Thursday, January 3, 2013

နှစ်သစ်ဆီသို့^^


အားလုံးပဲ နှစ်သစ်မင်္ဂလာပါနော် ^_^

ဘယ်လိုလဲ?? New Year's eve မှာ ဘာတွေလုပ်ဖြစ်ကြလဲ?? အဆင်ပြေတယ်ဟုတ်?? အဲ့နေ့က စင်္ကာပူမှာ တနေ့လုံး မိုးရွာပြီး ည၁၂နာရီထိုးခါနီးလောက်ကျမှ နည်းနည်းစဲသွားတယ်။ တော်သေးတာပေါ့... ကန်ဒီတို့က အခန်းယူပြီး Hot Pot လုပ်ကြလို့။ အခန်းမယူဘဲ Barbeque Pit ပဲ ယူထားတာဆို သွားပြီ။ မိုးရွာထဲ ဘယ်လိုလုပ်လို့ လုပ်ရမှန်း သိမှာမဟုတ်ဘူး။ ကန်ဒီက ညနေစောင်းလောက်ကတည်းက Hot Pot လုပ်တဲ့ အစ်မအိမ်မှာ သွားကူနေတာလေ။ ပြီးမှ East Coast ကို တူတူသွားကြတာ။ မိုးတွေကရွာနေတော့ ဓာတ်ပုံလည်း မရိုက်ရပါဘူး။ ညဘက်ရောက်တော့လည်း ကန်ဒီ့ကင်မရာက Flash မကောင်းတော့ အဆင်မပြေဘူး။


အဲ့အခန်းကို ငှားတာ မိန်းကလေးတွေအိပ်ဖို့တဲ့။ ယောက်ျားလေးတွေက မအိပ်ဘူးဆိုပဲ။ တကယ်တမ်းလည်းကျရော သူတို့ထဲက တချို့က မူးပြီးမထနိုင်တော့ မိန်းကလေးတွေက အပြင်မှာ Tent ထိုးအိပ်ရတယ်(>.<)။ တော်သေးတာပေါ့ Tent သုံးခုပါလာလို့... နို့မို့ဆို ဒုက္ခ။ ပျော်ဖို့လာတာ အဲ့လောက်သောက်စရာလား ဟွင်းးးး(=.=')။ ကန်ဒီက မူးတဲ့လူတွေတော့ ကြောက်တတ်တယ်(:P)။ ၃နာရီလောက်ကတည်းက စအိပ်တာ အိပ်မပျော်ဘူး။ မနက် ၅နာရီလောက်မှ မှေးကနဲ အိပ်ပျော်သွားတာ ၇နာရီလောက်ပြန်နိုးတယ်။ နိုးတာနဲ့ ကမန်းကတန်း မျက်နှာသစ်ပြီး နေထွက်ချိန်လေးအမှီ ဓာတ်ပုံရိုက်တယ်။ မှတ်ချက်- စင်္ကာပူတွင် နေ၀င်နေထွက် နောက်ကျသည် :)

Hello my morning sunshine^^


မနက်စာအဲ့မှာစား ခဏနေပြီး နေ့လည်လောက်ရောက်တော့ ကန်ဒီ့သူငယ်ချင်း ကားကြုံနဲ့ ပြန်လိုက်လာတယ်။ သူတို့က Yeo's Building က ဓာတ်တော်တိုက် နှစ်သစ်ကူးပွဲတော်သွားမယ် လိုက်ခဲ့ဆိုတာနဲ့ အဲ့ကိုပါသွားတယ်။ အဲ့ဒီကနေဆို ကန်ဒီ့အိမ်ကို ဘတ်စ်ကားစီးပြန်လို့ ရတယ်လေ။ အဲ့မှာ ဈေးပွဲတော်ရှိတယ်။ လက်မှတ်က S$3... လက်မှတ်တွေဝယ်ပြီး မုန့်လိုက်စားလို့ရတယ်။ စတိတ်ရှိုးလည်းရှိတယ်။ အိပ်ရေးမ၀လို့ မကြည့်ဘဲ ပြန်လာတာ :D


အစ်မတစ်ယောက်က... "မျက်နှာမှာအဖုတွေ ဖြစ်နေတယ်ဆို... အဲ့လောက်လည်း မဆိုးပါဘူး"တဲ့။ သူအဲ့လိုပြောတော့ စိတ်ထဲကြိတ်ပြီး ၀မ်းသာတယ် ဟတ်ဟတ်(xD)။ ဟုတ်တယ်လေ... ကန်ဒီ့နေရာက စဉ်းစားကြည့်... လူငါးယောက်တွေ့ရင် လေးယောက်လောက်က မျက်နှာက ဘယ်လိုတွေဖြစ်တာလဲ.. ဘာညာ ဘာညာ ဗလာ ဗလာ လုပ်တော့ လူကစိတ်ဓာတ်ကျပြီးရင်း ကျနေတာ။ သူကအဲ့လိုပြောတော့ အားနည်းနည်းရှိသွားတယ် :D

ဟိုနေ့က Myanmar Celebrity မှာ တင်တဲ့ အကယ်ဒမီပေးပွဲ အကျဉ်းချုံးလေး ကြည့်လိုက်တယ်။ ကန်ဒီက ဘယ်သူတွေရတယ် ဆိုတာထက် သူတို့ပွဲတက်တဲ့ ဖက်ရှင်ကို ပိုစိတ်ဝင်စားတယ် (:P)။ သက်မွန်မြင့်နဲ့ မိုးယုစံဝတ်ထားတာလေး အရမ်းလှတာပဲ။ အထူးသဖြင့် သက်မွန်မြင့်ဝတ်ထားတာလေးက နန်းဆန်ပြီး အရမ်းယဉ်တယ်။ ဖွေးဖွေးနဲ့ ၀တ်မှုန်ရွှေရည်က မိတ်ကပ်တွေ အရမ်းများနေတယ်(>.<)။ မောစ့် အကယ်ဒမီရတာ အရမ်းပျော်တာပဲ။ သူက ကန်ဒီအရမ်းကြိုက်တဲ့ ဟာသသရုပ်ဆောင်(:D)။ ဒါနဲ့ ကန်ဒီ စိုင်းစိုင်းရဲ့ "ဒိတ်ဒိတ်ကြဲ" နားထောင်ပြီးပြီ။ ရည်းစားစာနဲ့ ၀ိဥာဉ်ဖက် နှစ်ပုဒ်ကြိုက်တယ်။ သူ့စီဒီပရိုမိုးရှင်းပွဲလည်း ကြည့်လိုက်ရတယ်။ တော်တော်ဆိုးတာပဲ... လူတွေက နည်းတာမဟုတ်ဘူး။ Management အရမ်းညံ့တယ်။ ရန်ပွဲဖြစ်မှာတောင် ကြောက်ရတယ်။ ဘာလို့ တန်းစီတဲ့စနစ်ကို မသုံးတာလဲ နားမလည်ဘူး။ ဒီမှာတော့ အိမ်သာတက်ရင်တောင် တန်းစီရတယ် >.<

သူငယ်ချင်းတစ်ယောက်နဲ့ Chat ရင်း...
Friend: လူတွေနဲ့ မပေါင်းချင်ဘူး။ ကိုယ်ကမှ မကောင်းတာ... ဘယ်သူ့ကိုမှ အကောင်းမမြင်ဘူး။
Candy: >.<
Friend: ခဏတာအတွက်တော့ အဆင်ပြေမှာပါ။ ကြာရင် စိတ်ဓာတ်တွေ သိလာလိမ့်မယ်။ အဲ့အခါ ရှောင်သွားပေါ့။
Candy: !_! :(
Friend: လမ်းခွဲတာ ၀မ်းနည်းစရာမှ မဟုတ်တာ...
Candy: ဟင့် :(

ရုတ်တရက်ကြီးအဲ့လိုပြောတော့ ၀မ်းနည်းသွားသလိုပဲ။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ သူပြောတာ အရမ်းမှန်တယ်။ လူတိုင်းလူတိုင်း(ကန်ဒီအပါအ၀င်) ကိုယ့်စိတ်နဲ့ အံမ၀င်တော့ရင် ရှောင်သွားကြမှာပဲ။ ဒါသဘာဝပဲမလား??? လူမှန်ရင် အတ္တဆိုတာ အနည်းနဲ့အများရှိကြတယ်။ ကိုယ့်အပေါ်မကောင်းတော့တဲ့အချိန်ကျရင် ရှောင်သွားကြမှာ ဓမ္မတာပဲနော်။ တခါတလေ အရမ်းမှန်တဲ့စကားတွေက နားထဲကန့်လန့်ဝင်တတ်တယ်။ ဒါပေမယ့် ဒါကို လက်ခံနိုင်ဖို့လည်း အရေးကြီးသေးတယ် ^_^

Please don't forget me :)

မနေ့က(ဗုဒ္ဓဟူးနေ့) အိမ်ကအန်တီ ထူးကြီးဆရာတော်ကို Clementi ကျောင်းမှာ နေ့ဆွမ်းကပ်တယ်။ သူ့ကိုလိုက်ကူရင်း ဘုန်းကြီးကျောင်းရောက်တုန်း နည်းနည်းလှူခဲ့သေးတယ်။ ဓာတ်ပုံမရိုက်တာကြာတော့ မေ့သွားမှာစိုးလို့ တစ်ပုံရိုက်ခဲ့တယ်(^_^)။ ဒီရက်ပိုင်း အဲ့လို အဲ့လိုတွေ ရှုပ်နေလို့ ဘလော့ဂ်မလည်နိုင်တာနော်... မောင်နှမတွေကို မေ့နေလို့ မဟုတ်ပါဘူး :D :D (သူတို့ဆီမလာလို့ စိတ်ဆိုးမှာစိုးလို့ Excuse ပေးတာ... ရှူးးးတိုးတိုး :P)

တာ့တာ Mwah^^

17 comments:

Anonymous said...

happy new year ပါ မမကန်ဒီ

Candy said...

Happy New Year ညီမလေး :D

PURPLE VINE said...

ဝတ်စုံလေးနဲ့ ကန်ဒီနဲ့က အရမ်းလိုက်တာပဲ။ အမလည်း နယူးရီးယားညက East Coast မှာပဲကွ။ မတွေ့လိုက်ရတာ နာတာပဲ Happy New Year ပါ ကန်ဒီ။

Sweety Snow said...

note2 ထင်တယ်. အဲဒါစိတ်ဝင်စားတယ်. ကြီးတော့ စာဖတ်ရတာ မျက်မှန်သမားတွေအတွက်ကောင်းတယ်လေ. note2 ပြောင်းကိုင်ချင်နေတာ >.<

ဟန်ကြည် said...

အရမ်းမှန်တဲ့ စကားတွေကို နားထဲမှာ ကန့်လန့်အဖြစ်မခံစမ်းပါနဲ့ ဒေါ်ချိုချဉ်ရယ်...သူ့ဖာသာ ရမ်းတုတ်လို့ ကိုယ့်လာမှန်တာများ အေးဆေးပေါ့...

တကယ်မှန်တဲ့စကားကိုပဲ အရေးစိုက်သင့်သပ...ဟုတ်ဖူးလားဗျာ...

ကိုင်း ကောင်းသော နှစ်သစ်ဖြစ်ပါစေဗျား...

Yadanar said...

happy new yearပါမမ..လှတယ်မမက..:)

ကိုကိုမောင်(ပန်းရနံ့) said...

ဘယ်မှာလဲ မျက်နှာမှာ အဖုရှိတယ်ဆိုတာ။
ရှိပါဘူး။ ပိုတောင်ကြည့်ကောင်းလာသေး။
ဘာမှ စိတ်ဓါတ်ကျမနေနဲ့ ပိစိ။
မျက်စိအမြင်သိပ်မကောင်းတဲ့ သူတွေကသာ ပိစိမျက်နှာမှာ အဖုတွေ ရှိနေတယ်လို့ ပြောကြတာ။

အင်းးး ဒါနဲ့..
အဘမျက်မှန် ဘယ်ရောက်သွားပါလိမ့်နော်။း)

ကူးကူးလှိုင် said...

ကန်ဒီရေ နဲနဲဝလာသလားလို့ ဒါပေမဲ့ ပိုကြည့်ကောင်းလာတယ်သိလား. ကွန်မန့်တွေ ဖတ်ပြီး ပြုံးရတယ်းး)))

အလွမ်းမြို့ said...

ညလေး ကန်ဒီရေ

မကြီးလွမ်းကတော့ ပုံလေးလာကြည့်လိုက်
စာလေးဖတ်လိုက်
မသိတာတွေ မှတ်လိုက်
နောက်ဆုံးတော့ ပြုံးပြီးပြန်သွားတယ်။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ ညလေးရေ

ချစ်တဲ့
မကြီးလွမ်း

Candy said...

@ဦးဟန်ကြည် NOOOO NOOO!!! တလွဲမတွေးပါနဲ့နော်.. ကန်ဒီက သူပြောတာကို မကြိုက်လို့ စိတ်ဆိုးလို့ စာထဲထည့်ရေးတာ မဟုတ်ပါဘူး။ အရမ်းသဘောကျလွန်းလို့ ထည့်ရေးထားတာပါ။ သူကလည်း ကန်ဒီအရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ပါ :)

@မမကူးကူးလှိုင် ဟုတ်တယ် ၀လာတယ် ဟင့် :(

@ရတနာ ကျေးဇူး :D :D

@တဂျင်းမီး ဂါးးးးးးးးးးး ဟွင်းးးးးးးး :P

Nwai La said...

ဟတ်ပီးနယူးရီးယားမှာ ပျော်ခဲ့တယ် ဟုတ်
နှစ်သစ်မှာ ပျော်ရွှင်ပါစေ မရေ
ဝမ်းသာအောင် ပျော်ရဦးမယ်
အောက်ဆုံးပုံ ယဉ်ယဉ်လေးနဲ့ မိုက်တယ်

Mamaeiei said...

Happy New Year Candy !
Wish for you all the best to get the job offer with
good benefit and high pay as soonest as also.
Good thing will come slowly,
so take care yourself and your sweet face ;)
By the way , your phone cover is exactly same as mine .

ဘုန်း ၂ တောက် said...

အိမ်သာတက်တာကအစ တန်းစီရတဲ့စနစ်ကို သိပ်...သဘောကျတယ်။ (ဖဘမှာ ဓာတ်ပုံကို ကြည့်ပြီး ရန်ကုန်ကအိမ် ထင်တယ်လို့ မှန်းပြောတာ Completely Wrong သွားတယ်။ နည်းနည်းတော့ ရှက်သည် ဟဟ)

ဒေးကာနယ်လ်ဂျီပြောတဲ့စကားကို သွားအမှတ်ရတယ်။ လမ်းမှာ စုံတွဲနှစ်တွဲဆုံလာရင် အမျိုးသမီးအချင်းချင်းက ဘယ်သူက ဘယ်လို ၀တ်စားထားတယ်ဆိုတာကို ကြည့်တတ်ကြတယ်တဲ့။

အလင်းသစ် said...

နှစ်သစ်မှာ လွှတ်ပျော်ရွှင်ရပါစေ ညီမလေးရေ... :P

Candy said...

မမအိအိ ကိုအလင်းသစ် Thanks for your wish ^_^

Thu said...

နယူးရီးယားကျောင်းပိတ်ရက်မှာဆက်သွယ်မှုဧရိယာပြင်ပရောက်နေလို့ ဘလော့ဂ်တွေတောင်လိုက်မလည်တာကြာပေါ့။
Happy New Year!!
ညီမလေးကန်ဒီကဘယ်ချိန်ကြည့်ကြည့်လှနေတာပဲကို..:P

ညီလင်းနိုင် said...

နှစ်သစ်မှာ စိတ်သစ် လူသစ် အတွေးသစ်တွေနဲ့

စာအသစ် ဓာတ်ပုံအသစ်တွေ အများကြီး ဆက်ရေးနိုင်

တင်နိုင်ပါစေ THE ကြားလုံးရေ .....