Monday, December 17, 2012

Room Deco + Shopping

ခုနေမကောင်းချင်သလိုလို ဖြစ်နေတယ်။ မနေ့ကတည်းက ခေါင်းကိုက်နေတာ ခုထိမပျောက်သေးဘူး။ ဆေးကလည်း ကုန်နေတယ်။ အိပ်လိုက်ရင်ပျောက်သွားမလားဆိုပြီး အိပ်တာလည်း မပျောက်ဘူး (>.<)။ အမေတို့ပြန်သွားလို့ လွမ်းဖျား လွမ်းနာကျနေတာများလား :P

မပြန်ခင်တစ်ရက်အလို...
အမေ : ကြက်သားဟင်းချက်ခဲ့တယ်။ အဲ့ဒါ အရင်စား...
ကန်ဒီ : ဟုတ်ကဲ့
အမေ : ငါးဟင်းတွေလည်း ချက်ပေးခဲ့တယ်။
ကန်ဒီ : ဟုတ်ကဲ့
အမေ : မုန်လာဥသုပ်ဖို့ အဆင်သင့်လုပ်ပြီးသား... စာခါနီးရင် ဆီချက်နဲ့ မြေပဲမှုန့် ထည့်သုပ်စား...
ကန်ဒီ : ဟုတ်ကဲ့
အမေ : ရေခဲသတ္တာထဲမှာ ကျောက်ဖရုံသီးနည်းနည်းကျန်သေးတယ်။ ဟင်းရည်လုပ်သောက်...
ကန်ဒီ : ဟုတ်ကဲ့..
........
.....
...
ကန်ဒီတယောက် "ဟုတ်ကဲ့" ပေါင်းသောင်းခြောက်ထောင်နှင့် ကျန်ခဲ့လေသည်။

ကန်ဒီလည်း အမေ့လို ဟင်းချက်ဝါသနာပါပါတယ်။ မချက်တတ်ရုံပဲ ဟဟဟ(xD)။ သူပြန်ခါနီး နည်းနည်းတော့ သင်ပေးသွားတယ်(:D)။ အရင်က ကန်ဒီချက်ချင်သလို ချက်နေတာလေ (:P)။ ဟင်းချက်တာကလွဲ၍ အိမ်သန့်ရှင်းရေး ဘာညာ သာဓကာတော့ အကုန်ရတယ်။ အမေကတောင် ချီးကျူးသွားသေးတယ်။ "ငါ့သမီးက အိမ်ကိုကောင်းကောင်းထိန်းသိမ်းတတ်နေပြီ"တဲ့ ဟီးဟီး (xD)။ အမေတို့လာတော့ အိမ်သန့်ရှင်းရေးကို ပိုဂရုစိုက်ရတယ်။ သူတို့ညစ်ပတ်လို့ မဟုတ်ပါဘူး... တစုံတခုကြောင့် အသန့်ကြိုက်တဲ့အိမ်ရှင်က တခုခုပြောလိုက်လို့ သူတို့စိတ်မကောင်းဖြစ်သွားမှာ စိုးလို့။ ရှေ့မှာ "ဟီးဟီး ဟီးဟီး" လုပ်ပြီး နောက်ကွယ်အတင်းပြောတာမျိုးလည်း ကန်ဒီအဖြစ်မခံနိုင်ဘူးလေ =.='

ကန်ဒီက "ငါဘာလုပ်လိုက်ရင် တခြားသူဘာဖြစ်သွားမယ်" ဆိုတာမျိုး အမြဲတွေးတတ်တယ်။ ဒါပေမယ့် ကိုယ်တွေးပေးသလောက်လည်း ကိုယ့်စေတနာကို မြင်ချင်မှ မြင်တတ်တာ။ တခါကလည်း အိမ်ရှင်က Night Duty ဆင်းပြီး အိပ်နေတုန်း ကန်ဒီက နေ့လည်စာချက်မယ်ဆိုတော့ သူအနံ့ရပြီး နိုးမှာစိုးလို့ ပိတ်ထားတဲ့ အိမ်ရှေ့တံခါးကို ဖွင့်ပြီးချက်တယ်။ အဲ့တုန်းက ဘေးအိမ်က အိမ်ပြင်နေတော့ အဲ့ကအလုပ်သမားတွေကလည်း စကားအကျယ်ကြီးတွေ ပြောနေရော။ သူတို့စကားသံတွေကြောင့် သူအိပ်ရေးပျက်မှာစိုးလို့ဆိုပြီး ကန်ဒီဟင်းချက်ပြီးတော့ တံခါးတွေ ပြန်ပိတ်ပေးထားတယ်။ သူလည်း နိုးလာရော... ဟင်းချက်တာ တံခါးပိတ်ချက်လို့ ဟင်းနံ့တွေဝင်ပါတယ်ဆိုပြီး ပြောပါလေရော။ အဲ့လိုမျိုးပေါ့။ ဒါတွေက နိုင်ငံခြားမှာနေနေတဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာမျိုးပါ။ ကိုယ့်အိမ်မှာ နေရတာနဲ့တော့ ဘယ်တူမလဲနော်။ အဲ့ဒါကြောင့် မိဘနဲ့ ကိုယ့်အိမ်ကိုယ့်ခြံမှာ နေနေရတဲ့အချိန်ကို တန်ဖိုးထားသင့်တယ် ^_^

OK OK တော်သင့်ပြီ။ ဒီပိုစ့်ရဲ့ အဓိကအကြောင်းအရာကို ခုထိမရောက်သေးဘူး (xD)။ ကန်ဒီဈေးပေါပေါနဲ့ အခန်းအလှဆင်တဲ့ Idea လေး ပြောပြမလို့ :D 


Daiso ကို အားလုံးသိမှာပါ။ နှစ်ဒေါ်လာဆိုင်လေ။ ရန်ကုန်မှာလည်း ရှိတယ်လို့ ကြားမိတယ်။ အဲ့မှာ အနံ့ပါတဲ့ ပန်းအခြောက်လေးတွေ ရောင်းတယ်။ ကန်ဒီဝယ်လာတာဆို နှင်းဆီအနံ့။ Lavender အနံ့လည်း ရှိတယ်။ နောက်ပြီး အဲ့မှာပဲ ကြိမ်ဗန်းလေးတွေ(ဗန်းခေါ်မလား... စကောခေါ်မလား @_@) ရောင်းတယ်။ အဲ့လိုဗန်းလေးပေါ် ပန်းခြောက်လေးတွေတင်ပြီး ဧည့်ခန်းစားပွဲမှာ တင်ထားရင် အရမ်းလှတယ်... အနံ့လေးလည်း မွှေးတယ်လေ :D

အားလုံးပေါင်း လေးဒေါ်လာပဲ ကျတယ်...

အဲ့မှာ ဗန်းအကြီးတွေလည်း ရှိတယ်။ ကန်ဒီအကြိုက်ဆုံးက သစ်ကိုင်းခြောက်နဲ့လုပ်ထားတဲ့ပုံစံ ဗန်းလေးတွေ (Hand Craft နေရာမှာ ရှိတယ်)... အဲ့ဗန်းလေးနဲ့ဆို ပန်းခြောက်လေးတွေနဲ့ အရမ်းလိုက်မှာ။ ဒါပေမယ့် သူကကြီးတော့ ထားစရာနေရာမရှိလို့ ကြိမ်ဗန်းသေးသေးလေးပဲ ၀ယ်ခဲ့ရတယ်။ နှစ်ဒေါ်လာ မတန်ဘူး >.<


ကန်ဒီ့ Rose Hip Oil ကုန်သွားတာ ကြာလှပြီ။ ဈေးကြီးလို့ ထပ်မ၀ယ်ဖြစ်ဘူး။ မနေ့က ကန်ဒီ့ညီမနဲ့ Shopping သွားမှ Watson မှာ Discount ချနေတာ တွေ့တာနဲ့ ၀ယ်ခဲ့တယ်။ ပုံမှန်ဈေးထက် ၁၀ဒေါ်လာတောင် သက်သာတာ နည်းလား (:D :D)။ Rose Hip Oil အကြောင်း ကန်ဒီရေးဖူးတယ်နော် (ဖတ်ချင်ရင် ဒီမှာနှိပ်ပါ)။ Face shop က အလှကုန်တွေ တခါမှ မသုံးဖူးဘူး။ သူကသဘာဝပစ္စည်းတွေ အဓိကသုံးထားတယ်ဆိုတာနဲ့ စိတ်ဝင်စားလို့ Strawberry Face mask (~S$18) ၀ယ်ခဲ့တယ်။ တစ်ဗူးဆိုလည်း အကြာကြီး သုံးလို့ရတယ်လေ။ လက်သည်းဆိုးဆေးက ရွှေရောင်(~S$7)... ခရစ်စမတ်နားနီးပြီဆိုတော့ အဲ့အရောင်က Perfect ပဲ :D


ကန်ဒီ့ညီမ အမေ့အတွက် တစ်ချောင်းထိုး ဒီဇိုင်းစာအုပ်လေး ၀ယ်ပေးရင်းနဲ့ ကန်ဒီပါ တစ်အုပ်အဆစ်ဝယ်ခဲ့တယ်။ အဲ့စာအုပ်ကို ဟင်းချက်တဲ့စာအုပ်လို့ မထင်နဲ့နော်။ တချောင်းထိုးနဲ့ မုန့်ပုံစံမျိုးစုံ ထိုးထားတာ။ အရမ်းမိုက်တယ်။ Kinokuniya Book Store က ၀ယ်လာတာ ^_^


Wall Deco တွေ IMM မှာရှိတဲ့ Home Fix က ၀ယ်လာတယ်။ အဖေက သူလိုအပ်တာတွေ ၀ယ်နေတုန်း ကန်ဒီလည်း ကပ်မြှောင်လိုက်ဝယ်တာပေါ့ (:P)။ Sticker လေးတွေပဲ ဈေးကြီးတာပါ(~S$18)... ကျန်တာတွေက ပေါတယ်။ အကုန် Daiso က ၀ယ်ထားတဲ့ နှစ်ဒေါ်လာတန်တွေချည်းပဲ ^_^



အဲ့ Christmas Bell လေးတွေကတော့ အမေဒီမှာရှိတုန်း ထိုးပေးသွားတာ။ သိုးမွေးနဲ့ ထိုးထားတဲ့ Bell လေးတွေပေါ်မှာ ၀ယ်ထားတဲ့ ခေါင်းလောင်းလေးတွေ တပ်လိုက်တာလေ။ အစကတော့ ကန်ဒီထိုးမလို့။ ကန်ဒီအပျင်းတစ်နေတာနဲ့ သူပဲထိုးပေးသွားတယ် xD xD

Have a Wonderful Day^^

12 comments:

ဆူးသစ် said...

အမေပြန်တော့လွမ်းသွားပြီပေါ့။အိမ်ရှင်အိမ်ငှားကတော့ဒီလိုပါပဲညီမရယ်။လူတိုင်းအနည်းအကျဉ်းတော့ပြဿနာကိုယ်စီရှိကြတာပေါ့။ကိုယ့်စေတနာကိုယ်သိရင်ပြီးတာပါပဲ။အလှအပပစ္စည်းတွေတော့အစ်ကိုသိပ်နားမလည်ဘူး။အိမ်ကဇနီးသည်သာသူ့ဘာသာကြိုက်တာဝယ်၊ကြိုက်တာမှာတာ။စိတ်ကူးလေးတွေတော့ကောင်းသား။ပြင်ထားတာလေးတွေမိုက်တယ်။

ကူးကူးလှိုင် said...

တစ်ချောင်းထိုး ဒီဇိုင်းစာအုပ်လေးမြင်တော့ အိမ်က အစ်မကို သတိရသွားတယ် ကျောင်းဆရာမဆိုတော့ အမြဲတမ်း သိုးမွေးထိုးနေတာလေ ...

Thu said...

တစ်ချောင်းထိုးစာအုပ်လေးလိုချင်လိုက်တာ..
အသူကတစ်ချောင်းထိုးပဲတတ်တယ်.နှစ်ချောင်းထိုးကတော့
ရဘူးးးးးး
♥♥နှစ်သစ်မှာပျော်ရွှင်ပါစေနော်♥♥

မိုးငွေ့........ said...

နံရံပေါ်က အိန်ဂျယ်အရုပ်စတစ်ကာလေးတွေကြိုက်တယ် သမီး

Sweety Snow said...

Christmas Bell လေးတွေ ထိုးထားတာ ချစ်စရာကောင်းလိုက်တာ.. သူများကို လက်ဆောင်ပေးဖို့ ကိုယ်တိုင်လုပ်တတ်ချင်မိတယ် :)

ချစ်စံအိမ် said...

လေ့လာသွားတယ်ညီမရေ

mstint said...

ချိုချဉ်လေးရဲ့ မေမေ့ဆီက ပညာတွေအားလုံး ရအောင်ယူထားလိုက်နော် နောင်တမရစေနဲ့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

Can you post how to do croshay(1 chaung htoe) for beginner. Thankd

မေမြို့မိုး said...

နအမ ကထင်တာထက်တောင်ပိုတော်သေးတယ်...
ဒါနဲ့ အဲ့ဟာက စကာလည်းဟုတ်ပူး ဗန်းလည်းဟုတ်ပူး
ခြင်းလေးတွေ..:D

Candy said...

@Anonymous ဟုတ်ကဲ့... တစ်ချောင်းထိုး ထိုးနည်းပိုစ့် ရေးဖြစ်အောင် ကြိုးစားပါ့မယ်။ နားလည်အောင် ဘယ်လိုရေးပြရမလဲ.. ဘယ်လိုဆိုပိုအဆင်ပြေမလဲ ဗွီဒီယိုနဲ့ဆို ပိုအဆင်ပြေမလား အရင်စဉ်းစားလိုက်ဦးမယ်နော် ^_^

philip said...

Rose Hip Oil က၇န်ကုန်မှာလဲ၇ှာလို.မ၇ဘူး :(

Candy said...

ဟုတ်လား :(