Thursday, January 24, 2013

ခြေတံသွယ်သွယ် ထင်ရအောင်

အမှန်အတိုင်းပြောရရင် ဒါလုံးဝမရည်ရွယ်ထားတဲ့ပိုစ့်။ ပြီးခဲ့တဲ့ စနေ့၊ တနင်္ဂနွေက မိုးတွေအရမ်းရွာတယ်လေ။ အဲ့ဒါနဲ့ အပြင်လည်းမသွားဖြစ်ဘူး။ အိမ်မှာပျင်းပျင်းရှိတာနဲ့ ဟိုတလောကမှ ၀ယ်ထားမိပြီး ဘယ်လိုဝတ်ရမလဲမသိလို့ မ၀တ်ဖြစ်သေးတဲ့ High waisted short ကိုထုတ်... ရှိတဲ့အကျီလေးတွေနဲ့ စမ်းဝတ်ကြည့်ရင်း ကိုယ့်ဟာကိုယ်ဓာတ်ပုံရိုက်ဖြစ်တယ် (၀ါသနာကိုတားမရတာ မောင်သိသားကွယ်... <<< သီချင်း)။ အားလုံးရိုက်ပြီး အပျင်းလည်းပြေပြီဆိုတော့မှ ဓာတ်ပုံတွေ ကွန်ပျူတာထဲထည့်ကြည့်တော့... OMG!! ကန်ဒီခြေထောက်က ဘယ်လိုဖြစ်လို့ ဒီလောက်ရှည်သွားတာလဲဆိုပြီး အဖြေရှာရင်းးးးးးး..................... ဒီပိုစ့်ဖြစ်ပေါ်လာပါတယ် ^_^ (အစချီရတာ မောထှာ :P)

ခေါင်းမပါလည်း ဖြစ်ပါတယ်နော် ^_~

ခြေတံသွယ်သလိုလို ဖြစ်နေစေတဲ့ အကြောင်းရင်း (၃)ခုကတော့....

၁) ခါးထိတက်ဝတ်ရသော ဘောင်းဘီများ
ကန်ဒီတို့မှာရှိတဲ့ ဘောင်းဘီတော်တော်များများက ချက်အောက်နားက စ၀တ်ကြရတယ်နော်။ ပြီးရင်လည်း အပေါ်အကျီနဲ့ ဖုံးလိုက်ကြတာဆိုတော့ ပေါင်းရင်းတွေ၊ ခါးတွေက သိပ်မပေါ်ဘဲ ပျောက်နေတတ်တယ်။ ဒီနောက်ပိုင်း ခေတ်စားလာတာက ခါးထိတက်ဝတ်ရတဲ့ဘောင်းဘီတွေ... အဲ့လိုမျိုးဘောင်းဘီတွေဝတ်ရင် များသောအားဖြင့် အပေါ်အကျီကို ဘောင်းဘီထဲ ထည့်ဝတ်တတ်ကြတယ်လေ။ ဒါမှလည်း ဘောင်းဘီစတိုင်လ် ပေါ်မှာကိုး... ဟုတ်တယ်ဟုတ်။ အဲ့ဒါမျိုး ဘောင်းဘီတွေက ပေါင်တံကို ပိုပေါ်လွင်စေတယ်။

၂) ဘောင်းဘီတို အနားဒီဇိုင်း
ပေါင်တံပေါ်လွင်ဖို့ဆို ဘောင်းဘီတိုရဲ့ အနားဒီဇိုင်းကလည်း အရမ်းအရေးပါတယ်။ ကန်ဒီဝတ်ပြထားတဲ့ ဘောင်းဘီကိုပဲ ကြည့်လေ... ပေါင်အတွင်းဘက်ခြမ်းအရှည်နဲ့ ပေါင်အပြင်ဘက်ခြမ်းအရှည်မတူဘူး။ အတွင်းဘက်ပိုင်းကပိုရှည်ပြီး အပြင်ဘက်ပိုင်းရောက်တော့ တိုသွားတယ်။ အနားနေရာက အဲ့လို "V-Shape" မဟုတ်ဘဲ တည့်တည့်ကြီးဆို ပေါင်တံကို အဲ့လောက်သိသာစေမှာ မဟုတ်ဘူး။

၃) ဒေါက်မြင့်
ဒါကတော့ ကန်ဒီအကြိုက်ဆုံးအချက်။ အပေါ်ကနှစ်ခုမပါရင်နေ... ဒီတစ်ချက်တည်းနဲ့တင် ခြေထောက်အနေအထားနဲ့ ကိုယ်နေဟန်ထားကို အများကြီးပြောင်းလဲနိုင်တယ်။ ဒေါက်မြင့်ဝတ်ထားရင် လူကအရမ်း Smart ဖြစ်တယ်။ ကန်ဒီအရမ်းကြိုက်တယ်။ အမြဲတော့ မစီးနိုင်ဘူး။ လမ်းသိပ်မလျှောက်ရတဲ့နေရာမျိုးသွားရင် စီးဖြစ်တယ်။  အဲ့ဒါပဲကြည့်... မိန်းကလေးတွေများ ဘယ်လောက်တောင်လဲဆိုရင် "လှမှာလားဟင်?? လှမယ်ဆိုရင်လေ နာရင်နာပါစေ ဟတ်ဟတ်" ဆိုတာမျိုး ဟဟဟ xD (ကိုယ့်ဟာကိုယ် ပြောပါတယ် :P)

သူငယ်ချင်းက အပင်ပန်းခံ Photoshop ပေးထားတယ်... Thank you ^_^
လိုရင်းတိုရှင်းပဲနော်...
တာ့တာ :D

9 comments:

ကူးကူးလှိုင် said...

ကန်ဒီတို့က ဘယ်လိုလေးဝတ်ဝတ် လှနေတာပဲနော်...

Candy said...

ကျေးဇူး မမကူးကူး ^_^ အမြဲလာလည်ပြီး အားပေးလို့ ထပ်ဆင့်ကျေးဇူး :D :D

Anonymous said...

မမကလှတယ်နော် မျက်နှာလေးပါထည့်တာမဟုတ်ဘူး>.<

မိုးငွေ့........ said...

ချစ်ချာလေး....

မိုးနတ်ကြယ်စင် said...

ဟယ် နာ့ကန်ကန်လေးက ချစ်ချာရေးဟယ်..
တကယ်က ကန်ကန်လေးက ဘယ်အချိန်ကြည့်ကြည့်
ချစ်စရာကို ကောင်းနေတာပါဟယ်..ခုမှမဟုတ်ပါဘူးးး
(ကန်ကန်ရေ အဲလောက်စွတ်မြှောက်နေရင်
သတိထားတော့နော်..စေတနာနဲ့ သတိပေးတာ) :P
ကတယ်ပြောတာပါ..ကန်ကန်က အရမ်းချစ်ဖို့ကောင်းတယ်...အရမ်းလဲ sweetဖြစ်တယ်
ခုတလော မိုးနတ်လဲ ဒေါက်မြင့်အရမ်းကြိုက်နေတယ်
ဒါပေမဲ့ ကန်ပြောသလို အမြဲမစီးနိုင်ဘူးဟ...:(
အဲဒါဆိုးတယ်...ဒါပေမဲ့လဲ ကြိုက်တာပဲဟာ..:)
ဝါသနာကို လာမတားနဲ့ ရ၀ူးးးးးးးးးး ဇွတ်
ချစ်တဲ့...မိုးနတ်

လရိပ်အိမ် said...

ဒေါက်မြင့် ၁၀တန်းပြီးတော့ စီးတယ်။ ခဏခဏပြုတ်ကျလို့ အဲကစပြီး စီးတော့ဘူး။

မေမြို့မိုး said...

မဒိုးကြီးက ပြောသားပဲ. မကန်ဒီက ပုပုသေးသေးလေးတဲ့..
:D..

အလွမ်းမြို့ said...

ချစ်စရာကောင်းတဲ့ချစ်မလေး ခုလိုလေးဝတ်တော့
ချစ်စရာကောင်းလို မြန်မာဝတ်စုံလေးတွေနဲ့ဆို
ယဉ်ပြီးကျက်သရေရှိတယ်။
ချောတယ်ဆိုတာထက် ချစ်စရာပိုကောင်းတယ်
မကြီးလွမ်းအတွက်...ပုံလေးနဲ့အတူ ပိုစ့်လေး
အားပေးသွားတယ် ကန်ဒီလေးရေ


ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

အိမ်မက်စေရာ said...

ဒါမျိုးလေးတွေ သိပ်ဝတ်ချင်တာပေါ့..ချစ်စရာလေး..ဒီမှာ တော့ နွေရောက်ဖို့တော်တော်လိုသေးတယ် ခုလောလောဆယ်တော့ ကန်ဒီကို ကြည့်ပြီးပဲ အားကျလိုက်တော့မယ်....