Sunday, December 29, 2013

Sick

Hello...
နေမကောင်းးးဘူးးးး... Christmas Eve က အလုပ်မှာ Christmas Party ရှိတယ်။ အဲ့ကပြန်လာကတည်းက ဖျားလိုက်တာ အခုထိပဲ။ ကိုယ်ပူလာလိုက် ဆေးသောက်လို့ကျသွားလိုက်၊ ပြန်ပူလာလိုက် ဖြစ်နေတာ ဒီနေ့မှ နည်းနည်းသက်သာတယ်။ သက်သာတယ်ဆိုတာ အဖျားပြန်မတက်သေးတာကို ဆိုလိုတာ... တကိုယ်လုံးနာနေတုန်းပဲ... လှုပ်တောင် မလှုပ်ချင်ဘူး။ နှာခေါင်းပိတ်ပြီး ချောင်းကလည်း ဆိုးချင်နေတယ်။ ဟုတ်တယ်... အဲ့နေ့တွေက နေမကောင်းတဲ့ကြားက အလုပ်ကလည်း သွားရသေးတယ်။ မလျှော်မဖြစ်တဲ့ ကုတ်အကျီကလည်း လျှော်ရသေးတယ်။ စကားပြောတာတောင် မထွက်တဲ့အသံကို ညှစ်ထုတ်ပြီး ပြောနေရတယ် :(

Group Photo... 

ကန်ဒီတို့ Pharmacy ရဲ့ အရှေ့မျက်နှာစာနေရာပေါ့။ အပြာရောင်ခုံလေးတွေက လူနာတွေထိုင်စောင့်ဖို့... ဒါပေမယ့် ခုံကနည်းပြီး လူနာတွေကအမြဲများနေတာဆိုတော့ လူနာတိုင်းလည်း မထိုင်ရပါဘူး။ သြော်... ကန်ဒီမပြောပြရသေးဘူး ထင်တယ်။ ကန်ဒီ ဟိုးးးအစတုန်းကလို အမြဲမတ်တပ်ရပ် မနေရတော့ဘူး။ အခု Roster လိုမျိုးနဲ့ဆိုတော့ အပြင်ထွက်လိုက် အထဲဝင်လိုက်နဲ့ ထိုင်ရတဲ့အချိန်နဲ့ ထရတဲ့အချိန်က မျှမျှတတဖြစ်သွားပြီ :D

မနေ့က ကန်ဒီဆေးပေးဖို့ခေါ်လိုက်တဲ့ အသက်ငါးဆယ်ကျော် ခြောက်ဆယ်ဝန်းကျင် ဦးလေးကြီးတစ်ယောက်က ကန်ဒီ့ကိုကြည့်ပြီး "Are you so Happy??" ဆိုပြီးမေးတော့ လူကကြောင်တောင်တောင်ဖြစ်သွားတယ်။ ရုတ်တရက် ဘာဖြေရမှန်းမသိဘူး (တကယ်က လူကနေလို့မကောင်းလို့ မပျော်နိုင်ပါဘူး)... ပြီးတော့ "Are you Vietnamese??" မေးပြန်ရော။ "No, I'm Myanmar." လို့ဖြေတော့... "It's very nice to see your smile. I noted your smile." အဲ့လို Compliment လေးတွေရတော့လည်း ပျော်ရပြန်ရော ခိခိ။ ဒါပေမယ့် အဲ့ဒါမျိုးက လူတစ်ရာမှာတစ်ယောက်ပါ။ တော်တော်များများက စောင့်ရလို့ စိတ်မရှည်တဲ့လူတွေချည်းပဲ >.<


နေမကောင်းတဲ့ကိစ္စကို ဆက်ညည်းရရင်... အဲ ဆက်ပြောရရင် အဲ့လိုနေမကောင်းဖြစ်တော့ တစ်ယောက်တည်း အားငယ်တယ် (>.<)။ တစ်ခါတစ်ခါ ငိုချင်လာရော... (ဟင့် T_T)။ နေလည်းမြန်မြန်ကောင်းမှပဲ။ နေမကောင်းရင် အားငယ်တတ်တာ ကန်ဒီတစ်ယောက်တည်းလား?? လူတိုင်းလိုလိုလား?? ပြီးခဲ့တဲ့အပတ်က ပေါင်ချိန်ကြည့်တာ 2kg တက်လာတယ် (>.<)။ ဒါပေမယ့်အခုတော့ ပြန်ကျသွားလောက်ပြီထင်တယ် (ဘာမှစားချင်စိတ်မရှိတာနဲ့ ဖြစ်သလိုစားနေတာဆိုတော့)။ 

OMG!! ဒီညအကယ်ဒမီပေးပွဲ ရှိတာလား?? လုံးဝမသိဘူး (ကန်ဒီသည် အရာအားလုံးနှင့် ကင်းကွာနေလေသည်)။ ဒီနေ့ပိုစ့်ကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးပါနော်...

Have a Nice Day!!

Sunday, December 22, 2013

Christmas 2013

Good Morning...
ဒီနေ့ပိုစ့်ကတော့ ခရစ်စမတ်ဓာတ်ပုံတွေနဲ့ပဲ ပြည့်နေမယ်ထင်တယ်။ ပြီးခဲ့တဲ့အပတ်က Orchard သွားပြီး ဓာတ်ပုံတွေရိုက်ခဲ့တယ်။ နေရာတိုင်းလိုလိုမှာ ခရစ်စမတ်သစ်ပင်တွေနဲ့ စင်္ကာပူတစ်မြို့လုံးလည်း လှနေပြီ။ Humm... အဲ့နေ့ကသွားပြီးပြီဆိုတော့ Christmas Eve တော့ သွားဖြစ်တော့မယ် မထင်ဘူး။


မနေ့က "The Hobbit 2" သွားကြည့်တယ်။ ဒီတစ်ခေါက်လည်း ဆန့်တငင်ငင်နဲ့ ပြီးသွားတယ်။ နောက်တစ်ပိုင်းမှာ ပြန်ဆက်ဦးမှာ... Gerrrrr အဲ့လိုဇာတ်လမ်းတွေကို တန်းလန်းကြီးကြည့်ရတာ မကြိုက်ဘူး(>.<)။ အမှန်က "Frozen" ကြည့်ဖို့သွားတာ... ကြည့်ချင်တဲ့အချိန်မှာ လူပြည့်နေတာနဲ့ "The Hobbit 2" ပဲ ကြည့်ဖြစ်သွားတယ်။ "The Hunger Games" လည်း ကြည့်ချင်သေးတယ်။ Ekk... ကြည့်ချင်တာတွေ များနေပြီ ဟဟဟ (xD)။ မနှစ်က ဒီအချိန်မှာပြတဲ့ "Rise of the Guardians" ဆိုတဲ့ Christmas Animation ကားလေး အရမ်းကောင်းတယ်။ ပျင်းရင် Online မှာ ရှာကြည့်ကြည့်နော်...


အိတ်အသစ်တစ်လုံးလောက် လိုနေတယ်။ ဒီအချိန်ဆို ဆိုင်တိုင်းလိုလိုက Discount ချနေတာဆိုတော့ ၀ယ်စရာရှိရင် ဒီအချိန်ဝယ်တာ ပိုတန်တယ်နော်။ နောက်တခါအပြင်ရောက်မှ အိတ်ရှာပုံတော်ဖွင့်ရမယ်။ အဲ့လို တစ်ခုခုကိုဝယ်မယ်ဆိုပြီးရှာပြီဆို ဘယ်တော့မှ ကိုယ်ကြိုက်တာမတွေ့တော့ဘူး။ မ၀ယ်ဘူးစဉ်းစားထားရင် ကြိုက်တာအမြဲတွေ့တယ် >.<

ဓာတ်ပုံထဲက လိုးလိုးလက်လက်လေးတွေ ဘယ်လိုထည့်လဲ လာမမေးနဲ့ဦးနော်။ ကန်ဒီလည်း မသိဘူး (:P :P)။ Google+ က သူ့ဟာသူ လုပ်ပေးတာကို ယူသုံးလိုက်တာ (xD)။ Humm... ပြောစရာလည်း သိပ်မရှိဘူး။ သြော်... ဟိုတလောတုန်းက ကန်ဒီ Raspberry Leaf Tea အကြောင်းပြောတော့ ၀ယ်သောက်ကြတဲ့လူတွေ ရှိတယ်နော်။ အဲ့ဒါကိုဆေးအဖြစ်သောက်မယ်ဆို တနေ့နှစ်ခွက်လောက်တော့ ပုံမှန်သောက်ရတယ်။ အဲ့တော့မှ သူ့အာနိသင်ပိုရမှာ... အဲ့ဒါပြောဖို့မေ့ခဲ့လို့ အခုပြန်ပြောပြတာ :)


Facebook မှာ သူငယ်ချင်းတွေ မိသားစုကိုယ်စီနဲ့ အေးအေးချမ်းချမ်းရှိနေတာမြင်ရတော့ စိတ်ချမ်းသာတယ်။ ကိုယ်ရော တချိန်ကျရင် အဲ့လိုလေး နေနိုင်မှာလား?? (I hope so -.-) ပြောရင်း ပြောရင်း Drama တွေ ပြန်ဝင်လာဦးမယ်။ ဒီနေရာမှာ ရပ်တာပဲ ကောင်းတယ် ဟဟ (xD)။ Yayy... အဂါင်္နေ့ နေ့တ၀က်ပြီးရင် ဗုဒ္ဓဟူးနေ့အလုပ်ပိတ်တယ် :D

ကန်ဒီ့ကို Facebook က သူငယ်ချင်းတွေက ပျောက်ချက်သားကောင်းလှချည်လားတဲ့။ ပျောက်ဆို တနေ့တနေ့ ဘယ်လိုကုန်သွားမှန်းတောင် မသိတော့ Facebook ဘက်မလှည့်နိုင်ဘူး။ ခုဆို ခေါင်းချတာနဲ့ အိပ်ပျော်တတ်နေပြီ (ပင်ပန်းတာကိုးး >.<)။ ကန်ဒီတို့အလုပ်မှာ မြန်မာဆရာဝန်နှစ်ယောက်ရှိတယ်။ သူ့တို့အစား ဂုဏ်ယူလိုက်တာ။ အားလုံးသိတဲ့အတိုင်း စင်္ကာပူမှာ ဆရာဝန်လိုင်စင်နဲ့ အလုပ်လုပ်နိုင်ဖို့ဆိုတာ လွယ်တာမှ မဟုတ်တာ။ လူကိုတော့ တစ်ခါမှမတွေ့ဖူးသေးပါဘူး။ လူနာကိစ္စနဲ့ပက်သက်ပြီး ဖုန်းတော့ပြောဖူးတယ်။ 

တချိန်တည်းမှာပဲ အဘွားကြီးတစ်ယောက်ထိုင်နေတဲ့ တွန်းလှည်းလေးကို တွန်းလာတဲ့ မြန်မာမလေးကိုမြင်တော့ စိတ်ထဲမကောင်းပြန်ဘူး။ အဲ့နေ့က ကန်ဒီ Queue No. ပေးနေတုန်း မေးစရာရှိတာနဲ့ အဘွားကြီးကတရုတ်အဘွားကြီးဆိုတော့ သူ့မမေးဘဲ တွန်းလှည်းကိုတွန်းလာတဲ့ ကောင်မလေးကို အင်္ဂလိပ်လိုမေးမိတယ်။ အဘွားကြီးက တရုတ်လို "သူက မြန်မာပြည်က လာတာ... အင်္ဂလိပ်လို နားမလည်ဘူး..."လို့ ပြောတော့ စိတ်ထဲအောင့်ကနဲ ဖြစ်သွားတယ်။ ပြီးတော့မှ ကောင်မလေးကို မြန်မာလို မေးစရာရှိတာမေးပြီး Queue No. ပေး... နံပါတ်ခေါ်ရင် သွားဖို့ပြောရတယ်။ သူများနိုင်ငံကိုလာပြီး စလုံးအိမ်မှာ သူများမျက်နှာကြည့်နေကြရတဲ့ မြန်မာမလေးတွေလည်း ရှိသေးတယ်ဆိုတာ မြင်ရတော့ စိတ်ထဲတကယ်မကောင်းဘူး :(



အဲ့နားမှာ နှစ်သစ်အတွက် ဆုတောင်းလေးတွေရေးဖို့ ဘောလုံးနဲ့ဘောပင်လေးတွေ ပေးထားတယ်။ ပြီးရင် အဲ့ဘောလုံးတွေကို ရေထဲချမှာထင်တယ်။ အားလုံးအလုအယက်ရေးနေလိုက်ကြတာ ကန်ဒီလည်းရေးမယ်ဆိုပြီး စဉ်းစားတော့ ရုတ်တရက်ခေါင်းထဲက ထွက်မလာတာနဲ့ မရေးခဲ့ရဘူး။ Humm... ဘာဆုတောင်းရင် ကောင်းမလဲ?? 

I wish everybody had Peaceful Mind and Happy Life ^_^

Sunday, December 15, 2013

ပွင့်သောပန်းများ လန်းပါစေ

Good Morning...
ဒီနေ့တနင်္ဂနွေနေ့ အပီအိပ်ပစ်မယ်လို့ ကြုံးဝါးထားရဲ့သားနဲ့ လူကမနက်(၆)နာရီထဲက နိုးနေတယ်။ ပြန်အိပ်လို့လည်း မရဘူး... အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့်နဲ့ (၈)နာရီခွဲသွားတယ် (>.<)။ အိပ်မရမယ့်အတူတူတော့ မနက်စာစားရင်း စာရေးတာပဲကောင်းတယ်။ မနေ့က အမေတို့အတွက် လက်ဆောင်တွေ ကိုကြီးတို့အိမ်သွားပေးတယ်။ မသွားတာကြာတော့ ဘာကားစီးရလဲ မေ့သွားလို့ လှမ်းဖုန်းဆက်မေးရသေးတယ်။ ကန်ဒီလည်း အလည်ပြန်ချင်လိုက်တာ :(

ပစ္စည်းသွားပေးရင်း အစ်မနဲ့စကားပြောဖြစ်တော့မှ ကိစ္စတော်တော်များများသိရတယ်။ ကန်ဒီက ကိုယ့်ဟာကိုယ်နေတတ်တော့ ဘာဆိုဘာမှမသိဘူး။ ကိုယ့်အသိတွေထဲမှာ ဖြစ်နေတဲ့အကြောင်းအရာတွေက စိတ်မကောင်းစရာတွေချည်းပဲ။

ကန်ဒီတို့ Serious Topic တစ်ခုပြောရအောင်... "ခိုးရာလိုက်ခြင်း ကိစ္စ"။ ဒီအကြောင်းအရာနဲ့ ပက်သက်ပြီး လူတစ်ယောက်စီမှာ မတူညီတဲ့အမြင်ကိုယ်စီရှိကြမယ်ဆိုတာ ကန်ဒီနားလည်ပါတယ်။ ဒါကတော့ ကန်ဒီ့အမြင်တစ်ခုတည်းပေါ့။ ကိုယ့်မျက်စိရှေ့မှာတင် ပန်းကောင်းလေးတစ်ပွင့် နွမ်းသွားတာမြင်လိုက်ရတော့ စိတ်ထဲမကောင်းလွန်းလို့ ချရေးမိတယ်ပဲ ဆိုပါတော့။ တကယ်တော့ ခိုးရာလိုက်တယ်ဆိုတာ တကယ်မလွယ်တဲ့ကိစ္စတစ်ခု... ငယ်ရွယ်သူတွေကတော့ ငါတို့အဲ့လိုလုပ်လိုက်လို့ မိဘတွေစိတ်ဆိုးလည်း ခဏပဲ... ပြန်ခေါ်မှာပဲ အထင်နဲ့ လုပ်ကြတာလားတော့ မပြောတတ်ဘူး။ ပြန်မခေါ်ခဲ့ရင်??? ကျောင်းသူအရွယ် ပညာရေးတစ်ပိုင်းတစ်စနဲ့ ခေါ်သွားတဲ့ကောင်လေးကလည်း ကျောင်းတက်တုန်း... ဘ၀ကို ဘယ်လိုရုန်းကန်ကြမလဲ?? နှစ်ယောက်စလုံးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်နေတဲ့အနေအထားမျိုးဆို ထားပါတော့။ OK ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တယ်ထားဦး... ဒီကိစ္စက ကိုယ့်မိဘ စိတ်ဆင်းရဲစေမယ့်ကိစ္စ။ အဲ့ဒါကြောင့် မလုပ်ခင် အများကြီး စဉ်းစားစေချင်တယ်။ ကိုယ်ကကျိုးကြောင်းဆီလျော်အောင် ပြောပြခွင့်တောင်းရင် မိဘဆိုတာမျိုးက ကိုယ့်သားသမီးစိတ်ချမ်းသာမယ်ဆို ခွင့်ပြုကြမယ့် သူတွေချည်းပါ။ အဲ့လိုမှမရလို့ ကိုယ်ကစိတ်ဒုန်းဒုန်းချပြီးပြီ၊ နောက်ဆက်တွဲပြဿနာတွေကိုလည်း ခံနိုင်ရည်ရှိတယ်ဆို Go for it... အဲ့လိုမှမဟုတ်ဘဲ ဘာမှသေချာမစဉ်းစားဘဲ ယောက်ျားနောက်လိုက်တာ လွယ်လွယ်ကူကူကိစ္စတစ်ခုလို့တော့ ဆယ်ကျော်သက်မလေးတွေကို မထင်စေချင်ဘူး။ ခုတော့ သွားပြီ... မိဘတွေကလည်း စိတ်ဆိုးပြီး ကျောင်းဆက်မထားပေးတော့ဘူး။ ဒီကောင်မလေးရဲ့အနာဂတ် ဘယ်လိုရှေ့ဆက်မလဲ...

Ekk... အခုတင် အဖေက Viber ကနေ ဓာတ်ပုံပို့လာတယ်။ သမီးမောင်လေးက အရင်လိုကလေးမဟုတ်တော့ဘူး... အကျီသေးနေတယ်တဲ့ (>.<)။ နောက်ဆို Large size ၀ယ်ရမယ်။ ရန်ကုန်အိမ်မှာ ဦးလေးလည်းရောက်နေတော့ ဦးလေးနဲ့စကားပြောဖြစ်တယ်။ ရွှေကူက အဘွားရဲ့ညီမ ဘွားလေးက တွေ့ချင်လို့လာခဲ့ပါဦးတဲ့။ ရန်ကုန်ပြန်ဖြစ်ရင် ရွှေကူကိုသွားလည်ချင်သေးတယ်။ ကားစီးရင် တစ်ရက်နဲ့ နောက်နေ့မနက်ဆိုရောက်ပြီ။ လေယာဉ်နဲ့ဆိုရင်တော့ ဘယ်လောက်မှ မကြာဘူးတဲ့။ ဗန်းမော်လေဆိပ်မှာဆင်းပြီး ရွှေကူကိုကားပြန်စီးရင် ခဏလေးတဲ့။ တကယ်တော့ အဲ့မှာ တခြားဘာမှမရှိပါဘူး။ ဖော်ရွေတဲ့အမျိုးတွေရှိတယ်... သဘာဝရှုခင်းတွေရှိတယ် ^_^


မနေ့ကတော့ မရှိ ရှိတဲ့အချိန်လုပြီး ပုံထိုင်ဆွဲနေလိုက်တယ်။ ပုံဆွဲနေတဲ့အချိန်က ကန်ဒီ့ခေါင်းထဲမှာ ဘာဆိုဘာမှ မတွေးတဲ့အချိန်... အာရုံက စက္ကူပေါ်မှာပဲ ရှိတယ်။ မြန်မာတော်တော်များများကတော့ အဲ့အချိန် ဘောလုံးပွဲကြည့်နေကြမယ်ထင်တာပဲ။ ကန်ဒီ့မှာ ကြည့်ဖို့အဖော်မှမရှိတာ။ ဟဟဟ... အဲ့လိုပြောလို့ ဘောလုံးပွဲအားပေးတာ အဖော်လိုလားလို့ မေးရင်... လိုတာပေါ့ ဘောလုံးပွဲဆိုတာမျိုးက လူအများကြီးနဲ့ကြည့်ပြီး အားပေးမှကောင်းတာ (အထူးသဖြင့် ကန်ဒီ့လို ဘောလုံးဝါသနာမပါတဲ့လူမျိုးအတွက်...)။


တစ်နှစ်တစ်နှစ် မြန်လိုက်တာ။ အသက်တွေကြီးလာတော့ လူလည်းရင့်လာတယ်။ စိတ်လည်း ရင့်ကျက်လာတယ် (ထင်ရတာပဲ :P)။ မနှစ်က ခရစ်စမတ်ကတော့ အမေတို့လာတယ်။ Humm... ဒီနှစ်ခရစ်စမတ်ကို ဘယ်သူနဲ့သွားရင် ကောင်းမလဲ?? *မျက်ခုံးတစ်ဖက်ပင့်ကာ မေးပွတ်ရင်း တွေးနေသည်* :P

Have a nice weekend^^

Sunday, December 8, 2013

My Magic Jacket

Hello...
တနင်္ဂနွေနေ့ ရောက်လာပြန်ပြီ။ မနေ့က Shopping ထွက်တယ်။ ကိုယ့်အတွက်တော့ မဟုတ်ဘူး။ နောက်အပတ်စနေနေ့ကျရင် ယောင်းမက ခဏပြန်မယ်ဆိုတော့ အမေတို့အတွက် လက်ဆောင်ထည့်ပေးလိုက်ချင်လို့ သွားဝယ်တာ။ 313 Somerset ပဲ သွားလိုက်တယ်... သွားသာသွားရတယ်၊ လူက ဘာဝယ်ပေးရမလဲ မသိသေးဘူး။ နောက်ဆုံး... အဖေ့အတွက် အတွင်းခံစွပ်ကျယ်။ အဖေကစွပ်ကျယ်ကို လက်ပါတဲ့ဟာပဲ ၀တ်တတ်တယ်လေ။ တစ်ခါရန်ကုန်မှာ သူအဲ့လိုစွပ်ကျယ်မျိုးရဖို့ မနည်းရှာလိုက်ရတာ တွေ့ဖူးတယ်။


အမေနဲ့ညီမလေးအတွက်က Victoria Secret က Body Wash, Fragrance Mist နဲ့ Body Lotion... မောင်ဝမ်းကွဲလေးအတွက်ကတော့ ရှပ်အကျီ။ အစက အမေ့အတွက် လက်ကိုင်အိတ်ဝယ်ပေးရင်ကောင်းမလား စဉ်းစားသေးတယ်။ သယ်သွားပေးမယ့်လူ မျက်နှာလည်း ကြည့်ရသေးတယ်ဆိုတော့ ဒီလောက်ပဲကောင်းပါတယ် ဟီးး xD


ဟင်းမချက်နိုင်ဘူး။ အပြင်စာချည်းစားနေရတာ ညည်းငွေ့လာပြီ။ မနေ့ကတော့ ငါးကင်သွားစားတယ် (ဓာတ်ပုံမပါ)။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ညကျတော့ အမေက ရန်ကုန်အိမ်မှာငါးကင်လုပ်စားတယ်တဲ့ *ရှလွတ်*။ သူများပေးတဲ့ ဒီမုန့်ကို မစားရက်လို့ လောလောဆယ် အလှကြည့်ထားတယ် ဟဟ :D


Yayyy... ကန်ဒီ White Coat စ၀တ်လို့ရပြီ။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစပြီး ကန်ဒီ့ကို စ,၀တ်ခိုင်းတယ်။ သူတို့က "Magic Jacket" လို့ခေါ်တယ်။ Confidence ပိုရှိစေလို့တဲ့။ Training ကတော့ မပြီးသေးဘူး။ ကန်ဒီ့ကို Capturing ပိုင်း စ,သင်တုန်းရှိသေးတယ်။ Capture လုပ်တယ်ဆိုတာ ဆရာဝန်ကပို့လိုက်တဲ့ ဆေးအော်ဒါကို ကန်ဒီတို့ Pharmacy ကနေ Dose သင့်တော်လား၊ ဆေးရှိလား အဲ့လိုမျိုးတွေစစ်ဆေး၊ Confirm လုပ်ပြီး Price Label, Drug Label ထုတ်ပေးတာကို ပြောတာ။ အဲ့လို Capture လုပ်ပြီးမှ ဆေးတွေ စ, Pack လုပ်တယ်။ Pack ပြီးရင် Dispense လုပ်တယ်ပေါ့။ Packing နဲ့ Dispensing ပိုင်းတွေကတော့ ကန်ဒီ့ကို Train ပြီးသွားပြီ။ တစ်ယောက်တည်းတော့ Dispense မလုပ်ရသေးဘူး။ Pharmacist က ကန်ဒီ Dispense လုပ်တာ ကြည့်ပေးပြီး လိုအပ်တာတွေ ပြောပြတယ်။


Dispensing (သို့) ဆေးပေးတဲ့အပိုင်းက ကန်ဒီတို့ Pharmacy ရဲ့နောက်ဆုံးအဆင့်ဆိုတော့ အမှားတစ်ခုခုပါခဲ့လို့ အဲ့အဆင့်မှာမတွေ့ခဲ့ရင် လူနာဒုက္ခရောက်ပြီလေ။ အမှန်က ခုနကန်ဒီပြောတဲ့ Capturing အဆင့်ကတည်းက အမှားကတွေ့ရမှာ... Capture လုပ်တဲ့လူက မတွေ့ခဲ့ရင် Dispense လုပ်တဲ့လူတွေ့မှ... မဟုတ်ရင် မရတော့ဘူး။ ဆေးက Patient လက်ထဲရောက်သွားပြီ။ ကန်ဒီ ဒီတစ်ပတ်ထဲမှာတင် အမှားသုံးခုလောက်တွေ့တယ်။ အသက်(၅)နှစ် (၁၆)ကီလိုပဲရှိတဲ့ကလေးလေးကို ဆရာဝန်ပေးထားတဲ့ အကိုက်အခဲပျောက်ဆေး Dose က လိုတာထက်ပိုများနေတယ်။ ကလေးအဖေကို အရင်ခေါ်၊ "ဆရာဝန်ကိုပြန်မေးစရာလေးရှိလို့ပါ..." ပြောပြီး စောင့်ခိုင်းထားရတယ်။ ပြီးတော့ဆရာဝန်ကို ဖုန်းခေါ်၊ Dose များနေကြောင်းပြောတော့ ဆရာဝန်က ပြန်ပြင်ပေးလိုက်တယ်။ ကလေးအဖေကစောင့်ရလို့ စိတ်မရှည်တော့ဘူး။ သူ့ဘက်ကကြည့်လည်း မှန်တာပဲလေ။ သူ့ကိုတော့ ဆရာဝန်ပေးတဲ့ဆေး Dose များနေလို့ ပြန်ပြင်နေရတာတွေ ဘာတွေပြောမနေတော့ဘူး။ တချို့စကားတွေကျတော့ ကိုယ်ပြောလည်းအကျိုးမရှိတာမျိုးဆို မပြောတာပဲကောင်းတယ်လေ။

ကန်ဒီတို့တော်တော်များများက တစ်ခုခုဆို ကိုယ့်အပြစ်ကလွတ်အောင် အဖြစ်မှန်ကို ရှင်းပြ၊ ပြောပြတတ်ကြတာများတယ်။ ကန်ဒီကိုယ်တိုင်လည်း တစ်ခါတစ်လေ ပါးစပ်က တ၀က်ဟပြီး ပြောဖို့ဟန်ပြန်နေပြီ။ အဲ့အချိန်မှာ ရုတ်တရက်ခေါင်းထဲပြန်တွေးလိုက်လို့ သူများအပေါ်မုန်းတာပဲ အဖတ်တင်မယ့်ကိစ္စမျိုးဆို ဟထားတဲ့ပါးစပ်ကို ပြန်ပိတ်လိုက်မိတာများတယ် (တခါတလေတော့လည်း :P)။

နောက်အမှားတစ်ခုက ညဘက်သောက်ရမယ့် Cholesterol ဆေးကို ဆရာဝန်က မနက်သောက်ခိုင်းထားတယ်။ Cholesterol ဆေး အများစုက ညဘက်ပဲသောက်ရတယ် (မနက်သောက်လို့ရတဲ့ ဆေးတချို့လည်းရှိပါတယ်)။ ဘာလို့လဲဆိုတော့ ကန်ဒီတို့ခန္ဓာကိုယ်က Cholesterol ကို ညအိပ်နေတဲ့အချိန်မှ ထုတ်တတ်တယ်လေ။ အဲ့တော့မနက်သွားသောက်ရင် အကျိုးမရှိဘူးပေါ့။ အဲ့ကိစ္စလည်း ဆရာဝန်ကိုဖုန်းခေါ်ရတယ်။ ဆရာဝန်က ညဘက်ပြန်ပြင်ပေးလိုက်တယ်။ အဲ့လို အမှားတစ်ခါတွေ့တိုင်း လူကရင်တုန်တယ်။ ဟုတ်တယ်လေ... ဒီတစ်ခေါက်တွေ့သွားပေမယ့် နောက်တစ်ခေါက်မတွေ့ခဲ့ရင် ဘယ်လိုလုပ်မလဲ?? အဲ့ဒါကြောင့် အလုပ်မှာ အရမ်းဂရုစိုက်ဖို့ လိုတယ်ပြောတာ =.='

တစ်ပတ်တစ်ပတ် အလုပ်အကြောင်းချည်းပြောနေလို့ ဖတ်တဲ့လူတွေ စိတ်ညစ်နေမလားတော့ မသိဘူး။ လတ်တလော ခေါင်းထဲရှိတာလည်း ဒါတွေပဲဆိုတော့ ဒါတွေပဲ ရေးစရာရှိတယ် (>.<)။ မနက်ဖြန် Chicken pox vaccine သွားထိုးရမယ်။ အလုပ်က အလကားထိုးပေးတာ။ မထိုးချင်ဘူး... ကြောက်တယ် (>.<)။ နောက်အပတ် (သို့) ခရစ်စမတ်မရောက်ခင်အပတ်လောက်ကို Orchard သွားဖို့ဟန်ပြင်နေတယ်။ မီးထွန်းထားတာလေးတွေ သွားကြည့်ချင်လို့...

Okie... ကန်ဒီနေ့လည်စာစားဖို့ သွားပြင်လိုက်ဦးမယ်။ ခေါက်ဆွဲပြုတ်ပဲဖြစ်မလား မသိဘူး ဟဟ။ ဟင်းမှမချက်ချင်တာ =.='

Have a Nice Sunday^^

Sunday, December 1, 2013

Hello December

ပထမဦးဆုံးအနေနဲ့ အားလုံးကို ကျေးဇူးတင်ကြောင်း ပြောချင်တယ်။ ဘာလို့လဲဆိုတော့ ကန်ဒီကြားရက်တွေ စာမရေးဖြစ်လောက်ဘူးဆိုတာ သိသိရက်နဲ့ကို ပုံမှန်လာလည်နေကြတဲ့လူတွေ ရှိလို့လေ(^_^)။ ကန်ဒီညဘက်ကွန်ပျူတာ စ,ဖွင့်တာနဲ့ ပထမဆုံးကြည့်ဖြစ်တာ အဲ့ဒီ Blog counter... ဒါလည်း ရောဂါတစ်မျိုးပဲ ဟဟ xD

အမေက ပြီးခဲ့တဲ့ပိုစ့်ကို ဖတ်မိလို့လား မသိဘူး... သူ့သမီးကို အိမ်ထောင်ဘက်ကောင်းကောင်းနဲ့ မတွေ့မှာ စိတ်ပူသွားပုံရတယ် (ကန်ဒီရေးသမျှ ဒိုင်ခံဖတ်တဲ့ထဲမှာ အမေလည်းပါတာကိုး)။ အိမ်ထောင်ဘက်ကို သေချာစဉ်းစားရွေးချယ်ဖို့ စာပို့လာတယ်။ ဟီးး... လောလောဆယ် အဲ့ကိစ္စအတွက် ခေါင်းထဲမှာ ဘာမှမရှိသေးတာ သေချာတယ်... No worry Mom :)


မနေ့က Bugis Junction, Food Court မှာ နေ့လည်စာစားရင်း အောက်ကိုမြင်ရတဲ့ မြင်ကွင်းကို ရိုက်ထားတာ။ Giordano နဲ့ Bossini တွေ့တော့ ရန်ကုန်ကို သတိရတယ်။ ကန်ဒီ ဒီမလာခင်အချိန်တုန်းက ရန်ကုန်ကလူ တော်တော်များများ Giordano ၀တ်ကြတာကိုး။ Bossini ဆို ဈေးကြီးလို့ အနားမကပ်နိုင်ကြဘူး။ စင်္ကာပူမှာကျ အဲ့ Brand တွေက ဈေးအရမ်းသက်သာတဲ့အပြင် လူကြိုက်လည်းနည်းကြတယ်။ Discount ဆိုလည်း တစ်ချိန်လုံးချတယ်။ Bossini က ရန်ကုန်မှာ ဘာလို့ဈေးအရမ်းကြီးလည်း မသိဘူးနော်။ အဲ... ကန်ဒီက Outdated ဖြစ်နေပြီး ခုနေ ရန်ကုန်မှာ ဘယ် Brand တွေ ခေတ်စားနေလဲ မသိဘဲ ပြောနေမိတယ် ဟဟဟ xD 


ကြာသပတေးနေ့က အလုပ်ကလူတွေနဲ့ JCube က "Nando" မှာ ညစာစားတယ်။ တကယ်တော့ ကန်ဒီတို့ဆီမှာ Internship လာဆင်းနေတဲ့ ကျောင်းသူလေးတစ်ယောက်ကို နှုတ်ဆက်တဲ့ပွဲပါ။ ဒီမှာဆို Polytechnic Diploma လည်း Internship ဆင်းရတယ်။ ရန်ကုန်ကကျောင်းတွေလည်း အဲ့လိုအလေ့အထလေးရှိရင် ကောင်းမယ်။ အဲ့လိုဆို တကယ်ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝယ်မယ်ဆို အရမ်းအဆင်ပြေမှာ။

အလုပ်ဆိုလို့... ဒီအပတ် ကန်ဒီတကယ်လန့်သွားတာ တစ်ခုရှိတယ်။ အဖြစ်က ဒီလို... ကန်ဒီတို့ ကောင်တာကနေ ဆေးပေးဖို့ Patient ကို မခေါ်ခင် သူ့ဆေးတွေကို Pack တဲ့လူက Pack ပေးထားတာ မှန်ရဲ့လား၊ ဆရာဝန်ပေးထားတဲ့ Dose ကရော သင့်လျော်လား၊ တွဲမသောက်သင့်တဲ့ ဆေးနှစ်မျိုးပါနေလား အားလုံးအရင်စစ်ရတယ်လေ။ အဲ့ဒါ ကန်ဒီစစ်နေတာပေါ့... အဲ့ဒီလူနာကို ဆရာဝန်ပေးထားတဲ့ ဆီးချိုဆေး Dose က 50mg, 224 tablets... ဆေးတစ်ဗူးမှာ (၁၀)ကဒ်၊ အလုံး(၁၀၀)ပါတော့ Pack လုပ်တဲ့လူက ဗူးနှစ်ဗူးနဲ့ ဆေး(၂၄)လုံး Pack ပေးလိုက်တယ်။ ကန်ဒီပထမစစ်လိုက်တဲ့အချိန်မှာ အပြင်မှာမြင်နေတဲ့ ဆေး(၂၄)လုံးက 50mg ဆိုတော့ မှန်တယ်ပေါ့။ များသောအားဖြင့် ဆေးတစ်ခုကို Pack ဖို့ယူရင် Container တစ်ခုထဲကပဲ ယူရတာဆိုတော့ တစ်ခုမှန်ရင် ကျန်တာတွေလည်း မှန်တတ်တယ်လေ။ ဘာရယ်မဟုတ်ဘူး နောက်တစ်ကြိမ်ကြည့်လိုက်မိတော့မှ ဗူးနှစ်ဗူးက 100mg ဗူးတွေဖြစ်နေတယ်။ လူက တော်တော်လန့်သွားတယ်။ အဲ့ဒါသာ မမြင်လိုက်မိရင် သွားပြီလို့... လူနာက လိုတာထက်ပိုပြီး သောက်မိနေမှာ။ အခန့်မသင့်ရင် Overdose တွေ ဖြစ်ပြီး ဒုက္ခရောက်နိုင်တယ်။ Pack တဲ့လူက ဘယ်လိုဖြစ်လို့ Container နှစ်ခုက Strength တစ်မျိုးစီကို ယူလိုက်မိလဲ မသိဘူး။ ဘေးချင်းကပ်ရပ်မို့ မှားနှိုက်မိတာလည်း ဖြစ်နိုင်တယ်။ နောက်ဆို အများကြီးပိုပြီး ဂရုစိုက်စစ်ရမယ်။

Yayy... ကန်ဒီ့ Assignment နောက်ဆုံးအပိုင်း ဒီနေ့ပဲတင်ပြီးသွားပြီ။ တခြားလုပ်စရာတွေ၊ မေးထားတာတွေ အဖြေရှာရမှာတွေရှိသေးပေမယ့် Assignment ကြီးပြီးသွားတော့ အလုံးတစ်လုံးကျသွားတယ် (^_^)။ ဒီနေ့ကတော့ တနင်္ဂနွေနေ့ဆိုတော့ အိမ်မှာဖြစ်သလိုပဲ စားတယ်။ နေ့လည်စာ လက်ဖက်ထမင်းနဲ့ ရေနွေးကြမ်း။ သြော်... ရေနွေးကြမ်းဆိုလို့ ပြောပြစရာရှိတယ်။ ကန်ဒီသောက်သောက်နေတဲ့ ရေနွေးက ရိုးရိုးရေနွေးမဟုတ်ဘူး... "Raspberry Leaf Tea" ကန်ဒီက အဲ့ဒါကို ဆေးအနေနဲ့သောက်တာ။ အဲ့ဒါအကြောင်းကို Health ပိုစ့်အနေနဲ့ ရေးမယ် ရေးမယ်နဲ့လုပ်နေတာ တစ်လကျော်ကျော်လောက်ရှိပြီ။ မအားတာနဲ့ မရေးနိုင်ဘူး။


သေချာပိုစ့်တစ်ပုဒ်အနေနဲ့ မရေးနိုင်သေးခင် လောလောဆယ်အကြမ်းဖျင်းပြောရရင် Raspberry Leaf Tea က မိန်းကလေးတွေအတွက် အရမ်းသင့်တော်တယ်။ အထူးသဖြင့် ရာသီမမှန်တဲ့ မိန်းကလေးတွေ သောက်သင့်တယ်။ ကန်ဒီက အဲ့ကိစ္စအမြဲ ပြဿနာတက်တယ်။ တစ်ခါကဆို (၃)လနေတာတောင် မလာဘူး (ဒီကိစ္စဒီမှာပြောရတာ ရှက်တာ... ကျန်းမာရေးဗဟုသုတအနေနဲ့ ဖတ်ပေးပါ >.<)။ အဲ့ဒါနဲ့ ဆေးခန်းလည်းမပြချင်တော့ ကန်ဒီစာတွေလိုက်ဖတ်တယ်။ အဲ့ဒီမှာ အဲ့ဒါကို တွေ့တာပဲ။ ၀ယ်ရတာတော့ အရမ်းခက်တယ်။ နေရာတိုင်းမှာ မရှိဘူး။ ကန်ဒီက Online က ၀ယ်တာ။ အဲ့ဒါကို နေ့တိုင်းစ,သောက်ပြီး နှစ်ပတ်ကျော်ကျော်လောက်နေတော့ စ,လာတာပဲ။ ဒီနောက်ပိုင်း မှန်နေတော့ မသောက်ဖြစ်တာ ကြာပြီ။ တကယ်ဆို ပုံမှန်သောက်ပေးရမှာ။ အဲ့ကိစ္စပြဿနာတက်နေတဲ့ မိန်းကလေးတွေ Raspberry Leaf Tea ကို စမ်းသောက်ကြည့်နော်...

OMG!! ဒီဇင်ဘာတောင် ရောက်ပြီ။ စင်္ကာပူတစ်မြို့လုံးလည်း Christmas အပြင်အဆင်တွေနဲ့ လှနေပြီ။ Orchard ကို မရောက်သေးဘူး။ ပြီးခဲ့တဲ့နှစ် ဒီအချိန်တုန်းက အမေတို့လာလည်တယ်။ အချိန်တွေကလည်း ကုန်တာမြန်လိုက်တာ။ ဘာလိုလိုနဲ့ ၂၀၁၄ ရောက်တော့မယ် O_o

Facebook က သူငယ်ချင်းတစ်ယောက် ရှယ်ထားတာလေးကို သဘောကျလို့...

တခါတလေ ကန်ဒီမျက်လုံးမှိတ်ပြီး ကိုယ့်စိတ်နှလုံးကို ကိုယ်ပြန်ဆန်းစစ်ကြည့်တတ်တယ်။ ကန်ဒီလည်း လူထဲကလူမို့ ကန်ဒီ့စိတ်ထဲမှာ ဂျိုကောင်လေး ရှိတယ်။ သူက မနာလိုခြင်းတွေ၊ လိုချင်တပ်မက်ခြင်းတွေရှေ့က ဦးဆောင်တယ်။ ကန်ဒီမျက်လုံးမှိတ်ကြည့်လိုက်တဲ့အခါ သူ့ကိုမြင်တိုင်း ကြိုးစားတွန်းထုတ်ပစ်တယ်။ သူခဏထွက်သွားတဲ့အချိန်တိုင်း အေးချမ်းတယ်။ ကန်ဒီတို့အားလုံး ကိုယ့်စိတ်နှလုံးကို ကိုယ်ပြန်ဆန်းစစ်ကြည့်ဖို့ လိုတယ်။ ဖြူသောနှလုံးရှိသောသူသည်သာ ကြည်သောအပြုံးကို ပေးစွမ်းနိုင်မှာမဟုတ်လား...

Good Night everyone^^

Sunday, November 24, 2013

Sunday Drama?!

Ready for Drama?!
တနေ့သ၌ ကန်ဒီသည် အိပ်ယာခင်းလဲရန် ပြင်ဆင်ရာ... ကုတင်ပေါ်မှပစ္စည်းများကို သင့်တော်ရာနေရာသို့ အရင်ရွေ့လေသည်။ ကုတင်ပေါ်တွင် ထောင်ထားနေကျ White Board ကို ကုတင်အောက်ချစဉ်... White Board ပေါ်တွင် ချိတ်ထားနေကျဖြစ်သော ပန်းခွေလေးသည် တစုံတခုနှင့်တိုက်မိ၍ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားလေသည်... ဒန် တန် တန်... (ဇာတ်ရှိန်မြင့်သောအခန်းဟု သတ်မှတ်ပါလေ)။ ထိုစဉ်... မျက်လုံးအစုံသည် White Board ပေါ်တွင် ပန်းခွေဖြင့်ဖုံးထားလေ့ရှိသော ဓာတ်ပုံအား အကြည့်ရောက်သွားလေရာ *ဒိုင်းးးး* မေ့ထားသည်မှာ ကြာပြီဖြစ်သော အကြောင်းအရာတချို့သည် နှလုံးအိမ်တွင်းသို့ အစီအရီ တွန်းတိုက်လူးလိမ့် ၀င်လာလေတော့သတည်း။



ထိုအရာကို အသည်းကွဲခြင်းဟု အမည်တပ်ပါမူ ရှုံ့ချည်နှပ်ချည်ဖြင့် ၀န်ခံရမည်သာ။ ပျော့ညံ့လွန်းလှသည်ဟုထင်၍ ဘယ်သောအခါမှ ၀န်မခံခဲ့ဖူးပါ။ အမုန်းတရားများဖြင့်လည်း ကိုယ့်ကိုကိုယ် လိမ်ညာခဲ့ဖူးပါသည်။ ကံတရားကိုပဲ အပြစ်ပုံချရမည်လား... သို့သော် ကံသည် အလုပ်သာဖြစ်သည်။ ကိုယ်တိုင်အားနည်းချက်များရှိခဲ့သလို သူ့တွင်လည်း လိုအပ်ချက်များရှိခဲ့သည်။ ဝေးနေရခြင်းများက တစ်ယောက်ချင်းစီ၏ အားနည်းချက်ကိုယ်စီကို ပိုမိုပံ့ပိုးအားပေးသည်။ ထိုအခြင်းအရာများကြောင့်သာ ဇာတ်သိမ်းမလှခဲ့ခြင်းဖြစ်သည်။ နောင်တရချင်သော်လည်း တကယ်တမ်းဆိုသော် ထိုအချိန်များသည် ဘ၀၌ အပျော်ရွှင်ရဆုံးသောအချိန်များ ဖြစ်ခဲ့သည်ကိုတော့ ခုချိန်ထိ ငြင်းနိုင်စွမ်းအား မရှိပါချေ။

ဒီတစ်ကြိမ်လည်း ထိုဓာတ်ပုံသည် ထိုပန်းခွေနောက်တွင် ရှိမြဲ ရှိဆဲ...


****************************************************************

ညညဆို(၃)နာရီလောက်မှ အိပ်ရတော့ မနက်ရောက်ရင် (၇)နာရီခွဲအိမ်ကထွက်ရမှာ (၇)နာရီ(၁၅)မိနစ်မှ အိပ်ယာကနိုးတယ်။ အဲ့ဒါမနက်စာလည်း အိမ်မှာမစားနိုင်၊ ဒီတနင်္ဂနွေမနက် မနက်စာစားမယ်ကြည့်လိုက်တော့ ၀ယ်ထားတဲ့ ပေါင်မုန့်တွေကမှိုတက်၊ အဲ့ဒါနဲ့ ရေခဲသေတ္တာထဲက သူများပလာတာနဲ့ နှစ်ပါးသွားလိုက်ရတယ်။ ကိုယ့်ကိုကိုယ်တောင် သနားလာပြီ :(


မနက်စာစားပြီး စာလုပ်၊ ညနေ(၃)နာရီမှပြီးလို့ ခုမှစာရေးနိုင်တော့တယ်။ ၀မ်းသာစရာက ကန်ဒီ Assignment တင်ဖို့ နောက်ဆုံးတစ်ပိုင်းပဲ ကျန်တော့တယ်။ နောက်တစ်ပတ်ကျော်ကျော်လောက်ဆိုရင်တော့ ဒီဝဋ်ကလွတ်ပြီ ထင်ရတာပဲ။ နောက်ထပ် ထပ်ပေးရင်တော့ မပြောတတ်ဘူး >.<


Humm... ဒီရက်ပိုင်း နားထောင်ဖြစ်နေတာက ၀ိုင်းစုခိုင်သိန်းရဲ့ "အာဘွား"အယ်လ်ဘမ်။ သီချင်းအားလုံးနီးပါး ကြိုက်တယ်။ သြော်...နောက်တစ်ခု၊ ကန်ဒီကြည့်ကြည့်နေတယ်... စင်္ကာပူမှာရှိတဲ့ ယောက်ျားလေးတော်တော်များများ(အားလုံးနီးပါး)က Weekend တွေ၊ အထူးသဖြင့် စနေနေ့ညတွေဆို သူတို့ကို အရက်၊ ဘီယာသောက်ကိုသောက်ရမယ်လို့များ ဘယ်သူတွေ သတ်မှတ်ပေးထားကြလို့လဲ မသိဘူး... အဲ့နေ့ရောက်တယ်ဆိုတာနဲ့ကို သောက်ကြတော့တာပဲ။ အဲ့ဒါ ဒီမှာမို့လို့လား?? ဒီမှာမိဘတွေမရှိလို့ လွတ်လွတ်လပ်လပ်နေရလို့ သောက်တာလား?? မြန်မာပြည်က လူတွေရော အဲ့လိုပဲလားဆိုတာ သိချင်တယ် ဟဟဟ(xD)။ ကြံကြံဖန်ဖန် ဘယ်ကမှန်းမသိ ခေါင်းထဲဝင်လာတဲ့ အတွေးလေးပါ။

အင်း... လွတ်လွတ်လပ်လပ်နေတာနဲ့ပတ်သက်ပြီး ဆက်ပြောရရင် ကန်ဒီကိုယ်တိုင်လည်း ပါပါတယ်။ ဒီမှာကျတော့ ကိုယ်သွားချင်တဲ့ဆီ ခုသွားချင်တယ်ဆိုတာနဲ့ ကောက်ထသွား၊ ပြန်ချင်တဲ့အချိန်မှ ပြန်လာ။ မိဘတွေမရှိတော့ ခွင့်တောင်းနေစရာမလိုဘူး။ မိဘစိတ်ပူမှာလည်း စိုးရိမ်နေစရာမလိုဘူး။ အခုနေ ကန်ဒီရန်ကုန်ပြန်သွားကြည့်ပါလား... ချက်ချင်းကြီး နေတတ်မှာမဟုတ်ဘူး။ အမှန်အတိုင်းပြောရရင် ရန်ကုန်ကိုလည်း ကန်ဒီမကျွမ်းကျင်ဘူး။ ဟိုမှာနေတုန်းကဆို ဘယ်သွားချင်လဲ၊ သွားချင်တဲ့နေရာ အိမ်ကလိုက်ပို့နေတာကိုး။ ကိုယ့်ဟာကိုယ်သွားဆို မသွားတတ်တော့ဘူး။ Woww... ခုမှစဉ်းစားမိတယ်။ ကန်ဒီရန်ကုန်မပြန်တာ (၃)နှစ်တောင်ရှိပြီ။ အများကြီး ပြောင်းလဲနေမှာပဲနော်။ ကန်ဒီထွက်လာခါစကဆို လူတန်းစေ့ ဖုန်းမကိုင်နိုင်သေးဘူး။ နောက် ကားတွေလည်း အဲ့လောက်ဈေးမပေါသေးဘူး။ ပြောရင်းနဲ့ မဆီမဆိုင် မုန့်ဟင်းခါးစားချင်လာပြီ (မြန်မာပြည်ကို သတိရသွားလို့ပါ)။ ဒီကမုန့်ဟင်းခါးတွေ ၀မ်းလျောလို့ မစားရဲဘူး၊ သူတို့အပြစ်မဟုတ်ပါဘူး... ကန်ဒီ့ဗိုက်ကသာမကောင်းတာ။ သူများတွေစားတာ ဘာမှ,မှမဖြစ်တာ >.<

ကန်ဒီလုပ်ချင်တာလုပ်ရတဲ့ အချိန်ဆိုလို့ ဒီစာရေးတဲ့တစ်ချိန်ပဲရှိတယ်။ ရုပ်ရှင်မကြည့်ရတာလည်း ကြာပြီ၊ Beauty Post ရေးဖို့ စာမဖတ်ရတာလည်း ကြာပြီ၊ ပုံမဆွဲရတာလည်း ကြာပြီ။ အလုပ်မှာ မြန်မြန်နေသားကျမှပဲ -.-'

Have a nice week ahead^^

Sunday, November 17, 2013

Stress + ကထိန်

Hello...
ဒီရက်ပိုင်းတွေ အရမ်း အရမ်း အရမ်း Stress များတယ်။ အလုပ်က Training တွေနဲ့တင် လူလည်းလုံးလည်လိုက်ပြီး ရူးတော့မယ်။ ညညဆို Assignment လုပ်ရတာအပြင် သူတို့ ဒီနေ့မေးထားတာတွေလည်း နောက်နေ့ဖြေနိုင်အောင် ကြည့်ရသေးတယ်။ တစ်နေ့တစ်နေ့ (၄)နာရီ၊ (၅)နာရီလောက်ပဲ အိပ်ရတယ် (ညည်းတာအရမ်းများ များသွားပြီလား >.<)။ ကန်ဒီ့ကို Dispensing စသင်နေပြီလေ။ Training ပေးနေတာ (၃) (၄)ရက်ပဲရှိသေးတာကို ဘာမပြောညာမပြောနဲ့ "The one is easy, you dispense" ဆိုတော့... အဲ့မှာတင် သွားတာပဲ။ ပထမဦးဆုံး Dispensing... လက်တွေရော၊ အသံတွေရော တုံနေတာ... သေချာလည်း မရှင်းပြနိုင်ဘူး (Failed)။ နောက်နေ့ ဒုတိယအကြိမ်မြောက် Dispense လုပ်တော့လည်း လက်နဲ့အသံက တုံတုန်း။ အဲ့ဒါ Patient ကတောင် ကန်ဒီ့ကို "Calm Calm... You're good" ဆိုပြီး ပြန်အားပေးသွားရတယ် ဟဟဟ xD

ကန်ဒီက ခုမှ Counseling Point တွေကို စလေ့လာတုန်းရှိသေးတယ်လေ။ နောက် ကိုယ်ကသိထားတယ်ဆိုတာက Medical Term တွေနဲ့သိထားတာ။ Patient ကို ပြန်ရှင်းပြတဲ့အခါမှာကျတော့ Medical Term တွေနဲ့သွားပြောရင် သူတို့နားမလည်ဘူး (ဥပမာ- သွေးတိုးရောဂါအတွက် ဆေးတွေဆို ဒီဆေးက For Hypertension လို့ ပြောတာထက် For High Blood Pressure လို့ ပြောမှ သူတို့နားလည်တယ်)။ တစ်ချို့ဆေးတွေဆို Asthma ရှိရင်ပေးလို့မရဘူး။ အဲ့ဒါမျိုးဆို သူတို့ကို Asthma ရှိမရှိ အရင်မေးရမယ်။ Antibiotics တွေဆို တစ်ပတ်ဆို တစ်ပတ်ပြည့်အောင်သောက်ဖို့ သတိပေးရမယ်။ Anti-fungal cream တွေဆို ယားတာသက်သာသွားရင်တောင် (၂)ပတ်ဆက်လိမ်းပေးဖို့ ပြောရမယ်။ အဲ့ဒါမျိုးတွေပေါ့... ဆေးတစ်မျိုးစီအလိုက် Counseling Point တွေက အများကြီးရှိတယ်။ ရုတ်တရက်ကြီး Dispense ဆိုတော့ မှာစရာရှိတာတွေ မေ့ပြီးမမှာလိုက်မိမှာ အရမ်းစိုးတယ်။ နောက် ပထမဆုံးအကြိမ်ဆိုတော့ အရမ်းကြောက်တာလည်း ပါတယ်။ လောလောဆယ်မှာ Stress အများဆုံးကတော့ အဲ့ဒီ Training အချိန်ပဲ။ နောက် ဆေးတစ်မျိုးစီရဲ့ Maximum Dose တွေလည်း မှတ်ရသေးတယ်... ဥပမာ- Paracetamol ဆို Max dose: 4g/day တစ်နေ့(၈)လုံးထက် ပိုမသောက်ရဘူး။ တကယ်လို့ ဆရာဝန်က ပိုပေးထားမိတယ်ဆို ဆရာဝန်ကိုပြင်ပေးဖို့ ပြန်ပြောရမယ်။ အဲ့လိုမျိုးတွေ စုံနေတာပဲ။

တစ်ခုကောင်းတာကတော့ ကန်ဒီဆေးတွေအကြောင်းကို အရင်ကထက်အများကြီး ပိုသိလာတယ်။ ကျောင်းမှာသင်တယ်ဆိုတာက ဒီဆေးကို ဘယ်ရောဂါအတွက်သုံးတယ် ဆိုတာလောက်ပဲ။ အလုပ်မှာကျတော့ ဘယ်ရောဂါအတွက်ဆိုတာအပြင် ဘာတွေနဲ့တွဲမစားသင့်ဘူး... ဘယ်လိုလူနာတွေမှာ မပေးသင့်ဘူး။ အဲ့ဒါမျိုးတွေ အများကြီးပိုသိလာရတယ်။ OK OK... အလုပ်အကြောင်းတော်သင့်ပြီ။ 

ဒီနေ့ကစနေနေ့ဆိုတော့ ကန်ဒီစာမလုပ်တဲ့နေ့... လုံးလုံးနားတဲ့နေ့။ နေ့လည်အလုပ်ကအပြန် မေသင်းနဲ့ Jurong East က အသစ်ဖွင့်ထားတဲ့ "Jem" ဆိုတဲ့ Shopping Mall မှာ နေ့လည်စာ ပီဇာစားပြီး လျှောက်ကြည့်တယ်။ တော်တော်စုံတယ် ပြောရမယ်။ Buona Vista မှာ အသစ်ဖွင့်တဲ့ Mall ဆို ဘာဆိုဘာမှ မရှိဘူး။

ဒီပုံက မေသင်းပြင်ထားတာ... ကန်ဒီဆို အဲ့လောက်စိတ်မရှည်ဘူး ဟဟဟ xD


အဲ့ကအပြန်ကျတော့ မနက်ဖြန်ကထိန်အတွက် လုပ်အားပေးသွားတယ်။ ဖဲကြိုးလေးတွေလုပ်... လှူဖွယ်ပစ္စည်းတွေကို ကြိုးတွေနဲ့စည်း... အာလုံးပြီးလို့ အိမ်ပြန်ရောက်တော့ ၁၀နာရီထိုးတော့မယ်။ အခုစာရေးရင်းတောင် အိပ်ချင်လာပြီ ၀ါးးးးး Zzzz...
 



► Sunday
အိပ်ရေးဝအောင်အိပ်ပြီး နိုးတာနဲ့ ကထိန်သွားတယ်။ ဟိုမှာ သတ်သတ်လွတ်ဒံပေါက်ကျွေးတယ်... ကြက်သားနေရာမှာ အသားတုနဲ့ ပိန္နဲသီးဟင်းထည့်ထားတာ စားလို့ကောင်းတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့က ကန်ဒီသတ်သတ်လွတ်စားတဲ့နေ့။ ဟီးဟီး အမှန်အတိုင်းပြောရရင် အစက ဒံပေါက်ကျွေးမယ်ဆိုတော့ "ဗြဲ... သတ်သတ်လွတ်နေ့ကြီး စားလို့မရဘူး"ဆိုပြီး ၀မ်းပန်းတနည်း ဖြစ်သွားသေးတယ် (ကုသိုလ်တွေတော့ ရဦးမယ်... ကန်ဒီက ဒံပေါက်ကြိုက်လို့ပါ :D)။ နောက် သတ်သတ်လွတ်ဒံပေါက်ဆိုပြီးလည်း ကြေငြာရော ပျော်ပြီးထခုန်မတတ် xD xD

ငှက်ပျောသီးပေါင်းလည်း ကျွေးတယ်။ ဒီနေ့ကတော့ အဲ့ဒါပါပဲ။ ဓာတ်ပုံတွေအများကြီး မရိုက်ဖြစ်ဘူး။ ကန်ဒီ့ကင်မရာကို အားသွင်းဖို့ မေ့သွားလို့။ ရသလောက်အားလေးနဲ့တော့ ဗွီဒီယိုရိုက်ထားတယ်။ အဖွဲ့ထဲက ကန်ဒီနဲ့ခင်တဲ့ အစ်ကိုတစ်ယောက် ရိုက်ပေးထားတာ။ Editing ကတော့ ထုံးစံအတိုင်း ကန်ဒီလုပ်တာပေါ့ :D


ဒီအပတ်တော့ ဒီလောက်ပဲနော်...
Have a Nice Day ^_^

Sunday, November 10, 2013

The Funniest Photo ever

Hello...
အမှန်အတိုင်းပြောရရင် စာရေးရမှာ အားလည်းနာတယ်။ Beauty post တွေ မရေးဖြစ်တာ ကြာလှပြီ။ Diary post နဲ့တင် ပြီးနေတယ်။ ကန်ဒီသိသလောက်တော့ ကန်ဒီဆီလာလည်တဲ့လူတော်တော်များများက Beauty post တွေ ကြိုက်ကြတယ်။ ခုလောလောဆယ်တော့ အဲ့ဘက်မလှည့်နိုင်သေးလို့ ဆောရီးး(-.-')။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က တရားပွဲမှာသွားကူဖြစ်တယ်။ တရားလည်း နာရင်းပေါ့။ တရားပွဲအဆုံးမှာ အမြဲလုပ်လေ့ရှိတဲ့ အမေးအဖြေအစီအစဉ်လေးကို သဘောကျတယ်။

ကထိန်သင်္ကန်းအလှူငွေတွေ ကောက်ပေးနေတာ...

ကန်ဒီရုပ်ရှင်မကြည့်ဖြစ်တာ ကြာာာာလှပြီ။ မနေ့ကတော့ စိတ်ပြေလက်ပျောက် ရုပ်ရှင်သွားကြည့်တယ်။ ထောင်ဖောက်တဲ့ကား "Escape Plan" ဆိုတာ... ကောင်းတယ်။ ကန်ဒီကြည့်ချင်တဲ့ကားတွေ ဒီလကုန်လောက်ဆို ရုံတင်ပြီ။ "The Hobbit" ဒုတိယပိုင်းလည်း တင်မယ်။ နောက် "Frozen" ဆိုတဲ့ Disney Animation ကားလေးလည်း တင်မယ်(^_^)။ ဒီရက်ပိုင်း ကန်ဒီအစားတွေ အရမ်းစားနေတယ်။ စိတ်ဖိစီးမှုများရင် စားတယ်ဆိုတာ တကယ်မှန်တယ် ထင်တယ် (O_o)။ အရင်ကမစားတဲ့ သရေစာအချိုမုန့်တွေလည်း စားတယ်။ ကော်ဖီတွေ အအေးတွေလည်း အရင်ကထက် ပိုသောက်တယ်။ ဟီးး... ပြောရမယ်ဆို အစားနဲ့ပါးစပ်နဲ့ မပြတ်ဘူးဖြစ်နေတယ်။ အဲ့ဒါကိုယ့်ကိုကိုယ်သဘောမကျလွန်းလို့ မနေ့ကအသီးအနှံနဲ့ အရွက်တွေချည်း ၀ယ်လာတယ်။ ညစာကို Salad စားတယ်။


အပြင်စာချည်းစားနေရတာ စိတ်ပျက်လာလို့ တခါတလေအားတဲ့နေ့မျိုးဆို ထမင်း၊ဟင်းချက်ပြီး ထမင်းဗူးလေးထည့်သွားလို့ရအောင် Lunch box လေး ၀ယ်ထားတယ်။ အဲ့ဒါဝယ်တဲ့အချိန်ကစလို့ခုထိ တစ်ခါပဲထည့်ရသေးတယ် ဟဟဟ... ဟင်းချက်ဖို့မှ အချိန်မရှိတာကိုးးး(>.<)။ ဘာပဲဖြစ်ဖြစ် အဲ့ဒါလေးရှိနေတော့ ထမင်းဗူးထည့်လို့ရတယ်ဆိုပြီး တစ်ရက်တစ်လေဖြစ်ဖြစ် ဟင်းချက်ဖြစ်တာကိုပဲ ကျေးဇူးတင်ရမယ်(:P)။ ငယ်ငယ်ကကျောင်းသွားခါနီးဆို လွယ်အိတ်လေးလွယ်ပြီး ကျောင်းကားလာရင် ထမင်းဗူးထည့်ထားတဲ့ခြင်းလေး ကောက်ဆွဲသွားရုံပဲ။ အဒေါ်တွေက အကုန်အဆင်သင့်လုပ်ပေးထားတာကိုး။ ခုဒီမှာတော့ ထမင်းဗူးထည့်မယ့်နေ့ဆို (၁၅)မိနစ်လောက်က စောထရတယ်။ ပြီးရင် ဟင်းတွေနွေး၊ ဗူးထဲထည့် အကုန်ပြင်ဆင်ရတော့ အမြဲအဆင်သင့်လုပ်ပေးတတ်တဲ့ အဒေါ်တွေကို သတိရတယ်။


အဲ့ဒီ Lunch box လေးက VivoMart က... လက်ဆွဲတဲ့ဟာလေးကလည်း တစ်ခါလည်းပါတာ၊ Set လိုက်ပေါ့။ ထမင်းဗူးထည့်ဖို့ အိတ်သက်သက်ရှာနေစရာမလိုတော့ဘူး (^_^)။ ဟိုတရက်က "Humm... ကိုလေးနဲ့တောင် မတွေ့တာကြာပြီ" ဆိုပြီး ထူးထူးခြားခြား အတွေးထဲရောက်လာတယ်။ အဲ့နေ့မှာပဲ ကိုလေးက ကန်ဒီ့ဆီဖုန်းဆက်တယ်။ "အလုပ်အဆင်ပြေလား... ဆေးခန်းမှာဆိုတော့ ကျန်းမာရေးဂရုစိုက်... လိုအပ်ရင် Mask ၀တ်..." ဆိုပြီး သတိပေး၊ နောက် သူအားတဲ့အပတ်ကျရင် တစ်ခုခုသွားစားမယ်တဲ့။ လခရနေပြီဆိုတော့ အဲ့အခါကျရင် ကန်ဒီကျွေးပေါ့တဲ့။ ဒီစရောက်ကတည်းက အစ်ကိုတွေပဲ တစ်ခုမဟုတ်တစ်ခုကျွေးတယ်... ကန်ဒီတစ်ခါမှ မကျွေးဖူးသေးဘူး ဟီး(xD)။ စင်္ကာပူတစ်နိုင်ငံတည်းမှာ ရှိနေပြီး မတွေ့ဖြစ်ကြတာလည်း ဒီကထုံးစံပဲနော်။ အတူတူနေတဲ့ ကန်ဒီ့ညီမနဲ့တောင် အိပ်ခါနီးတစ်ချိန်လေးပဲ တွေ့တာဆိုတော့ အစ်ကိုတွေနဲ့ဆို တစ်နှစ်မှာဘယ်နှစ်ခါတွေ့လဲ လက်ချိုးရေလို့ရတယ်။ ကိုလေးက ကန်ဒီအလုပ်မရခင်တုန်းကလည်း မုန့်ဝယ်ဝယ်ကျွေးပြီး အမြဲအားပေးတယ်။ ပါးစပ်ကဘာမှမပြောဘဲ ဖုန်းဆက်ခေါ်ပြီး မုန့်ကျွေးတတ်တာ သူအားပေးတဲ့စတိုင်လ်ပဲ ဟဟဟ xD


ကန်ဒီပြောပြဖူးလားတော့ မသိဘူး။ ကန်ဒီ့မှာ ၀မ်းကွဲမောင်လေးတစ်ယောက်ရှိတယ်။ ၀မ်းကွဲဆိုပေမယ့် မောင်အရင်းလိုပါပဲ။ သူကအခုမှ (၁၆)နှစ်၊ ဆယ်တန်းအောင်ပြီး တက္ကသိုလ်စတက်မယ့်အရွယ်... ကန်ဒီသူ့ကိုဆုံးမတဲ့ပုံကို သူများတွေ့ရင် ရီမလားပဲ ဟီးးး(xD)။ ပုံမှန်ဆို ကန်ဒီ အဲ့လိုဘာမလုပ်နဲ့၊ ဘာလုပ်လို့ မပြောတတ်ဘူး။ ဆုံးမခဲတယ်။ ကိုယ့်မောင်ဆိုတော့ ဒီတစ်ခုတော့ မဖြစ်စေချင်ဘူး။ ကိုယ့်မောင်မှမဟုတ်ပါဘူး... လူငယ်တွေတိုင်းကို အဲ့ဆေးစွဲတာကြီးတော့ မဖြစ်စေချင်ဘူး။ ဆယ်ကျော်သက်အရွယ်ဆိုတာ သူ့တို့ကို ဘာလုပ်၊ ဘာမလုပ်နဲ့ သွားပြောလို့မရတဲ့အရွယ်တွေမလား?? ကန်ဒီသူ့ကို Request လုပ်တာ အဲ့တစ်ခုပဲ။ ဆေးမစွဲစေဖို့၊ ဆေးမချဖို့... အဲ့ဒါစမိရင် လူညွှန့်တုံးပြီလေ။ မိဘကို မိဘမှန်းမသိ၊ ကိုယ်ဘာပြောလို့ ပြောနေမှန်းမသိတဲ့ ဘ၀မျိုးတော့ မရောက်စေချင်ဘူး။

ကန်ဒီ့မိသားစုအကြောင်းချည်းပြောနေလို့ ဖတ်တဲ့လူတွေ စိတ်ညစ်နေပြီလားတော့ မသိ။ ဒီနောက်ပိုင်း ကန်ဒီကိုယ့်မိသားစုကိုပဲ ပိုခင်တွယ်လာတယ်။ ဒါအသက်က စကားပြောလာတာလား... ဒါမှမဟုတ် တခြားခင်တွယ်စရာမရှိလို့လား ဟဟဟ(xD)။ နှစ်ခုစလုံး ဖြစ်နိုင်ပါတယ်။ ကန်ဒီ့ကို (၂၅)နှစ်ဆို အလုပ်ကလူတွေအပါအ၀င် တော်တော်များများက မယုံကြဘူး။ ကိုယ့်ဟာကိုယ်တော့ ကန်ဒီ့အသက်နဲ့ ကန်ဒီ့ရုပ်နဲ့ ကိုက်တယ်ထင်တာပဲ။ Forever 25 ပဲ ဖြစ်ချင်တယ်... ဟဟဟ :P :P

Snapshot...

ပြီးခဲ့တဲ့အပတ်က ဓာတ်ပုံသွားရိုက်ထားတဲ့ ပုံတွေရပြီ။ ဒီတစ်ခေါက် ရိုက်ပေးတဲ့အစ်ကိုက ကန်ဒီနဲ့အရမ်းခင်တယ်။ Volunteer အဖွဲ့မှာ သိတဲ့အစ်ကိုပေါ့။ သူအကူအညီတောင်းထားတာ ကြာလှပြီ။ ကန်ဒီကလည်း စနေဆို အလုပ်ကပြန်လာပြီး သွားမရိုက်ချင်တာနဲ့ ကြာသွားတာ။ သူက တရားပွဲဓာတ်ပုံတွေနဲ့ ပန်းတွေရိုက်တာများတယ်။ Model တစ်ခါမှ မရိုက်ဖူးဘူး။ ကန်ဒီ့ကိုသာ အရမ်းခင်လို့ အကူအညီတောင်းတာ ထင်တယ်။



ကန်ဒီနဲ့ အရင်ကရိုက်ဖူးတဲ့ ဓာတ်ပုံဆရာတွေအားလုံး ဘယ်သူမှမရီခိုင်းဘူး။ ဒီအစ်ကိုကတော့ ထူးထူးခြားခြား ရီခိုင်းတယ်။ လူတစ်ကိုယ် အကြိုက်တစ်မျိုးပေါ့နော်။ Fashion ကို အဓိကထားရိုက်မယ်ဆိုရင်တော့ မရီတာမှန်တယ်။ ကန်ဒီငယ်ငယ်က Fashion Show တွေကြည့်ရင် ဘာလို့မျက်နှာကြီးတွေ တည်နေကြတာလဲဆိုပြီး အမြဲစဉ်းစားတယ်။ ခုနောက်ပိုင်းမှ သိလာရတာက အဲ့လိုမျိုး Fashion ကို အသားပေးပြနေတဲ့အချိန်မှာ မျက်နှာကရီတာတို့၊ ပြုံးတာတို့လုပ်လိုက်ရင် ကြည့်နေတဲ့လူတွေရဲ့အာရုံက မျက်နှာကိုပိုရောက်သွားတယ်။ ၀တ်ထားတဲ့အရာပေါ်မှာ မရှိတော့ဘူး။ အဲ့ဒါကြောင့် မရီ၊ မပြုံးရတာ...

O_o ????

ဒီပုံကတော့ ဓာတ်ပုံဆရာအကြိုက်။ သူဘာကိုကြိုက်လဲတော့ ကန်ဒီလည်း မသိဘူး... ကန်ဒီ့မျက်လုံးထဲမှာတော့ တော်တော်ဆိုးတယ် ဟဟဟ(xD)။ မသိရင် ရန်ဖြစ်တာကြနေတာပဲ... သူခါးထောက်ခိုင်းလို့သာ နှစ်ဖက်လုံး ခါးထောက်လိုက်ရတယ် ကိုယ့်ဟာကိုယ် ဘာ Pose ဖြစ်နေမှန်း စဉ်းစားလို့ကို မရတာ။ ခန္ဓာကိုယ်ကလည်း ရထားသံလမ်းကြနေတာပဲ၊ မျဉ်းပြိုင်နှစ်ကြောင်းဆွဲရင်တောင် အဲ့လောက်ညီမှာမဟုတ်ဘူး။ ကန်ဒီနဲ့မြန်မာဝတ်စုံနဲ့ မလိုက်ဘူးဆိုတာ အဲ့ဒါပဲကြည့်။ ကန်ဒီ့မှာ မြန်မာဝတ်စုံနဲ့လိုက်တဲ့ ခန္ဓာကိုယ်မရှိဘူး (>.<)။ ဒါပေမယ့် မြန်မာဝတ်စုံဝတ်ရတာတော့ အရမ်းကြိုက်တယ်။ ၀တ်မယ်ဆိုလည်း ၀တ်စုံပြည့် အပေါ်အောက်လိုက်ဖက်တာမျိုးပဲ ၀တ်ချင်တယ်။ ထမီနဲ့ အပေါ်ကတီရှပ်ကြီးနဲ့ဝတ်တာမျိုး လုံးဝ(လုံးဝ)မကြိုက်ဘူး။ Okie... ဒီအောက်ကပုံလေးတွေကတော့ အဲ့ဒီအစ်ကိုရိုက်တဲ့ထဲက ကန်ဒီအကြိုက်ဆုံးပုံလေးတွေ ^_^




အစ်မတစ်ယောက်က သူစိတ်ဓာတ်ကျနေတဲ့အချိန်မျိုးဆို ကန်ဒီ့ဘလော့ဂ်ဖတ်လိုက်ရင် အားရှိတယ်တဲ့။ အဲ့စကားကြားရတာ စိတ်အရမ်းချမ်းသာတာပဲ။ တစ်ချိန်တည်းမှာပဲ "ငါရေးတဲ့ထဲမှာ စိတ်အားတက်စရာရော ပါရဲ့လား" ဆိုပြီး ပြန်စဉ်းစားကြည့်မိတယ်။ အဖြေခုထိမရသေးဘူး... အဲ့လိုတော်တာ(>.<)။ ဘာပဲဖြစ်ဖြစ် အဲ့လိုဖတ်တဲ့သူကို တစ်ခုခုပေးတယ်ဆိုတာ ကြားရရုံနဲ့တင် ပျော်ပါတယ်(:D)။ ဒီနေ့ ကန်ဒီအရမ်းကြိုက်တဲ့၊ ကန်ဒီစိတ်ဓာတ်ကျတိုင်း နားထောင်လေ့ရှိတဲ့ သီချင်းလေးတစ်ပုဒ် ရှယ်မယ် ^_^


Have a Nice Day^^

Sunday, November 3, 2013

Don't misuse Facebook!!

ဒီနေ့စနေ Public Holiday ပိတ်ရက်လေး အပီနားပြီး စာလုပ်မယ်လို့ ကြံစည်ထားသော်ငြားလည်း... ပြောထားပြီးသားကိစ္စတွေက ပေါ်လာတာနဲ့ မနက်အစောကြီးထပြီး Botanic Garden ကို ဓာတ်ပုံရိုက်ဖို့ ရောက်သွားပါလေရော။ အဲ့ကပြန်ရောက်တော့ ညနေ(၃)နာရီလောက်။ ဟိုဘက်အခန်းမှာနေမယ့် အသစ်ကောင်မလေးတစ်ယောက်ကလည်း ဒီနေ့ပဲပြောင်းလာတယ်။ အဲ့ဒါသူ့ကို အိမ်သန့်ရှင်းရေးကိစ္စတွေဘာတွေ ပြောမယ်ဆိုတော့ ကိုယ်ကအရင်အိမ်သန့်ရှင်းရေးလုပ်ရတယ်။ ကိုယ်ကစံပြဖြစ်မနေဘဲ သူများကို ဒါလုပ်လို့သွားပြောလို့မရဘူးမလား...

At Botanic Garden...

အဲ့ဒါနဲ့ပက်သက်လို့ ပုံပြင်လေးတစ်ပုဒ်ရှိတယ်။ ကန်ဒီ့ကို အစ်ကိုတစ်ယောက်ပြောပြဖူးတာ။ မှတ်မိသလောက်ပြောပြရရင်... ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်မှာ တိုင်းသူပြည်သားတွေယုံကြည်အားထားရတဲ့ ဆရာကြီးတစ်ဦးရှိတယ်တဲ့။ တနေ့မှာ အမျိုးသမီးတစ်ဦးဟာ အဲ့ဆရာကြီးဆီလာပြီး သူ့သားလေးက အချိုအရမ်းစားလို့ မစားအောင်ဆုံးမပေးပါလို့ ဆရာကြီးထံ တောင်းဆိုသတဲ့။ အဲ့ဒါနဲ့ဆရာကြီးက အဲ့ဒီအမျိုးသမီးကို ကောင်းပြီ... သူဆုံးမပေးမယ်။ နောက်တစ်လနေရင် လာခဲ့လို့ပြောသတဲ့။ အဲ့ဒါနဲ့ တစ်လကြာတဲ့အခါ အဲ့အမျိုးသမီးက ဆရာကြီးဆီပြန်လာသတဲ့။ အဲ့ဒီအခါဆရာကြီးက သူ့သားလေးမျက်နှာကိုကြည့်ပြီး "သား... နောက်ဆိုအချိုတွေအများကြီး မစားနဲ့နော်" လို့ပြောသတဲ့။ ကောင်လေးကလည်း ဆရာကြီးကို "ဟုတ်ကဲ့"ဆိုပြီး ခေါင်းညိတ်ပြတယ်တဲ့။ အဲ့ဒါကိုကြည့်ပြီး အမေဖြစ်သူအမျိုးသမီးက မကျေမချမ်းနဲ့ "ဆရာကြီးရယ်... ဒီစကားလေးတစ်ခွန်းပြောဖို့ကို ဘာလို့များ တစ်လနေမှလာခဲ့ဖို့ ချိန်းရပါသလဲ"တဲ့။ အဲ့ဒါနဲ့ ဆရာကြီးက "လွန်ခဲ့တဲ့တစ်လလောက်က ငါလည်းအချိုအရမ်းစားတယ်... ဒီကလေးကိုဆုံးမဖို့အတွက် ငါကိုယ်တိုင်လည်း အချိုလျော့စားမှ ဖြစ်မှာပေါ့"လို့ ဖြေလိုက်တယ်တဲ့။ ဘယ်လောက်အတုယူစရာကောင်းတဲ့ ပုံပြင်လေးလဲနော်...

အဲ... ခုနကပြောတာ ပြန်ဆက်ရရင် ကန်ဒီ သူ့ကိုသန့်ရှင်းရေးကိစ္စပြောမယ်ဆိုလို့ ကြီးကြီးကျယ်ကျယ်ထင်နေဦးမယ်။ "အမြင်မတော်တာရှိရင် တံမြတ်စည်းလှဲပါ" ဒီလောက်ပဲ ပြောတာပါ။ ကန်ဒီတို့အိမ်မှာ သူများအိမ်တွေလို သန့်ရှင်းရေးအတွက် ဘယ်နေ့ဘယ်သူဘာလုပ်ဆိုပြီး Schedule မရှိဘူး။ ဒီအသက်အရွယ်တွေပဲရောက်နေပြီ... ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ကိုယ်လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မလုပ်တော့လည်း ကန်ဒီပဲလုပ်ပေါ့... ဟဟ ဒါတွေက ကျင့်သားရနေပါပြီ။ ကိုယ်ရှင်းထားတာ မဖွရင်ဘဲ တော်တော်ကျေးဇူးတင်တယ် (တကယ် xD)။ အဲ့ဒါသူ့ကိုပြောစရာရှိတာပြောပြီး စာထိုင်လုပ်... စာလုပ်ပြီးရင် ကိုယ့်ကိုကိုယ်ဆုချတဲ့အနေနဲ့ Blog ရေးမယ်ပေါ့။ အဲ့လိုတွေးထားရင် ဒါပြီးရင် ငါလုပ်ချင်တာလုပ်လို့ရတယ်ဆိုပြီး လုပ်ရမယ့်ဟာတွေ ပြီးအောင်လုပ်ဖြစ်တယ်(xD)။ အဲ့ဒါကန်ဒီငယ်ငယ်ထဲကလုပ်တဲ့ အကျင့်တစ်ခုပဲ။ ကိုယ်မဖြစ်မနေလုပ်ရမယ့်ဟာ လုပ်စရာရှိတာလုပ်ပြီးသွားရင် ကိုယ်ကြိုက်တဲ့ဟာတစ်ခုခုလုပ်ပြီး ကိုယ့်ကိုကိုယ်ဆုချတယ်။ ၀ါးးး... အိပ်ချင်လာပြီ... မနက်ဖြန်မှ ဆက်ရေးတော့မယ် Zzzzz -.-

Sunday 8am
Morning ^_^
ကော်ဖီတစ်ခွက်ဘေးချပြီး စာဆက်ရေးရင် ဒီနေ့ညနေ Arena Country Club မှာ ကထိန်သင်္ကန်းကပ်လှူပူဇော်ပွဲနဲ့ မေတ္တာရှင်ဆရာတော် တရားပွဲရှိတယ်။ တကယ်တော့ မနေ့ကလည်း တရားပွဲရှိတယ်။ မနေ့က သိတဲ့အတိုင်း တနေကုန်ရှုပ်နေတာနဲ့ မသွားလိုက်ရဘူး။ ဒီနေ့တော့ သွားရမယ်။


ကန်ဒီငယ်ငယ်လေးတုန်းကပြတဲ့ ကလေးဆရာဝန်က လေးဘက်နာဖြစ်မှာစိုးလို့ဆိုပြီး Penicillin ကို (၂)နှစ်သောက်ခိုင်းလိုက်ပြီးကတည်းက ဆေးဆိုသောက်ကိုမသောက်ချင်တော့တာ။ Penicillin အနံ့ကလည်း တော်တော်ဆိုးတာကိုး။ အဲကတည်းက တော်ရုံတန်ရုံဖြစ်ရင် ဆေးမသောက်တာများတယ်။ ခုတော့ မရတော့ဘူး။ VitaminC တော့ သောက်မှဖြစ်မယ်။ ဆေးခန်းမှာဆိုတော့ နေမကောင်းဖြစ်ဖို့ အရမ်းလွယ်တယ်။ တခါတလေ ချောင်းဆိုချင်သလိုလို၊ လည်ချောင်းယားသလိုလို ဖြစ်တယ်။ လူနာနဲ့တွေ့ပြီးရင် လက်ဆေးဖို့ အမြဲမေ့တာလည်းပါတယ် (ဒါတောင်ကိုယ်က သူများတွေလို စကားအကြာကြီးပြောပြီး အမြဲတွေ့ရတာမဟုတ်သေးဘူး)။ အလုပ်ကလူတွေက VitaminC သောက်ထားတဲ့။ VitaminC က Immune system အတွက် ကောင်းတယ်။ အဲ့ဒါနဲ့အခု အဲ့ဒါသောက်နေတယ် (ဖျားမှမဖျားချင်တာ)။ ဆေးတစ်လုံးတစ်လုံးက ဘာကိစ္စဒီလောက်ကြီးရတာလဲ Gerrrr >.<


ကန်ဒီ့ညီမပို့လာတာ... ဟဟ ကန်ဒီနဲ့ တော်တော်တူတယ်နော်။ ရုတ်တရက်ကြည့်လိုက်တော့ ကိုယ့်ဟာကိုယ်တောင် ကြောင်တောင်တောင်ဖြစ်သွားတယ်။ ကန်ဒီ့ပုံကို ပိုလှအောင် သူများ Edit လုပ်လိုက်တာလားလို့(xD)။ Facebook မှာ အစ်မတစ်ယောက်တင်ထားတဲ့ Status လေး ပြဦးမယ်။ ကိုယ်တိုင်ဖတ်ပြီး အရမ်းအံသြမိသလို ဖတ်မိတဲ့သူတွေအတွက်လည်း သင်ခန်းစာရစေချင်လို့ပါ။




အဲ့ဒါစင်္ကာပူမှာဖြစ်တာနော်။ မြန်မာပြည်မှာလို့ မထင်လိုက်နဲ့ဦး။ စ,စဖတ်ချင်တော့ အင်တာနက်ဆိုင်ကလူကြီးကို အမြင်ကတ်သလိုလို။ ဟုတ်တယ်လေ... စဉ်းစားကြည့်ပါဦး Gmail နဲ့ Facebook Account လေးဖွင့်တာ SGD 10/ SGD 15 ယူတယ်ဆိုတော့... ကန်ဒီဖွင့်ပေးလိုက်ရင်တောင် (၁၀)မိနစ်မကြာဘူး။ နောက်ပြန်တွေးကြည့်တော့လည်း ဒါသူတို့စီးပွားရေးပဲလေပေါ့။ ဆက်ဖတ်ရင်း ဟိုကောင်မလေးတွေ စကားပြောတဲ့နားရောက်လာတော့ မျက်လုံးပြူးမျက်ဆံပြူးတွေ ဖြစ်လာတယ်။ စင်္ကာပူထိတောင်ရောက်လာပြီး ဘာလို့များ အဲ့လိုအတွေးတွေနဲ့ ပိုက်ဆံအကုန်ခံ Facebook Account ဖွင့်ပြီး ဒီလိုတွေလုပ်ဖို့ ကြိုးစားနေကြလဲပေါ့။ အစ်မအစမှာရေးခဲ့သလို ပညာမတတ်ကြလို့ပဲလား?? ဒါမှမဟုတ် သူတို့ကြီးပြင်းတဲ့ လူ့ပတ်ဝန်းကျင်ကြောင့်လား?? အဲ့လိုဆိုတော့လည်း သူတို့ကိုအပြစ်တင်လို့ မရပြန်ဘူး။ အဲ့ဒါမျိုးတွေ ဖတ်ရတဲ့အခါ စိတ်မကောင်းဘူး။ မြန်မာမိန်းကလေးတွေကို အမြင်ကျယ်စေချင်တယ်။ အင်တာနက်ကိုအကျိုးရှိရှိ အသုံးချတတ်စေချင်တယ်။

တဆက်တည်း နောက်ဇာတ်လမ်းတစ်ပုဒ် ထပ်ပြောပြဦးမယ်။ တရက်ကန်ဒီ့ Facebook Message box ထဲကို စာတစ်စောင်ဝင်လာတာနဲ့ ဖတ်လိုက်တော့ ကန်ဒီ့ Friend list ထဲက လူတစ်ယောက်က သူစင်္ကာပူမှာအလုပ်လုပ်ချင်လို့ အေးဂျင့်ဈေးဘယ်လောက်လောက်ရှိလဲ သိချင်ပါတယ်တဲ့။ ကူညီပါ ဘာညာပြောပြီး ကိစ္စရှိရင် Viber နဲ့ မေးလို့ရအောင် ကန်ဒီ့ဖုန်းနံပါတ်တောင်းတော့ ကိုယ်ကလည်း အကူအညီလိုနေတဲ့သူပဲဆိုပြီး ပေးလိုက်မိတယ်။ ကန်ဒီလည်း အေးဂျင့်နဲ့တစ်ခါမှ မလုပ်ဖူးတော့ သူငယ်ချင်းတစ်ယောက်ကို မေးပေးမယ်လို့စာပြန်ပြီး မေးပေးတာပေါ့။ မေးပေးပြီး သူ့ကိုပြန်ပြောတော့... "နောက်တာပါ။ သူ့မှာ အလုပ်ရှိပြီးသားပါ"တဲ့။ ဘယ်လောက်အမြင်ကတ်ဖို့ ကောင်းလဲ အဲ့ဒါသာကြည့်။ ပြီးတော့ Viber ကနေ ပို့လာတဲ့ Message တွေကိုလည်း ကြည့်ဦး။ တော်တော်စိတ်ပျက်ဖို့ကောင်းတယ်။ အဲ့လိုလူကို အကူအညီလိုသလိုလိုနဲ့ အယုံသွင်းတတ်တဲ့လူတွေလည်း ရှိသေးတယ်ဆိုတာ ကန်ဒီ့အဖြစ်အပျက်ကိုကြည့်ပြီး သင်ခန်းစာယူနော်...


Have a Nice Sunday ^_^

Sunday, October 27, 2013

The First Salary + Modeling (again)

Long time no post!!!
စာမရေးတာကြာတော့ ဘယ်နားကစရမှန်းတောင် မသိတော့ဘူး။ အားလုံးသိပြီးသားမို့ Excuse ပေးစရာမလိုတော့ပါဘူးနော့... မနေ့ကပဲ Assignment တစ်ပိုင်းတင်ပြီးသွားတယ်။ နေ့တိုင်းလိုလို အိမ်ပြန်ရောက် ဘုရားရှိခိုးပြီးတာနဲ့ စာအုပ်တွေကြားထဲ စာဖတ်၊ Assignment ရေးနေရတာပဲ။ စာအုပ်တွေက သူများဆီက ငှားထားတာတွေ။ တချို့စာအုပ်တွေဆို ၀ယ်ထားချင်တယ်။ Drug Information Handbook ဆိုတဲ့စာအုပ်ကို အကြိုက်ဆုံးပဲ။ အထူကြီးဆိုတော့ ၀ယ်ရင်ဈေးအရမ်းကြီးမယ် ထင်တယ်။ နောက်ကြုံမှ ဈေးစုံစမ်းပြီး ရှာဝယ်ကြည့်ရမယ်။



ပြီးခဲ့တဲ့ သောကြာနေ့(၂၅)ရက်နေ့က ပထမဆုံးလစာရတယ်(^_^)။ အဲ့ဒါနဲ့ပဲ သီတင်းကျွတ်နဲ့လည်း တိုက်ဆိုင်နေတာနဲ့ အရမ်းခင်တဲ့အစ်မဆီသွားပြီး သီတင်းကျွတ်ကန်တော့လိုက်တယ်။ သူက ကန်ဒီနေမကောင်းဖြစ်နေတယ်ဆိုတာနဲ့ အိမ်ထိရောက်လာပြီး ဆေးခန်းလိုက်ပို့ပေးတတ်တဲ့သူလေ။ ဒီစင်္ကာပူမှာတော့ မိသားစုလိုပါပဲ။ မနေ့က အလုပ်ကအပြန် အစ်မအိမ်သွားပြီး ကန်တော့တော့ အစ်မက ကန်ဒီ့မျက်နှာပြည့်ပြီး ကြည်လာတယ်တဲ့ ဟီးး... ဒါ ၀,ဖို့လမ်းစလား?! (>.<)။ အစ်မကသာ အဲ့လိုပြောတာ... ကိုယ့်ကိုကိုယ်တော့ မျက်တွင်းတွေတောင် ကျနေတယ်လို့ ထင်တာပဲ။



ဒီလ(၃)ရက်နေ့မှအလုပ်စလုပ်ပြီး (၂၅)ရက်နေ့လစာရတာဆိုတော့ ဒီလအတွက် တော်တော်လျော့ပြီးရမယ်ပဲ ထင်ထားတာ။ ဘဏ်ထဲစစ်လိုက်တော့ အပြည့်နီးပါးရတယ်။ ၂၀၀လောက်ပဲ လျော့တယ်။ ပထမဆုံးလစာဆိုတော့ ကန်ဒီ့နေစရိတ်၊သုံးစရိတ်ပဲချန်ထားပြီး ကျန်တာအကုန် အမေတို့ဆီ လွှဲလိုက်တယ်။ လိုအပ်တာတွေတောင် နောက်လမှပဲဝယ်တော့မယ်လို့ စဉ်းစားထားတယ်။ ဦးလေးတွေ၊ အဒေါ်တွေအားလုံးကို တစ်ယောက်ကိုဘယ်လောက် စာအိတ်လေးနဲ့ ကန်တော့ပေးပါလို့ အမေ့ကိုပြောထားတယ်။

ကန်ဒီ့မှာဦးလေးတွေ၊အဒေါ်တွေအများကြီးရှိတယ်။အဖေနဲ့အမေတို့နှစ်ယောက်လုံးမှာ မောင်နှမတွေများတာကိုး။ ပြည့်စုံတဲ့လူတွေရှိသလို မပြည့်စုံတဲ့လူတွေလည်း ရှိတာပေါ့။ အမေ့ဘက်ကအဒေါ်တွေဆို ကန်ဒီငယ်ငယ်လေးထဲက အပေါ့၊အလေး(ကန်တော့:P)သွားတာကအစ လိုက်လုပ်ပေးပြီး ထိန်းလာတဲ့သူတွေ။ ကန်ဒီဘာကြိုက်တတ်လဲ... မနက်ဆို ကော်ဖီနဲ့ အီကြာကွေး(သို့)စမူဆာ စားတတ်တာ... ကန်ဒီအာလူးကတ်တလိတ်ကြိုက်တာ... ကြက်ဥဆူးပုတ်ရွက်ကြော် ကြိုက်တာ... ကြာဇံချက်စားရင် ကြွက်နားရွက်မှိုမစားတာ... ကြက်သားစားရင်အရေခွံမစားတာ အကုန်သိတဲ့သူတွေ။ အဖေ့ဘက်က ဦးလေးတွေကတော့ ဘာသာရေးကို သက်ဝင်ယုံကြည်လာအောင် အမြဲလမ်းညွှန်ဆုံးမတတ်တဲ့သူတွေပေါ့။ သူတို့တစ်ခါပြောပြဖူးတဲ့ "မိရိုးဖလာဗုဒ္ဓဘာသာ" ဆိုတဲ့ အသုံးအနှုန်းလေးက ကန်ဒီ့အတွက် အတွေးအများကြီး ၀င်စေခဲ့တယ်။ ခုချိန်မှာတော့ ကန်ဒီဟာ သူများတွေလောက် ဘုရားတရားမလုပ်နိုင်သေးပေမယ့် မိဘကိုးကွယ်လို့လိုက်ကိုးကွယ်တဲ့ မိရိုးဖလာဗုဒ္ဓဘာသာဝင်တစ်ယောက် မဟုတ်တော့ပါဘူး။ မိမိကိုယ်တိုင်စိတ်ထဲက လေးလေးနက်နက်ယုံကြည်သက်ဝင်လို့ ကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်နေပြီ။

သူတို့ကို ကန်ဒီကန်တော့တဲ့ပမာဏက တစ်ယောက်စီခွဲလိုက်တဲ့အခါ ဘယ်လောက်မှမရှိတော့ စိတ်တော့သိပ်မကောင်းဘူး။ အဓိကကန်ဒီ့စေတနာနဲ့ သိတတ်မှုကို နားလည်ဖို့မျှော်လင့်ပါတယ်။ သြော်... နောက်တစ်ခုရှိသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဖေ့ဇာတိမွေးရပ်မြေ ရွှေကူမြို့မှာ ဘုန်ကြီးကျောင်းဆောက်မယ်ဆိုပြီး ဦးလေးတွေရော၊ အဖေတို့ရော အလှူငွေတွေ ကောက်နေကြတော့ ကန်ဒီလည်းအခန်းတစ်ခန်းလှူဖြစ်သွားတယ်။ အမေကတော့ ကန်ဒီ့ကို ကုသိုလ်ထူးတယ်တဲ့... တိုက်တိုက်ဆိုင်ဆိုင် အဖေ့မြို့က ကျောင်းအလှူမှာ ပါဝင်ခွင့်ရလို့တဲ့ ^_^

ဟီးး... လခရတာနဲ့ ပျော်ပြီးရေးမိသွားတာ စာနည်းနည်းရှည်သွားတယ်။ တခြားအကြောင်းပြောရရင် အသိတစ်ယောက်က အကူအညီတောင်းပြန်လို့ မော်ဒယ်သွားလုပ်ပေးသေးတယ်။ အဂါင်္နေ့ Public Holiday ပိတ်တဲ့အပတ်ကလေ။ နည်းနည်းတော့ကြာပြီ ထင်တယ်။ ပိတ်ရက်လေးနားချင်ပေမယ့် ပြောထားပြီးသားဖြစ်နေတော့ မငြင်းချင်ပြန်ဘူး။ ဒါပေမယ့် တော်ပါသေးတယ်။ အဲ့နေ့က အချိန်တော့အဲ့လောက်မကုန်လိုက်ဘူး။ မိတ်ကပ်ကလည်း ကိုယ့်ဟာကိုယ်ပဲလုပ်တာဆိုတော့ အလွန်ဆုံးကြာ နာရီဝက်ပဲ။ ဓာတ်ပုံဆရာက နှစ်ယောက်... သူတို့ကိုလည်း အဲ့လောက်မစောင့်လိုက်ရဘူး။ အဲ့လိုအချိန်တိကျတာမျိုးပဲ ကြိုက်တယ်။ ရိုက်တာလဲ နေရာအပြောင်းအရွေ့နဲ့ အားလုံးပေါင်းမှ (၂)နာရီခွဲ (၃)နာရီလောက်ပဲ ကြာတယ်။ Theme ကတော့ Travel Style...





Facebookတောင် သိပ်မကြည့်မိတော့ ဘာတွေဖြစ်နေလဲ တကယ်မသိဘူး။ စိတ်ထဲလည်း ဘာအတွေးမှမ၀င်ဘူး ဖြစ်နေတယ် ဟဟ(xD)။ အဲ... ဒါပေမယ့်မနေ့က ပိုက်ဆံသွားလွှဲတော့ ရထားပေါ်မှာ မြန်မာကောင်လေးနှစ်ယောက် (ကန်ဒီ့ထက်တော့ အသက်ကြီးလောက်ပါတယ်) တိုးတိုးတိုးတိုးနဲ့ ဖုန်းကိုကြည့်ပြီး သဘောတွေကျနေတာတွေ့တယ်။ ကန်ဒီသိသလောက်တော့ သူတို့ဖြစ်နေတာ ကောင်မလေးတစ်ယောက်ကိုအီပြီး ဟိုကReplyတာကို နှစ်ယောက်သားဖတ်ပြီး သဘောတွေကျ ပေါက်ပေါက်ဖောက်နေကြတာ။ အဲ့လိုမျိုးတွေ ကန်ဒီအရမ်းအမြင်ကတ်တယ် သိလား... အဲ့ကောင်မလေးနေရာမှာ ကိုယ်ချင်းစာမကြည့်မိကြဘူးလား မသိဘူး။ ဟိုကတော့ တကယ်ထင်ကောင်းထင်နေမှာပေါ့... ဒီဘက်မှာတော့ နှစ်ယောက်သားရီနေလိုက်ကြတာ >.<
 


Behind the Scenes...

ကန်ဒီတစ်ခုပြောပြမယ်နော်။ စိတ်ထဲကြည်နေချင်ရင်လေ... အကောင်းမြင်တတ်တဲ့လူတွေကြားထဲနေ။ အတင်းပြောတတ်တဲ့လူတွေ... မကောင်းဘဲပြောပြီး အကောင်းမမြင်တတ်တဲ့လူတွေနဲ့ ဝေးဝေးနေ... ဒါဆိုကိုယ်တိုင် ကြည်ကြည်လင်လင်ဖြစ်လာလိမ့်မယ် ^_^

Good Luck
Have a nice weekend^^