ဒီနေ့ လတ်တလောခေါင်းထဲရောက်နေတဲ့ အကြောင်းအရာလေးတစ်ခု ရင်ဖွင့်ဦးမယ်။ ကန်ဒီက သူငယ်ချင်း "ကံ" တော်တော်မကောင်းတာပဲ။ ယောက်ျားလေးသူငယ်ချင်းတချို့(တချို့နော်...)အကြောင်း ပြောပြမယ်။ ပထမဆုံး သူတို့က ကန်ဒီ့ဆီ လုံးဝသူငယ်ချင်းအသွင်နဲ့ ရောက်လာတယ်ကွာ။ နောက်လည်းကျရော သူငယ်ချင်းလိုလို ဘာလိုလိုပုံစံလုပ်လာတယ်။ ပြောချင်တာက ပုံမှန်ထက် ပိုဂရုစိုက်တာတွေ စိုးရိမ်ပေးတာတွေပေါ့။ သူတို့က အဲ့လိုဆိုတော့ ကိုယ်က "သြော်... ငါ့ကိုတော်တော်ခင်တာပဲ"ဆိုပြီး ပျော်လို့... ကန်ဒီ့မှာ ချစ်သူရှိတာလည်း သူတို့သိနေတာဆိုတော့ မရိုးမသားစိတ်နဲ့လို့ မထင်မိဘူးလေ။ ဟွင်းဟွင်း အဲ့ကတည်းက ဘာဖြစ်ချင်တယ်ဆိုတာ သိဖို့ကောင်းတယ်(=.=')။ နောက်ဆုံး မရနိုင်တာလည်း သိရော အဖတ်ကိုမလုပ်ကြတော့ဘူး >.<
ကန်ဒီ့ကို အဲ့လိုပုံစံလုပ်လုပ်သွားတဲ့ သူငယ်ချင်းတော်တော်များနေပြီ။ ခံရပါများတော့ လူက မကျေမနပ်ဖြစ်ချင်လာတယ်။ တကယ်တော့ ကိုယ့်ကိုကိုယ် မကျေနပ်တာပါ။ ကန်ဒီ့ အားနည်းချက်က ဂရုစိုက်ခံချင်တာ... ကိုယ့်ကို တစ်ယောက်ယောက်က ဂရုတစိုက်ရှိနေရင် ပျော်တတ်တာ။ ဒါကလည်း ကန်ဒီငယ်ငယ်တည်းက တခါမှမရလို့ အမြဲတောင့်တနေတဲ့အရာကိုး။ ကန်ဒီ့မိသားစုထဲမှာ ကန်ဒီ့ကို အဲ့လိုမြင်သာထင်သာ ကန်ဒီသိအောင် ဂရုစိုက်တတ်တာ အစ်ကိုအငယ်ပဲရှိတယ်။ မသိရင်တော့ သူကရုပ်တည်ကြီးနဲ့... အဲ့လိုမဟုတ်ဘူး ထင်ရတယ်။ ဒီအရွယ်အထိ လမ်းအတူတူကူးရင်တောင် လက်ဆွဲပေးတုန်း... မျက်နှာအဆီပြန်နေရင် ဆီစုတ်စက္ကူ ထုတ်ပေးတတ်တယ်။ ဟိုတလောက Moisturizer ပေးတာလည်း သူပဲလေ။ ဒီလောက်ဂရုစိုက်တတ်တဲ့ အစ်ကိုက ဘာလို့မိန်းမမရသေးပါလိမ့် ဟဟဟ (ရှူးးတိုးတိုး xD)။
ပြန်ဆက်ရမယ်ဆို အဲ့ဒီအားနည်းချက်ကရှိနေတော့ ကိုယ့်ကိုတော်တော်ခင်တာပဲဆိုပြီး သူတို့ကို စိတ်ထဲနှစ်ပြီး ပြန်ခင်မိတယ်။ နောက်ဆုံး သူတို့ဟာသူတို့ မဖြစ်နိုင်တာသိလို့ လုံးလုံး ပျောက်ကွယ်သွားတဲ့အချိန်ရောက်တော့ ခင်မိတဲ့ကန်ဒီပဲ အမှားပေါ့ ဖူးးး.. (သက်ပြင်းချသံ)။ ပြောရင် ယုံတောင် ယုံပါ့မလား မသိဘူး။ ကန်ဒီ့မှာ သူငယ်ချင်းအရမ်း အရမ်းရှားတယ်။ အွန်လိုင်းပေါ်မှာသိတဲ့ ဘလော့ဂါသူငယ်ချင်းတွေ စာဖတ်သူ သူငယ်ချင်းတွေတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် တကယ့်တကယ် အပြင်လောကမှာ ပြေးကြည့်မယ်ဆို မရှိသလောက်ပဲ။
သူငယ်ချင်းတစ်ယောက်က အဲ့ဒါတွေကို ခေါင်းထဲမထည့်နဲ့... ကိုယ့်ကိုခင်တဲ့ ချစ်တဲ့လူတွေကိုပဲ တန်ဖိုးထားပါတဲ့။ ခေါင်းထဲထည့်တာရယ်တော့ မဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့ လူတစ်ယောက်ကို ဘာလို့များမျှော်လင့်ချက်ကြီးနဲ့ လာချည်းကပ်လဲဆိုတာ နားမလည်တာပါ။ သံယောဇဉ်ဖြစ်အောင် တည်ဆောက်ပြီးမှ ဘာလို့များ ထွက်ပြေးချင်ကြတာလဲ။ ကန်ဒီ့ကို ခင်တဲ့ ချစ်တဲ့ အွန်လိုင်းက သူငယ်ချင်းအားလုံးကိုတော့ ပြောစရာမလိုအောင်ကို တန်ဖိုးထားပြီးသားပါ။ တခါတလေတော့လည်း အဝေးကနေ "နေကောင်းလား" မေးတာထက် နှဖူးပေါ်လက်တင်ပြီး လာစမ်းပေးတာမျိုး တောင့်တမိတာပေါ့... ဟုတ်တယ်မလား?? (အွန်လိုင်းမှာလို လက်တွေ့ဘ၀မှာလည်း သူငယ်ချင်းရှိချင်တယ်လို့ ဆိုလိုတာပါ) I need a Hug **Group Hug**
တော်တော်လေးတဲ့ ဇွန်းနဲ့ခရင်း... ဘယ်ဆိုင်လဲ သိတယ်ဟုတ် xD
ကန်ဒီမနေ့က ပိုစ့်မတင်ဖြစ်လိုက်ဘူးဆိုတော့ ဒီနေ့ စာရှည်ရှည်ရေးမယ်နော်။ အားလုံးသတိထားမိလားတော့ မသိဘူး... ကန်ဒီပိုစ့်တင်တာ နှုန်းရှိတယ်။ ဘယ်နှစ်ရက်တစ်ခါဆိုပြီး ပျှမ်းမျှသတ်မှတ်ထားတဲ့ အပိုင်းအခြားရှိတယ်။ များသောအားဖြင့် အဲ့အတိုင်းတင်တယ်။ အရေးပေါ်ပြောစရာရှိမှ စောတင်တတ်တာ(:D)။ သူများတွေက စာများများရေးပါ... ပိုစ့်လည်း သိပ်မတင်ဘူးတဲ့။ ကန်ဒီပုံမှန်လေးတော့ တင်ပါတယ်။ နေ့တိုင်းတင်နေရင်လည်း ရိုးသွားကြမှာလေ ဟုတ်တယ်ဟုတ်... သိနေတယ်နော် ဟွင်းဟွင်း :P
ကန်ဒီအခု မျက်နှာကအဖုတွေကို ဆေးခန်းပြနေတယ်။ အစကတည်းက ဆေးခန်းပြရင်ကောင်းမလား စဉ်းစားနေတာပါ။ ကန်ဒီ့ညီမရဲ့သူငယ်ချင်းက ပြမယ်ဆိုတော့ ညီမလေးက အဖော်ရှိတာပဲ ပြကြည့်ပါလားဆိုတာနဲ့ ပြဖြစ်သွားတာ။ ကန်ဒီ့မျက်နှာအသားအရည်က ၀က်ခြံပေါက်တတ်တဲ့ အမျိုးအစားထဲမှာပါတယ်။ အမြဲအဖုတစ်ခုမဟုတ် တစ်ခုတော့ရှိတတ်တယ်။ မေးရိုးတလျှောက်နဲ့ မေးစေ့မှာဆို အမြဲရှိတယ်။ အဲ့နားမှာပေါက်တဲ့ ၀က်ခြံတွေက Hormone နဲ့ဆိုင်တယ်။ တခြားနေရာထက်လည်း ပိုနာတယ်။ အဲ့ဒါဆေးခန်းပြတော့ ဆရာဝန်က ဆေးတစ်လသောက်ခိုင်းထားတယ်။ နောက်မျက်နှာသစ်ဆေး၊ Toner နဲ့ လိမ်းဆေးလည်း ပေးလိုက်တယ်။ ဒီအတောအတွင်း တခြားဟာတွေ မလိမ်းဖို့ မှာထားတယ်။ ဒီတလောတော့ မျက်နှာပြောင်ဖြစ်နေမှာ သေချာတယ် (>.<)။ အဲ့ဒါ အခြေအနေကြည့်ပြီး သက်သာရင် အသေးစိတ်ကို ကန်ဒီပိုစ့်တစ်ပုဒ် သီးသန့်ထပ်ရေးပေးမယ်နော်။
No Makeup Candy!!! (ဆံပင်ကလည်း ပွနေသေးတယ် LOL xD)
ရိုက်သာရိုက်ပြရတယ်။ အလင်းကြောင့် အဖုတွေက သိပ်မပေါ်ဘူး။ အပြင်မှာဆိုရင်တော့ နီရဲပြီးသိသာတယ်။ After ကိုတော့ နောက်တစ်လလောက်နေမှ ရိုက်ပြမယ်နော် (သက်သာရင်ပေါ့ >.<)။ ကန်ဒီ့ကို အစ်မတစ်ယောက်ကပြောတယ်။ ကိုယ်က အလှအပနဲ့ပက်သက်တာတွေ ရေးနေပြီး ကိုယ့်မျက်နှာမှာကျ အဲ့လိုတွေဖြစ်နေတယ်တဲ့။ OMG!! အဲ့လိုဖြစ်တာနဲ့ ဒါတွေရေးတာ ဘာဆိုင်လို့လဲ?? တစ်ချို့စကားတွေက မကြားချင်ယောင်ဆောင်တာ ပိုကောင်းတယ်။ Who cares?!?! ဘယ်သူမှတော့ အိပ်ယာနိုးတာနဲ့ ဒီလိုရုပ်ထွက်မလာပါဘူး... ဟုတ်တယ်မလား xP
Have a nice day :D
Candy^^
27 comments:
မမရေယောက်ျားတွေအများစုကဒီလိုပဲသိလား မမမှာအရမ်းကောင်းတဲ့သူငယ်ချင်းမိတ်ဆွေတွေရှိနေတာပဲ အားမငယ်နဲ့နော် fighting မမရဲ့သူငယ်ချင်း( လက်ခံလားတော့မသိဘူး သူငယ်ချင်းလုပ်လိုက်ပြီကွ ဟီးဟီး)
ဟီးးးးး လက်ခံတာပေါ့ သူငယ်ချင်း ငါးဖယ်ဟင်း :P :P
သကြားလုံး တို့ကတော့ လုပ်ပြီး))
ယောင်္ကျားလေး တစ်ယောက်က မိန်းခလေး တစ်ယောက်ကို ခင်ပြီဆိုရင် ပိုက်ဆံခြေး ဖို့နဲ့ ရည်စားစကားပြောဖို့ ပဲတဲ့ ကြားဖူးတာ ပြောပါတယ်
ဟုတ် မဟုတ်တော့ ကျုပ်လည်း သိဘူးး))
စကားမစပ် နေကောင်းရဲ့လား
တကယ်တော့ နဖူးကိုစမ်းပီး မေးချင်တာ
ညေး ချစ်သူကိုကြောက်လို့း))။
အရှုတ်တွေ လုပ်နေသူ
( ဦးကြံသကာ )
စိတ်ထဲသိပ်ခံစားမနေပါနဲ့ ကန်ဒီရယ်..
ဒါ ယောကျာ်းလေးတွေရဲ့ အကျင့်..:(
အားလုံးကို မဆိုလိုသော်လည်း အများစုမှာ
ထိုနည်းလည်းကောင်းပင်ဖြစ်ကြောင်း လေ့လာတွေ့ရှိရ..
အဟက်...မိုးနတ်ပြောတာ မှန်တယ်မလားကန်ကန်..
ဒါထက် မတားနဲ့တော့နော်...ကန်ဒီ့အကိုငယ်လေး
ခုထိမစွံသေးတဲ့ အကြောင်းဖွလိုက်တော့မယ်..ဟီး
နှုတ်ပိတ်ခ ဘယ်လောက်ပေးမှာလဲ..:P
မိုးနတ် သူငယ်ချင်းတစ်ယောက်လဲ ဟိုတလောတုန်းက
ကန်ဒီ့လိုမျိုးဖြစ်တာ ..သူလဲမျက်နှာတစ်ခုလုံးပဲ
နောက်ဆုံး ဆရာဝန်နဲ့ကို သေချာ အချိန်ယူပြီး
ကုရတာ..ဒါတောင် ကျန်နေသေးတယ်...
သူက အလာ့ဂျစ်သဘောဆန်တယ်..ခု သူလေ
အစပ် အပူ အငံ ပင်လယ်စာတွေ ဘာမှစားလို့မရဘူး
ကန်ကန်လေးလဲ သတိထားပါ...မျက်နှာက အရမ်း
အရေးကြီးတာကို သေချာ ဂရုစိုက်နော်..မိုးနတ်ကတော့ ကန်ဒီ့အဖုလေးတွေ
မပျောက်မချင်း စိတ်ပူနေတော့မှာ....
ချစ်တဲ့...မိုးနတ်
အဲ့လို ယောကျာ်းလေးတွေ ညီမလည်း အများကြီး ကြုံဖူးတယ် >__<
" ကိုယ်က အလှအပနဲ့ပက်သက်တာတွေ ရေးနေပြီး ကိုယ့်မျက်နှာမှာကျ အဲ့လိုတွေဖြစ်နေတယ်တဲ့။ "
အဲ့လို ပြောတဲ့လူတွေရှိလည်း ဂရုမစိုက်နဲ လူတွေက အဲ့လိုပဲ့  ရေးသားရေး လုပ်သာလုပ် အမြဲ အားပေးမယ်
မျက်နှာက အဖုတွေ မြန်မြန်သက်သာပါစေ
ILU :)
မိတ်ဆွေစစ်တွေရဲ့ ချစ်ခြင်းတွေကို
ရရှိပိုင်ဆိုင်နိုင်ပါစေ ညီမလေး ။
အရာရာ အေးချမ်း အဆင်ပြေပါစေလို့
ကျွန်တော် ဆန္ဒပြုပါတယ် ။
ဖွားလေး ကို ဘီသူကျူနေတာရဲ..ကြော
ညီမရေ သူငယ်ချင်းဆိုတာ တစ်ယောက်ကောင်းပဲ ကောင်းပါတယ် များတာတော့ အမတော့မကြိုက်ဘူး တစ်ယောက်တည်းနေတတ်အောင်နေကြည့် စိတ်ချမ်းသာဖို့ အရမ်းကောင်း ..
Hug from here too, Sis :)
ညီမလေးရေ အဖုတွေ မြန်မြန်ပျောက်ပါစေ အမြဲတမ်း လှလှလေးဖြစ်နေစေချင်လို့...
အေးဟ....နာတို့ကတော့ မိန်းကလေးတွေဆို ခင်မင်
တယ်ဆိုပေတဲ့ သိပ်ပြီးအရောတဝင်မနေဖြစ်ဘူးဟ....၊
ကိုယ့်တူမ၊ကိုယ့်ညီမလိုသဘောထားပြီး ခင်ခင်မင်မင်နေ
ရင်ကိုပဲ ပတ်ဝန်းကျင်က အမနာပတွေ လာရော...၊ကိုယ်
ကတော့ အကြောင်းလား...၊တစ်ဘက်သားက မိန်းကလေး
ပြီးတော့ ယောက်ျားသနာ၊ရည်းစားသနာများရှိနေရင်
ပြဿနာမတက်ဘူးလား....၊ဒီတော့ စိတ်ထဲရှိပေမယ့်
ဘာသိဘာသာပဲနေမိတာပါပဲအေ....၊hug များ hug လိုက်
လို့ကတော့ ပြောလိုက်ကြမယ့်ဖြစ်ခြင်း...ငင်းငင်းငင်း....
ီဒီနေ့တက်ကစီခအဆင်ပြေလို့ ရောက်လာခဲ့တယ်ဖတ်စရာတွေအများဂျီးဖြစ်နေတယ်
ဖုန်းမဆက်စကားမပြောဖြစ်ပေမယ့်သတိရနေတယ် အဲဒါတော့ယုံ ..
မုန့်လင်မယားလဲအကြွေးကရှိနေသေးတယ်
နာ့ဒယ်အိုးလဲသူများကတောင်းနေပြီ
အကြွေးတွေလိုက်ရှင်းနေတယ် .
မပြန်ခင်ဖြစ်ဖြစ်တွေ့မယ် ပြန်ရင်ဘာမှာမလဲ ရမယ်း))
ချစ်တဲ့
မမဂျာရစ်
hug hug a BIG hug Candy...:) ဒီလိုပါပဲ အသားလိုလို့အရိုးတောင်းသူလေးတွေပါ...ပေးလိုက် အရိုးအကျန်တွေ ဟိဟိ နာ့ဖက်လှည့်လာကြအူးမယ်...လစ်ပီ။
အင်း..
ခက်တယ်...ခက်တယ်။
(Comment နည်းနည်းရှည်မယ် အချိန်မရှိပါက အပိုင်းပိုင်းပြီး ခွဲဖတ်ပေးရန်ေိေိ)
ha:ha: အလိုလိုနေရင်း တန်ဖိုးတက်သွားဘီ။ (ချိုချဉ်က တန်ဖိုးထားတယ်ဆိုလို့...)
တစ်ခုပြောရဦးမယ် ဟိုဝါလေ ဘုန်းတောက် မလေးမှာတုန်းက ထိုင်း(မ်း)စကွဲ(ယား)မှာ ဟိုဟိုသည်သည် လှည့်ပတ်လျှောက်ကြည့်နေရင်း စနိုးကြော်ငြာတဲ့ ဆိုင်တစ်ဆိုင်က လက်လာဆွဲပြီး စနိုးနဲ့ တို့ပေးလိုက်တယ်။ (တစ်ခုခုလုပ်ဖို့တော့ ဟုတ်ဖူးရယ်၊ ဘုန်းတောက်ရဲ့မျက်နှာမှာက
ကျွဲခြံ အဲဟုတ်ဖူး ၀က်ခြံတွေ ရှိနေလို့လေ)။ အဲဒါနဲ့ ၀ယ်လိုက်တယ်။ ကျောင်းရောက်တော့ လိမ်းလိုက်တယ်။ (မျက်နှာမှာ အရမ်းရုပ်ဆိုးနေရင် ဒကာဒကာမတွေ မျက်စိစူးမှာစိုးလို့) နောက် သုံးရက်လားမသိဘူး။ ၀က်ခြံနေရာတွေမှာ အပေါက်ကြီးတွေ ဖြစ်ကုန်တယ်။ (ပြောရင်းနဲ့ ပြန်လည်အမှတ်ရလို့ ကြက်သီးထနေသေးသည်) အသားစားပစ်လိုက်တာ။ အဲဒါနဲ့ ဘာမှမလိမ်းတော့ဘဲ သီရိလင်္ကာပြန်ရောက်တော့ ဆေးထိုးဆေးစားရသေးတယ်။ အဲကျမှ သက်သာသွားတယ်။ ကန်ဒီ့မျက်နှာက ၀က်ခြံပေါက်တတ်တဲ့အ မျိုးအစားဆိုပေမယ့် ကန်ဒီလိမ်းတဲ့ တစ်ချို့ ကန်ဒီနဲ့ မတည့်တဲ့ လိမ်းစရာတွေကြောင့် ဖြစ်မယ် ထင်တာပဲ။ (အထင်မျှသာ)ဘာလိမ်းမ်းပေါက်တယ်ဆိုရင်တော့ ပြောတတ်ဝူး။
ချမ်းမြေ့ပါစေ ပိစိရေ
ကန်ဒီကချစ်စရာလဲ၊သဘောလဲကောင်းလို့နေမှာပါ။
ယောက်ျားလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ်၊အသူကတော့ခင်တတ်တယ်။သူတို့တွေကိုအတူတူသဘောထားပြီးပြောတာပဲ။ဟီးဟီး။အဝေးမှာနေတော့အထီးကျန်မှာပဲနော်။အသူတို့တောင်တခါတလေမိသားစုအနားရှိရက်နဲ့..တခုခုလိုနေသလိုခံစားရတဲ့အချိန်တွေရှိသေးတာပဲ...အဝေးကနေHugလုပ်ပေမယ့်..အသူတို့ရဲ့တကယ့်မေတ္တာတွေကိုတော့ခံစားကြည့်လိုက်နော်။အစစအရာရာအဆင်ပြေပါစေနော်။
ကန်ဒီကချစ်စရာလဲ၊သဘောလဲကောင်းလို့နေမှာပါ။
ယောက်ျားလေးဖြစ်ဖြစ်၊မိန်းကလေးဖြစ်ဖြစ်၊အသူကတော့ခင်တတ်တယ်။သူတို့တွေကိုအတူတူသဘောထားပြီးပြောတာပဲ။ဟီးဟီး။အဝေးမှာနေတော့အထီးကျန်မှာပဲနော်။အသူတို့တောင်တခါတလေမိသားစုအနားရှိရက်နဲ့..တခုခုလိုနေသလိုခံစားရတဲ့အချိန်တွေရှိသေးတာပဲ...အဝေးကနေHugလုပ်ပေမယ့်..အသူတို့ရဲ့တကယ့်မေတ္တာတွေကိုတော့ခံစားကြည့်လိုက်နော်။အစစအရာရာအဆင်ပြေပါစေနော်။
ကောင်းသောညချမ်းပါဧဒင်မရောက်တာကြာသွားတယ်အခုမှပဲရောက်ခဲ့တယ်ဗျာ ပို့စ်လေးတွေဖတ်သွားတယ်နော်..
ညီမလေးCandyရေ...အမလည်းအတူတူပါပဲ။ အမမျက်နှာမှာရှိတဲ့ဝက်ခြံကလည်းတခါမှ အမြစ်ပျက်တယ်လို့ မရှိဘူး အနည်းဆုံးတော့ လေး၊ငါးလုံးလောက်ကတော့ပေါက်နေတက်တယ်။ အမ ပေါက်တဲ့နေရာက နှာဖူး၊နှာခေါင်း၊မေးစိ၊ပါး အားလုံးမှာ အလှည့်ကြပေါက်နေတယ် ညီမလေးရေ။ ညီမလေး အခုသုံးနေတဲ့ဆေးသက်သာလို့ ရှိရင်အမ ကိုလည်းတချက်လောက်ပြောပြပေးပါနော်..
ဟုတ်ကဲ့ အမ.. ညီမသက်သာရင် အဲ့ဒါနဲ့ပက်သက်ပြီး ပိုစ့်တပုဒ်ရေးပေးဖို့ အစီအစဉ်ရှိပါတယ် :D :D
ခုမှ လာဖတ်မိတာ အစ်မ...။
ဒီလိုမောင်လေးချိရဲ့သားနဲ့ အဲ့ဟာတွေကိုပြောမနေနဲ့.
ေိေိ..။နအမကို ထိရင် မီးပွင့်သွားမယ်.
အငယ်ဆုံးကောင်..
နမိုး...
အမလဲ ရိုးသားဖြူစင်တဲ့သူငယ်ချင်းတွေ လိုချင်တာ။ ပုံလေးတွေလှတယ်နော်။
Candy ရေ။ အမလဲ လွန်ခဲ့တဲ့ ၄၊၅ နှစ်က ဝက်ခြံအရမ်းပေါက်ခဲ့ဖူးတယ်။ အဲ့ဒါနဲ့ သူငယ်ချင်းတယောက် Recommand ပေးတဲ့ dermatologist ဆီမှာ သွားပြခဲ့တာ။ Consultation Fee ကလဲ ဈေးသိပ်မကြီးဘူး။ ၃၀ လောက်ပဲရှိတယ်။ ဒါပေမဲ့ First time သူပေးတဲ့ လိမ်းစရာကတော့ များတယ်။ ပထမဆုံး ဘူးသေးသေး လေးတွေ ပေးပြီး Monitor လုပ်တယ်။ အမတော့ သူ့ဟာကို skin care အနေနဲ့ပဲ လိမ်းလာတာ အဲ့ဒီအချိန်ကစပြီး အခုထိပဲ။ (Around 4 years now) ဝက်ခြံကို အဲ့ဒီအချိန်ကစပြီး Control လုပ်နိုင်သွားတယ်။ တခါတလေ Hormone ကြောင့်ဝက်ခြံပေါက်သေးပေမဲ့ တခု ၂ ခုလောက်ပဲ ပေါက်တော့တယ်။ Candy သွားပြချင်ရင်ပြနိုင်အောင် website လိပ်စာပေးလိုက်ပါတယ်။ အရင် အမပြတုန်းကတော့ Tampines နဲ့ Clemeti မှာပဲ ဆေးခန်းရှိတယ်။ အခုတော့ နေရာတော်တော်များများ မှာ ဆေးခန်းနဲ့ ဆိုင်နဲ့ပါ တွဲဖွင့်လာပါပြီ။ Orchard branch ကလွှဲလို့ တခြား branch တွေက appointment လုပ်လို့ မရပါ။ But I don’t recommend Orchard branch. Consultation fees may be expensive. Online forum က review တွေမှာလဲ ကြည့်ကြည့်တော့ဒီဆေးခန်းက အတော်နာမယ်ကြီးတာ တွေ့ရတယ်။ နာမယ်အကြီးဆုံးဆရာဝန်ကတော့ Dr Ong ပါပဲ။ အမကတော့တန်းအကြာကြီးမစီနိုင်လို့ Dr Ong နဲ့တခါမှ မပြဖူးဘူး။ တခြား doctor တွေလဲ အဆင်ပြေပါတယ်။ သူတို့သုံးခိုင်းတဲ့ လိမ်းဆေး တွေကလဲ ခပ်ဆင်ဆင်တွေပါပဲ။
Clinic website : http://www.nikspro.com/el_niksmaple.html
Thank you soooo much sis!! I'll definitely check it out :D
မျက်နှာလေးအမြန်ချောမောလှပပါစေ အစ်မ။wax strip ကဘယ်လိုပြောဝယ်ရမလဲမသိဘူး :'( မသိကြဘူး။ဖယောင်းကပ်လို့ပြောလဲမရဘူး 囧
ညီမက စင်္ကာပူကလား... စင်္ကာပူမှာဆို Watson မှာ ၀ယ်လို့ရတယ်။ ရန်ကုန်မှာ ဘယ်မှာဝယ်လို့ရလဲတော့ မပြောတတ်ဘူး။ အလှကုန်ဆိုင်တွေမှာ ရှိမလားပဲ >.<
Post a Comment