုင်းဆို အဲဗား ရယ်နေရတာ။ သူ တကယ်ကို ခံစားပြီး ရေးထားတာ နေမှာပဲနော်။

All of your family members ချမ်းမြေ့ပါစေ
Pi Si လေးရေ။
ခင်မင်တဲ့

Angelhlaing(May everybody be happy and healthy! said...

ချစ်စရာလေးကွယ်.... :) ပျော်စရာကြီး .. ကျောင်းဆက်တက်၇င် ကောင်းမလားလို့ ကန်ဒီကို ကြည့်ပြီး အတွေးတွေ ဝင်လာတယ် ...အားကျစရာကြီး..:)

သီရိရတနာ said...

Congratulations, Candy!

တကယ့်ကို ဂုဏ်ယူမိပါတယ် ... ကန်ဒီရေ ...

တီတီက စကတည်းက ကြိုသိပီးသား ... အောင်မြင်သောသူ တစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာကို ...

ဒီနေ့ ဒီလို အချိန်မျိုးမှာ ... အောင်မြင်မှု သရဖူ ဆောင်းနိုင်ပီမို့ တီတီ အရမ်း ဂုဏ်ယူမိပါတယ်။

ဘွဲ့ဝတ်စုံလေးနဲ့ အရမ်းကို ကျက်သရေရှိတာပါပဲ .... :)

AMK said...

Congrats! Candy..

mstint said...

ဟိုတစ်နေ့က ဖေ့ဘုတ်မှာ ကွန်ဂရက်စ် ပုံလေးပို့လိုက်သေးတယ် ကန်ဒီလေး။
မိဘနေရာကနေ ကြည်နူးနေမိတာ အမှန်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Congratulations,
Candy !

Anonymous said...

Hello Candy ,

Congratulation !

Just want to ask you , why u ever so

cute . Keep it forever .

With love ,

KKN

ကူးကူးလှိုင် said...

ဂုဏ်ယူပါတယ်ကန်ဒီရေ တစ်မိသားစုလုံးရဲ့အပျော်တွေ ရင်ထဲအထိ ကူးစက်သွားတယ် ညီမလေး...

Candy said...

Thank you soo sooooo much!!!! :D

လရိပ်အိမ် said...

ဘွဲ့ဝတ်စုံလေးနဲ့တော်တော်ချော၍ ချစ်စရာကောင်း။ စာကလဲ တော်တယ်နော်။
ဘွဲ့ဝတ်စုံကသူတို့ပေးတာလား ၊ ဝယ်ရတာလား။
ဂုဏ်ယူပါတယ် ကန်ဒီလေးရေ။

Candy said...

ဘွဲ့ဝတ်စုံက ငှားရတာ အစ်မ :D

Anonymous said...

တကယ့်ကို ပျော်ရွှင်ကြည်နူးစွာ ခံစားရသော ပိုစ့်လေးပါ အာပေတူးရေ....

လေးလည်းလေးစာတယ်
မိဘ မောင်နှမတွေဆို ဘယ်လောက်များ ပျော်ရွှင် ကြည်နူးနေကြမလဲနော်။


( ဦးကြံသကာ )

Fred said...

Congrats Candy and wish you find a job easily..

ဖြိုးဇာနည် said...

ဟာာာာာာာာာာာာာာနာပျောက်နေတုန်း သူတောင်ဘွဲ့ရတွားပါပေါ့လား

ဟိတ်နင်ပြန်ရတော့မှာလားဟင်

Candy said...

အင်း.. မသိသေးဘူး အခြေအနေအရပဲ :)

ညီလင်းနိုင် said...

ဂုဏ်ယူပါတယ် ညီမလေး .....

ကိုယ်ရရှိ ရောက်ရှိနေတဲ့ နေရာမှာ

အကောင်းဆုံးကို အောင်မြင်အောင်

အတတ်နိုင်ဆုံး လုပ်ပြနိုင်ခဲ့တာမို့

ထပ်တူ ဂုဏ်ယူ ဝမ်းသာမိပါတယ် ။

ဒီနေ့ တော့ THEကြားလုံးလို့ မခေါ်တော့ဘူး ....

ပျော်ရွှင်မှုတွေနဲ့ အတူ

အမိအဖအတွက် သမီးလိမ္မာလေးအဖြစ်

တစ်သက်တာ ကံကောင်းခြင်းတွေ

ရရှိ ပိုင်ဆိုင်နိုင်ပါစေ ညီမလေး ။

မေမြို့မိုး said...

ဝါးးးးးးးးးးးး
ဒီနေ့တင်တဲ့ပုံတွေ အလန်းဆုံးပဲတိလား.။
အကုန်လှတယ်.။ နအမ ပီသတယ်. ။ တိလားအစ်မ..။
ဒါနဲ့စကားမစပ်.။ နောက်ပွဲကရော ဘယ်တော့လဲ..ဟင်..
ေိေိ..

Anonymous said...

Congratulations.....


NSA

အိမ်မက်စေရာ said...

ဖတ်နေရင်းနဲ့ကို ရင်ထဲမှာ ကြည်နူးရင်းနဲ့ ပျော်နေတာ ..အပျော်တွေ ကူးစက်တာလေး)
ဓါတ်ပုံလေးတွေလဲ လှမှလှ..လှတယ်ဆိုတာကိုပိုပြီး ကျက်သရေရှိနေတာ.
အရမ်းဝမ်းသာတယ်..တစ်ခုတွေးမိလိုက်သေးတယ်.ဒီလောက်စာတွေလုပ်ရတဲ့ကြား ဒီကောင်မလေး ပို့စ်တွေ အပြတ်ရေးနိုင်တယ် ဘလော့ဂ်ကို တော်တော် သံယောဇဉ် ရှိတယ်လို့..
ချစ်တဲ့
အိမ်မက်

အလင်းသစ် said...

မြန်မာ့ဆေးလောကအတွက်တော့ တန်ဖိုးမြင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်တိုးလာပြန်ပေါ့... ဂုဏ်ယူမိပါတယ်ညီမလေးရေ...

blackroze said...

congratulations.. ပါ သကြားလုံးလေး

ဝိ၀ိ said...

Congratulation! You have put all your best efforts and a lot time to get this degree.I can imagine how you are happy when you get the degree.I hope you have a great future and year.Fighting! Ma Ma Candy.

Anonymous said...

Congrats ပါခင်ညာ..

အရမ်းအရမ်းကို ဂုဏ်ရူးမိ .. အဲ့ဟုတ်ပေါင် ဂုဏ်ယူမိပါတယ် ပူတူတူးလေးရေ။

နောက်ရှေ့တက်လှမ်းရမယ့် ခြေလှမ်းတိုင်းမှာ အောင်မြင်ခြင်းဆုကျေးဇူးတွေနဲ့ ရစ်ပတ်ပြီး၊ အခုလိုပဲ အမြဲပျော်ရွှင်နေနိုင်ပါစေလို့ ဆုတွေနေ့တိုင်း တောင်းပေးနေရတာ အမောပဲ ..
ခုထိလဲ မုန့်လိုက်ဝယ်မကျွေးသေးဘူး။ ဟွန်းဟွန်းဟွန်း

-You know who

မောင်(စွယ်စုံကျမ်း) said...

ဖွာလေးက ဘွဲ့ ဝတ်စုံနဲ့ ကို ဖလမ်းဖလမ်းကနေသေးတယ် ခွိ...ဒီလိုဆရာမမျိုးလက်ထဲ လူနာရောက်ရင်တော့ တေဘီဆရာဘဲ...တိန်

ခရေ said...

ချစ်စရာကောင်းသော ညီမလေးကန်ဒီ
ဂုဏ်ယူပါတယ်နော်

Candy said...

ကျေးဇူးတင်ပါတယ် အစ်မခရေ ရေ ^_^