Thursday, January 31, 2013

Peanut Butter ♥

ဒီရက်ပိုင်း လင်းလင်းနဲ့ ချစ်သုဝေရဲ့ "မီးအိမ်ကဗျာ" အယ်လ်ဘမ်ကို ဓာတ်ကျနေတယ်။ အဲ့ထဲက "မေးပါ" ဆိုတဲ့ သီချင်းလေးအရမ်းကြိုက်တယ်။ စာရေးရင်းစားဖို့ ရေခဲသေတ္တာထဲက ဂျယ်လီဗူး ထုတ်လာတယ်။ ဒီမနက်တင် ဈေးက၀ယ်လာတာ... No preservative, No artificial coloring ဘာညာ ဘာညာရေးထားတယ်။ ဟုတ်တာမဟုတ်တာ အပထား.. အဲ့လိုမျိုးတွေ ရေးထားရင် ကျန်းမာရေးအတွက် သင့်တော်တယ်ဆိုပြီး ၀ယ်တယ် xD


ဟိုနေ့က Make up artist အစ်မတစ်ယောက်ရဲ့ Facebook Page မှာ သူပြင်ပေးထားတဲ့ မင်္ဂလာဆောင် စုံတွဲဓာတ်ပုံတွေ လိုက်ကြည့်မိတယ်။ အဲ့မှာ စုံတွဲတော်တော်များများက အနောက်တိုင်းဝတ်စုံတွေ ၀တ်ကြပြီး မြန်မာလိုဝတ်တဲ့စုံတွဲက နှစ်တွဲလားပဲ ရှိတယ်။ စင်္ကာပူမှာ မင်္ဂလာဆောင်တာဆိုတော့လည်း မြန်မာဝတ်စုံရှာရတာ အခက်အခဲရှိလို့နေမှာပေါ့လေ။ အဲ့ဒါနဲ့ ဆက်ပြီး အတွေးနယ်ချဲ့မိတော့ "ကိုယ့်အလှည့်ကျရင်ရော??" ဆိုတာဆီရောက်သွားတယ် ဟဟဟဟ (မရီပါနဲ့ ဟွင်းးး)။ NOOO!!! ကန်ဒီမင်္ဂလာဆောင်ဖို့ စိတ်ကူးလုံးဝမရှိသေးပါဘူး။ တွေးတာပဲ ပိုက်ဆံပေးရတာမှ မဟုတ်တာ ဟုတ်တယ်မလား? :D 

Credit: myanmarcelebrity.com

မိန်းကလေးတော်တော်များများက တစ်သက်မှာ တစ်မင်္ဂလာမို့ အလှဆုံးနဲ့ အခမ်းနားဆုံး ဖြစ်ချင်ကြတယ်နော်။ ကန်ဒီကတော့ ခမ်းခမ်းနားနားကြီးနဲ့ ဟိုတယ်အကြီးကြီးမှာ မလုပ်ချင်ဘူး။ အဲ့ဒီအတွက်ကုန်မယ့် ပိုက်ဆံတွေကို လိုအပ်တဲ့နေရာတွေမှာ လှူလိုက်ရင် ပိုအကျိုးရှိမယ် ထင်တယ်လေ။ အဲ... ဒါပေမယ့် ကန်ဒီအရမ်းကြိုက်တဲ့ မင်္ဂလာဆောင်ပုံစံလေးတစ်ခုတော့ ရှိတယ်။ အဲ့ဒါက လုံးဝမြန်မာဆန်ဆန် စုလျားရစ်ပတ်တဲ့ပုံစံ... မင်္ဂလာသတို့သားနဲ့ သတို့သမီးကို သပြေခက်နဲ့ ဖြန်းပေး၊ ပန်းကုံးစွပ်ပေးတဲ့ ရှေးပုံစံမျိုးလေ။ သူ့နည်းသူ့ဟန်နဲ့ ထုံးတမ်းအစဉ်အလာအရ အဆင့်ဆင့်လုပ်ရတာတွေတော့ ရှိမှာပေါ့နော်။ ကန်ဒီလည်း သေချာမသိဘူး။ ကန်ဒီ့အလှည့်ကျရင် အဲ့ပုံစံလေးနဲ့ မင်္ဂလာဆောင်ကို အကျဉ်းချုံးလေးလုပ်ချင်တယ်။ မင်္ဂလာဝတ်စုံနဲ့ ဆံထုံးကိုလည်း ရှင်းရှင်းလေးပဲ ဖြစ်ချင်တယ်။ Humm... စိတ်ကူးယဉ်တာ တော်သင့်ပြီ ထင်တယ် ဟီးးး xD


 စနေနေ့ည

ဒီရက်ပိုင်း လေ့ကျင့်ခန်းပုံမှန်လုပ်ဖြစ်လို့ ကိုယ့်ကိုကိုယ်ကျေနပ်နေတယ်။ ဘောလုံးကွင်းမှာ သွားမပြေးတော့ဘူး။ ပြေးတာကို အပြီးအပိုင် စွန့်လွှတ်လိုက်ပြီ။ စိတ်ထဲမှာ ပြေးတာ တော်တော်ပျင်းစရာကောင်းသလိုပဲ။ ခန္ဓာကိုယ်က ပုံစံတစ်မျိုးထဲ လှုပ်နေရတယ်။ ကန်ဒီငယ်ငယ်က ၄တန်းကနေ ၉တန်းအထိ အေရိုးဗစ်ကစားတာ ပြောဖူးတယ်နော်။ ခုအဲ့ဒါပဲ ပြန်ဆော့နေတယ်။ သီချင်းလေးဖွင့်တယ်... ကစားတယ်။ Basic Aerobic က တစ်ခါကစားရင် ၈မိနစ် ၉မိနစ်လောက်တော့ ကြာတယ်။ ပြီးရင်လည်း ချွေးတော်တော်ထွက်တယ်။ ပြေးတာထက်စာရင် အေရိုးဗစ်ကို ပိုအားပေးတယ်။ သူက ခေါင်းလေ့ကျင့်ခန်း၊ လက်လေ့ကျင့်ခန်း၊ ခါးလေ့ကျင့်ခန်း အဲ့လိုတစ်ခုပြီးတစ်ခု ပြောင်းနေရတော့ ခန္ဓာကိုယ်ရဲ့နေရာစုံကို ပိုထိရောက်တယ်။ လေ့ကျင့်ခန်းကတော့ ဘယ်သူမှမရှိတဲ့အချိန် လုပ်တာပေါ့နော် ဟီးးး :D

 ရန်ကုန်ခြံထဲက ပန်းတွေ... (အမေ့ Facebook ထဲက မလာတာ :D :D)

တချို့ကွန်မန့်တွေက Spam ထဲရောက်ရောက်နေတတ်လို့ Not Spam ပြန်လုပ်ရတယ်။ အဲ့ဒါကြောင့် ကွန်မန့်ချက်ချင်းမပေါ်ရင်... "ဒီကောင်မလေး နာ့ကွန်မန့်ကို ဖျက်ပစ်တယ် ဟွန်းးးးးးး" ဆိုပြီး စိတ်မဆိုးပါနဲ့နော်(:P)။ ကန်ဒီကွန်မန့်တွေ မဖျက်တတ်ပါဘူး။ မကောင်းတဲ့ကွန်မန့်လည်း ဒီတိုင်းထားတယ်။ အေးဆေး ကလေးမွေးပဲ (ဘယ်ကစကားပါလိမ့် @_@) စိတ်ထဲကို မထားတာ(xD)။ ဖြစ်ရင်လည်း ခဏပဲ... ပြီးရင် ပြီးသွားရော။ စိတ်ထဲထားနေရင် ကိုယ်ရှုံးတယ်။ ရန်သူကို ပြုံးပြနိုင်ရင် ကိုယ်နိုင်တယ် Smile :)

နှုတ်ခမ်းတွေ အရမ်းခြောက်နေတယ်။ ထုံလောက်အောင်ကို ခြောက်ပြီး၊ ကွဲပြီး နာနေတယ်။ အဲ့ဒါ ကန်ဒီခုသောက်နေတဲ့ဆေးရဲ့ Side Effect လေ။ ပျောက်ချင်တော့လည်း ခံပေါ့ (>.<)။ အဖုတွေက အရင်လောက်မများတော့ပေမယ့် ပေါက်တော့ ပေါက်နေသေးတယ်။ ဒါပေမယ့် ပေါက်ပြီးရင်လည်း မြန်မြန်ပျောက်တယ်။ သက်သာတယ်လို့ ပြောလို့ရပါတယ်(:D)။ ကန်ဒီ တစ်ခုစဉ်းစားကြည့်မိတယ်။ လူတစ်ယောက်မှာ ကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလည်း ရှိတတ်ကြတယ်မလား? အဲ့နှစ်ခုယှဉ်ရင် လူတော်တော်များများက မကောင်းတဲ့အပြစ်ကို ဖွင့်ပြောလေ့ရှိကြပေမယ့် ကောင်းကွက်တွေကိုကျတော့ တော်ရုံဖွင့်မပြောတတ်ကြဘူး။ လူတစ်ယောက်ကို ဖွင့်ဟချီးမွမ်းတတ်တဲ့ အကျင့်ရှိသူတွေကို ကန်ဒီအရမ်းသဘောကျတယ်။ မဟုတ်တာကြီးကို ဖားပြီးပြောတာမျိုး မဟုတ်ဘူးနော်။ ဟုတ်တာကို ထုတ်ဖော်ချီးကျူးတတ်တာမျိုးကို ပြောတာ(:D)။ ကန်ဒီကြားဖူးတာ တစ်ခုရှိတယ်။ ကိုယ်နဲ့မသိတဲ့ လူတစ်ယောက်နဲ့ ပထမဆုံးဆက်ဆံတဲ့အခါ ဘယ်လိုစ,စကားပြောရမလဲ မသိရင် အရင်ဆုံး ချီးမွမ်းပါတဲ့ ^_^



ခုအိမ်မှာ Hamster လေးတွေ မွေးစားထားတယ်။ ကန်ဒီ့ညီမရဲ့သူငယ်ချင်းက ရန်ကုန်ပြန်တော့မှာလေ။ အဲ့ဒါ သူ့ Hamster လေးတွေကို မွေးမယ့်သူမရှိလို့ ကန်ဒီတို့ညီအစ်မက နှစ်ကောင်ခေါ်မွေးထားတယ်။ သူ့မှာရှိတာ လေးကောင်။ လေးကောင်လုံးကြတော့ ထားဖို့နေရာလည်းမရှိတာနဲ့ ကလေးနှစ်ကောင်ပဲ ယူလိုက်တယ်။ အဖေနဲ့အမေကို မွေးမယ့်လူ မတွေ့သေးဘူး (>.<)။ အိမ်ကအန်တီကို မပြောဘူး (ရှူးတိုးတိုးး ဟီးး :P)။ ကိုယ့်အခန်းထဲပဲ ထားတာဆိုတော့ ဘာမှတော့ မပြောလောက်ဘူး ထင်တာပဲ။ Hamster လေးတွေ ချမ်းမှာစိုးလို့ဆိုပြီး နှစ်ယောက်သား အိပ်တာတောင် Air Con မဖွင့်ဘူး... အဲ့လို ရူးတာ xD


သူတို့ကို Peanut နဲ့ Butter လို့ နာမည်ပေးထားတယ်။ ကန်ဒီက Peanut Butter အရမ်းကြိုက်တယ်လေ (ဆိုင်ဆိုင် မဆိုင်ဆိုင် :D)။  နှစ်လပဲ ရှိသေးတယ်။ နှစ်ကောင်လုံး အရမ်းယဉ်တယ်။ စစရောက်တဲ့နေ့မှာတင် ကိုင်လို့ရတယ်။ ခက်တာက သူတို့ အထီးလား အမလား မသိဘူး။ ပိုင်ရှင်ကိုယ်တိုင်လည်း မသိဘူး။ ဒီနေ့မှ OMG!!! Peanut က ပြေးတယ်... Butter က လိုက်တယ်... ပြေးတယ်... လိုက်တယ်။ Butter က လိုက်နမ်းတယ်... Peanut က ပြေးတယ်... နမ်းတယ်... ပြေးတယ်။ Butter က လိုက် "........" တယ် (ဆင်ဆာဖြတ်သည်)။ ခုထိတော့ Peanut က ပြေးတုန်းပဲ။ Butter မအောင်မြင်ပါစေနဲ့လို့ ဆုတောင်းရမယ်(-.-)။ သူတို့ကို ခွဲထားဖို့ အိမ်တစ်လုံးထပ်ဝယ်ရင် ကောင်းမလားလို့ စဉ်းစားနေတယ်။ ကလေးမွေးပြီး ယူမယ့်လူမရှိရင်ဒုက္ခ။ ကန်ဒီ့ညီမကတော့ စောင့်ကြည့်ဦးမယ်တဲ့ =.='

Good Night.
Have a Candy Dream ^_^

21 comments:

ဘုန်း ၂ တောက် said...

နည်းနည်းလေး ဘီးဇီးဖြစ်နေလို မရောက်တာတောင် ကြာသွားဘီ။

မင်္ဂလာဆောင်နဲ့ပတ်သက်ပြီး ချိုချဥ့်ရဲ့ စိတ်ကူးလေးတွေက ရန်ကုန်ခြံထဲက ပန်းပွင့်လေးတွေလိုပါပဲလားကွယ်။

ဒါနဲ့ ပိစိနာမည်ပေးထားတာလေးက ဘာတဲ့ ? ဖိနပ်နဲ့ပတ်တာ ဟုတ်လား။ (ဆိုင်ဆိုင် မဆိုင်ဆိုင် နောက်ချင်လို့ စ-သည်။ ဟင့် နောက်တာနဲ့ စတာနဲ့ တူသလိုပဲနော်။ ဟီး)

ချမ်းမြေ့ပါစေ
The ကြားလုံးရေ

Anonymous said...

Hamster လေးတွေချစ်ဖို့ကောင်းလိုက်တာ အသဲယားတယ်

ကူးကူးလှိုင် said...

အကောင်လေးတွေချစ်ပေမဲ့ ကန်ဒီလိုတော့ မမွေးရဲဘူး ကိုင်လဲမကိုင်ရဲလို့...

Anonymous said...

အားတော့မှာမဟုတ်ဘူးနော်။ သူတို့ ကိစ္စတွေအချိန်ပေးရတော့မှာ။း)

အိုင်အိုရာ

thu ma said...

ကန်ဒီက စာရေးကောင်းတယ် ။ ဘာအကြောင်းပဲ တင်တင် ဖတ်ရတာ ဆွဲစောင်မှုရှိတယ်။
အဲ့ဒီအကောင်လေးတွေက သူများမွေးထားတာ လက်ကကိုင်ထားတာ ပြရင် သဘောကျတယ်။ ကိုယ်တိုင်ကတော့ အသည်းယားလို့ မကိုင်ရဲဘူးရယ်။

Susan Naing said...

pls write more about peanut and butter ^ ^ #cuties

Anonymous said...

ကိုယ်ကဖြင့် ခုမှ ခေးးးးးးးးးရှိသေးတာကို မင်ဂါဆောင်တာ ဘယ်လိုညာလိုလုပ်နေတယ်း))
စိတ်ထဲက တွေးမိတွေးရာတွေ ရေးထားတော့ ကျုပ်လည်း ကောင်းကောင်းကို ရယ်လိုက်ရတယ် သကြားလုံးရေ...ဟုတ်တာပဲ ပိုက်ဆံပေးရတာမှ မဟုတ်တား))။


( ဦးကြံသကာ )

မိုးနတ်ကြယ်စင် said...

ဟင့်...မိုးနတ်ကတော့ ဒီရက်ထဲ လေ့ကျင့်ခန်းမှန်မှန်
မလုပ်ဖြစ်လို့ ကိုယ့်ကိုယ် စိတ်တိုနေတယ် :(((
အေရိုးဗစ်လား ....မိုးနတ်လဲ ခုအဲဒါ ကစားနေတယ် သူများတွေနဲ့တော့ ဟုတ်ပါဝူးးးးးးး
တစ်ယောက်ထဲပါ...အဲဒါကြောင့် ထင်တယ်
ခုလို သြယ္လ်
အလှအပတွေ ကြွယ်ဝနေတာပေါ့..ဟီးးးးး
ဘုန်းဘုန်းတောက်ပြောသလိုပဲ ဘာမှလဲဆိုင်ဝူးး
အို...ဆိုင်ဆိုင် မဆိုင်ဆိုင် ပေါ်တင်ကြွားတာ
ဘူ့မှာ ဂရုစိုက်ဘူးကွာ (အဲ့ဒါတော့ နဲနဲများသွားပြီ:))
အမ်..ကန့်အဖုလေးတွေက ခုထိပျောက်သေးဘူးလား
ကွာ..စိတ်တိုတယ် တကယ်ကြီးးးးးးးးးးးး
ကိုယ်လာပြီး ဆေးပေးဖို့လိုမလားးးးးးး
လိုအပ်ရင် လာခဲ့မယ်လေ..လေဆိပ်သာဆင်းကြို..:P
ကိုယ်လဲ Hamster လေးတွေတော့ သိပ်အသည်းယားတယ်....ကိုင်ရဲဘူးးးးးးးးးး
ဒါပေမဲ့ Peanut နဲ့ Butter တော့သိပ်စိတ်ဝင်စား
တယ်....နောက်ပို့စ်တွေကျရင် သူတို့လေးတွေ
အကြောင်းလဲ တင်အုံးနော်....:)))
ဟင်းးးးးးးးးး ကန်လေးက အစီအစဉ်မရှိသေးဘူး
ဆိုတော့ ဒီမှာ မကြာခင်စားရမယ်မြင်ယောင်ထားတာ
လွဲသကွာ...:(((
အလကားပြောတာပါ ကန်လေးရယ်..ဒီအတိုင်းပဲနေ
တစ်ယောက်ထဲနေတာပဲ အေးတယ်...
မိုးနတ်တော့ စိတ်ရှုပ်သိပ်မခံချင်ဘူးးး အာ့ကြောင့် :P

ချစ်တဲ့....မိုးနတ်

မိုးညချမ်း said...

"ကန်ဒီကတော့ ခမ်းခမ်းနားနားကြီးနဲ့ ဟိုတယ်အကြီးကြီးမှာ မလုပ်ချင်ဘူး။ အဲ့ဒီအတွက်ကုန်မယ့် ပိုက်ဆံတွေကို လိုအပ်တဲ့နေရာတွေမှာ လှူလိုက်ရင် ပိုအကျိုးရှိမယ် ထင်တယ်လေ။"

စိတ်ကူးတူတယ် ညီမလေးရေ ... အားကစားလိုက်စားတာလည်း ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်တာပေါ့ကွယ် ... :)

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိရဲ့ လက္ခဏာအရ..
အကောင်လေးတွေကို ချစ်တတ်မယ်။
တစ်ခုခုကို ဆုံးဖြတ်ချက်ချဖို့ တွေဝေလေ့ရှိမယ်။
ပျော်တတ်သလိုလိုနဲ့ အနေအေးမယ်။
အနေအေးသလိုနဲ့ ပျော်တတ်မယ်။
စိတ် ထိလွယ်ရှလွယ် ဖြစ်မယ်။
အစားအစာအစ အသုံးအဆောင်အဆုံး ဟိုဟာလေး ကြိုက်သလို ဒီဟာလေး ကြိုက်သလို ဟိုလိုလို ဒီလိုလိုနဲ့
မျက်စိလဲ ကလယ်ကလယ် ဖြစ်တတ်မယ်။

ဟာ ဟ။ အဲဒီလို ရေးလိုက်တော့ လူတွေက အဟုတ်ထင်ကုန်ကြတော့မှာဘဲ။း)

တိရစ္ဆာန်လေးတွေ မွေးမြူထားပြီး နေ့စဉ် ကျွေးမွေးနေတာလဲ ကုသိုလ်တစ်မျိုးပါဘဲ။ ကျွေးမွေးလိုတဲ့ စေတနာရှိနေသရွေ့ အဲဒီစေတနာက ဘယ်တော့မှ မဆင်းရဲစေဘူး။
ဒါပေမဲ့... စိတ်ယားလို့ဆိုပြီးတော့ လိုက်တော့ ကိုက်မနေနဲ့ဦးပေါ့။း)

Anonymous said...

pwarလည်း hamster တွေမွေးထားတာလေ။
အစကတော့ နှစ်ကောင်ထဲပဲ။
ခုအဲ့နှစ်ကောင်ကနေ အများကြီးဖြစ်နေလို့ ထိန်းလို့ကိုမနိုင်တော့ဘူး :)

မေမြို့မိုး said...

ဆရာလုပ်လိုက်ဦးမယ်..။
ဗိုက်တာမင်စီ ရေဆူပြားလေးသောက်တာ.. နှုတ်ခမ်းကွဲ
တာတွေပျောက်သွားတယ် အစ်မ.။
မင်ဂါဆောင်ရင်အကျဉ်းချုံးလေးပဲလုပ်မယ်ဆိုလို့ အံ့သြ
လေးစားသွားတယ်.။ နအမ ကတော့ ရှာမှ ရှားပဲ.။
တချို့လူတွေများ အပိုတွေသိပ်လုပ်ချင်တာ တိလား.။
ခုထိ ပရိုဖိုင်ပစ်ချာ တစ်ပုံတည်း..။
ဂျီတော့ ပစ်ချာ ၂ ပုံတည်း..။
ဖဘ မှာလည်း တူတူပဲ.။
နအမ တို့ ငြိမ်မှငြိမ်.။
လိမ္မာလိုက်တာ လို့ စိတ်ထဲကချီးမွမ်းနေတာ.။
အခု ဘလော့မှာ လာပြောပီ.။ မုန့်ကျွေးတော့..။
မောင်ငယ်..
မမမ

ဝိ၀ိ said...

ကြွက်လေးတွေကချစ်ဖို့ ကောင်းတယ်အစ်မ

ဆူးသစ် said...

ကြံကြံဖန်ဖန်လေးတွေရေးလို့ပြုံးမိသေးတယ်ညီမလေး။လေ့ကျင့်ခန်းလုပ်နိုင်တာတော့ကောင်းတာပေါ့။အလုပ်မလုပ်ရသေးခင်ဆိုလုပ်နိုင်မှာပဲလို့ထင်မိတယ်။အလုပ်လုပ်ရင်ပင်ပန်းကြတာကိုး။အလုပ်တစ်ဖက်နဲ့လုပ်နိုင်ရင်တော့ပိုကောင်းတာပေါ့။

ညီလင်းနိုင် said...

မြန်မြန်လေးသာ စုလျားရစ်ပတ်နိုင်ပါစေ

THEကြားလုံးရေ.....

:p :p :p

Anonymous said...

သဘောကောင်းတယ်၊ကူညီတတ်တယ်၊ခင်ဖို့ကောင်းတယ်
စကားပြောပွင့်လင်းတယ်၊ စိတ်ဆိုးရင်လဲခဏပဲ၊သနားကြင်နာပြီးနူးညံ့တဲ့နှလုံးရှိတယ်၊
မဟုတ်မခံစိတ်ရှိတယ်၊ (ဟုတ်ရင်လဲမခံဘူး ) :) မှတ်ချက် ။ ဖါးလို၊မြောက်လို ပြောခြင်းမဟုတ်ပါ ၊ကျားလို ပြောခြင်းဖြစ်ပါကြောင်း :)
candy ဆိုးကွက်ကတော့ ::::: no comment ပါ :P
P.S သယ်ရင်း candy , Peanut & Butter ဆိုတာ စွယ်တော်ရွက်လိုပဲ၊ ၂လွှာပေါင်းမှ၁ရွက်ဖြစ်တာပါ ,that's why Peanut & Butter ကိုအထီးကျန် ဖြစ်အောင် ခွဲမထားပါနဲ့လို့

Candy said...

Heee... Your comment made me smile :D Thank you soooooo much!!!!! <3

Purse & Beauty said...

အစ်မရေ ... _င် :D စူပြီး ကားနေရင် အထီးပါတဲ့
လုံးလုံးလေးဆိုရင် အမပါတဲ့
ပက်လက်လှန်ကြည့်ရင် သိသာပါတယ်တဲ့
ငယ်သေးရင်တော့ ပြောရခက်ပါတယ်တဲ့ :D

Suzy said...

မွေးလာရင် ညီမကို တစ်ကောင်ပေးး ^_^

Candy said...

ဟီးးးး ပြောပြလို့ ကျေးဇူးနော် ကြည့်တော့ ကြည့်တတ်ဘူး :P

ဆူဇီက တကယ်ယူမှာလား ယူရင် ပေးမယ် :D

ပစ်ပစ် said...

ဒါဆို peanut နဲ့ Butter က
အထီးလေးနဲ့ အမလေးပေါ့..