Friday, January 11, 2013

ညှပ်တယ်ကွာ xD

Hello Hello^^
အမှန်အတိုင်းပြောရရင် အကြွေးတွေရေးဖို့ နည်းနည်းပျင်းနေသေးတယ်(xD)။ တခြားပိုစ့်ရေးဖို့လည်း အိုင်ဒီယာမရှိဘူး။ အဲ့တော့ ထမင်းသိုးဟင်းသိုး ဒီလိုပိုစ့်ရေးတာပဲကောင်းတယ်(:D)။ ဇန်န၀ါရီလထဲမှာ မွေးနေ့တွေများတယ်... အစ်ကိုနှစ်ယောက်မွေးနေ့၊ အဖေ့မွေးနေ့နဲ့ ညီမအလတ်မွေးနေ့။ စားရဖို့တော့ မမြင်ပါဘူး (တိုးတိုးလေး ပြောသည်)။ ဒီနေ့က ကန်ဒီ့ညီမမွေးနေ့... သူ့အတွက် မွေးနေ့လက်ဆောင် တစ်ခုခုဝယ်ပေးမယ်ဆိုပြီး မနေ့က အပြင်သွားဖြစ်တယ်။ ကန်ဒီအပြင်မသွားတာ၊ ဘာမှမ၀ယ်တာ တော်တော်ကြာပြီ။ တကယ်ဆို "Christmas" "New Year" ဆိုတာ ဈေးဝယ်လို့ အကောင်းဆုံးအချိန်ပဲနော်။ အဲ့တုန်းကလည်း ဘယ်မှမရောက်ဘူး >.<


"Accessorize" ဆိုတာ ကန်ဒီအရမ်းသဘောကျတဲ့ဆိုင်ပေါ့။ သူ့ပစ္စည်းလေးတွေက Vintage Style လေးတွေ... ဈေးလည်းတော်တော်ကြီးတယ်။ ရောက်တိုင်း ငမ်းတယ်... တခါမှ မ၀ယ်ဖြစ်ဘူး။ မနေ့ကလည်း အဲ့ဆိုင်ကို ဒီတိုင်းကြည့်ဖို့ ၀င်လိုက်တာပါ။ အဲ့ရောက်တော့ အားလုံးက 50% Discount ဖြစ်နေတယ်။ အဲ့ဒါနဲ့ သူ့အတွက်လက်ဆောင်ကို အဲ့ကပိုက်ဆံအိတ်လေးပဲ ၀ယ်ပေးလိုက်တယ်။ ပုံမှန်ဈေး S$50 ကို S$25 နဲ့ရတာ ဟီးဟီး ရှူးတိုးတိုး(xD)။ ကိုယ့်အတွက်ကတော့ မှန်လေးပဲ (ပိုက်ဆံလည်း သိပ်မရှိဘူးလေ :P)။ အဲ့လိုဒီဇိုင်းမျိုးတွေ ကြိုက်တယ် ^_^

Watson မှာ မျက်နှာသစ်ဆပ်ပြာကုန်ခါနီးလို့ ၀ယ်တယ်။ Humm.. နောက်ဘာဝယ်သေးလဲ??(စဉ်းစားနေသည်) သြော်(မှတ်မိသွားပုံ)... ခိခိ သတ်ချင်သတ်လိုက် မပြောဘူး(:P)။ ဟိုလျှောက် ဒီလျှောက်လုပ်ရင်း 2 for S$30 ဆိုတာနဲ့ တန်တယ်ဆိုပြီး ၀ယ်လိုက်တာ ပုဒ်မ(။) (ဤတွင် ရပ်သည်) **ကန်ဒီသည် ထိုကဲ့သို့ စ ရသည်ကို အလွန်သဘောကျသည်**

မညှပ်ခင် xD

 အစကတော့ လက်ဆောင်ကို Clementi Mall မှာပဲ သွားဝယ်ပေးမလို့။ နောက်တော့ "စိတ်တွေရှုပ်တယ် ဆံပင်ညှပ်မယ်ကွာ... "ဆိုပြီး City Hall ရောက်သွားတယ်။ တော်သေးတယ်... အလုပ်ဆင်းချိန်မရောက်သေးတော့ လူသိပ်မများသေးဘူး။ ဒါတောင် နည်းနည်းစောင့်လိုက်ရသေးတယ်။ ကန်ဒီ့ရှေ့မှာ မြန်မာမိသားစုတစ်စုရောက်နေတယ်။ ညှပ်တာကတော့ အမေပါပဲ။ စောင့်နေတုန်း ကြားရတာတွေက...

သမီးအငယ် : အမေ ရှူးပေါက်ချင်တယ်။ လိုက်ခဲ့ပေး...
အမေ         : ညည်းအစ်မ ခေါ်သွား...
သမီးအကြီး : သမီးသွားတုန်းကလည်း သူမှ မလိုက်ပေးတာ...
အမေ         : ကိုယ့်ဟာကိုယ် သွားလိုက်... အမေက ဒီမှာဆံပင်ညှပ်နေတယ်လေ။
သမီးအငယ် : လိုက်ခဲ့ပေးရမှာပေါ့... ဒါဆို ဘာလို့မွေးထားသေးလဲ??
သမီးအကြီး : သူအသက်ကြီးလာရင် သူ့ကိုခေါ်ကျွေးမယ့်သူရှိအောင် မွေးထားတာလေ...

OMG!! ဘာတွေဖြစ်ကုန်တာလဲ?? ကိုယ့်နားတောင် ကိုယ်မယုံချင်ဖြစ်သွားတယ်။ သမီးအကြီးက ၁၆နှစ်အရွယ်လောက်ရှိမယ်။ သမီးအငယ်လေးက ၁၂နှစ်လောက်ပေါ့။ သူတို့အချင်းချင်း အင်္ဂလိပ်လိုပြောတာများပုံထောက်ရင် ဒီမှာကျောင်းတက် ဒီမှာကြီးတဲ့ကလေးတွေ ထင်တယ်။ မိဘနဲ့သားသမီး သူငယ်ချင်းလိုပေါင်းတာမျိုးကို ကန်ဒီအတိုင်းအတာတစ်ခုထိ လက်ခံပါတယ်။ ဒါပေမယ့် ဒီလောက်အထိ Respect မရှိတာမျိုးတော့ မဖြစ်စေချင်ဘူး။ သူတို့အတွက် ဒီလိုပြောတာ နေတာတွေဟာ ပုံမှန်လုပ်ရိုးလုပ်စဉ် ဖြစ်နေနိုင်ပေမယ့် ကန်ဒီ့လိုဘေးလူတစ်ယောက်ရဲ့ နားထဲမှာ လုံးဝကန့်လန့်ကြီး... ရှင်းရှင်းပြောရရင် ရိုင်းတယ်လို့ မြင်တယ်။

ကိုယ့်နိုင်ငံမဟုတ်တဲ့ ဒီလိုနေရာမျိုးမှာ ကိုယ့်သားသမီးကို ကြီးပြင်းစေမယ်ဆိုရင် မိဘရဲ့သွန်သင်ဆုံးမမှုက အရမ်းအရေးကြီးတယ်လို့ ကန်ဒီယူဆတယ်။ ဒီက ကလေးတွေ ရင့်ကျက်တယ်... ထက်မြက်တယ်ဆိုတာ ကန်ဒီလက်ခံပါတယ်။ ဒါပေမယ့် လူကြီးသူမအပေါ် Respect ပေးတဲ့နေရာမှာတော့ ကိုယ့်နိုင်ငံနဲ့ အရမ်းကွာခြားတယ်။ နောက် ဒီကလူတွေ စည်းကမ်းအရမ်းရှိကြပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာနာတတ်မှု နည်းသလိုပဲ။ ငါလုပ်လိုက်လို့ ငါပြောလိုက်လို့ သူများဒုက္ခရောက်သွားမလားဆိုတာ မကြည့်တတ်ကြဘူး။ ဒီလူမှားတယ် ငါမှန်တယ်ဆို ဒီလူဘာဖြစ်ဖြစ် တိုင်မယ်တောမယ်ဆိုတဲ့ ပုံစံမျိုးတွေပေါ့။ ကျောင်းတက်တုန်းက အတန်းထဲကစလုံးကောင်မလေးတစ်ယောက်က Lecturer စာသင်မကောင်းလို့ဆိုပြီး ပြောင်းပေးဖို့ ကျောင်းကို Complain တက်ဖူးတယ်။ ကန်ဒီတို့နောက်တတန်းတက်တော့ အဲ့ဒီဆရာ အလုပ်ပြုတ်သွားတယ် ထင်တယ်။ စိတ်ထဲ လုံးဝမကောင်းဘူး... အဲ့လိုမျိုးတွေပေါ့။ Please Please Please... ကလေးတွေကို အဲ့လိုပုံစံလေးတွေ မဖြစ်အောင်တော့ ထိန်းသိမ်းကြစေချင်တယ်။ ကန်ဒီကိုက ပို နေတာလည်း ဖြစ်နိုင်ပါတယ်။ ပိုတယ်ဆိုလည်း ကိုယ့်ယဉ်ကျေးမှုမပျောက်စေချင်တဲ့ စေတနာနဲ့မို့ နားလည်ပေးပါ =.='

ညှပ်ပြီး... (ဘာမှလည်း မထူးဘူး >.<)

၁လက်မခွဲလောက် တိုပြီး အပေါ်တွေ နည်းနည်းပါးလိုက်တယ် (တိုတိုလေး ညှပ်ပါဘူး နှမြောစရာ :D)။ ဒါနဲ့ မျက်နှာကအဖုတွေ နည်းနည်းသက်သာသွားပြီ သိလား... အမာရွတ်တွေတော့ အများကြီးကျန်သေးတယ် (ကန်ဒီဖွင့်ထားတဲ့ စာကြည့်မီးကြောင့် မမြင်ရတာ :D)။ ဘာပြောရမလဲ မသိတော့ဘူး။ Publish လုပ်ပြီးရင် ပေါ်လာလိမ့်မယ်။ အဲ့ဒါ အမြဲဖြစ်နေကြ ဟဟဟ xD

Have a Nice Day.
တာ့တာ^^

18 comments:

ဘုန်း ၂ တောက် said...

တခိခိဖတ်ရင်းကနေ ခပ်တည်တည်ဖတ် ဖြစ်သွားတယ်။ မိုက်လိုက်တဲ့ သမီးလေးတွေ (ချိုချဉ်ကို ပြောတာမဟုတ် ပိစိက လိမ္မာသည်)။ အခုလို မိုက်ရတယ်ဆိုတာကလည်း သူ့မိဘပေါ်လည်း မူတည်သေးတယ် ထင်တာပဲလေ။ နော်...

ချမ်းမြေ့ပါစေ
The ကြားလုံးလေးရေ...

ဘိုင် (အဖုလေးတွေက ဘယ်ဘက်မှာ နည်းနည်းလေး မြင်ရသေးသလိုပဲ ဟိဟိ)

ကိုကိုမောင်(ပန်းရနံ့) said...

ဘွားတော် ပိစိ။
ဘိုင်ပြတ်နေလို့ ဆံပင်ဖြတ်ပြီး ရောင်းနေရပြီထင်ပါရဲ့။း)

ဒီလောက် ရှင်းနေတာကို ပုဒ်ထီးတွေ ပုဒ်မတွေ ချပြီး ပဟေဠိလုပ်နေသေးတယ်။ ဗိုက်ဆာတဲ့အခါစားဖို့ တစ်ခုခု ၀ယ်တာလာ မဟုတ်လား။း)

ဓါတ်ပုံတွေကြည့်ရင်း မျက်စိပြူး ခေါင်းမူးသွားသည်။
သူကြီးမင်းသည် ထိုကဲ့သို့ စနောက်ရသည်ကို အလွန်သဘောကျသည်။း)

Ma Tint said...

တစ်နိုင်ငံစရိုက်တစ်မျိုးရှိနေလည်း ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်ကွယ်မသွားအောင် ထိန်းသိမ်းဘို့တော့ လိုအပ်တာပေါ့ ချိုချဉ်လေးရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

အမ ညီမကတော့ဘယ်အချိန်ကြည့်ကြည့်လှနေတာပဲကွယ်..

Anonymous said...

hi..candy
အဲဒီဆိုင်လိပ်စာလေးသိချင်လို့ပါ...ဘယ်နားလေးလဲ....

Candy said...

"Accessorize" ကိုမေးတာလား sis??.. Bugis Junction ရဲ့ Watson ရှိတဲ့ဘက်ခြမ်းမှာရှိတယ်။ Watson ရှိတဲ့အထပ်မဟုတ်ဘူး။ မြေညီထပ်က စက်လှေကားနားမှာ :D (အဲ့ကတက်ရင် Watson ရောက်တယ်)

City Hall Mrt ကနေ Raffle City ဘက်ခြမ်းကို စက်လှေကားနဲ့တက်လိုက်ပြီး Starbucks နဲ့ မျက်စောင်းထိုးနားမှာလည်း တစ်ဆိုင်ရှိတယ်။ အဲ့ဆိုင်က ပိုကျယ်တယ် :)

သူက UK က Brand ထင်တယ်။ ဒါက သူ့ Website sis http://uk.accessorize.com/

Anonymous said...

ညှပ်ကွာ။
အိုင်အိုရာ

Anonymous said...

မမကန်ဒီညီမကို happy birthday ပါလို့။ဆံပင်ကတကယ်ညှပ်လိုက်တာလာဟင်။သိပ်မသိသာဘူး လှတဲ့သူကတော့ဘာလုပ်လုပ်လှနေတာပဲ

ညီလင်းနိုင် said...

ညှပ်ဗျာ.....

အကုန်သာ ညှပ်ပစ်.....

ကျွန်တော်ဆို လက်ရှိ ကတုံး တုံးထားတယ်...

THEကြားလုံး ကတုံးတုံးပြီး ပို့စ်တင်မယ့် နေ့ကို

စောင့်မျှော်နေပါကြောင်း.....

:) :) :)

မိုးညချမ်း said...

မြန်မာ့အမြင်နဲ့ကြည့်ရင်တော့ အတော်ရိုင်းတဲ့ ကလေးငယ်တွေပေါ့ရှင် ... ပိုစ့်ခေါင်းစဉ်လေးမြင်တော့ “ညှပ်တယ်ကွာ”ဆိုလို့ နည်းနည်းစိတ်ဝင်စားတွားတာပဲ ... ဒါနဲ့ဆံပင်ညှပ်ရင်း ညှပ်ရင်း မိုးညလိုဖြစ်သွားမယ်နော် ... ကတုံး တုံးပြီး သီလရှင်ဝတ်လိုက်ရတာလေ ... :P

8Yar said...

OMG1!! မိဘကိုပြောတာ ရက်စက်လှချည်လား?? အဲလို မြင်ရ၊ ကြားရရင် စိတ်ညစ်မိမှာပဲ... Candy ရေ....

ကူးကူးလှိုင် said...

ကန်ဒီပြောသလိုပဲ ဘယ်နိုင်ငံမှာပဲနေနေ မြန်မာလူမျိုးအလေ့အထလေးတွေ လူကြီးမိဘကို ရိုသေရမှာတွေကို မိဘလုပ်တဲ့လူက သွန်သင်ဆုံးမပေးရမှာပေါ့နော် ကန်ဒီက အရမ်းလိမ်မာတာပဲ...

အိပ်မက်ကောင်းကင် said...

စာလေးတွေကို ပျော်ရွှင်စွာဖတ်ခဲ့ပါတယ် မမချိုချဉ်ရေ
မမချိုချဉ်ဆီ လာလည်တိုင်းပျော်တယ်
မမချိုချဉ်လည်း ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

မိုးနတ်ကြယ်စင် said...

right ပါ..
မှန်ပါ့....ကန်ဒီ့ဆီလာတိုင်း အမြဲပျော်ရတယ်..
ထို့ပြင် ကန်ကန့်တွင် မမြင်နိုင်သောစွမ်းအားတစ်ခု
ရှိနေသည်...ထိုအရာသည် ဘာများပါလိမ့်....!
(ဒါဟာ မင်္သကာစရာ) ( )ပုဒ်မနဲ့ ရုံးတင်စစ်ဆေး
သင့်တယ်...:P
ကန်ကန်ရေ...အဲလို အဖြစ်အပျက်မျိုးတွေက
သူတို့ဆီမှာ မဆန်းပေမဲ့ မိုးနတ်တို့ဆီမှာ တကယ်ကို
မဖြစ်သင့် ခွင့်မလွှတ်သင့်တဲ့ အရာတွေပါ....
ငယ်ငယ်ကတည်းက မိဘကို ရိုသေလေးစားကိုင်း
ရှိုင်းလို့ ပတ်ဝန်းကျင်အပေါ်မှာ သဘောထားပြည့်ဝ
ပြီး နားလည်တတ်အောင် သင်ထားရမှာ..
ကန်ကန်ပြောတာ သိပ်မှန်တယ်..မိုးနတ်လဲ
သူတို့တိုင်းပြည်တွေရဲ့အကြောင်းတွေကို
သိနေကြားနေမြင်နေရတဲ့ အထဲကနေ အထူးတလည်
သတိပြုမိနေတာက အရာရာမှာ စည်းကမ်းရှိပြီး
နိုင်ငံကြီးသားပီသတာက လွဲရင် ယဉ်ကျေးမှု
(အဲ သူတို့ဆီက ယဉ်ကျေးမှုဆိုတာကို မိုးနတ်
ခုထိကို သေသေချာချာ နားမလည်သေးဘူး)
ကိုယ်ချင်းစားစိတ်ကလဲ နဲပါးပါဘိတော့..ခုတော့
နိုင်ငံခြားမှာ ကြီးပြင်းတဲ့ မြန်မာတွေ တကယ်ပဲ
အတုခိုးမှားနေရော့သလားကွယ်.....:(
ဆံပင်ညှပ်လိုက်တော့လဲ လှတာပါပဲ..
ကန်ကန်လေးက လှပြီးသား..:)
မျက်နှာပေါ်က အဖုတွေသက်သာပြီဆိုလို့ ၀မ်းသာ
မိပါတယ်...အမာရွတ်တွေပျောက်ဖို့တော့ မှန်မှန်
ဆေးလိမ်းနော်...အဲဒါ အရေးကြီးတယ်.....
ချစ်တဲ့....မိုးနတ်

အလွမ်းမြို့ said...

ကန်ဒီလေးရေ..

ဓါတ်ပုံလေးတွေ လာကြည့်သွားတယ်။
ပြည်ပကိုတိုးတက်လို့ရောက်ကြတာ မကြီးလွမ်း
လက်ခံပါတယ်။ဒါပေမဲ့ တိုးတက်မှု့နဲ့အတူ ဆုတ်ယုတ်
မှု့တွေလည်း တစ်ပုံတစ်ပေါပါဘဲ။ ဒါပေမဲ့ ဘယ်နိုင်ငံဘဲရောက်ရောက်
ငါဟာမြန်မာပြည်ဖွားလို့ ခံယူထားရင်တော့
အဆိုးတွေထဲမှာ အကောင်းကျန်ပါဦးမယ်။ရောက်
တဲ့နိုင်ငံ ဓလေ့ကိုအမှီလိုက် တန်းညှိနေရင်တော့
ကိုယ် လူမျိုး ဘာသာ ယဉ်ကျေးမှု့ အကုန်ပျောက်မယ်။ပြည်ပဆိုတာ ခလေးတွေရဲ့ ပညာရေးတိုးတက်ပေမဲ့ ဘာသာယဉ်ကျေးမှု့ ပပျောက်တဲ့နေရာလို့မကြီးလွမ်းထင်တယ်။မကြီးလွမ်းတို့ဆီလည်းခုလိုမြန်မာခလေးတွေရှိသလိုသူတို့ထက်ဆိုးတာတွေလည်းအများကြီးပါ။သူများသားသမီးမို့မပြောရဲ
ပေမဲ့ မကြီးလွမ်းတော့ သားသမီးရပြီဆိုမြန်မာပြည်ဘဲ ပြန်နေတော့မယ်။


ချစ်တဲ့
မကြီးလွမ်း

မိုးငွေ့........ said...

မညှပ်ခင်ရော ညှပ်ပြီးရော ချစ်ဖို့ကောင်းတယ်

မိုးသူ(တောင်ကြီး) said...

ချိုချဉ်မ ရေ ကတုံးတုံးလိုက်ပါလား

တော်တော်ကြည့်လို့ ကောင်းမယ်ထင်တယ် အဟိ

အခု မိုးသူတောင် ကတုံးတုံးထားတာ ဟီးဟီး

ခင်တဲ့
မိုးသူ(တောင်ကြီး)

Anonymous said...

ဆံပင် အရှည်လေးနဲ့က ပိုလှတယ် သကြားလုံး ရဲ့
ဘာလို့ ဖြတ်ပစ်တုန်း ။

သားမိတစ်တွေ စကားပြောခန်းမှာတော့
အမြင်တူးတယ်
ဘယ်ဘာသာ စကားတွေကို သုံးသုံး
ကိုယ့်လူမျိုးဆိုတဲ့ အသိလေးမှာတော့
ယဉ်ယဉ်ကျေးကျေးလေး ရှိစေ့ချင်တယ်။

အကြွေးများနေသူ
(ဦးကြံသကာ)