Hi^^
► Quick Gradient Nail
နှုတ်ခမ်းကွဲပြီးလို့ အနာကျက်ခါစဆို ကွဲခဲ့တဲ့နေရာက နီနေတတ်ပြီး ကြည့်မကောင်းတဲ့အပြင် နှုတ်ခမ်းနီဆိုးတဲ့အခါလည်း အရောင်မညီတတ်ဘူးလေ။ အဲ့ဒါကို အမြန်ပြင်ဖို့အတွက်ဆို အသားရောင်(ကိုယ့်နှုတ်ခမ်းသားရောင်) Lipliner လေး တစ်ချောင်းပဲ လိုတယ်။ နီနေတဲ့နေရာကို Lipliner နဲ့ဖုံးလိုက်ရုံပဲလေ။ ပြီးမှ ကိုယ်ဆိုးချင်တဲ့နှုတ်ခမ်းနီကို အပေါ်ကဆိုးတဲ့အခါ အရောင်ညီညီညာညာလေး ထွက်တာပေါ့။ နောက်ပြီး ကိုယ့်နှုတ်ခမ်းသားရောင် Lipliner ကို နှုတ်ခမ်းအစွန်းမှာရှိတတ်တဲ့ အရောင်မညီတဲ့နေရာတွေ ဖုံးဖို့အတွက်လည်း သုံးနိုင်တယ်။ တကယ်တော့ ကိုယ်ဆိုးတဲ့နှုတ်ခမ်းနီအရောင်နဲ့ကိုက်တဲ့ Lipliner တွေအများကြီးမလိုပါဘူး။ ကိုယ့်နှုတ်ခမ်းသားရောင် Lipliner တစ်ချောင်းနဲ့တင် တော်တော်အလုပ်ဖြစ်နေပြီ :D
အဲ မေ့တော့မလို့... ဒါက အရောင်မညီတဲ့နှုတ်ခမ်းတွေအတွက်ပဲနော် နှုတ်ခမ်းခြောက်ပြီး အဖတ်တွေဖြစ်နေတဲ့နှုတ်ခမ်းမျိုးဆိုရင်တော့ ဒီနည်းမသုံးလိုက်ပါနဲ့။ ပိုကြည့်ရဆိုးသွားတတ်တယ်။ အရင်ဆုံး ပိုနေ/လန်နေတဲ့နှုတ်ခမ်းအရေပြားတွေကို Exfoliate လုပ်ပြီးမှ ဒီနည်းသုံးပါ။ နှုတ်ခမ်းကို Exfoliate လုပ်နည်းကတော့ လွယ်ပါတယ်။ ပျားရည်နဲ့သကြားကို နှုတ်ခမ်းမှာပွတ်ပေးလိုက်ရုံပဲ။ ပျားရည်မရှိလည်း သကြားပဲသုံးပေါ့။ အလွယ်ဆုံးနည်းကတော့ သွားတိုက်တဲ့အခါ သွားပွတ်တံနဲ့ နှုတ်ခမ်းကိုပါ တိုက်ပေး... ဒါဆို လန်နေတဲ့အသားတွေ သူ့ဟာသူ ထွက်သွားလိမ့်မယ် ^_^
► Eyeshadow Tip
ယေဘူယျအားဖြင့် မျက်လုံးရဲ့ Crease နေရာမှာ လက်လက် လက်လက်တွေပါတဲ့ Shimmery Eyeshadow တွေ မသုံးသင့်ဘူး (Crease ဆိုတာ မျက်ရစ်အပေါ်နားမှာ ရှိတတ်တယ်။ အလွယ်ပြောမယ်ဆို မျက်လုံးအပေါ်နားကို Brush နဲ့ထောက်ကြည့်လို့ ချိုင့်ဝင်သွားတဲ့နေရာက Crease ပေါ့)။ အထူးသဖြင့် အသက်ကြီးလာလို့ မျက်ခွံကျနေတဲ့မျက်လုံးမျိုး၊ နဂိုတည်းက မျက်ခွံကျတဲ့မျက်လုံးမျိုးတွေမှာ (အဲ့လိုမျက်လုံးမျိုးကို Hooded Eyes လို့ခေါ်တယ်) Shimmery Eyeshadow မျိုး မသုံးသင့်ဘူး။ အဲ့လိုသုံးခြင်းဟာ ကျနေတဲ့မျက်ခွံကို ပိုသိသာစေတယ်။ အဲ့ဒါကြောင့် ရိုးရိုး Matt Eyeshadow မျိုးပဲ သုံးသင့်တယ်။ ကန်ဒီ့မျက်လုံးတစ်ဖက်က အဲ့လိုဖြစ်ချင်ချင် ဖြစ်နေတယ်လေ >.<
Beauty Post တွေ မရေးတာ ကြာလှပြီနော်။ ဒီနေ့ပြောပြမှာက အလှအပနဲ့ဆိုင်တဲ့ တိုတိုထွာထွာ မှတ်စရာလေးတွေပေါ့ :D
► Quick Gradient Nail
Gradient Nail လုပ်နည်းကို ဟိုးးးး အရင်တုန်းက ကန်ဒီရေးထားဖူးတယ် (ဒီမှာ ဖတ်ပါ)။ သူက Sponge သုံးပြီး လုပ်ရတာလေ။ Sponge ရဲ့ အားနည်းချက်က လက်သည်းဆိုးဆေးတွေကို အရမ်းစုပ်တယ်။ အဲ့တော့ မကုန်သင့်ဘဲ ကုန်တာပေါ့။ ဒီနောက်ပိုင်း ကန်ဒီဘယ်လိုလုပ်ဖြစ်လဲဆိုတော့....
၁) ပထမဆုံး လက်သည်းဆိုးဆေးနဲ့တို့ပြီးသား Sponge ကို လက်သည်းတပြင်လုံးကို တို့လိုက်ပါ။
၂) လက်သည်းဆိုးဆေးဗူးနဲ့တွဲပါတဲ့ Brush နဲ့ပဲ ဗူးထဲက Product ကို တစ်ကြိမ်ယူလိုက်နော် (အဲ့တစ်ကြိမ်ပဲ ယူပါ)
၃) ပထမဆုံး လက်သည်းထိပ်ကို အရင်စဆိုးပါ(နံပါတ် ၁)... ပြီးရင် ပိုတဲ့ Product နဲ့ပဲ အောက်တစ်ဆင့် ထပ်ဆိုးပါ(နံပါတ် ၂)။ အဲ့လို ပိုနေတာနဲ့ဆိုးတဲ့အတွက် အောက်တဆင့်ရောက်တဲ့အခါ အပေါ်အဆင့်မှာလောက် Product တွေ မများနေတော့ဘူးလေ...
၎) ပြီးရင် ဒုတိယအဆင့်နဲ့ လက်သည်းအရင်းနားက အရောင်အနုဆုံးအဆင့်နဲ့ဆက်အောင် ခုနက Sponge နဲ့ပဲ အဲ့ဆက်တဲ့နေရာလေးကိုပဲ ပြန်တို့ပေးလိုက်နော်... ဒါဆိုပြီးပြီ (ဒီနည်းလမ်းက လက်လက်လေးတွေပါတဲ့ လက်သည်းဆိုးဆေးမျိုးနဲ့ဆို ပိုလှတယ် :D)
► ကွဲနေတဲ့နှုတ်ခမ်းလွှာကို ဖုံးဖို့
နှုတ်ခမ်းကွဲပြီးလို့ အနာကျက်ခါစဆို ကွဲခဲ့တဲ့နေရာက နီနေတတ်ပြီး ကြည့်မကောင်းတဲ့အပြင် နှုတ်ခမ်းနီဆိုးတဲ့အခါလည်း အရောင်မညီတတ်ဘူးလေ။ အဲ့ဒါကို အမြန်ပြင်ဖို့အတွက်ဆို အသားရောင်(ကိုယ့်နှုတ်ခမ်းသားရောင်) Lipliner လေး တစ်ချောင်းပဲ လိုတယ်။ နီနေတဲ့နေရာကို Lipliner နဲ့ဖုံးလိုက်ရုံပဲလေ။ ပြီးမှ ကိုယ်ဆိုးချင်တဲ့နှုတ်ခမ်းနီကို အပေါ်ကဆိုးတဲ့အခါ အရောင်ညီညီညာညာလေး ထွက်တာပေါ့။ နောက်ပြီး ကိုယ့်နှုတ်ခမ်းသားရောင် Lipliner ကို နှုတ်ခမ်းအစွန်းမှာရှိတတ်တဲ့ အရောင်မညီတဲ့နေရာတွေ ဖုံးဖို့အတွက်လည်း သုံးနိုင်တယ်။ တကယ်တော့ ကိုယ်ဆိုးတဲ့နှုတ်ခမ်းနီအရောင်နဲ့ကိုက်တဲ့ Lipliner တွေအများကြီးမလိုပါဘူး။ ကိုယ့်နှုတ်ခမ်းသားရောင် Lipliner တစ်ချောင်းနဲ့တင် တော်တော်အလုပ်ဖြစ်နေပြီ :D
အဲ မေ့တော့မလို့... ဒါက အရောင်မညီတဲ့နှုတ်ခမ်းတွေအတွက်ပဲနော် နှုတ်ခမ်းခြောက်ပြီး အဖတ်တွေဖြစ်နေတဲ့နှုတ်ခမ်းမျိုးဆိုရင်တော့ ဒီနည်းမသုံးလိုက်ပါနဲ့။ ပိုကြည့်ရဆိုးသွားတတ်တယ်။ အရင်ဆုံး ပိုနေ/လန်နေတဲ့နှုတ်ခမ်းအရေပြားတွေကို Exfoliate လုပ်ပြီးမှ ဒီနည်းသုံးပါ။ နှုတ်ခမ်းကို Exfoliate လုပ်နည်းကတော့ လွယ်ပါတယ်။ ပျားရည်နဲ့သကြားကို နှုတ်ခမ်းမှာပွတ်ပေးလိုက်ရုံပဲ။ ပျားရည်မရှိလည်း သကြားပဲသုံးပေါ့။ အလွယ်ဆုံးနည်းကတော့ သွားတိုက်တဲ့အခါ သွားပွတ်တံနဲ့ နှုတ်ခမ်းကိုပါ တိုက်ပေး... ဒါဆို လန်နေတဲ့အသားတွေ သူ့ဟာသူ ထွက်သွားလိမ့်မယ် ^_^
► ဖောင်ဒေးရှင်း(Foundation) နဲ့ ကွန်စီလာ(Concealer) ဘယ်ဟာအရင်လိမ်းမလဲ??
ကိုယ်သုံးတဲ့ Foundation က အရည်(သို့)ခရင်ဆိုရင် Foundation အရင်လိမ်းနော်... ပြီးမှ Concealer လိမ်း။ Foundation အရည်ကို နောက်မှလိမ်းရင် ကိုယ်လိမ်းထားတဲ့ Concealer တွေ နေရာရွေ့သွားပြီး ဖုံးထားတဲ့အရာတွေ ပြန်ပေါ်လာတတ်လို့လေ။ အဲ့နှစ်ခုလုံးပြီးမှ ပေါင်ဒါနဲ့ ပြန် Set လုပ်ပေါ့။ ကိုယ်သုံးတဲ့ Foundation က အမှုန့် (Mineral Powder Foundation လိုမျိုး)ဆို Concealer ကို အရင်လိမ်းနော်။ ပြီးမှ Foundation လိမ်း... အဲ့ဒါမျိုးဆိုရင်တော့ ပေါင်ဒါနဲ့ ပြန် Set လုပ်စရာမလိုတော့ဘူး :) (အစ်မတစ်ယောက် မေးဖူးလို့ပါ)
► မျက်တောင်တုတစ်ခုကို အကြိမ်များစွာသုံးနိုင်အောင်
ကန်ဒီကိုယ်တိုင်က မျက်တောင်တု တစ်ခါမှမသုံးဖူးဘူး။ ဒါပေမယ့် မျက်တောင်တုတပ်တတ်တဲ့ မိန်းကလေးတွေအတွက် အဆင်ပြေအောင် ကန်ဒီဖတ်ဖူးတာလေး ပြောပြချင်လို့ (:D)။ မျက်တောင်တုတပ်တော့မယ်ဆို ကိုယ့်မျက်တောင်ကို အရင် Eyelash curler နဲ့ ကော့ပြီး Mascara သုံးထားပါ။ ပြီးမှ မျက်တောင်တုကို တပ်ပါ။ တပ်ပြီးရင် Mascara ထပ်မသုံးပါနဲ့... Eyelash Curler နဲ့ ထပ်ကော့ချင်ရင် ကော့ပါ။ အဲ့လိုလုပ်ရင် မျက်တောင်တုတစ်ခုကို အကြိမ်များစွာ တပ်လို့ရပါတယ်တဲ့...
► Curved mascara wand
ကွေးနေတဲ့ Mascara wand တွေက သုံးတတ်ရင် မျက်တောင်အထူ (Volume) အတွက်ရော အရှည် (Length) အတွက်ရော နှစ်မျိုးသုံးနိုင်ပါတယ်။ ကွေးနေတဲ့ဘက်ကနေ ကော့မယ်ဆို မျက်တောင်ကို ပိုထူစေပြီး ခုံးနေတဲ့ဘက်ကနေသုံးမယ်ဆို မျက်တောင်ကို ပိုရှည်စေတယ် :)
► ခေါင်းလျှော်ရင်
ခေါင်းလျှော်တဲ့အခါ Shampoo ကို ဆံပင်အရင်းပိုင်းမှာ ပိုသုံးသင့်တယ်။ Shampoo ဆိုတာ ဆံပင်မှာရှိနေတဲ့ အဆီတွေ ချေးတွေကို ဖယ်ရှားပေးတာဆိုတော့ အဖျားပိုင်းအတွက် သိပ်မလိုအပ်ဘူး။ အဆီတွေဘာတွေကလည်း ဦးရေဖျားပိုင်းမှာပဲ ရှိတတ်တာမလား။ Shampoo က ဆံပင်ကို ခြောက်သွေ့စေတယ်။ မလိုအပ်တဲ့ဆံပင်အဖျားပိုင်းကို Shampoo တွေအများကြီးသုံးရင် ဆံပင်တွေ ပိုခြောက်ကုန်တတ်တယ်။ Conditioner က ဆံပင်ကိုပျော့ပျောင်းစေတာဆိုတော့ ဆံပင်အဖျားပိုင်းအတွက် ပိုလိုအပ်တယ်။ ဆံပင်အရင်းပိုင်းတွေက နဂိုမူလ ခေါင်းကထွက်တဲ့အဆီနဲ့ သူ့ဟာသူအဆင်ပြေနေပြီးသားလေ။ ဆံပင်အဖျားပိုင်းကျတော့ ခေါင်းကအဆီကလည်း အဲ့ထိမရောက်တတ်တော့ သူ့အတွက် Conditioner ပိုလိုအပ်တယ်။ ခေါင်းလိမ်းဆီတွေဘာတွေလိမ်းရင်လည်း ဆံပင်အဖျားပိုင်းကို ပိုဦးစားပေးလိမ်းပေးပေါ့ :D
► ဓာတ်ပုံရိုက်မယ်ဆို
မင်္ဂလာဆောင်သွားတာပဲဖြစ်ဖြစ် အလှဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် အဲ့လိုဓာတ်ပုံအရိုက်ခံရမယ့်ပွဲမျိုးတွေသွားရင် SPF ပါတဲ့ ဖောင်ဒေးရှင်းကို ရှောင်ပါ။ တနည်းအားဖြင့် Sunscreen မလိမ်းသင့်ပါဘူး။ အထူးသဖြင့် Titanium Dioxide (သို့) Zinc Oxide ပါတဲ့အလှကုန်တွေဟာ Flash နဲ့ ဓာတ်ပုံရိုက်တဲ့အခါ ကြည့်မကောင်းတတ်ဘူး။

► ဆိုင်မှာ နှုတ်ခမ်းနီအရောင် စမ်းမယ်ဆို
နှုတ်ခမ်းပေါ်မှာဆိုးတဲ့အခါ ထွက်တဲ့နှုတ်ခမ်းနီအရောင်နဲ့ ဆိုင်မှာဝယ်ဖို့ လက်ပေါ်မှာစမ်းတဲ့အခါထွက်တဲ့ နှုတ်ခမ်းနီအရောင် မတူညီတာ အားလုံးသတိထားမိမှာပါ။ အဲ့လိုမဖြစ်ဖို့ဆို နှုတ်ခမ်းနီအရောင်ကို လက်ချောင်းထိပ်လေးတွေမှာ စမ်းပါတဲ့။ လက်ချောင်းထိပ်လေးတွေမှာပေါ်တဲ့ နှုတ်ခမ်းနီအရောင်ဟာ ကိုယ့်နှုတ်ခမ်းမှာပေါ်မယ့်အရောင်နဲ့ လုံးဝဆင်တူပါတယ်တဲ့ :D
► မျက်ခုံး
မျက်ခုံးမွှေးထူထူဟာ လူကိုပိုနုစေပါတယ်။ ပိုသဘာဝကျတဲ့ မျက်ခုံးလေးရဖို့ဆို Powder Eyeshadow နဲ့ဆွဲပါ။ ဒီနေရာမှာ ကြာကြာခံပါ့မလားလို့ မေးစရာရှိလာတယ်။ မျက်ခုံးမှာ အမွှေးရှိရင် (တချို့တွေက အဖျားပိုင်းမှာ မျက်ခုံးမွှေးမရှိတတ်ဘူးလေ) ကြာကြာခံပါတယ်။ မျက်ခုံးမွှေးမရှိတဲ့နေရာဆိုရင်တော့ Eyebrow pencil တွေ သုံးတာပိုကောင်းလိမ့်မယ်။ Pencil တွေသုံးတဲ့အခါ ပုံဆွဲသလို မျဉ်းတကြောင်းတည်းကို တခါတည်း မဆွဲလိုက်နဲ့နော်။ မျဉ်းတိုလေးတွေနဲ့ ဖြည်းဖြည်းချင်း မျက်ခုံးကိုဖြည့်ပါ။ ပြီးရင် မျက်ခုံးမှာသုံးတဲ့ Brush နဲ့ ပြန်ညှိပေးဖို့လည်း မမေ့ပါနဲ့။ အဲ့တော့မှ မျက်ခုံးက အရမ်းထင်းထင်းကြီး ဖြစ်မနေမှာလေ။
ခုလောလောဆယ်တော့ ဒီလောက်ပဲ စဉ်းစားမိသေးတယ်...
နောက်သတိရလာရင် ပေါင်းပြီး ဒီလိုပိုစ့်မျိုးလေး ထပ်ရေးပေးမယ်နော်... တာ့တာ ^_^
နောက်သတိရလာရင် ပေါင်းပြီး ဒီလိုပိုစ့်မျိုးလေး ထပ်ရေးပေးမယ်နော်... တာ့တာ ^_^
12 comments:
Super Like!!! :D
ကိုယ်လိုအပ်တဲ့အပိုင်းဘဲကြည့်သွားတယ်။ ခေါင်းလျှော်တာ၊ နှုတ်ခမ်းနီစမ်းတာ လက်ထိပ်ကဘယ်နေရာလဲ။ ပုံနဲ့ပြပါ ကန်ဒီလေးရေ။ အမေအတွက်ပါ။ လရိပ်က နှုတ်ခမ်းနီဆိုးခဲတယ်။ နှုတ်ခမ်းကွဲရင်ဆိုးတာတော့မှတ်သွားတယ်။ ကျန်တဲ့မျက်လုံးကိစ္စဘာမှမသိဘူး။ :D
လက်ထိပ်ဆိုတာ လက်ချောင်းထိပ်လေးတွေကို ပြောတာ မမလရိပ် :D
လက်သည်းရှိတဲ့ထိပ်လား? ဟိဟိဟိ
ညေးကလည်းအေ...
အကိုတို့အတွက်များ ရေးပါဦးတော့လား.....
သူတို့မမ များလှဖို့ချည့်ရေးနေတာဘဲံးး)။
( ဦးကြံသကာ )
စာရိုက်ရင် Keyboard နဲ့ထိတဲ့နေရာက လက်ချောင်းထိပ်ပေါ့ မမရဲ့ xD ... လက်ချောင်းထိပ်ကို မသိဘူး ဗြဲ... ငိုချင်လာဘီ :P
THEကြားလုံးက တင်လိုက်ရင်
သူတို့အမျိုးသမီးတွေအတွက်ချည်းပဲ .....
မထူးပါဘူး.... ဖတ်လက်စနဲ့ တစ်ခါထဲ
မှတ်သွားလိုက်တယ် ။
နေက်လိုအပ်တဲ့အခါရှိလာခဲ့ရင်
ပြောပြပေးလို့ရတာပေါ့ ။
:):):)
တစ်လုံးမှ နားမလည်ဘူး....ရှုပ်ထှာ......ဒါနဲ့ပဲ ဦးနေဝင်း
ကြီး အစီရင်ခံစာဖတ်သလို အစနဲနဲ၊အလယ်နဲနဲ၊အဆုံးနဲနဲ
ဖတ်သွားတယ်..... :P
ဖတ်တော့ဖတ်လိုက်ပါတယ် ဒါပေမဲ့ ကျွန်တော်နဲ့ကိုက်တဲ့အလှပြင်နည်းမပါဘူးဖြစ်နေတယ် နောက်ဆို Beauty Post တွေတင်ရင် ဆံပင်ထောင်နည်းတွေတင်နော် ခိခိခိ
ခင်တဲ့(အိပ်မက်ကောင်းကင်)
ကန်ဒီလေးရေ...
မကြီးလွမ်းလာသွားတယ်။ ဝါသနာမပါပေမဲ့ ဖတ်သွားတယ်။ လရိပ်က ကန်ဒီလေးပြောတဲ့ လက်ထိပ်ကို မသိတာမဟုတ်ဘူး။
သူမှားနေတာ။ဟိုလက်ထိပ်နဲ့..
အဟီးးးးးး
ကျန်းမာပျော်ရွှင်ပါစေ ညီမလေးရေ
အစ်မစကားတစ်သဝေမတိမ်းနားထောင်တဲ့ မောင်ဆိုတော့.. စကားနားထောင်ဖို့ အရင်ဆုံး မျက်တောင် တုဝယ်ရမယ်.. ဟွင်းဟွင်း..။
ဒီလောက်ရှင်းပြမှတော့သိသွားပြီ ကန်ဒီလေး။ ငိုချင်ရင် ငိုချလိုက်။ :P
ဟင် မကြီးလွမ်းနောက်တယ်။ တကယ်မသိတာကို။ >.<
Post a Comment