Thursday, January 31, 2013

Peanut Butter ♥

ဒီရက်ပိုင်း လင်းလင်းနဲ့ ချစ်သုဝေရဲ့ "မီးအိမ်ကဗျာ" အယ်လ်ဘမ်ကို ဓာတ်ကျနေတယ်။ အဲ့ထဲက "မေးပါ" ဆိုတဲ့ သီချင်းလေးအရမ်းကြိုက်တယ်။ စာရေးရင်းစားဖို့ ရေခဲသေတ္တာထဲက ဂျယ်လီဗူး ထုတ်လာတယ်။ ဒီမနက်တင် ဈေးက၀ယ်လာတာ... No preservative, No artificial coloring ဘာညာ ဘာညာရေးထားတယ်။ ဟုတ်တာမဟုတ်တာ အပထား.. အဲ့လိုမျိုးတွေ ရေးထားရင် ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပြီး ၀ယ်တယ် xD


ဟိုနေ့က Make up artist အစ်မတစ်ယောက်ရဲ့ Facebook Page မှာ သူပြင်ပေးထားတဲ့ မင်္ဂလာဆောင် စုံတွဲဓာတ်ပုံတွေ လိုက်ကြည့်မိတယ်။ အဲ့မှာ စုံတွဲတော်တော်များများက အနောက်တိုင်းဝတ်စုံတွေ ၀တ်ကြပြီး မြန်မာလိုဝတ်တဲ့စုံတွဲက နှစ်တွဲလားပဲ ရှိတယ်။ စင်္ကာပူမှာ မင်္ဂလာဆောင်တာဆိုတော့လည်း မြန်မာဝတ်စုံရှာရတာ အခက်အခဲရှိလို့နေမှာပေါ့လေ။ အဲ့ဒါနဲ့ ဆက်ပြီး အတွေးနယ်ချဲ့မိတော့ "ကိုယ့်အလှည့်ကျရင်ရော??" ဆိုတာဆီရောက်သွားတယ် ဟဟဟဟ (မရီပါနဲ့ ဟွင်းးး)။ NOOO!!! ကန်ဒီမင်္ဂလာဆောင်ဖို့ စိတ်ကူးလုံးဝမရှိသေးပါဘူး။ တွေးတာပဲ ပိုက်ဆံပေးရတာမှ မဟုတ်တာ ဟုတ်တယ်မလား? :D 

Credit: myanmarcelebrity.com

မိန်းကလေးတော်တော်များများက တစ်သက်မှာ တစ်မင်္ဂလာမို့ အလှဆုံးနဲ့ အခမ်းနားဆုံး ဖြစ်ချင်ကြတယ်နော်။ ကန်ဒီကတော့ ခမ်းခမ်းနားနားကြီးနဲ့ ဟိုတယ်အကြီးကြီးမှာ မလုပ်ချင်ဘူး။ အဲ့ဒီအတွက်ကုန်မယ့် ပိုက်ဆံတွေကို လိုအပ်တဲ့နေရာတွေမှာ လှူလိုက်ရင် ပိုအကျိုးရှိမယ် ထင်တယ်လေ။ အဲ... ဒါပေမယ့် ကန်ဒီအရမ်းကြိုက်တဲ့ မင်္ဂလာဆောင်ပုံစံလေးတစ်ခုတော့ ရှိတယ်။ အဲ့ဒါက လုံးဝမြန်မာဆန်ဆန် စုလျားရစ်ပတ်တဲ့ပုံစံ... မင်္ဂလာသတို့သားနဲ့ သတို့သမီးကို သပြေခက်နဲ့ ဖြန်းပေး၊ ပန်းကုံးစွပ်ပေးတဲ့ ရှေးပုံစံမျိုးလေ။ သူ့နည်းသူ့ဟန်နဲ့ ထုံးတမ်းအစဉ်အလာအရ အဆင့်ဆင့်လုပ်ရတာတွေတော့ ရှိမှာပေါ့နော်။ ကန်ဒီလည်း သေချာမသိဘူး။ ကန်ဒီ့အလှည့်ကျရင် အဲ့ပုံစံလေးနဲ့ မင်္ဂလာဆောင်ကို အကျဉ်းချုံးလေးလုပ်ချင်တယ်။ မင်္ဂလာဝတ်စုံနဲ့ ဆံထုံးကိုလည်း ရှင်းရှင်းလေးပဲ ဖြစ်ချင်တယ်။ Humm... စိတ်ကူးယဉ်တာ တော်သင့်ပြီ ထင်တယ် ဟီးးး xD


 စနေနေ့ည

ဒီရက်ပိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်လို့ ကိုယ့်ကိုကိုယ်ကျေနပ်နေတယ်။ ဘောလုံးကွင်းမှာ သွားမပြေးတော့ဘူး။ ပြေးတာကို အပြီးအပိုင် စွန့်လွှတ်လိုက်ပြီ။ စိတ်ထဲမှာ ပြေးတာ တော်တော်ပျင်းစရာကောင်းသလိုပဲ။ ခန္ဓာကိုယ်က ပုံစံတစ်မျိုးထဲ လှုပ်နေရတယ်။ ကန်ဒီငယ်ငယ်က ၄တန်းကနေ ၉တန်းအထိ အေရိုးဗစ်ကစားတာ ပြောဖူးတယ်နော်။ ခုအဲ့ဒါပဲ ပြန်ဆော့နေတယ်။ သီချင်းလေးဖွင့်တယ်... ကစားတယ်။ Basic Aerobic က တစ်ခါကစားရင် ၈မိနစ် ၉မိနစ်လောက်တော့ ကြာတယ်။ ပြီးရင်လည်း ချွေးတော်တော်ထွက်တယ်။ ပြေးတာထက်စာရင် အေရိုးဗစ်ကို ပိုအားပေးတယ်။ သူက ခေါင်းလေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်း၊ ခါးလေ့ကျင့်ခန်း အဲ့လိုတစ်ခုပြီးတစ်ခု ပြောင်းနေရတော့ ခန္ဓာကိုယ်ရဲ့နေရာစုံကို ပိုထိရောက်တယ်။ လေ့ကျင့်ခန်းကတော့ ဘယ်သူမှမရှိတဲ့အချိန် လုပ်တာပေါ့နော် ဟီးးး :D

 ရန်ကုန်ခြံထဲက ပန်းတွေ... (အမေ့ Facebook ထဲက မလာတာ :D :D)

တချို့ကွန်မန့်တွေက Spam ထဲရောက်ရောက်နေတတ်လို့ Not Spam ပြန်လုပ်ရတယ်။ အဲ့ဒါကြောင့် ကွန်မန့်ချက်ချင်းမပေါ်ရင်... "ဒီကောင်မလေး နာ့ကွန်မန့်ကို ဖျက်ပစ်တယ် ဟွန်းးးးးးး" ဆိုပြီး စိတ်မဆိုးပါနဲ့နော်(:P)။ ကန်ဒီကွန်မန့်တွေ မဖျက်တတ်ပါဘူး။ မကောင်းတဲ့ကွန်မန့်လည်း ဒီတိုင်းထားတယ်။ အေးဆေး ကလေးမွေးပဲ (ဘယ်ကစကားပါလိမ့် @_@) စိတ်ထဲကို မထားတာ(xD)။ ဖြစ်ရင်လည်း ခဏပဲ... ပြီးရင် ပြီးသွားရော။ စိတ်ထဲထားနေရင် ကိုယ်ရှုံးတယ်။ ရန်သူကို ပြုံးပြနိုင်ရင် ကိုယ်နိုင်တယ် Smile :)

နှုတ်ခမ်းတွေ အရမ်းခြောက်နေတယ်။ ထုံလောက်အောင်ကို ခြောက်ပြီး၊ ကွဲပြီး နာနေတယ်။ အဲ့ဒါ ကန်ဒီခုသောက်နေတဲ့ဆေးရဲ့ Side Effect လေ။ ပျောက်ချင်တော့လည်း ခံပေါ့ (>.<)။ အဖုတွေက အရင်လောက်မများတော့ပေမယ့် ပေါက်တော့ ပေါက်နေသေးတယ်။ ဒါပေမယ့် ပေါက်ပြီးရင်လည်း မြန်မြန်ပျောက်တယ်။ သက်သာတယ်လို့ ပြောလို့ရပါတယ်(:D)။ ကန်ဒီ တစ်ခုစဉ်းစားကြည့်မိတယ်။ လူတစ်ယောက်မှာ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလည်း ရှိတတ်ကြတယ်မလား? အဲ့နှစ်ခုယှဉ်ရင် လူတော်တော်များများက မကောင်းတဲ့အပြစ်ကို ဖွင့်ပြောလေ့ရှိကြပေမယ့် ကောင်းကွက်တွေကိုကျတော့ တော်ရုံဖွင့်မပြောတတ်ကြဘူး။ လူတစ်ယောက်ကို ဖွင့်ဟချီးမွမ်းတတ်တဲ့ အကျင့်ရှိသူတွေကို ကန်ဒီအရမ်းသဘောကျတယ်။ မဟုတ်တာကြီးကို ဖားပြီးပြောတာမျိုး မဟုတ်ဘူးနော်။ ဟုတ်တာကို ထုတ်ဖော်ချီးကျူးတတ်တာမျိုးကို ပြောတာ(:D)။ ကန်ဒီကြားဖူးတာ တစ်ခုရှိတယ်။ ကိုယ်နဲ့မသိတဲ့ လူတစ်ယောက်နဲ့ ပထမဆုံးဆက်ဆံတဲ့အခါ ဘယ်လိုစ,စကားပြောရမလဲ မသိရင် အရင်ဆုံး ချီးမွမ်းပါတဲ့ ^_^



ခုအိမ်မှာ Hamster လေးတွေ မွေးစားထားတယ်။ ကန်ဒီ့ညီမရဲ့သူငယ်ချင်းက ရန်ကုန်ပြန်တော့မှာလေ။ အဲ့ဒါ သူ့ Hamster လေးတွေကို မွေးမယ့်သူမရှိလို့ ကန်ဒီတို့ညီအစ်မက နှစ်ကောင်ခေါ်မွေးထားတယ်။ သူ့မှာရှိတာ လေးကောင်။ လေးကောင်လုံးကြတော့ ထားဖို့နေရာလည်းမရှိတာနဲ့ ကလေးနှစ်ကောင်ပဲ ယူလိုက်တယ်။ အဖေနဲ့အမေကို မွေးမယ့်လူ မတွေ့သေးဘူး (>.<)။ အိမ်ကအန်တီကို မပြောဘူး (ရှူးတိုးတိုးး ဟီးး :P)။ ကိုယ့်အခန်းထဲပဲ ထားတာဆိုတော့ ဘာမှတော့ မပြောလောက်ဘူး ထင်တာပဲ။ Hamster လေးတွေ ချမ်းမှာစိုးလို့ဆိုပြီး နှစ်ယောက်သား အိပ်တာတောင် Air Con မဖွင့်ဘူး... အဲ့လို ရူးတာ xD


သူတို့ကို Peanut နဲ့ Butter လို့ နာမည်ပေးထားတယ်။ ကန်ဒီက Peanut Butter အရမ်းကြိုက်တယ်လေ (ဆိုင်ဆိုင် မဆိုင်ဆိုင် :D)။  နှစ်လပဲ ရှိသေးတယ်။ နှစ်ကောင်လုံး အရမ်းယဉ်တယ်။ စစရောက်တဲ့နေ့မှာတင် ကိုင်လို့ရတယ်။ ခက်တာက သူတို့ အထီးလား အမလား မသိဘူး။ ပိုင်ရှင်ကိုယ်တိုင်လည်း မသိဘူး။ ဒီနေ့မှ OMG!!! Peanut က ပြေးတယ်... Butter က လိုက်တယ်... ပြေးတယ်... လိုက်တယ်။ Butter က လိုက်နမ်းတယ်... Peanut က ပြေးတယ်... နမ်းတယ်... ပြေးတယ်။ Butter က လိုက် "........" တယ် (ဆင်ဆာဖြတ်သည်)။ ခုထိတော့ Peanut က ပြေးတုန်းပဲ။ Butter မအောင်မြင်ပါစေနဲ့လို့ ဆုတောင်းရမယ်(-.-)။ သူတို့ကို ခွဲထားဖို့ အိမ်တစ်လုံးထပ်ဝယ်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်။ ကလေးမွေးပြီး ယူမယ့်လူမရှိရင်ဒုက္ခ။ ကန်ဒီ့ညီမကတော့ စောင့်ကြည့်ဦးမယ်တဲ့ =.='

Good Night.
Have a Candy Dream ^_^

Sunday, January 27, 2013

Cute songs ♫♪

Hello...

ဒီရက်ပိုင်း ကန်ဒီ ဟိုဟာလုပ် ဒီဟာလုပ်နဲ့ နည်းနည်းရှုပ်နေတယ်။ အဲ့လိုရှုပ်ရင် ဘာပိုစ့်တင်တတ်လဲ သိတယ်ဟုတ်?? ဟီးဟီး... သီချင်းလေးတွေပဲ အပျင်းပြေနားထောင်ထားပေးနော်။ အရမ်းချစ်ဖို့ကောင်းတဲ့ ခပ်မြူးမြူးသီချင်းလေးတွေပေါ့ (အမွှန်းလွန်သွားပါက သည်းခံပါရန် :P)။ တချို့သီချင်းတွေကို Valentine's Day အတွက် သုံးချင်ရင်လည်း သုံးလို့ရတယ်လေ ^_^

► အချိန်တိုင်းမင်းအတွက် - Lလွန်းဝါ


♫♪ မင်းပျော်နေရင် ကိုယ်လည်းလိုက်ပျော်ပါ့မယ်...
မင်းစိတ်ညစ်ရင် နှစ်သိမ့်ပေးပါ့မယ်...
မင်းငိုင်နေရင် မင်းအနားအားပေးမယ်...
မင်းပြုံးနေရင် အရာရာအားလုံး အေးချမ်းမယ်... ♫♪

► အတိတ်မေ့နေတယ် - ၀ိုင်းစုခိုင်သိန်း


♫♪ အရင်လိုအချစ်မရှိဘဲ နင်ဟာစိမ်းကားလွန်းနေခဲ့...
နင်ဘာမှ မမှတ်မိဘဲ နင်ဟာအတိတ်မေ့လို့နေခဲ့...
ရင်ခွင်ချင်းဆုံခဲ့ ဟိုအရင်နေ့ရက်တွေလည်း နင်ကငါ့ချစ်သူပဲ...
ဘယ်လိုပြောပြောမင်းမယုံခဲ့... တကယ်ဆိုနည်းနည်းလေးတော့အားနာပါဦးကွယ်
ဆုံလိုက်တိုင်း အခုမှ စတွေ့သလိုပဲ... ♫♪

ကစ်(စ်)ယူ - ချစ်သုဝေ


♫♪ Kiss you... အနားတိုးကပ်ပြီး ကပ်ပြီး အိုးးး အို အို အို အို
တို့နှစ်ယောက်ရဲ့ခြေအစုံဟာ မြောက်တက်သွာသလိုပါ
တိမ်တွေကြားထဲ မျောလို့ပါ... Kiss you ♫♪

► Icing - Charity Vance


♫♪ You are the icing on my cake
You are the smile I can't replace
You are You are
The way you smile and the way you laugh
The way I can't help but catch your joy - your joy

Metaphorically, this song just says one thing "I love you"
Thats what I'm telling you
and there's no irony because I say what I mean
I love you  I love you ♫♪

Hope you enjoy^^
Candy ♥

Thursday, January 24, 2013

ခြေတံသွယ်သွယ် ထင်ရအောင်

အမှန်အတိုင်းပြောရရင် ဒါလုံးဝမရည်ရွယ်ထားတဲ့ပိုစ့်။ ပြီးခဲ့တဲ့ စနေ့၊ တနင်္ဂနွေက မိုးတွေအရမ်းရွာတယ်လေ။ အဲ့ဒါနဲ့ အပြင်လည်းမသွားဖြစ်ဘူး။ အိမ်မှာပျင်းပျင်းရှိတာနဲ့ ဟိုတလောကမှ ၀ယ်ထားမိပြီး ဘယ်လိုဝတ်ရမလဲမသိလို့ မ၀တ်ဖြစ်သေးတဲ့ High waisted short ကိုထုတ်... ရှိတဲ့အကျီလေးတွေနဲ့ စမ်းဝတ်ကြည့်ရင်း ကိုယ့်ဟာကိုယ်ဓာတ်ပုံရိုက်ဖြစ်တယ် (၀ါသနာကိုတားမရတာ မောင်သိသားကွယ်... <<< သီချင်း)။ အားလုံးရိုက်ပြီး အပျင်းလည်းပြေပြီဆိုတော့မှ ဓာတ်ပုံတွေ ကွန်ပျူတာထဲထည့်ကြည့်တော့... OMG!! ကန်ဒီခြေထောက်က ဘယ်လိုဖြစ်လို့ ဒီလောက်ရှည်သွားတာလဲဆိုပြီး အဖြေရှာရင်းးးးးးး..................... ဒီပိုစ့်ဖြစ်ပေါ်လာပါတယ် ^_^ (အစချီရတာ မောထှာ :P)

ခေါင်းမပါလည်း ဖြစ်ပါတယ်နော် ^_~

ခြေတံသွယ်သလိုလို ဖြစ်နေစေတဲ့ အကြောင်းရင်း (၃)ခုကတော့....

၁) ခါးထိတက်ဝတ်ရသော ဘောင်းဘီများ
ကန်ဒီတို့မှာရှိတဲ့ ဘောင်းဘီတော်တော်များများက ချက်အောက်နားက စ၀တ်ကြရတယ်နော်။ ပြီးရင်လည်း အပေါ်အကျီနဲ့ ဖုံးလိုက်ကြတာဆိုတော့ ပေါင်းရင်းတွေ၊ ခါးတွေက သိပ်မပေါ်ဘဲ ပျောက်နေတတ်တယ်။ ဒီနောက်ပိုင်း ခေတ်စားလာတာက ခါးထိတက်ဝတ်ရတဲ့ဘောင်းဘီတွေ... အဲ့လိုမျိုးဘောင်းဘီတွေဝတ်ရင် များသောအားဖြင့် အပေါ်အကျီကို ဘောင်းဘီထဲ ထည့်ဝတ်တတ်ကြတယ်လေ။ ဒါမှလည်း ဘောင်းဘီစတိုင်လ် ပေါ်မှာကိုး... ဟုတ်တယ်ဟုတ်။ အဲ့ဒါမျိုး ဘောင်းဘီတွေက ပေါင်တံကို ပိုပေါ်လွင်စေတယ်။

၂) ဘောင်းဘီတို အနားဒီဇိုင်း
ပေါင်တံပေါ်လွင်ဖို့ဆို ဘောင်းဘီတိုရဲ့ အနားဒီဇိုင်းကလည်း အရမ်းအရေးပါတယ်။ ကန်ဒီဝတ်ပြထားတဲ့ ဘောင်းဘီကိုပဲ ကြည့်လေ... ပေါင်အတွင်းဘက်ခြမ်းအရှည်နဲ့ ပေါင်အပြင်ဘက်ခြမ်းအရှည်မတူဘူး။ အတွင်းဘက်ပိုင်းကပိုရှည်ပြီး အပြင်ဘက်ပိုင်းရောက်တော့ တိုသွားတယ်။ အနားနေရာက အဲ့လို "V-Shape" မဟုတ်ဘဲ တည့်တည့်ကြီးဆို ပေါင်တံကို အဲ့လောက်သိသာစေမှာ မဟုတ်ဘူး။

၃) ဒေါက်မြင့်
ဒါကတော့ ကန်ဒီအကြိုက်ဆုံးအချက်။ အပေါ်ကနှစ်ခုမပါရင်နေ... ဒီတစ်ချက်တည်းနဲ့တင် ခြေထောက်အနေအထားနဲ့ ကိုယ်နေဟန်ထားကို အများကြီးပြောင်းလဲနိုင်တယ်။ ဒေါက်မြင့်ဝတ်ထားရင် လူကအရမ်း Smart ဖြစ်တယ်။ ကန်ဒီအရမ်းကြိုက်တယ်။ အမြဲတော့ မစီးနိုင်ဘူး။ လမ်းသိပ်မလျှောက်ရတဲ့နေရာမျိုးသွားရင် စီးဖြစ်တယ်။  အဲ့ဒါပဲကြည့်... မိန်းကလေးတွေများ ဘယ်လောက်တောင်လဲဆိုရင် "လှမှာလားဟင်?? လှမယ်ဆိုရင်လေ နာရင်နာပါစေ ဟတ်ဟတ်" ဆိုတာမျိုး ဟဟဟ xD (ကိုယ့်ဟာကိုယ် ပြောပါတယ် :P)

သူငယ်ချင်းက အပင်ပန်းခံ Photoshop ပေးထားတယ်... Thank you ^_^
လိုရင်းတိုရှင်းပဲနော်...
တာ့တာ :D

Sunday, January 20, 2013

မျက်လုံးအမျိုးအစားအလိုက် အိုင်းရှဲဒိုးခြယ်သနည်းများ

ကန်ဒီတို့ ဒီနေ့ မျက်လုံးပုံသဏ္ဍာန်တွေအကြောင်း ပြောရအောင်။ Eyeshadow ကို စနစ်တကျခြယ်တတ်ဖို့ဆို ကိုယ့်မျက်လုံးအမျိုးအစားကိုသိဖို့က အရေးကြီးဆုံးလေ။ ဒီပိုစ့်မှာ မျက်လုံးပုံသဏ္ဍာန်တွေနဲ့ အမျိုးအစားအလိုက် Eyeshadow ဘယ်လိုခြယ်သင့်တယ်ဆိုတဲ့ Tips လေးတွေကို ပြောပြသွားမယ်နော် ^_^


Eyeshadow ခြယ်တဲ့နေရာမှာ ပထမဆုံးအခြေခံသိသင့်တဲ့အချက်ကတော့ ကိုယ်ဖုံးချင်တဲ့နေရာ၊ မပေါ်လွင်စေချင်တဲ့နေရာ၊ အရိပ်ကျနိုင်တဲ့နေရာမျိုးတွေကို အရောင်ရင့်သုံးဖို့နဲ့ ကိုယ်ပေါ်လွင်စေချင်တဲ့နေရာကို အရောင်နု (သို့) အလင်းပြန်စေတဲ့ Eyeshadow မျိုး သုံးဖို့ပါ။ မျက်လုံးအမျိုးအစားကို ခုနှစ်မျိုး ခွဲခြားထားပါတယ် :)

1) Standard eyes or Almond eyes

ဒီမျက်လုံးပိုင်ရှင်တွေကတော့ Eyeshadow ကို ဘယ်လိုနည်းလမ်းနဲ့ခြယ်ခြယ် အဆင်ပြေပြေနဲ့ အလွယ်တကူခြယ်နိုင်တဲ့ သူတွေပေါ့။ သူတို့ရဲ့ မျက်လုံးနှစ်ဖက်ဟာ ဝေးလည်းမဝေး၊ နီးလည်း မနီးဘဲ မျက်နှာနဲ့ အချိုးကျကျ ရှိနေတယ်လေ။

2) Close set eyes

မျက်လုံးနှစ်ဖက်ဟာ ပုံမှန်ထက် ပိုနီးနေတဲ့ အမျိုးအစားပါ။ ဒီလိုမျက်လုံးမျိုးကို Eyeshadow ခြယ်တဲ့အခါ မျက်လုံးဆုံးတဲ့နေရာအလွန် မျက်လုံးအပြင်ဘက်အထိဆွဲပြီး ခြယ်ပေးရတယ်။ Crease colour ကိုလည်း မျက်လုံးအတွင်းထိ မဆွဲပါနဲ့ (Crease = Eye socket... Eyeshadow Brush နဲ့ မျက်ခွံပေါ်ထောက်ကြည့်ရင် ချိုင့်ဝင်သွားတဲ့နေရာ)။ မျက်လုံးနှစ်ဖက်ကို ဝေးသယောင်ဖြစ်အောင် မျက်လုံးအတွင်းပိုင်းကို အဖြူရောင် Eyeshadow နဲ့ Highlight လုပ်ပေးနိုင်ပါတယ်။ Eyeliner ကို မျက်လုံးအတွင်းထောင့်အထိ လုံးဝမဆွဲမိပါစေနဲ့နော်။


3) Wide set eyes


မျက်လုံးနှစ်ဖက်ဟာ ပုံမှန်ထက် ပိုဝေးနေတယ်ဆို Eyeshadow ကို မျက်လုံးဆုံးတဲ့နေရာအထိပဲ ခြယ်သင့်ပါတယ်။ မျက်လုံးအပြင်ဘက်ထိ ဆွဲခြယ်လိုက်ရင် မျက်လုံးနှစ်ဖက် ပိုဝေးသလို ဖြစ်သွားစေတယ်လေ။ Crease colour ကို မျက်လုံးအတွင်းပိုင်းထိ ဆွဲပေးပါ။ ဖြစ်နိုင်ရင် မျက်လုံးအတွင်းဖက်ကို Highlight မလုပ်ပါနဲ့။



4) Hooded eyes

ဒါကတော့ မျက်ရစ်ဟာ မျက်ခွံကို ဖုံးလုနီးပါးကျနေတဲ့ မျက်လုံးအမျိုးအစားပါ။ Hooded eyes ကို မွေးရာပါ Hooded eyes နဲ့ အသက်ကြီးမှဖြစ်တဲ့ Hooded eyes ဆိုပြီး နှစ်မျိုးခွဲနိုင်ပါသေးတယ်။ အသက်ကြီးမှဖြစ်တဲ့ Hooded eyes မျိုးပိုင်ဆိုင်ရင် တွဲကျနေတဲ့ မျက်ရစ်ပေါ်မှာ လက်လက် လက်လက် ရောင်ပြန်တွေပါတဲ့ Eyeshadow မျိုး မခြယ်သင့်ပါဘူး။ အဲ့လိုခြယ်ခြင်းကြောင့် တွဲကျနေတဲ့မျက်ရစ်ကို ပိုပေါ်လွင်စေတယ်လေ။ ဖြစ်နိုင်ရင် အဲ့လိုနေရာကို အရောင်ရင့် Eyeshadow နဲ့ ဖုံးပေးပါ။ မွေးရာပါ Hooded eyes ပိုင်ဆိုင်ရင် (သို့) မျက်ရစ်လုံးဝမပါဘူးဆိုရင်တော့ ကိုယ့်စိတ်ကြိုက်ခြယ်နိုင်ပါတယ်။ မျက်လုံးကို ပိုပေါ်လွင်စေချင်ရင်တော့ မျက်လုံးနဲ့အနီးဆုံးအပိုင်းကို အရောင်ရင့်ခြယ်ပေးပါ။  

5) Down turned eyes 



ဒီအမျိုးအစားကတော့ တွေ့ရခဲပါတယ်။ မျက်လုံးအစွန်းနှစ်ဖက်ဟာ အောက်ကိုတွဲကျနေပြီး ၀မ်းနည်းနေသယောင် ဖြစ်နေတဲ့မျက်လုံးအမျိုးအစားပါ။ ဒီလိုမျက်လုံးမျိုးအတွက်ဆို Eyeshadow ကို မျက်လုံးအောက်ကို စမကျခင်နေရာ (အပြင်အစွန်းမရောက်တရောက်နေရာ) အထိပဲ ခြယ်ပေးပါ။ ခြယ်တဲ့အခါမှာလည်း အပေါ်ကို ပင့်ခြယ်ပေးပါ။ Eyeliner ဆွဲတဲ့အခါ မျက်လုံးအပြင်ဘက်ပိုင်းကို ပိုထူထူဆွဲပေးပါ။ မျက်တောင်ကော့ပေးဖို့ မမေ့ပါနဲ့။




6) Deep set eyes
 
ဒါကတော့ မျက်တွင်းနက်နက် မျက်လုံးမျိုးပေါ့။ ဒီလိုမျက်လုံးမျိုးပိုင်ဆိုင်တယ်ဆို မျက်ခွံပေါ်မှာ ရောင်ပြေးပါတဲ့ အလင်းပြန်နိုင်တဲ့ Eyeshadow မျိုး (သို့) အရောင်နုနု Eyeshadow မျိုးခြယ်ပါ။ Crease နေရာကို Eyeshadow ခြယ်တဲ့အပိုင်းဟာ ဒီမျက်လုံးပိုင်ရှင်တွေအတွက် အရမ်းအရေးကြီးပါတယ်။ ပုံမှန်ဆို Crease Eyeshadow ဆိုတာ Brush ချိုင့်ဝင်သွားတဲ့ Eye socket နေရာကို ခြယ်ရတယ်လေ။ Deep set eyes ပိုင်ဆိုင်ရင်တော့ Crease နေရာမဟုတ်ဘဲ Crease ရဲ့အပေါ်နားနည်းနည်းတက်ပြီး မျက်ခုံးရိုးပေါ်မှာ အရောင်ရင့်နဲ့ Shadow ထည့်သင့်ပါတယ်။ မျက်လုံးအတွင်းဘက်ပိုင်းကိုလည်း White Eyeshadow နဲ့ Highlight လုပ်ဖို့မမေ့ပါနဲ့။

7) Protruding eyes



ဒါကတော့ သိသိသာသာ အပြင်ဘက်ကို ထွက်နေတဲ့ မျက်လုံးအမျိုးအစားပါ။ ဒီလိုမျက်လုံးမျိုးပိုင်ဆိုင်ရင်တော့ အလင်းပြန်နိုင်တဲ့ Eyeshadow တွေကို ရှောင်သင့်ပါတယ်။ မျက်ခွံပေါ်မှာ အရောင်ရင့်ခြယ်ပေးခြင်းအားဖြင့်လည်း ထွက်နေတဲ့ မျက်လုံးကို နောက်နည်းနည်းပို့လိုက်သလို ဖြစ်စေပါတယ်။





ကန်ဒီ စာနဲ့အတတ်နိုင်ဆုံး ရှင်းပြထားတာတွေ သဘောပေါက်ဖို့ မျှော်လင့်ပါတယ်နော်။ တကယ်တော့ အကုန်လုံး သိဖို့မလိုပါဘူး။ ကိုယ့်မျက်လုံးအမျိုးအစားရယ် ဘယ်လိုခြယ်သင့်တယ်ဆိုတာရယ် သိပြီဆို လုံလောက်ပြီလေ။ ကန်ဒီ့မျက်လုံးအမျိုးအစားကတော့ ယေဘူယျအားဖြင့် ပြောမယ်ဆို Standard eyes ပေါ့။ တစ်ဖက်နဲ့ တစ်ဖက် နီးလည်းမနီး၊ ဝေးလည်းဝေးမနေဘူးလေ။ ဒါပေမယ့် ကန်ဒီ့မျက်လုံးတစ်ဖက်က Hooded ဖြစ်ချင်နေတယ်(>.<)။ Eyeshadow ခြယ်တာနဲ့ ပက်သက်လို့ ဒီ့ထက်အသေးစိတ်ကိုတော့ နောက်ပိုစ့်တွေမှ ပုံနဲ့သေချာပြောပြပေးမယ်နော်။

Have a Good day ^_^

Wednesday, January 16, 2013

I need a Hug ♥

ဒီနေ့ လတ်တလောခေါင်းထဲရောက်နေတဲ့ အကြောင်းအရာလေးတစ်ခု ရင်ဖွင့်ဦးမယ်။ ကန်ဒီက သူငယ်ချင်း "ကံ" တော်တော်မကောင်းတာပဲ။ ယောက်ျားလေးသူငယ်ချင်းတချို့(တချို့နော်...)အကြောင်း ပြောပြမယ်။ ပထမဆုံး သူတို့က ကန်ဒီ့ဆီ လုံးဝသူငယ်ချင်းအသွင်နဲ့ ရောက်လာတယ်ကွာ။ နောက်လည်းကျရော သူငယ်ချင်းလိုလို ဘာလိုလိုပုံစံလုပ်လာတယ်။ ပြောချင်တာက ပုံမှန်ထက် ပိုဂရုစိုက်တာတွေ စိုးရိမ်ပေးတာတွေပေါ့။ သူတို့က အဲ့လိုဆိုတော့ ကိုယ်က "သြော်... ငါ့ကိုတော်တော်ခင်တာပဲ"ဆိုပြီး ပျော်လို့... ကန်ဒီ့မှာ ချစ်သူရှိတာလည်း သူတို့သိနေတာဆိုတော့ မရိုးမသားစိတ်နဲ့လို့ မထင်မိဘူးလေ။ ဟွင်းဟွင်း အဲ့ကတည်းက ဘာဖြစ်ချင်တယ်ဆိုတာ သိဖို့ကောင်းတယ်(=.=')။ နောက်ဆုံး မရနိုင်တာလည်း သိရော အဖတ်ကိုမလုပ်ကြတော့ဘူး >.<

My Favorite place in Singapore

ကန်ဒီ့ကို အဲ့လိုပုံစံလုပ်လုပ်သွားတဲ့ သူငယ်ချင်းတော်တော်များနေပြီ။ ခံရပါများတော့ လူက မကျေမနပ်ဖြစ်ချင်လာတယ်။ တကယ်တော့ ကိုယ့်ကိုကိုယ် မကျေနပ်တာပါ။ ကန်ဒီ့ အားနည်းချက်က ဂရုစိုက်ခံချင်တာ... ကိုယ့်ကို တစ်ယောက်ယောက်က ဂရုတစိုက်ရှိနေရင် ပျော်တတ်တာ။ ဒါကလည်း ကန်ဒီငယ်ငယ်တည်းက တခါမှမရလို့ အမြဲတောင့်တနေတဲ့အရာကိုး။ ကန်ဒီ့မိသားစုထဲမှာ ကန်ဒီ့ကို အဲ့လိုမြင်သာထင်သာ ကန်ဒီသိအောင် ဂရုစိုက်တတ်တာ အစ်ကိုအငယ်ပဲရှိတယ်။ မသိရင်တော့ သူကရုပ်တည်ကြီးနဲ့... အဲ့လိုမဟုတ်ဘူး ထင်ရတယ်။ ဒီအရွယ်အထိ လမ်းအတူတူကူးရင်တောင် လက်ဆွဲပေးတုန်း... မျက်နှာအဆီပြန်နေရင် ဆီစုတ်စက္ကူ ထုတ်ပေးတတ်တယ်။ ဟိုတလောက Moisturizer ပေးတာလည်း သူပဲလေ။ ဒီလောက်ဂရုစိုက်တတ်တဲ့ အစ်ကိုက ဘာလို့မိန်းမမရသေးပါလိမ့် ဟဟဟ (ရှူးးတိုးတိုး xD)။


ပြန်ဆက်ရမယ်ဆို အဲ့ဒီအားနည်းချက်ကရှိနေတော့ ကိုယ့်ကိုတော်တော်ခင်တာပဲဆိုပြီး သူတို့ကို စိတ်ထဲနှစ်ပြီး ပြန်ခင်မိတယ်။ နောက်ဆုံး သူတို့ဟာသူတို့ မဖြစ်နိုင်တာသိလို့ လုံးလုံး ပျောက်ကွယ်သွားတဲ့အချိန်ရောက်တော့ ခင်မိတဲ့ကန်ဒီပဲ အမှားပေါ့ ဖူးးး.. (သက်ပြင်းချသံ)။ ပြောရင် ယုံတောင် ယုံပါ့မလား မသိဘူး။ ကန်ဒီ့မှာ သူငယ်ချင်းအရမ်း အရမ်းရှားတယ်။ အွန်လိုင်းပေါ်မှာသိတဲ့ ဘလော့ဂါသူငယ်ချင်းတွေ စာဖတ်သူ သူငယ်ချင်းတွေတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ့်တကယ် အပြင်လောကမှာ ပြေးကြည့်မယ်ဆို မရှိသလောက်ပဲ။


သူငယ်ချင်းတစ်ယောက်က အဲ့ဒါတွေကို ခေါင်းထဲမထည့်နဲ့... ကိုယ့်ကိုခင်တဲ့ ချစ်တဲ့လူတွေကိုပဲ တန်ဖိုးထားပါတဲ့။ ခေါင်းထဲထည့်တာရယ်တော့ မဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့ လူတစ်ယောက်ကို ဘာလို့များမျှော်လင့်ချက်ကြီးနဲ့ လာချည်းကပ်လဲဆိုတာ နားမလည်တာပါ။ သံယောဇဉ်ဖြစ်အောင် တည်ဆောက်ပြီးမှ ဘာလို့များ ထွက်ပြေးချင်ကြတာလဲ။ ကန်ဒီ့ကို ခင်တဲ့ ချစ်တဲ့ အွန်လိုင်းက သူငယ်ချင်းအားလုံးကိုတော့ ပြောစရာမလိုအောင်ကို တန်ဖိုးထားပြီးသားပါ။ တခါတလေတော့လည်း အဝေးကနေ "နေကောင်းလား" မေးတာထက် နှဖူးပေါ်လက်တင်ပြီး လာစမ်းပေးတာမျိုး တောင့်တမိတာပေါ့... ဟုတ်တယ်မလား?? (အွန်လိုင်းမှာလို လက်တွေ့ဘ၀မှာလည်း သူငယ်ချင်းရှိချင်တယ်လို့ ဆိုလိုတာပါ) I need a Hug **Group Hug**

တော်တော်လေးတဲ့ ဇွန်းနဲ့ခရင်း... ဘယ်ဆိုင်လဲ သိတယ်ဟုတ် xD

ကန်ဒီမနေ့က ပိုစ့်မတင်ဖြစ်လိုက်ဘူးဆိုတော့ ဒီနေ့ စာရှည်ရှည်ရေးမယ်နော်။ အားလုံးသတိထားမိလားတော့ မသိဘူး... ကန်ဒီပိုစ့်တင်တာ နှုန်းရှိတယ်။ ဘယ်နှစ်ရက်တစ်ခါဆိုပြီး ပျှမ်းမျှသတ်မှတ်ထားတဲ့ အပိုင်းအခြားရှိတယ်။ များသောအားဖြင့် အဲ့အတိုင်းတင်တယ်။ အရေးပေါ်ပြောစရာရှိမှ စောတင်တတ်တာ(:D)။ သူများတွေက စာများများရေးပါ... ပိုစ့်လည်း သိပ်မတင်ဘူးတဲ့။ ကန်ဒီပုံမှန်လေးတော့ တင်ပါတယ်။ နေ့တိုင်းတင်နေရင်လည်း ရိုးသွားကြမှာလေ ဟုတ်တယ်ဟုတ်... သိနေတယ်နော် ဟွင်းဟွင်း :P


ကန်ဒီအခု မျက်နှာကအဖုတွေကို ဆေးခန်းပြနေတယ်။ အစကတည်းက ဆေးခန်းပြရင်ကောင်းမလား စဉ်းစားနေတာပါ။ ကန်ဒီ့ညီမရဲ့သူငယ်ချင်းက ပြမယ်ဆိုတော့ ညီမလေးက အဖော်ရှိတာပဲ ပြကြည့်ပါလားဆိုတာနဲ့ ပြဖြစ်သွားတာ။ ကန်ဒီ့မျက်နှာအသားအရည်က ၀က်ခြံပေါက်တတ်တဲ့ အမျိုးအစားထဲမှာပါတယ်။ အမြဲအဖုတစ်ခုမဟုတ် တစ်ခုတော့ရှိတတ်တယ်။ မေးရိုးတလျှောက်နဲ့ မေးစေ့မှာဆို အမြဲရှိတယ်။ အဲ့နားမှာပေါက်တဲ့ ၀က်ခြံတွေက Hormone နဲ့ဆိုင်တယ်။ တခြားနေရာထက်လည်း ပိုနာတယ်။ အဲ့ဒါဆေးခန်းပြတော့ ဆရာဝန်က ဆေးတစ်လသောက်ခိုင်းထားတယ်။ နောက်မျက်နှာသစ်ဆေး၊ Toner နဲ့ လိမ်းဆေးလည်း ပေးလိုက်တယ်။ ဒီအတောအတွင်း တခြားဟာတွေ မလိမ်းဖို့ မှာထားတယ်။ ဒီတလောတော့ မျက်နှာပြောင်ဖြစ်နေမှာ သေချာတယ် (>.<)။ အဲ့ဒါ အခြေအနေကြည့်ပြီး သက်သာရင် အသေးစိတ်ကို ကန်ဒီပိုစ့်တစ်ပုဒ် သီးသန့်ထပ်ရေးပေးမယ်နော်။

No Makeup Candy!!! (ဆံပင်ကလည်း ပွနေသေးတယ် LOL xD)

ရိုက်သာရိုက်ပြရတယ်။ အလင်းကြောင့် အဖုတွေက သိပ်မပေါ်ဘူး။ အပြင်မှာဆိုရင်တော့ နီရဲပြီးသိသာတယ်။ After ကိုတော့ နောက်တစ်လလောက်နေမှ ရိုက်ပြမယ်နော် (သက်သာရင်ပေါ့ >.<)။ ကန်ဒီ့ကို အစ်မတစ်ယောက်ကပြောတယ်။ ကိုယ်က အလှအပနဲ့ပက်သက်တာတွေ ရေးနေပြီး ကိုယ့်မျက်နှာမှာကျ အဲ့လိုတွေဖြစ်နေတယ်တဲ့။ OMG!! အဲ့လိုဖြစ်တာနဲ့ ဒါတွေရေးတာ ဘာဆိုင်လို့လဲ?? တစ်ချို့စကားတွေက မကြားချင်ယောင်ဆောင်တာ ပိုကောင်းတယ်။ Who cares?!?! ဘယ်သူမှတော့ အိပ်ယာနိုးတာနဲ့ ဒီလိုရုပ်ထွက်မလာပါဘူး... ဟုတ်တယ်မလား xP


Have a nice day :D
Candy^^

Friday, January 11, 2013

ညှပ်တယ်ကွာ xD

Hello Hello^^
အမှန်အတိုင်းပြောရရင် အကြွေးတွေရေးဖို့ နည်းနည်းပျင်းနေသေးတယ်(xD)။ တခြားပိုစ့်ရေးဖို့လည်း အိုင်ဒီယာမရှိဘူး။ အဲ့တော့ ထမင်းသိုးဟင်းသိုး ဒီလိုပိုစ့်ရေးတာပဲကောင်းတယ်(:D)။ ဇန်န၀ါရီလထဲမှာ မွေးနေ့တွေများတယ်... အစ်ကိုနှစ်ယောက်မွေးနေ့၊ အဖေ့မွေးနေ့နဲ့ ညီမအလတ်မွေးနေ့။ စားရဖို့တော့ မမြင်ပါဘူး (တိုးတိုးလေး ပြောသည်)။ ဒီနေ့က ကန်ဒီ့ညီမမွေးနေ့... သူ့အတွက် မွေးနေ့လက်ဆောင် တစ်ခုခုဝယ်ပေးမယ်ဆိုပြီး မနေ့က အပြင်သွားဖြစ်တယ်။ ကန်ဒီအပြင်မသွားတာ၊ ဘာမှမ၀ယ်တာ တော်တော်ကြာပြီ။ တကယ်ဆို "Christmas" "New Year" ဆိုတာ ဈေးဝယ်လို့ အကောင်းဆုံးအချိန်ပဲနော်။ အဲ့တုန်းကလည်း ဘယ်မှမရောက်ဘူး >.<


"Accessorize" ဆိုတာ ကန်ဒီအရမ်းသဘောကျတဲ့ဆိုင်ပေါ့။ သူ့ပစ္စည်းလေးတွေက Vintage Style လေးတွေ... ဈေးလည်းတော်တော်ကြီးတယ်။ ရောက်တိုင်း ငမ်းတယ်... တခါမှ မ၀ယ်ဖြစ်ဘူး။ မနေ့ကလည်း အဲ့ဆိုင်ကို ဒီတိုင်းကြည့်ဖို့ ၀င်လိုက်တာပါ။ အဲ့ရောက်တော့ အားလုံးက 50% Discount ဖြစ်နေတယ်။ အဲ့ဒါနဲ့ သူ့အတွက်လက်ဆောင်ကို အဲ့ကပိုက်ဆံအိတ်လေးပဲ ၀ယ်ပေးလိုက်တယ်။ ပုံမှန်ဈေး S$50 ကို S$25 နဲ့ရတာ ဟီးဟီး ရှူးတိုးတိုး(xD)။ ကိုယ့်အတွက်ကတော့ မှန်လေးပဲ (ပိုက်ဆံလည်း သိပ်မရှိဘူးလေ :P)။ အဲ့လိုဒီဇိုင်းမျိုးတွေ ကြိုက်တယ် ^_^

Watson မှာ မျက်နှာသစ်ဆပ်ပြာကုန်ခါနီးလို့ ၀ယ်တယ်။ Humm.. နောက်ဘာဝယ်သေးလဲ??(စဉ်းစားနေသည်) သြော်(မှတ်မိသွားပုံ)... ခိခိ သတ်ချင်သတ်လိုက် မပြောဘူး(:P)။ ဟိုလျှောက် ဒီလျှောက်လုပ်ရင်း 2 for S$30 ဆိုတာနဲ့ တန်တယ်ဆိုပြီး ၀ယ်လိုက်တာ ပုဒ်မ(။) (ဤတွင် ရပ်သည်) **ကန်ဒီသည် ထိုကဲ့သို့ စ ရသည်ကို အလွန်သဘောကျသည်**

မညှပ်ခင် xD

 အစကတော့ လက်ဆောင်ကို Clementi Mall မှာပဲ သွားဝယ်ပေးမလို့။ နောက်တော့ "စိတ်တွေရှုပ်တယ် ဆံပင်ညှပ်မယ်ကွာ... "ဆိုပြီး City Hall ရောက်သွားတယ်။ တော်သေးတယ်... အလုပ်ဆင်းချိန်မရောက်သေးတော့ လူသိပ်မများသေးဘူး။ ဒါတောင် နည်းနည်းစောင့်လိုက်ရသေးတယ်။ ကန်ဒီ့ရှေ့မှာ မြန်မာမိသားစုတစ်စုရောက်နေတယ်။ ညှပ်တာကတော့ အမေပါပဲ။ စောင့်နေတုန်း ကြားရတာတွေက...

သမီးအငယ် : အမေ ရှူးပေါက်ချင်တယ်။ လိုက်ခဲ့ပေး...
အမေ         : ညည်းအစ်မ ခေါ်သွား...
သမီးအကြီး : သမီးသွားတုန်းကလည်း သူမှ မလိုက်ပေးတာ...
အမေ         : ကိုယ့်ဟာကိုယ် သွားလိုက်... အမေက ဒီမှာဆံပင်ညှပ်နေတယ်လေ။
သမီးအငယ် : လိုက်ခဲ့ပေးရမှာပေါ့... ဒါဆို ဘာလို့မွေးထားသေးလဲ??
သမီးအကြီး : သူအသက်ကြီးလာရင် သူ့ကိုခေါ်ကျွေးမယ့်သူရှိအောင် မွေးထားတာလေ...

OMG!! ဘာတွေဖြစ်ကုန်တာလဲ?? ကိုယ့်နားတောင် ကိုယ်မယုံချင်ဖြစ်သွားတယ်။ သမီးအကြီးက ၁၆နှစ်အရွယ်လောက်ရှိမယ်။ သမီးအငယ်လေးက ၁၂နှစ်လောက်ပေါ့။ သူတို့အချင်းချင်း အင်္ဂလိပ်လိုပြောတာများပုံထောက်ရင် ဒီမှာကျောင်းတက် ဒီမှာကြီးတဲ့ကလေးတွေ ထင်တယ်။ မိဘနဲ့သားသမီး သူငယ်ချင်းလိုပေါင်းတာမျိုးကို ကန်ဒီအတိုင်းအတာတစ်ခုထိ လက်ခံပါတယ်။ ဒါပေမယ့် ဒီလောက်အထိ Respect မရှိတာမျိုးတော့ မဖြစ်စေချင်ဘူး။ သူတို့အတွက် ဒီလိုပြောတာ နေတာတွေဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်နေနိုင်ပေမယ့် ကန်ဒီ့လိုဘေးလူတစ်ယောက်ရဲ့ နားထဲမှာ လုံးဝကန့်လန့်ကြီး... ရှင်းရှင်းပြောရရင် ရိုင်းတယ်လို့ မြင်တယ်။

ကိုယ့်နိုင်ငံမဟုတ်တဲ့ ဒီလိုနေရာမျိုးမှာ ကိုယ့်သားသမီးကို ကြီးပြင်းစေမယ်ဆိုရင် မိဘရဲ့သွန်သင်ဆုံးမမှုက အရမ်းအရေးကြီးတယ်လို့ ကန်ဒီယူဆတယ်။ ဒီက ကလေးတွေ ရင့်ကျက်တယ်... ထက်မြက်တယ်ဆိုတာ ကန်ဒီလက်ခံပါတယ်။ ဒါပေမယ့် လူကြီးသူမအပေါ် Respect ပေးတဲ့နေရာမှာတော့ ကိုယ့်နိုင်ငံနဲ့ အရမ်းကွာခြားတယ်။ နောက် ဒီကလူတွေ စည်းကမ်းအရမ်းရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာနာတတ်မှု နည်းသလိုပဲ။ ငါလုပ်လိုက်လို့ ငါပြောလိုက်လို့ သူများဒုက္ခရောက်သွားမလားဆိုတာ မကြည့်တတ်ကြဘူး။ ဒီလူမှားတယ် ငါမှန်တယ်ဆို ဒီလူဘာဖြစ်ဖြစ် တိုင်မယ်တောမယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့။ ကျောင်းတက်တုန်းက အတန်းထဲကစလုံးကောင်မလေးတစ်ယောက်က Lecturer စာသင်မကောင်းလို့ဆိုပြီး ပြောင်းပေးဖို့ ကျောင်းကို Complain တက်ဖူးတယ်။ ကန်ဒီတို့နောက်တတန်းတက်တော့ အဲ့ဒီဆရာ အလုပ်ပြုတ်သွားတယ် ထင်တယ်။ စိတ်ထဲ လုံးဝမကောင်းဘူး... အဲ့လိုမျိုးတွေပေါ့။ Please Please Please... ကလေးတွေကို အဲ့လိုပုံစံလေးတွေ မဖြစ်အောင်တော့ ထိန်းသိမ်းကြစေချင်တယ်။ ကန်ဒီကိုက ပို နေတာလည်း ဖြစ်နိုင်ပါတယ်။ ပိုတယ်ဆိုလည်း ကိုယ့်ယဉ်ကျေးမှုမပျောက်စေချင်တဲ့ စေတနာနဲ့မို့ နားလည်ပေးပါ =.='

ညှပ်ပြီး... (ဘာမှလည်း မထူးဘူး >.<)

၁လက်မခွဲလောက် တိုပြီး အပေါ်တွေ နည်းနည်းပါးလိုက်တယ် (တိုတိုလေး ညှပ်ပါဘူး နှမြောစရာ :D)။ ဒါနဲ့ မျက်နှာကအဖုတွေ နည်းနည်းသက်သာသွားပြီ သိလား... အမာရွတ်တွေတော့ အများကြီးကျန်သေးတယ် (ကန်ဒီဖွင့်ထားတဲ့ စာကြည့်မီးကြောင့် မမြင်ရတာ :D)။ ဘာပြောရမလဲ မသိတော့ဘူး။ Publish လုပ်ပြီးရင် ပေါ်လာလိမ့်မယ်။ အဲ့ဒါ အမြဲဖြစ်နေကြ ဟဟဟ xD

Have a Nice Day.
တာ့တာ^^

Monday, January 7, 2013

အရေးအကြောင်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ


ကန်ဒီ ဒီနေ့ အရေးအကြောင်းနဲ့ပက်သက်ပြီး ဆောင်ရန် ရှောင်ရန်လေးတွေ ဆွေးနွေးမယ်နော်။ အစ်မတစ်ယောက်က ရေးပေးဖို့ Request လုပ်ထားတာ ကြာပြီ။ ခုမှပဲ ရေးဖြစ်တော့တယ်။ ကန်ဒီ့ကိုရေးခိုင်းထားတာတွေကို ကန်ဒီစာအုပ်နဲ့ သေချာမှတ်ထားပါတယ်။ ကိုယ်တိုင်က အပျင်းဆိုတော့ ပိုစ့်တွေက နည်းနည်းတော့ကြာတယ်။ ဒါပေမယ့် ကန်ဒီရေးနိုင်တာမျိုးဆို ရေးဖြစ်အောင် ရေးပေးပါတယ် ^_^

► အရေးအကြောင်းဆိုတာ 


ကန်ဒီတို့ အသားအရေမှာရှိတဲ့ Collagen နဲ့ Elastin တွေဟာ အသားအရေကို တင်းရင်းနုပျိုအောင် လုပ်ဆောင်ပေးတဲ့ အရာတွေပေါ့။ အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီ Collagen တွေ Elastin တွေ ဆုံးရှုံးလာပြီး အရေးအကြောင်းတွေ အသားအရည်တွဲကျတာတွေ ဖြစ်ပေါ်လာရတယ်လေ။ အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး အသားအရေဟာ စတင်အိုမင်းစပြုလာပါပြီတဲ့။ ဒါတွေဟာ ကန်ဒီတို့အသက်ကြီးလာတာနဲ့အမျှ ရှောင်လွှဲလို့မရတဲ့အရာတွေဆိုတာမှန်ပါတယ်။ ဒါပေမယ့် အားလုံးတွေ့ဖူးမှာပေါ့။ ရွယ်တူအချင်းချင်းတောင် တချို့က ပိုအိုသလိုဖြစ်နေတာမျိုးလေ။ အရေးအကြောင်းဖြစ်ပေါ်လာခြင်းကို တားဆီးလို့မရပေမယ့် ပုံမှန်ဖြစ်ပေါ်နှုန်းထက် ပိုမြန်မြန်မဖြစ်အောင်တော့ ထိန်းသိမ်းနိုင်တယ်လို့ ကန်ဒီယူဆတယ်။

► အရေးအကြောင်း ဖြစ်ပေါ်ရခြင်းအကြောင်းများ
အသက်ကြီးလို့ အရေးအကြောင်းဖြစ်တာမျိုးကို ခဏထား။ အဲ့လိုမဟုတ်ဘဲ တခြားဘယ်လိုအကြောင်းအရာတွေက အရေးအကြောင်းတွေ ပိုမြန်မြန်ဖြစ်စေလဲဆိုတာ လေ့လာရအောင်နော်...
၁) အရေးအကြောင်းဖြစ်ပေါ်စေတဲ့ အဓိကတရားခံကတော့ ခြောက်သွေ့တဲ့အသားအရေပါ။ ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေမှာ အရေးအကြောင်းဖြစ်ဖို့ ပိုလွယ်ကူတယ်။ ငယ်ရွယ်တုန်းမှာ အဆီပြန်တဲ့အသားအရေ/ပုံမှန်အသားအရေ ပိုင်ဆိုင်ရာကနေ အသက်ကြီးလာမှ ခြောက်သွေ့တဲ့အသားအရေကို ပြောင်းလဲသွားတာတွေလည်း ရှိတယ်။ 
၂) နေရောင်နဲ့ ထိတွေ့မှုများခြင်းကြောင့်လည်း အိုမင်းရင့်ရော်မှုနှုန်းကို မြန်ဆန်စေတယ်။ အရေးအကြောင်းဖြစ်ပေါ်ရတဲ့ ၉၀ ရာခိုင်နှုန်းဟာ နေရောင်ကြောင့်ပါတဲ့။
၃) စီးကရက်မှာပါဝင်တဲ့ Chemical တွေဟာ သဘာဝ Collagen နဲ့ Elastin တွေကို ပျက်စီးစေပြီး ၄၀ ရာခိုင်နှုန်းလောက် အသားအရေကို ပါးလွှာစေပါတယ်။
၎) တချို့ဆေးဝါးတွေနဲ့ Thyroid တို့ ဆီးချိုတို့လို ရောဂါတွေဟာလည်း အသားအရေကို ခြောက်သွေ့စေပါတယ်။

► ဆောင်ရန်၊ ရှောင်ရန်
ဘာကြောင့်ဖြစ်လဲဆိုတာ သိပြီဆိုရင် ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတာ ဆက်ပြောပြမယ်နော်...
၁) အသားအရေကို အစိုဓာတ်ထိန်းပါ။ Moisturizer ပုံမှန်လိမ်းပါ။ 
၂) အငံ လျော့စားပါ။ အငံလျော့စားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရေဓာတ်ဆုံးရှုံးမှုကို ကာကွယ်ပေးပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေပါတယ်။
၃) ငါးကြီးဆီ စားပါ။ ငါးကြီးဆီမှာ ပါဝင်တဲ့ Omega 3 ဟာ အသားအရေအတွက်တင်မကဘဲ နှလုံးအတွက်ပါ အထူးသင့်တော်တယ်လေ။ ငါးကြီးဆီမစားချင်ရင် ပင်လယ်ငါးတွေ စားပေးပေါ့။ Salmon လို ငါးမျိုးတွေမှာလည်း Omega 3 ပါတယ်။
၎) ရေများများသောက်ပါ။ အစားအသောက်ဆင်ခြင်ပါ။ Antioxidant များများပါတဲ့ အသီးအနှံတို့ ဟင်းသီးဟင်းရွက်တို့ ပိုစားပါ။ အရက်နဲ့ ဆေးလိပ်ကို ရှောင်ပါ။
၅) အနည်းဆုံး SPF 30 လောက်ပါဝင်တဲ့ Sunscreen လိမ်းပါ။ နေပူထဲထွက်မယ်ဆို နေကာမျက်မှန်တပ်ပါ။
၆) တနေ့ ၈ နာရီ ပုံမှန်အိပ်ပါ။ အိပ်ရေး၀၀အိပ်ပါ။ ဘေးစောင်းအိပ်ခြင်းဟာလည်း အသားအရေကို လျော့တွဲလွယ်စေပါတယ်တဲ့။
၇) စိတ်ဖိစီးမှုကို လျော့ချပါ။ အားကစားလုပ်ခြင်း တရားထိုင်ခြင်းနဲ့ အသက်၀၀ရှုခြင်းဟာ စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။
၈) Anti-wrinkle cream တွေဟာ Collagen ထုတ်လုပ်မှုကို လှုံ့ဆော်ပေးနိုင်တဲ့အတွက် အသားအရေကို ပိုတင်းရင်းနုပျိုစေတယ်။ မျက်နှာမှာဆို ပထမဆုံးပေါ်တတ်တာ မျက်လုံးနားက အရေးအကြောင်းတွေပေါ့။ အဲ့ဒါတွေကို Anti-wrinkles eye cream တွေနဲ့ ကာကွယ်နိုင်ပါတယ်။

► Product recommendation
ဟိုတလောက Expo မှာ L'oreal ဈေးချတုန်းက ၀ယ်ထားမိတဲ့ Eye cream လေး သုံးကြည့်တာ မဆိုးဘူး။ မျက်လုံးတ၀ိုက်မှာ အရင်ထက် ပိုတင်းတင်းလေးဖြစ်လာသလို ခံစားရတယ်။ တခြား Eye cream တွေ မသုံးဖူးတော့ ဘယ်ဟာကောင်းလဲ မပြောပြတတ်ဘူး။ ခုသုံးနေတာလေးကို ကြိုက်လို့ ပြောပြတာပါ :D

L'oreal Youth Code Rejuvenating Anti-wrinkle Eye Cream

သြော်... မေ့တော့မလို့။ ကန်ဒီကြားဖူးတာ စိတ်ပျိုမှ ကိုယ်နုတာတဲ့။ အဲ့တော့ စိတ်ကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးနဲ့ သူတပါးအပေါ် စိတ်ကောင်းထားပေါ့။ အဲ့ဒါဆို ရုပ်လေးလည်း လိုက်ပြီး နုနေမှာ သေချာတယ် ^_^

Stay smile :)

Thursday, January 3, 2013

နှစ်သစ်ဆီသို့^^


အားလုံးပဲ နှစ်သစ်မင်္ဂလာပါနော် ^_^

ဘယ်လိုလဲ?? New Year's eve မှာ ဘာတွေလုပ်ဖြစ်ကြလဲ?? အဆင်ပြေတယ်ဟုတ်?? အဲ့နေ့က စင်္ကာပူမှာ တနေ့လုံး မိုးရွာပြီး ည၁၂နာရီထိုးခါနီးလောက်ကျမှ နည်းနည်းစဲသွားတယ်။ တော်သေးတာပေါ့... ကန်ဒီတို့က အခန်းယူပြီး Hot Pot လုပ်ကြလို့။ အခန်းမယူဘဲ Barbeque Pit ပဲ ယူထားတာဆို သွားပြီ။ မိုးရွာထဲ ဘယ်လိုလုပ်လို့ လုပ်ရမှန်း သိမှာမဟုတ်ဘူး။ ကန်ဒီက ညနေစောင်းလောက်ကတည်းက Hot Pot လုပ်တဲ့ အစ်မအိမ်မှာ သွားကူနေတာလေ။ ပြီးမှ East Coast ကို တူတူသွားကြတာ။ မိုးတွေကရွာနေတော့ ဓာတ်ပုံလည်း မရိုက်ရပါဘူး။ ညဘက်ရောက်တော့လည်း ကန်ဒီ့ကင်မရာက Flash မကောင်းတော့ အဆင်မပြေဘူး။


အဲ့အခန်းကို ငှားတာ မိန်းကလေးတွေအိပ်ဖို့တဲ့။ ယောက်ျားလေးတွေက မအိပ်ဘူးဆိုပဲ။ တကယ်တမ်းလည်းကျရော သူတို့ထဲက တချို့က မူးပြီးမထနိုင်တော့ မိန်းကလေးတွေက အပြင်မှာ Tent ထိုးအိပ်ရတယ်(>.<)။ တော်သေးတာပေါ့ Tent သုံးခုပါလာလို့... နို့မို့ဆို ဒုက္ခ။ ပျော်ဖို့လာတာ အဲ့လောက်သောက်စရာလား ဟွင်းးးး(=.=')။ ကန်ဒီက မူးတဲ့လူတွေတော့ ကြောက်တတ်တယ်(:P)။ ၃နာရီလောက်ကတည်းက စအိပ်တာ အိပ်မပျော်ဘူး။ မနက် ၅နာရီလောက်မှ မှေးကနဲ အိပ်ပျော်သွားတာ ၇နာရီလောက်ပြန်နိုးတယ်။ နိုးတာနဲ့ ကမန်းကတန်း မျက်နှာသစ်ပြီး နေထွက်ချိန်လေးအမှီ ဓာတ်ပုံရိုက်တယ်။ မှတ်ချက်- စင်္ကာပူတွင် နေ၀င်နေထွက် နောက်ကျသည် :)

Hello my morning sunshine^^


မနက်စာအဲ့မှာစား ခဏနေပြီး နေ့လည်လောက်ရောက်တော့ ကန်ဒီ့သူငယ်ချင်း ကားကြုံနဲ့ ပြန်လိုက်လာတယ်။ သူတို့က Yeo's Building က ဓာတ်တော်တိုက် နှစ်သစ်ကူးပွဲတော်သွားမယ် လိုက်ခဲ့ဆိုတာနဲ့ အဲ့ကိုပါသွားတယ်။ အဲ့ဒီကနေဆို ကန်ဒီ့အိမ်ကို ဘတ်စ်ကားစီးပြန်လို့ ရတယ်လေ။ အဲ့မှာ ဈေးပွဲတော်ရှိတယ်။ လက်မှတ်က S$3... လက်မှတ်တွေဝယ်ပြီး မုန့်လိုက်စားလို့ရတယ်။ စတိတ်ရှိုးလည်းရှိတယ်။ အိပ်ရေးမ၀လို့ မကြည့်ဘဲ ပြန်လာတာ :D


အစ်မတစ်ယောက်က... "မျက်နှာမှာအဖုတွေ ဖြစ်နေတယ်ဆို... အဲ့လောက်လည်း မဆိုးပါဘူး"တဲ့။ သူအဲ့လိုပြောတော့ စိတ်ထဲကြိတ်ပြီး ၀မ်းသာတယ် ဟတ်ဟတ်(xD)။ ဟုတ်တယ်လေ... ကန်ဒီ့နေရာက စဉ်းစားကြည့်... လူငါးယောက်တွေ့ရင် လေးယောက်လောက်က မျက်နှာက ဘယ်လိုတွေဖြစ်တာလဲ.. ဘာညာ ဘာညာ ဗလာ ဗလာ လုပ်တော့ လူကစိတ်ဓာတ်ကျပြီးရင်း ကျနေတာ။ သူကအဲ့လိုပြောတော့ အားနည်းနည်းရှိသွားတယ် :D

ဟိုနေ့က Myanmar Celebrity မှာ တင်တဲ့ အကယ်ဒမီပေးပွဲ အကျဉ်းချုံးလေး ကြည့်လိုက်တယ်။ ကန်ဒီက ဘယ်သူတွေရတယ် ဆိုတာထက် သူတို့ပွဲတက်တဲ့ ဖက်ရှင်ကို ပိုစိတ်ဝင်စားတယ် (:P)။ သက်မွန်မြင့်နဲ့ မိုးယုစံဝတ်ထားတာလေး အရမ်းလှတာပဲ။ အထူးသဖြင့် သက်မွန်မြင့်ဝတ်ထားတာလေးက နန်းဆန်ပြီး အရမ်းယဉ်တယ်။ ဖွေးဖွေးနဲ့ ၀တ်မှုန်ရွှေရည်က မိတ်ကပ်တွေ အရမ်းများနေတယ်(>.<)။ မောစ့် အကယ်ဒမီရတာ အရမ်းပျော်တာပဲ။ သူက ကန်ဒီအရမ်းကြိုက်တဲ့ ဟာသသရုပ်ဆောင်(:D)။ ဒါနဲ့ ကန်ဒီ စိုင်းစိုင်းရဲ့ "ဒိတ်ဒိတ်ကြဲ" နားထောင်ပြီးပြီ။ ရည်းစားစာနဲ့ ၀ိဥာဉ်ဖက် နှစ်ပုဒ်ကြိုက်တယ်။ သူ့စီဒီပရိုမိုးရှင်းပွဲလည်း ကြည့်လိုက်ရတယ်။ တော်တော်ဆိုးတာပဲ... လူတွေက နည်းတာမဟုတ်ဘူး။ Management အရမ်းညံ့တယ်။ ရန်ပွဲဖြစ်မှာတောင် ကြောက်ရတယ်။ ဘာလို့ တန်းစီတဲ့စနစ်ကို မသုံးတာလဲ နားမလည်ဘူး။ ဒီမှာတော့ အိမ်သာတက်ရင်တောင် တန်းစီရတယ် >.<

သူငယ်ချင်းတစ်ယောက်နဲ့ Chat ရင်း...
Friend: လူတွေနဲ့ မပေါင်းချင်ဘူး။ ကိုယ်ကမှ မကောင်းတာ... ဘယ်သူ့ကိုမှ အကောင်းမမြင်ဘူး။
Candy: >.<
Friend: ခဏတာအတွက်တော့ အဆင်ပြေမှာပါ။ ကြာရင် စိတ်ဓာတ်တွေ သိလာလိမ့်မယ်။ အဲ့အခါ ရှောင်သွားပေါ့။
Candy: !_! :(
Friend: လမ်းခွဲတာ ၀မ်းနည်းစရာမှ မဟုတ်တာ...
Candy: ဟင့် :(

ရုတ်တရက်ကြီးအဲ့လိုပြောတော့ ၀မ်းနည်းသွားသလိုပဲ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ သူပြောတာ အရမ်းမှန်တယ်။ လူတိုင်းလူတိုင်း(ကန်ဒီအပါအ၀င်) ကိုယ့်စိတ်နဲ့ အံမ၀င်တော့ရင် ရှောင်သွားကြမှာပဲ။ ဒါသဘာဝပဲမလား??? လူမှန်ရင် အတ္တဆိုတာ အနည်းနဲ့အများရှိကြတယ်။ ကိုယ့်အပေါ်မကောင်းတော့တဲ့အချိန်ကျရင် ရှောင်သွားကြမှာ ဓမ္မတာပဲနော်။ တခါတလေ အရမ်းမှန်တဲ့စကားတွေက နားထဲကန့်လန့်ဝင်တတ်တယ်။ ဒါပေမယ့် ဒါကို လက်ခံနိုင်ဖို့လည်း အရေးကြီးသေးတယ် ^_^

Please don't forget me :)

မနေ့က(ဗုဒ္ဓဟူးနေ့) အိမ်ကအန်တီ ထူးကြီးဆရာတော်ကို Clementi ကျောင်းမှာ နေ့ဆွမ်းကပ်တယ်။ သူ့ကိုလိုက်ကူရင်း ဘုန်းကြီးကျောင်းရောက်တုန်း နည်းနည်းလှူခဲ့သေးတယ်။ ဓာတ်ပုံမရိုက်တာကြာတော့ မေ့သွားမှာစိုးလို့ တစ်ပုံရိုက်ခဲ့တယ်(^_^)။ ဒီရက်ပိုင်း အဲ့လို အဲ့လိုတွေ ရှုပ်နေလို့ ဘလော့ဂ်မလည်နိုင်တာနော်... မောင်နှမတွေကို မေ့နေလို့ မဟုတ်ပါဘူး :D :D (သူတို့ဆီမလာလို့ စိတ်ဆိုးမှာစိုးလို့ Excuse ပေးတာ... ရှူးးးတိုးတိုး :P)

တာ့တာ Mwah^^