OMG!! 2012 တောင် ကုန်တော့မယ်နော်။ နှစ်ကုန်တာနဲ့တပြိုင်တည်း မမပစ်ပစ်က "2012 ကို ပြန်လှည့်ကြည့်ခြင်း" ဆိုတဲ့ခေါင်းစဉ်နဲ့ ပိုစ့်လေးတစ်ခု Tag လာတယ်။ တဂ်ပိုစ့်တွေမရေးရတာကြာလို့ ရေးချင်နေခဲ့ပေမယ့် ဒီခေါင်းစဉ်ကိုလည်းတွေ့ရော "ဟင်..."ဆိုပြီး ရေးရင်ကောင်းမလား မရေးရင်ကောင်းမလား တွေဝေသွားမိတယ်။ ကန်ဒီ ဒီနှစ်ကို မကြိုက်ဘူး... ပြန်လည်း လှည့်မကြည့်ချင်ဘူး။ ဒါပေမယ့် မမပစ်ပစ်က သတိတရ ခင်မင်လို့ တဂ်ထားပြန်တော့လည်း မရေးဘဲ မနေချင်ပြန်ဘူး။ ဒါနဲ့ပဲ...
Chinese New Year Sentosa Flower Festival, My Birthday & Volunteering
ကန်ဒီဘယ်လမှာ ဘာတွေလုပ်ပြီး ဘယ်တွေသွားခဲ့တယ်ဆိုတာတွေ အသေးစိတ် ချရေးပြမနေတော့ဘူးနော်။ အားလုံးက ကန်ဒီ့ Diary ပိုစ့်တွေထဲမှာ လအလိုက်ရှိပြီးသားပါ။ ကြီးကြီးမားမားအမှတ်တရတွေကတော့ Volunteering စလုပ်ဖြစ်တာ၊ မတွေ့ရတာကြာပြီဖြစ်တဲ့ အချစ်ဆုံးသူငယ်ချင်း စင်္ကာပူကို လာလည်တာ၊ "Bintan" ဆိုတဲ့ အင်ဒိုနီးရှားကျွန်းလေးဆီ သွားလည်ဖြစ်တာနဲ့ ဘွဲ့ယူတာပေါ့။ Humm.. အဲ့လိုပြန်ကြည့်မယ်ဆိုတော့လည်း ဒီနှစ်မှာ တော်တော်များများ လုပ်ဖြစ်သလိုလို။ ဒါပေမယ့်....
My Friend's Wedding...
ဒီနှစ်ထဲမှာ ကန်ဒီစိတ်ကျန်းမာရေး မကောင်းဘူး။ အဓိကအကြောင်းရင်းကတော့ လုပ်စရာမရှိလို့ စိတ်ဓာတ်ကျနေတာ။ နှစ်ဝက်လောက်ကတည်းက စာမေးပွဲဖြေပြီး ကျောင်းမတက်ရတော့ဘူးလေ။ အဲ့ဒီမှာတင် လူက လုပ်စရာမရှိ ကိုင်စရာမရှိနဲ့ ဘုံစပျောက်တာ။ အမေက ဒီမှာအလုပ်လုပ်စေချင်တော့ အလုပ်စရှာတယ်။ ကန်ဒီ့ဘွဲ့နဲ့ဆိုင်တဲ့အလုပ်က ဒီမှာတော်တော်ရှားတာပဲ... တစ်နေ့မှာ ၁၀ခု ၁၅ခုလောက် လျှောက်မိရင်တောင် ကံကောင်း။ ကြာလာတော့ လူက ဒေါပွလာတယ်။ စိတ်ဓာတ်လည်း ကျလာတယ်။ ဘာမှမလုပ်ချင်တော့ဘူး။ အဲ့အချိန်တွေမှာ ဒီဘလော့ဂ်လေးရှိနေလို့ ခံသာတာ။ စိတ်နှစ်ထားစရာ တစ်နေရာ ရှိနေတယ်လေ။ ဒါမရှိရင် လူကပိုအူကြောင်ကြောင်ဖြစ်မှာ...
စိတ်က အရင်ကလောက် မပါတာတော့ အမှန်ပဲ။ ကန်ဒီရှာနေတာ ၆လလောက်ရှိတော့မယ်။ ဘာမှမှ မထူးခြားလာတာ။ ကန်ဒီ ဒီမှာအချိန်ဖြုန်းနေသလိုပဲ ခံစားရတယ်။ ကန်ဒီ့စိတ်တိုင်းကျဆို ရန်ကုန်ပဲ ပြန်ချင်တယ်။ အဲ့မှာပဲ အလုပ်လုပ်ချင်တယ်။ ဟိုးအရင်ကတည်းက ကန်ဒီ ဒီမှာအကြာကြီးနေဖို့ အစီအစဉ်မရှိခဲ့ဘူး။ တသက်လုံးလည်း မနေနိုင်ဘူး။ မြန်မာပြည်မှာပဲ နေချင်တာ။ ကန်ဒီသိသလောက်က ဒီမှာအလုပ်လုပ်ပြီး အသက်ကြီးမှ မြန်မာပြည်ပြန်တဲ့လူတော်တော်များများက ဟိုရောက်ရင် ဘာစလုပ်လို့ လုပ်ရမှန်း မသိဘဲ ကြားထဲရောက်သွားကြတာများတယ်။ အဲ့ဒါကြောင့် ကန်ဒီက အစကတည်းက မြန်မာပြည်မှာပဲ စချင်တယ်။ ကန်ဒီ့အမေကတော့ ငယ်တုန်း ဒီက Experience ယူတဲ့ >.<
Universal Studio, Garden by the Bay, Trip to Bintan & St. John's Island
လူတော်တော်များများက ကန်ဒီသေချာမရှာလို့ အလုပ်မရတာတဲ့။ NO!!! ကန်ဒီ့အတွက် လျှောက်လို့ရတဲ့အလုပ်ကိုက ရှားနေတာ။ ကန်ဒီနဲ့ Same Batch သူငယ်ချင်းတွေလည်း ခုထိအလုပ်မရကြသေးဘူး။ အမေကတော့ ပြောပါတယ်... "ပေါ့ပေါ့ပါးပါးပဲ ရှာ.. စိတ်ဓာတ်လည်း မကျနဲ့.. မရလည်း
ကိစ္စမရှိဘူး... ရန်ကုန်မှာ လုပ်စရာတွေ အများကြီး"တဲ့။ ဒါပေမယ့် သူက ဒီမှာလုပ်စေချင်တာ သိနေတော့လည်း ကန်ဒီက နေရင်းထိုင်ရင်း Stress ရတယ်။ အဓိကက သူ့ကို စိတ်ချမ်းသာစေချင်လို့ပါ။
အဲ့လို ကန်ဒီစိတ်ရောဂါတွေဖြစ်.. အဲ စိတ်ဓာတ်တွေကျတော့ အရင်ဆုံးမဲမိတာက ချစ်သူပေါ့ (သူ့ပဲ မဲစရာရှိတာလေ)။ သူကလည်း အလုပ်တွေရှုပ်... ကန်ဒီမှာထားတာတွေ မပို့လာ။ အဲ့ဒါနဲ့ သူ့ကိုစိတ်တိုပြီး ကောက်တာ ၃လနီးပါးရှိတယ် ဟီးဟီးဟီး(xD)။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကန်ဒီဘက်ကပဲ သူ့အပေါ် မကောင်းခဲ့တာပါ။ စိတ်တွေလေပြီး သူ့ကို မေ့ထားမိတယ်။ ရည်စားမထားချင်ဘူး... တစ်ယောက်တည်းပဲ နေချင်တယ်ဆိုတဲ့ စိတ်ကြီးလည်း ၀င်လာသေးတယ်။ တကယ်တမ်း သူ့ကို ထားခဲ့နိုင်လားဆိုတော့လည်း ကန်ဒီ့အနွံတာခံတာ သူပဲရှိတာဆိုတော့ မထားခဲ့နိုင်ပြန်ဘူး xD
OK OK... ဒီလောက်ဆို လုံလောက်ပြီ။ စိတ်ညစ်စရာတွေ မရေးချင်တော့ဘူး။ ကန်ဒီ့စာတွေဖတ်ပြီး ပျော်သွားတယ်ဆိုတာပဲ ဖြစ်စေချင်တယ်။ ဒါပေမယ့် ဒီလိုရေးလိုက်တော့လည်း ပေါ့သွားတာပေါ့နော်(:D)။ ၂၀၁၃ အတွက်ဆို...
၁) ကိုယ့်ကိုကိုယ် အတတ်နိုင်ဆုံး ခုလို စိတ်ဓာတ်မကျအောင်နေရမယ်။
၂) လေ့ကျင့်ခန်းလုပ်ရမယ် (လေ့ကျင့်ခန်းလုပ်တာ စိတ်ဖိစီးမှုကို လျော့ကျစေတယ်လေ)။
၃) ကလေးဆန်တာတွေ လျော့ပြီး လူကြီးတစ်ယောက် ဖြစ်အောင်နေရမယ်။
၎) အမေ့စိတ်တိုင်းကျ ဒီမှာအလုပ်ဆက်ရှာရင်း မြန်မာပြည်က သတင်းတွေဖတ်မယ်။ ရန်ကုန်က ဆေး Market အကြောင်း လေ့လာရမယ်။
အတိုင်းအတာတစ်ခုအထိ အမေ့ယုံကြည်မှုရပြီ ရန်ကုန်ကဖြစ်ဖြစ် ဒီကဖြစ်ဖြစ် အတွေ့အကြုံလည်း နည်းနည်းရပြီဆို ကန်ဒီရန်ကုန်မှာ တစ်ခုခုလုပ်ချင်တယ်။ အခုချိန်မှာတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှု လုံးဝမရှိသေးဘူး။ ဒါပေမယ့် စောင့်ကြည့်ရမှာပေါ့ နော့။ ကန်ဒီကြိုးစားမှာပါ :D
စိတ်ညစ်စရာတွေ ၂၀၁၂ မှာထား... ၂၀၁၃ အတွက် ကန်ဒီနဲ့အတူ မောင်းတင်စို့နော်...
Cheers ^_^
22 comments:
Fighting!
Thanks :D
fighting ...fighting..fighting...cute sis...n welcome 2013 ..welcome from malaysia
ကန်ဒီလေးရေ...
၂၀၁၃ ကိုအတူပျော်ရွှင်စွာ ကြိုဆိုကြစို့။
ပစ်ပစ်လည်းမကြီးကို Tag ထားတယ်။
မရေးရသေးဘူး။
မကြာမှီလာမည်မျှော်။
ချစ်တဲ့
မကြီးလွမ်း
ပိစိ။
တင်ထားတဲ့ ဓါတ်ပုံတွေ ကြည့်ရတာတော့ စိတ်ညစ်တဲ့ပုံစံ လုံးဝ မတွေ့ရပါလား။း)))
အဲနီးဝေးးး
တောင့်ထား တောင့်ထား။
အဲ့လိုပဲ ဖြစ်ရမယ်လေ ဟဲဟဲဟဲ :P
စုံစုံလင်လင် တဂ်ပို့စ်လေး ဖတ်သွား ကြည့်သွားတယ် ချိုချဉ်လေးရေ။ အချက် ၄-ချက်ကို ယုံကြည်ချက် အပြည့်အဝနဲ့ နောက်မဆုတ်စတမ်း ချီတက်နိုင်ပါစေလို့။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
aja aja fighting..အလုပ်ကောင်းလေး အမြန်ဆုံးရပြီး မင်္ဂလာနှစ်သစ် ဖြစ်ပါစေ...
အင်းလေ အင်းလေ ရည်းစားက မြန်မာပြည်မှာဆိုတော့ မြန်မာပြည်ဘဲနေချင်တာ ဆန်းပါဘူး။
ဂျောက်ဂျောက်.. (မောင်းတင်လိုက်ပီ)
ယုံကြည်မှုတွေနဲ့အတူ အောင်မြင်ပါစေ ကန်ဒီ <3 <3
စိတ်ဓာတ်ကျတာတော့ အမလည်းကျနေတယ် အကောင်းဆုံးကြိုးစားပါညီမ ကြိုးစားခြင်းရလဘ်ကိုတော့ခံစားရမှာပါ တူနေလို့ အားပေးတာညီမရေ နှစ်သစ်မှာ ပျော်ရွှင်ခြင်းတွေသာပိုင်ဆိုင်နိုင်ပါစေနော်
ကန်ဒီရေ ဆန္ဒတွေပြည့်ဝပါစေလို့ ပျော်ရွှင်ဖွယ်နှစ်သစ်လေး ဖြစ်ပါစေ...
ကဲ......၂၀၁၃ မှာ ဖြစ်ချင်တာအရာအားလုံးဖြစ်ခွင့်ရပါ
စေဗျာ....၊
ပြန်တော့ အကြာကြီး ချစ်သူနဲ့ ကွဲနေတာမကောင်းဘူး
2013 ကဘာကြီး ပျက်မှာတဲ့..မြန်မြန်ပေါင်းထား..းး)
စိတ်ညစ်စရာတွေကို 2012 မှာထားခဲ့ပြီးတော့
2013 ကို အသစ်အသစ်တွေနဲ့
ကြိုဆိုရအောင်လား
သကြားလုံးလေး
Fighting ....
ကုန်ဆုံးသွားတော့မည့် 2012 အကြောင်းကိုရေးထားတာ
ကောင်းလှချည်လား
စိတ်ကူးလေးတွေကလည်းကောင်းလှပါဘိ
နှစ်သစ်မှာစိတ်သစ်ကိုယ်သစ်နဲ့ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)
သူများတွေဘာတွေရေးသလဲ လိုက်လျှောက်လည်ပြီးဖတ်နေတာ...။ ကန်ဒီအရမ်းလှနေတယ်နော်...း)
cheer my buddy stress တွေကို နင်းပြီး တတ် ကြစို့နော်
ကန်ကန်လေးရေ..အားတင်းထား..
နောက်ကို လုံးဝလှည့်မကြည့်နဲ့နော်.....
ဖိုက်တင်းးးးးးးးးးးးးးးးးး
ချစ်သူလေးဆီ အမြန်ပြန်လာနိုင်ပါစေ...:)
ချစ်တဲ့......မိုးနတ်
အလုပ်တွေများနေလို့
အခုမှပဲ ရောက်ဖြစ်တယ်... THE ကြားလုံးရေ....
အရာရာ အဆင်ပြေပါစေဗျာ...
ချစ်သူ မုန်းသူ ဘာညာ ... ဘာဘာညာညာ...
အကုန် အဆင်ပြေပါစေဗျာ ။
အလုပ်က အဲဒီလောက်တောင် ရှားတယ်ပေါ့။ အလုပ်ရှားရင် အကြံတစ်ခုပေးမယ် ဆိုင်ခန်းတစ်ခန်းဝယ်ပြီး စတိုးဆိုင်ဖြစ်ဖြစ်၊ စားသောက်ဆိုင်လေးဖြစ်ဖြစ် ဖွင့်ပေါ့။ ဆိုင်ဖွင့်ရင်းနဲ့ အလုပ်ရှာ၊ အလုပ်ရရင် အဲဒီဆိုင်ကို တခြားတစ်ယောက်ကို ငှားထားလိုက်။ အိုကေရော။
Post a Comment