Tuesday, February 26, 2013

တပို့တွဲ ထမနဲ

Hello^^

အခု နေ့လည် (၂)နာရီကျော်ကျော်... ထမင်းမစားရသေးဘူး။ အပြင်မှာ ဧည့်သည်တွေရောက်နေတယ်။ ထြက္မစားခ်င္ဘူး... ဂြီ ဂြီ ဂြီ (ဗိုက္ထဲက အသံ)။ သြော်... ခုမှ သတိရတယ်။ အိတ်ထဲမှာ ချောကလက်တစ်ခုရှိတယ်(:D)။ အဆာပြေ အဲ့ဒါအရင်စားထားမှ >.<


မနေ့က တပို့တွဲလပြည့်နေ့... ဓာတ်တော်တိုက်မှာ ထမနဲထိုးတယ်လို့ ကြားတယ်။ အဖော်မရှိလို့ မသွားဖြစ်ဘူး။ ရန်ကုန်အိမ်မှာအမေတို့ထိုးတဲ့ ထမနဲတော့ Facebook ကနေ ယူလာတယ် (ရှလွတ် :D)။ Facebook ဆိုလို့ ပြောပြရဦးမယ်။ ကန်ဒီနားမလည်တာပါ။ တချို့ပိုစ့်တွေက စဉ်းစားကြည့်ရင် လုံးဝအဓိပ္ပာယ်မရှိဘူး။ ဟိုနေ့က Facebook မှာ ဓာတ်ပုံတစ်ပုံတွေ့တယ်။ မျက်နှာမဲ့နေတဲ့ပုံလေး... ပုံမှာရေးထားတဲ့စာကို ဖတ်လိုက်တော့ "@ရေဝေး" တဲ့။ What?! အသုဘသွားတာ ဓာတ်ပုံရိုက်စရာလား... တကယ်ဝမ်းနည်းနေတဲ့လူက ကိုယ့်ကိုကိုယ်ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ဖို့ သတိရမယ် မထင်ဘူး။ အဲ့ဒါရိုက်နေတဲ့အချိန် တခြားလူမြင်သွားရင်လည်း ရှက်စရာကြီး >.< (ဒါ ကန်ဒီ့အမြင်သက်သက်မို့ တိုက်ဆိုင်မှုများ ရှိခဲ့ရင် ခွင့်လွှတ်ပါ)။ ကန်ဒီလည်း ဓာတ်ပုံရိုက်ရတာ ၀ါသနာပါပါတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါလိုက်ပြီး လုပ်ဖို့လည်း အရေးကြီးတယ် ထင်တာပဲ။

ရန်ကုန်ခြံထဲက ဘူးစင် ^_^

အမေက အပင်စိုက်တာ ၀ါသနာပါတယ်။ ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ အများကြီးပဲ။ ကိုယ့်မိသားစုနဲ့ပဲ နေချင်တယ်။ သူများနဲ့နေရတာ စိတ်ကုန်လာပြီ။ သူများမျက်နှာကြည့်နေရတာ မလွတ်လပ်ဘူး။ မနေ့က စိတ်သိပ်မကြည်ဘူး။ ထုံးစံအတိုင်းပဲပေါ့... အိမ်မှာ လူလေးယောက်နေတယ်။ နှစ်ယောက်က ဘာမှမလုပ်ဘူး။ အိမ်မှာ အိပ်ရုံအိပ်တာ။ လုပ်တဲ့နှစ်ယောက်မှာလည်း ကန်ဒီကအငယ် သူကအသက်ကြီးတော့ တော်တော်များများ ကန်ဒီပဲ လုပ်ပေးတယ် (ဟိုတစ်ခါအပြောခံရပြီးကတည်းက..)။ တံမြတ်စည်းလှဲတာ မီးဖိုချောင်သန့်ရှင်းရေး နေ့တိုင်းလုပ်တယ်။ ရေချိုးခန်းကို နှစ်ပတ်တစ်ခါဆေးတယ်။ ကန်ဒီသိပ်မလုပ်ဖြစ်တာ ကြမ်းတိုက်တာပဲ။ အဲ့ဒါကိုလည်း အလျင်းသင့်သလို ဘယ်သူမှမရှိရင် လုပ်ပေးတယ်။ တစ်ခါမှ မငြိုငြင်ဘူးနော်။ ဒါပေမယ့် သူတစ်ခါလေး ကြမ်းတိုက်ရပြီဆို ဘာကိစ္စ မျက်နှာကြီးက စူပုတ်နေမှန်း ကန်ဒီနားမလည်ဘူး။ အဲ့လိုကြီးဖြစ်နေတော့ ဒီကလူက ဘယ်လိုနေရမှာတုန်း ဟွင်းးး >.<

ပုဇွန်ဟင်းနဲ့ မုန်ညှင်းကြော်...

ဒီရက်ပိုင်း Line Camera ကို သဘောကျနေတယ်။ ပုံလေးတွေ ထည့်ရတာ ကြိုက်တယ်။ လက်ရေးနဲ့လည်း စာရေးလို့ရတယ်(^_^)။ ကန်ဒီဟင်းချက်တာ နည်းမရှိဘူး။ စားလို့ရရင်ပြီးရော တွေ့သမျှအကုန်ထည့်တာ။ ခရမ်းချဉ်သီးက ဟင်းတိုင်းလိုလိုမှာ ပါတယ်။ အမေဟင်းချက်တာကျ နည်းရှိတယ်။ ဘယ်ဟာကို ဘာလို့ထည့်တယ်ဆိုတာမျိုး သူ့မှာအကြောင်းပြချက်ရှိတယ်။ လုံးချက်တာတို့ ဘာတို့လည်း ရှိသေးတယ်။ အဲ့ဒါကြောင့် သူချက်တာတွေ စားလို့ကောင်းတာ။ ဟိုးးအရင်ကနဲ့ယှဉ်ရင်တော့ ကန်ဒီလည်း အများကြီး တိုးတက်လာပါတယ် ^_^


အခွင့်ရရင် ဒီစာအုပ်လေးကို ဖတ်စေချင်တယ်။ "မေတ္တာဈေးကွက်"ဆိုတဲ့ ၀တ္တုလေးကို ကြိုက်လွန်းလို့ အကျဉ်းချုံးပြီး ဒီမှာ ရှယ်ဖူးတယ်။ နောက်တစ်ပုဒ်(သားနှင့်ကား)ကို ဟိုနေ့ကဆက်ဖတ်ဖြစ်တော့လည်း ကြိုက်တယ်။ မိဘတိုင်း ဖတ်သင့်တယ်လို့ ကန်ဒီထင်တယ်။ ကိုယ်တိုင်က စာဖတ်အားနည်းတော့ ဖတ်ဖြစ်အောင် အဲ့လိုစာအုပ်သေးသေးလေးတွေကို အိတ်ထဲထည့်ထားတတ်တယ်။ အပြင်သွားလို့ တစ်ယောက်ယောက်ကို စောင့်နေရတဲ့အခါမျိုးမှာ ဖတ်လို့ရအောင်လေ။ နောက် ကန်ဒီက အချစ်ဝတ္တုတွေ ဖတ်ခဲတယ်။ ကိုယ့်အတွက် အသိတစ်ခုခု၊ တွေးစရာတစ်ခုခုပေးတဲ့ဟာမျိုး ဒါမှမဟုတ် အပျင်းပြေစေမယ့်ဟာမျိုးပဲ ဖတ်ဖြစ်တာများတယ်။


သူငယ်ချင်းတစ်ယောက် ရန်ကုန်ပြန်တော့ လက်ဆောင်တွေပါလာတယ်။ ကန်ဒီ့မျက်နှာကအဖုတွေ ပျောက်အောင် သနပ်ခါးနဲ့ ကျောက်ပြင်သယ်လာတယ်တဲ့။ ဒီလိုကျတော့လည်း ကန်ဒီ့ကို ခင်တဲ့လူတွေ ရှိသားနော်။ ကိုယ်မမှာဘဲ ကျောက်ပြင်တောင် သယ်လာပေးတယ်ဆိုတော့ ကျေးဇူးတင်တယ်။ အိမ်မှာ ကန်ဒီကပ်သုံးနေတဲ့ သူများကျောက်ပြင်တော့ရှိတယ်။ သြော် ဒါနဲ့ ကန်ဒီသနပ်ခါးနဲ့ပုံ မြင်ဖူးလား?! ဒါဆေးခန်းမပြခင်တုန်းကပုံ... ခုတော့ ဆရာဝန်က ဘာမှမလိမ်းနဲ့ဆိုလို့ သနပ်ခါးတောင် မလိမ်းဖြစ်ဘူး...


ကန်ဒီက တခါတလေ တော်တော်ဆိုးပြီး တကိုယ်ကောင်းဆန်တယ်။ အထူးသဖြင့် စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ကိစ္စတွေမှာပေါ့။ ပုထုဇဉ်ဆိုတော့ မရှောင်လွဲနိုင်ဘူး (ဒီပုထုဇဉ်ဆိုတာကို ခုတုံးလုပ်နေရလည်း အားနာလှပြီ)။ မှားမှန်းသိရက်နဲ့လည်း ရှေ့ဆက်တိုးနေမိတယ်။ ကိုယ့်ကြောင့်ဘယ်သူ့ကိုမှ မနာကျင်စေချင်တာတော့ အမှန်ပါ... (Don't ask me Why -.-)

ထမင်းသွားစားလိုက်ဦးမယ်နော်...
Have a Great Day^^

Friday, February 22, 2013

VS Travel Hair Setter (Testing)

လွန်ခဲ့တဲ့ ၃လလောက်တုန်းက ကန်ဒီ Hair Setter တစ်ခုရထားတယ်။ ရပြီးကတည်းက ခုချိန်ထိ တခါမှ စမ်းမလုပ်ကြည့်ဖြစ်ဘူး။ ကန်ဒီက ဆံပင်နဲ့ပက်သက်ရင် နည်းနည်းပျင်းတယ်။ အဲ့ဒါကြောင့်လည်း များသောအားဖြင့် ကန်ဒီ့ဆံပင်က အပြောင်းအလဲမရှိ ဒီပုံက ဒီပုံဖြစ်နေတာ(:D)။ Brand က "VS"... သူတို့ကတော့ "Travel Hair Setter" လို့ခေါ်တယ်။ တချို့ကလည်း "Heated Hair Rollers"လို့ ခေါ်ကြတယ်။

 "VS" Travel Hair Setter


အဲ့နေ့က အပြင်ကပြန်လာပြီး ပျင်းတာနဲ့ စမ်းလုပ်ကြည့်ဖြစ်သွားတာ။ ပိုစ့်တစ်ပုဒ်အတွက် ကုန်ကြမ်းလည်း ရတာပေါ့(:D)။ Curling Iron တွေနဲ့ယှဉ်မယ်ဆို Heated Hair Rollers တွေက အပူနည်းတဲ့အတွက် ဆံပင်ပျက်စီးမှုကို နည်းပါးစေတယ်။ နောက် အချိန်ကုန်သက်သာတယ်။ Curling Iron တွေလို ကိုင်ထားပြီး ၁မိနစ်လောက် ထိုင်စောင့်နေစရာမလိုဘူး။ တခေါင်းလုံး လိပ်ထားပြီး ကိုယ်လုပ်ချင်တာ လုပ်နေလို့ရတယ်။ နောက် ဆံပင်အရင်းပိုင်းကို နည်းနည်းကြွပေးသလိုဖြစ်တော့ ဆံပင်ပိုထူသလို ထင်ရတယ်... ဆံပင်ကခေါင်းမှာ ကပ်မနေတော့ဘူးပေါ့ (မရှင်းပြတတ်တော့ဘူး @_@)။ သူ့အားနည်းချက်က Curling Iron တွေလို ကောက်သားကို ကိုယ့်စိတ်ကြိုက် ပုံဖော်လို့သိပ်မရဘူး။


အရင်ဆုံး အဖုံးပိတ် ပလပ်တပ်ပြီး ကိုယ်လိုချင်တဲ့အပူချိန်ရတဲ့အထိ ခဏထားထားရတယ်။ (၁)မိနစ် (၂)မိနစ်လောက်ဆို ပူနေပြီ။ အကောက်ကြာကြာခံချင်တယ် ပိုကောက်ကောက်လေးလိုချင်တယ်ဆိုရင်တော့ အဲ့ထက် ပိုကြာကြာထားပေါ့။ ကန်ဒီကတော့ (၃)မိနစ်လောက်ပဲထားတယ်။ ဘာလို့လဲဆိုတော့ စိတ်မရှည်လို့ ဟဟဟ (xD)။ စောင့်နေတဲ့အချိန်မှာ ဆံပင်ကို Heat Protectant လိမ်းထားလို့ရတယ်။ စ,လိပ်ဖို့ Roller တွေကို ယူတဲ့အခါမှာ မပူအောင် သတိထားယူဦးနော်... ထိပ်ကကိုင်ရင်တော့ အဲ့လောက်မပူဘူး။ Roller တွေက နည်းနည်းတော့ လေးတယ်။ အားလုံးပြီးရင် ခေါင်းကြီးလေးနေရော(>.<)။ အပြင်သွားမယ်ဆို အရင်လိပ်ထားပြီးမှ မိတ်ကပ်လိမ်းပေါ့။ အချိန်ကုန်သက်သာတယ်လေ။ ပူနေတဲ့ Roller တွေ အေးပြီဆို ပြန်ဖြည်လို့ရပြီ။ ကိုယ့်စိတ်ကြိုက်ပုံသွင်းပြီးပြီဆို Hair Spray ဒါမှမဟုတ် Wax လိမ်းဖို့ မမေ့နဲ့နော် ^_^


Surprise Surprise!! Long time no video!! Here you go ^_^

ဆံပင်နဲ့ပက်သက်ပြီး ဗွီဒီယိုမလုပ်တာ ကြာပြီနော်။ အစက Edit လုပ်ရမှာပျင်းတာနဲ့ မထည့်ဘဲနေမလို့။ နောက်တော့ ရိုက်ထားတာ အလကားဖြစ်ပါတယ်လေဆိုပြီး (၁)မိနစ်ကျော်ကျော်ဗွီဒီယိုရအောင် အပျင်းနည်းနဲ့ Edit လုပ်လိုက်တယ် ဟီး(xD)။ အဲ့လောက်ပဲကောင်းပါတယ်... ကန်ဒီ့ကို ကြာကြာမြင်ရင် အမြင်ကတ်သွားမှာစိုးလို့ xD xD

This video is "Unlisted". That means it's only for my Blog readers *mwah*

Have a Nice Day^^

Sunday, February 17, 2013

Boring

ဘာရေးရမှန်းလဲ မသိဘူး။ ကိုယ့်စာတွေ ပြန်ဖတ်ကြည့်မိတော့လည်း စိတ်ဝင်စားစရာမကောင်း... ပျင်းခြောက်ခြောက်ကြီး (>.<)။ ဘ၀ကလည်း စိတ်ဝင်စားစရာမှ မကောင်းတာ ဟင့် ဟင့် ဟင့် ဗြဲ (T_T)။ အဲ့ဒါနဲ့ စာရေးဖို့တောင် မတက်ကြွဘူး ဖြစ်နေတယ် >.<


မနေ့က JCube မှာ ခုမှအသစ်တင်တဲ့ "Beautiful Creatures" သွားကြည့်တယ်။ စုန်းနဲ့လူနဲ့ကြိုက်တဲ့ Drama ကား... ကြည့်လို့ကောင်းတယ်။ ကန်ဒီကြည့်ချင်နေတာ "Mama"... ခုမရှိတော့ဘူး အွန်လိုင်းမှာပဲ ကြည့်ရတော့မယ်။ သရဲကားကို ရုပ်ရှင်ရုံမှာ တစ်ခါမှမကြည့်ဖူးလို့ ကြည့်ဖူးချင်တယ်။


ဆံပင်ပြန်ဆိုးဖို့ အချိန်တန်နေပြီ။ စိတ်ပေါက်ပေါက်နဲ့ အရောင်ခပ်ဆန်းဆန်းတွေ ဆိုးပစ်လိုက်ချင်တယ်... ပန်းရောင်တို့ ခရမ်းရောင်တို့(:P)။ ကန်ဒီက Makeup Artist... ဒါမှမဟုတ် Model ဆို ကောင်းမယ်။ ဒါဆို ကိုယ်ဆိုးချင်တဲ့အရောင် ဆိုးပစ်လို့ရတယ်။ ဘာမှ သိပ်ကြည့်စရာမလိုဘူး။ ဒီအညိုရောင်ချည်း အမျိုးမျိုးဆိုးနေရတာ စိတ်ကုန်လာပြီ(=.=')။ နောက် ဆံပင်အရောင်ကို Ombre လုပ်ချင်တယ်။ Ombre နဲ့ Dip Dye က ဆင်ပေမယ့် မတူဘူး။ Ombre က ဆံပင်အရင်းကနေ အဖျားအထိ အရောင်ကတဖြည်းဖြည်းနုသွားတာ... Gradiant သဘောမျိုး။ Dip Dye ကကျတော့ အဖျားရောက်မှ ချက်ချင်းနောက်တစ်ရောင် ပြောင်းသွားတာ... သိပ်မလှဘူး။

Ombre Hair (From Google)

အမေလာတုန်းက ကြက်အသည်းအမြစ်ဟင်း ချက်ပြသွားတယ်။ အဲ့အတိုင်း စမ်းချက်ကြည့်ထားတယ်။ အမြစ်သိပ်မကြိုက်လို့ အမြစ်မပါဘူး... အသည်းနဲ့အသားပဲ။ ကန်ဒီဟင်းချက်ရင် ဆီပြန်ဟင်းသိပ်မချက်ဘူး။ မကြိုက်တာရော... သိပ်မချက်တတ်တာကြောင့်ရောပေါ့။ တခါတလေကျတော့လည်း ဟင်းဆိုတာ ဆီနဲ့ပြားနဲ့မှ ကောင်းတာနော်... ဆီကဟုတ်ပါပြီ ပြားကဘယ်ကပါလာတာလဲ?! မြန်မာစကားကလည်း ရှုပ်ပါ့ @_@

 စားကောင်းမယ့်ပုံ ပေါက်တယ်မလား :D


ပန်းလက်ဆောင်ရတယ်... ကန်ဒီ့နာမည်ရေးပြီး လုပ်ထားတာဆိုတော့ ကန်ဒီ့အတွက် သတိတရလုပ်ပေးတယ်လို့ ကိုယ့်ဟာကိုယ်ယူဆလိုက်တယ်(:D)။ အားလုံးသိတဲ့အတိုင်း ကန်ဒီက Handmade လေးတွေ အရမ်းသဘောကျတယ်။ ဆိုင်မှာလုပ်ပြီးတင်ထားတဲ့ Handmade မဟုတ်ဘူးနော်။ ကိုယ်တိုင်လုပ်တာမျိုးပေါ့... အဲ့ဒါမျိုးလေးတွေမှာ လုပ်နေတဲ့အချိန်အတွင်း ပေးမယ့်လူအပေါ်ထားတဲ့ ခင်မင်မှုတွေပါတယ် ^_^


V-day အတွက်က နှင်းဆီနီတစ်ပွင့် ရတယ်(:D :D)။ ဓာတ်ပုံပဲပေါ့... သူလည်း လူကိုယ်တိုင်လာပေးလို့မှ မရတာ(>.<)။ ကန်ဒီကတော့ သူ့ကို သီချင်းတစ်ပုဒ်ပဲ ပေးဖြစ်တယ် :)


♫♪ Even if you were upside-down, I would be beside you...
And your world were a strange thing found, I would be beside you...
In my symbolised world, I'm a beautiful girl...
In my house on the hill, there is room for you still... ♫♪


Peanut နဲ့ Butter အတွက် ဆော့စရာလေးတွေ လုပ်ပေးတယ်။ သူတို့နှစ်ကောင်က ခွဲမရအောင်တူတော့ နာမည်ပေးတုန်းက အကောင်သေးပြီး ခပ်သွက်သွက်ရှိတဲ့ကောင်လေးကို Butter လို့ပေးထားတယ်။ အခုနှစ်ကောင်လုံးက အရွယ်တူဖြစ်လာတော့ သူတို့နေပုံထိုင်ပုံကြည့်ပြီးမှ ဘယ်သူက Peanut ဘယ်သူက Butter ဆိုပြီး ခွဲလို့ရတော့တယ်။ Peanut က အစားမက်တယ်။ Butter က အဆော့မက်တယ်။ ကန်ဒီထင်တာ Butter က အထီး (သူကမဟုတ်တာ သွားသွားလုပ်တာကိုး -.-')။ ဒါပေမယ့် ညီမတစ်ယောက်ပြောတော့ _င်လေးလုံးရင် အမတဲ့... Butter က _င်လေးလုံးတယ်။ ဟွင်းးး ဒင်းးလုပ်တာ မိန်းကလေးသိက္ခာကျတော့မယ် >.<

Butter ^_^


သူတို့ကို သဲနဲ့ရေချိုးပေးတုန်းက ဗွီဒီယိုရိုက်ထားတာလေး ဖြစ်သလို Edit လုပ်ထားတယ်(:D)။ အပျင်းပြေကြည့်ပေါ့နော် ^_^

Happy Sunday^^

Wednesday, February 13, 2013

Skin update ++

တရုတ်နှစ်ကူးဆိုတော့ စင်္ကာပူတမြို့လုံး ခြောက်ကပ်ပြီး ဆိုင်တွေလည်းပိတ်... ပျင်းစရာကြီး။ မိုးတွေကလည်း တချိန်လုံးရွာနေတယ်။ လျှောက်လည်လို့ မကောင်းဘူး (>.<)။ ခု Christina Perri ရဲ့ "A Thousand Years" သီချင်းဖွင့်ထားတယ်။ မိုးသံတွေကြားမှာ သီချင်းက ပိုအသက်ဝင်နေသလိုလို...

♫♪ I've died everyday waiting for you...
Darling don't be afraid I've loved you for a Thousand years...
I'll love you for a Thousand more... ♫♪

Chinese New Year Performance at Water Front...

ကန်ဒီ မျက်နှာအတွက် ဆေးသောက်နေရတယ်လို့ ဒီပိုစ့်မှာရေးဖူးတယ်နော်။ ခု တစ်လပြည့်ခါနီးပြီဆိုတော့ နည်းနည်း Update လုပ်မလားလို့။ ဆရာဝန်က တစ်လနေရင် ပြန်ချိန်းထားတာနဲ့ ဟိုနေ့ကပဲ ဆေးခန်းထပ်သွားလိုက်တယ်။ အရင်ပေးထားတဲ့ဆေး(Oratane)ကို တစ်ရက်ခြားပဲသောက်ခိုင်းတော့တယ်။ နောက် Antibiotics(Doxycycline)နဲ့ လိမ်းဆေးထပ်ပေးတယ်။ တော်တော်သက်သာလာတယ်လို့ ထင်တာပဲ။ အဖုလုံးဝမပေါက်တော့တာတော့ မဟုတ်ဘူး။ ပေါက်တာက ပေါက်သေးတယ်... ဒါပေမယ့် ပေါက်ပြီးရင် မြန်မြန်ပျောက်တယ်။ 


 No Makeup...

အပေါ်အောက် နှစ်ပုံလုံးက မျက်နှာသစ်ပြီး ဆေးလိမ်းပြီးတဲ့အချိန်မှာပဲ ရိုက်ထားတာ။ ကန်ဒီ့အသားအရေ နည်းနည်းပြောင်းသွားတယ်။ ဆေးသောက်နေတဲ့အချိန်မို့လားတော့ မပြောတတ်ဘူး။ အသားကခြောက်ပြီး အဖတ်တွေကွာနေပေမယ့် ပြောင်နေတယ်။ ကျန်းမာတဲ့ပုံစံ စိုပြီးပြောင်နေတာမျိုး... နောက် မျက်နှာအဆီလည်း သိပ်မထွက်တော့ဘူး။ အမာရွတ်အဟောင်းတွေ ကျန်သေးတယ်။ အသစ်ပေါက်တဲ့ဟာတွေကတော့ အမာရွတ်သိပ်မကျန်ဘူး ^_^

With BB cream...

ဆရာဝန်က ဘာမှမလိမ်းနဲ့ တခါတလေမှလိမ်းတဲ့။ ကန်ဒီကလည်း အမြဲအပြင်ထွက်တာ မဟုတ်တော့ မလိမ်းဖြစ်ပါဘူး။ တခါတလေအပြင်သွားရင်တော့ BBcream လိမ်းတယ်။ နောက်ပိုင်းအခြေအနေကို နောက်မှ Update ထပ်လုပ်ပေးမယ်နော်။ ခုလောလောဆယ် ဆေးခန်းနာမည် ပြောပြထားမယ်... "Universal Medical Clinic"  Blk 164, Bukit Batok Street 11, #01-144 Singapore (650164)။ ဆရာဝန်နာမည်က Dr. (Ms) Low Huey Chin... သဘောကောင်းတယ်။ OK OK ဒီအကြောင်းက တော်သင့်ပြီ...


313 Somerset က Charlie Brown ဆိုတဲ့ ကော်ဖီဆိုင်လေး မိုက်တယ်။ ဈေးကြီးပေမယ့် ကော်ဖီကောင်းတယ်။ ဒါနဲ့ ရန်ကုန်မှာ KFC ဖွင့်နေပြီဆိုပြီး အားလုံးက ပျော်နေကြတယ်။ မပျော်တာ ကန်ဒီတစ်ယောက်ပဲ ရှိမလား မသိဘူး။ မပျော်ဘူးဆိုတာ ဘာရယ်မဟုတ်ပါဘူး။ အဲ့ဒါတွေက စွဲတယ်။ ကြိုက်တဲ့လူက အရမ်းကြိုက်တယ်။ ကျန်းမာရေးနဲ့ လုံးဝမညီညွှတ်ဘူး။ အနောက်နိုင်ငံတွေမှာ အ၀လွန်ရောဂါတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းက အဲ့ဒါတွေကြောင့်ပေါ့။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ကိုယ်စားတဲ့အစာ ကြည့်စားပေါ့နော် ^_~


ဟိုနေ့က လူကြုံသွားပေးရင်း ကိုလေး(အစ်ကိုအငယ်)နဲ့တွေ့တော့ ကန်ဒီ့ကို ကုလားစာလိုက်ကျွေးတယ်။ နောက် McDonald မှာ ရေခဲမုန့်ကျွေးတယ်။ သူ့ကြည့်ရတာ ကန်ဒီ့ကို စိတ်ပူနေပုံရတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားလား... အိမ်ထဲမှာချည်းနေမနေနဲ့... အပြင်ထွက်စား... လျှောက်လည်... သင်တန်းတစ်ခုခုတက်မလား စသဖြင့် စသဖြင့် ကန်ဒီ့ကို စကားတွေ ကွေ့ပတ်ပြောနေတယ်။ "အဲ့လိုချည်း အိမ်ကပ်နေရင် စိတ်ဓာတ်ကျမယ်"တဲ့... ကန်ဒီက "မကျပါဘူး"လို့ ပြောတော့... "ဒါဆိုဘာလို့ Whats app မှာ Bullshit Status တင်ထားတာလဲ"တဲ့။ အဲ့လိုပြောမှ သူဘာလို့ အဲ့လိုတွေပြောပြီး စိတ်ပူနေလဲ နားလည်တော့တယ်။ ကန်ဒီ Whats app မှာ သူငယ်ချင်းတော်တော်များများနဲ့ ချက်ဖြစ်တယ်။ ဒါပေမယ့် ကန်ဒီ့ Status နဲ့ပက်သက်ပြီး ဘယ်သူမှ လာမမေးဖူးဘူး။ "ကိစ္စရှိရင် ကိုလေးကို ပြောပြလို့ရတယ်... နားထောင်ပေးနိုင်တယ်"တဲ့။ သူက အဲ့လိုပြောလာတော့ စိတ်ထဲဝမ်းနည်းပြီး ၀မ်းလည်းသာတယ်။ မငိုမိအောင် ထိန်းထားရတယ် (Love him sooo much T_T)။ ပြန်လာတော့ Status ပြောင်းလိုက်တယ်။ စိတ်ညစ်စရာတွေ ဒီမှာရေးတတ်ပေမယ့် အပြင်မှာ ပြောခဲတယ်။ ကိုယ့်အတွက် ဘယ်သူ့ကိုမှ အဲ့လိုစိတ်မပူစေချင်ဘူး။ တကယ်တော့ စိတ်ညစ်စရာတွေ ဒီမှာလည်း မရေးချင်ပါဘူး... ကန်ဒီ့ကြောင့် ပျော်ပဲ ပျော်စေချင်တယ် :D 


ရဲလေးရဲ့ အယ်လ်ဘမ်အသစ် ပရိုမိုးရှင်းပွဲကြည့်တာ... အဲ့မှာ သူတို့ Game ဆော့ကြတယ်။ မိန်းကလေးသုံးယောက်ကနေ ရဲလေးကို ရည်းစားစကား တစ်ယောက်တစ်ခွန်းစီပြောရတယ်။ ရဲလေးကနားထောင်ပြီး သူသဘောကျတဲ့လူကို ရွေးတာပေါ့နော်။ အဲ့ဒါကိုကြည့်ရင်း ရှက်လို့ မျက်နှာတွေရဲလာတယ် ဟဟဟဟ(=^.^=)။ ပြောတဲ့ကောင်မလေးတွေတော့ ဘယ်လိုနေမယ်မသိဘူး... ဒီကကြည့်နေတဲ့လူတော့ နေရင်းထိုင်ရင်း တော်တော်ရှက်တယ်။ သြော်... ကိုရီးယားကားတွေရဲ့ လွှမ်းမိုးမှုက မသေးပါလား xD xD

Have a Great Day^^

Saturday, February 9, 2013

V-Day Nail Art

Hello!

ဒီနေ့ Nail Art က လာမယ့် Valentine's Day အတွက်... အဲ့နေ့မှာ လျှောက်လည်လည် မလည်လည် ကိုယ်တွေနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် လုပ်ချင်လို့ကို လုပ်တယ်ကွာ (ရန်တွေ့သည် :P)။ ဟိုနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တော့ "Valentine's Day က ငါတို့နဲ့ ဘာဆိုင်လဲ... ငါတို့နိုင်ငံမှာ လုပ်မှမလုပ်တာ"တဲ့။ တော်တော်ရိုမန်းတစ် မဆန်တာပဲ ဟွင်းးး(>.<)။ ကန်ဒီကလည်း OMG!! Valentine's Day *Yayyyyy* ဆိုပြီး တက်ကြွ အရူးထနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လိုဘုဂလန့်လာပြောရင် အမြင်ကတ်တယ်။ အမှန်အတိုင်းပဲ ၀န်ခံလိုက်ပါ... အဲ့နေ့မှာ တစ်ခုခုရရင် ပျော်လား? မပျော်ဘူးလား? ဘယ်မိန်းကလေးက မပျော်ဘဲနေမှာလဲ?? မပျော်ဘူးပြောတဲ့လူကို လိမ်လည်မှုနဲ့ တရားစွဲမယ် xD (Gangster Intro :P)


ကန်ဒီလုပ်ထားတဲ့ ဒီဇိုင်းကို နည်းနည်းရှုပ်တယ်ထင်ရင် ကိုယ်အဆင်ပြေသလို ကိုယ့်စိတ်ကြိုက် Customize လုပ်ကြည့်နိုင်ပါတယ်။ လက်သည်းအရင်းနားက အဖြူစက်နဲ့ပုံဖော်ထားတဲ့ အသည်းပုံတွေကို ဖျောက်လိုက်ပြီး လက်သန်းမှာလုပ်ပြထားသလိုပဲ လုပ်ပေါ့။ အဲ့ဒါဆို နည်းနည်းပိုရှင်းသွားမယ်ထင်တယ်။ ကန်ဒီ ဒီမှာ ပန်းခရမ်းရောင်ကို ဦးစားပေးသုံးထားတယ် ^_^


အောက်ခံဒီဇိုင်းအတွက် ပန်းနုရောင်နဲ့ ပန်းခရမ်းရောင်ကို Gradiant သဘောမျိုးဖြစ်အောင် စပ်ထားတယ်။ ပြီးတော့မှ အပေါ်က အသည်းပုံတွေ ထည့်တာပေါ့။ တချို့အသည်းတွေကို ခရမ်းနုရောင်ပေါ်မှာ ခရမ်းရင့်ရောင် ထပ်ထားပြီး တချို့ကိုတော့ ခရမ်းရင့်ရောင်နဲ့ပဲ ဆွဲထားတယ်။ အသည်းတချို့ရဲ့ ဘေးပတ်လည်မှာ အဖြူအစက်လေးတွေနဲ့ ပိုထင်ရှားအောင် ကွပ်ပေးထားတယ်။ လက်မကိုလည်း လက်သူကြွယ်ပုံစံအတိုင်းဆိုးထားတယ်။ လက်ချောင်းတိုင်းကို အဲ့ပုံစံမျိုးလုပ်ရင် အရမ်းရှုပ်သွားမှာစိုးလို့လေ :)


အသည်းပုံဆွဲတာ လွယ်ပါတယ်။ Dotting Tool နဲ့ "V" ပုံဆွဲလိုက်ရင်ရပြီ။ အဖြူအစက်လေးတွေကိုတော့ Nail Art Pen နဲ့ ဆွဲထားတယ်။ Nail Art Pen မရှိရင် သွားကြားထိုးတံလည်း သုံးလို့ရတယ်နော် ^_^


တကယ်တော့ ဒီလိုပိုစ့်မျိုးက သိပ်ရှင်းပြစရာတောင် မလိုပါဘူး။ ပုံကြည့်တာနဲ့တင် လုပ်တတ်တယ်လေ ဟုတ်တယ်မလား? ကန်ဒီဓာတ်ပုံရိုက်ပြထားတာကို မသဲကွဲမှာစိုးလို့သာ ပြောပြနေတာ(:D)။ ကန်ဒီ့ကို အဲ့နေ့မှာ ဘယ်သူချောကလက်ကျွေးချင်လဲ??? (မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပြောသည် :P)

Kiss *mwah*

Tuesday, February 5, 2013

River Cruise

ဒီစနေရော တနင်္ဂနွေရော အလည်လွန်နေတယ်။ Humm... အဲ့လိုပြောလို့လည်း မရပါဘူး။ ကန်ဒီက အိမ်တွင်းပုန်းဆိုတော့ တခါတလေ စိတ်ထွက်ပေါက်ပေးတယ်ပဲ ထားပါတော့(:P)။ ဒီတစ်ခေါက်လည်း Clarke Quay ပဲ။ ဟီးဟီး... အားနေ အဲ့ပဲသွားနေတယ်ဆိုပြီး အားလုံးလည်း စိတ်ညစ်နေလောက်ပြီ(xD)။ ကန်ဒီပြောဖူးတယ်လေ... အဲ့နေရာက ကန်ဒီအကြိုက်ဆုံးနေရာပါလို့။ ဒီတစ်ခေါက်မတူတာက ကန်ဒီလှေစီးခဲ့တယ် ၀ါးဟားဟား (မနာလိုဖြစ်အောင် ပြောပြီးရီခြင်း :D :D :D)


အရင်က လက်မှတ်ကို ဈေးအရမ်းကြီးမယ် ထင်တာ... S$18 ဆိုတော့ မဆိုးဘူး ထင်တာပဲ။ မိနစ် ၄၀ လို့ပြောပေမယ့် စိတ်ထဲမှာ အဲ့လောက်မကြာသလိုပဲ။ ကိုယ့်ဟာကိုယ် ဓာတ်ပုံရိုက်ရင်း အလုပ်ရှုပ်နေတာလည်း ပါမှာပေါ့(:D)။ OK OK... ဒါနဲ့ပက်သက်လို့ ဓာတ်ပုံတွေပဲ ဆက်ကြည့်လိုက်တော့နော်။ တခြားအကြောင်းပြောမယ်။


ခုနလေးတင် MyanmarCelebrity မှာ စိုးသူရဲ့အင်တာဗျူး ကြည့်လိုက်တယ်။ အသက်ကြီးလာတာတောင် ရုပ်ကနုတုန်း... သိပ်မပြောင်းလဲဘူး။ ကန်ဒီဟိုးးးငယ်ငယ်လေးတုန်းက သူ့ကိုအရမ်းကြိုက်တာ။ တကယ်တော့ သူ့ဇာတ်လမ်းတွေလည်း အဲ့လောက်မကြည့်ဖူးပါဘူး။ ဒါပေမယ့် ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ချောလို့ ဟဟဟ (နှာခေါင်းနီနေသည် ^o^)။ အသက်ကြီးလာတော့ အဲ့လို မင်းသား မင်းသမီးတွေကို မကြိုက်တတ်တော့ဘူး... ဒါလည်း ထူးဆန်းတယ် @_@

ကန်ဒီက အပြင်သွားရင် မျက်ကပ်မှန်တပ်တာများတော့ တော်တော်များများက ကန်ဒီ့မျက်လုံးကို ကောင်းတယ် ထင်ကြတယ်။ တစ်ခါက အိမ်ကိုဧည့်သည်လာတော့ အခန်းဖော်က ကန်ဒီနဲ့ မိတ်ဆက်ပေးတာ... အဲ့နေ့က ထူးထူးဆန်းဆန်း ညနေခင်းကြီး အိပ်ပျော်သွားပြီး နိုးလာတော့ အိပ်ချင်မူးတူးနဲ့ အိမ်သာသွားတာ မျက်မှန်လည်း မတပ်သွားဘူး။ သူက မိတ်ဆက်ပေးဖို့ လှမ်းခေါ်တော့ မသွားလို့လည်း မရ... သွားပြီး ဧည့်သည်ကိုပြုံးသာပြုံးပြလိုက်ရတယ် သူ့ကိုမမြင်ရဘူး ဟဟဟဟ (xD) တော်တော်ဆိုးတဲ့ မျက်လုံး >.<


လူတစ်ယောက်က ကန်ဒီ ဒီမှာကျောင်းတက်တာ မိဘပိုက်ဆံကို ဖြုန်းနေတာတဲ့။ သူတို့ဆို ရောက်တာနဲ့ အလုပ်လုပ်တာ ဘယ်လောက်ကောင်းလဲ ဆိုပဲ။ ခုထိအလုပ်မလုပ်ဘူး?! အင်း... တစ်နှစ်လောက် အလုပ်လုပ်ရင်တော့ အရင်းကျေလောက်ပါတယ်လေ... ဘာညာနဲ့ လာပွားနေတယ်။ ကန်ဒီ ဒီမှာကျောင်းတက်ချင်ပါတယ်လို့ အမေ့ကို တစ်ခါမှမပြောဖူးဘူး။ အမေတက်စေချင်လို့သာ ဒီရောက်လာခဲ့တာ။ ဘယ်သူကတော့ ဒီအရွယ်အထိ မိဘပိုက်ဆံကို ထိုင်သုံးနေချင်မှာလဲ?? တခါတလေ လူတွေက အပေါ်ယံပဲကြည့်ပြီး ဝေဖန်တတ်ကြတယ်။ တခြားလူစိတ်ထဲ ဘယ်လိုရှိနေမလဲ ၀င်မကြည့်တတ်ကြဘူး။ သူက တမင်ကဲ့ရဲ့တာ မဟုတ်လောက်ပေမယ့် အနာပေါ် တုတ်ကျသလိုနာတယ်။ အပြုံးတော့ မပျက်ခဲ့ပါဘူး That's Candy :)



ကန်ဒီ့ပုံကို မောင်လေးတစ်ယောက် ရိုက်ပေးတာ။ ကိုယ့်ဟာကိုယ်ရိုက်ရင်သာ ပြောင်ချော်ချော်နိုင်တာ... သူများရိုက်ပေးရင်း ဘာလို့မှန်းမသိဘူး... မနေတတ်ဘူး (-.-)။ တစ်ယောက်တည်းဆို Bar တွေနား မသွားဘူး။ ဒီတစ်ခေါက်တော့ အဖော်ပါတာနဲ့ အဲ့လမ်းကြားလေးထဲ ၀င်ဖြစ်ခဲ့တယ်။ အပြင်အဆင်တွေလှပြီး နိုင်ငံခြားသားတွေနဲ့ တော်တော်စည်တယ်။


ဒီနောက်ပိုင်း ဟိုလုပ်ဒီလုပ်နဲ့ ဘလော့ခ်တောင် သိပ်မလည်ဖြစ်ဘူး။ နေရင်းထိုင်ရင်း တဂျင်းမီးရေးဖူးတဲ့ ပိုစ့်တစ်ပုဒ်ကို သွားသတိရတယ်။ ဒါလည်း ဘလော့ခ်လောကရဲ့ ထုံးစံပါပဲ။ ဘယ်သူ့ဘယ်သူရဲ့ အပြစ်မှ မဟုတ်ပါဘူး။ တော်သေးတယ်... ခုချိန်ထိတော့ ဘလော့ဂါမဟုတ်တဲ့ စာဖတ်သူတွေ ရှိနေသေးတယ် ^_^

Peninsula မြန်မာဆိုင်က အစားအသောက်တွေကို ကြည့်စားနော်။ ဟိုတစ်နေ့က ကြေးအိုးဆီချက်စားတာ Order ရေးမှတ်တဲ့ စာရွက်ပါလာတယ်(>.<)။  ဘယ်ဆိုင်လဲ ဒီမှာမပြောပါဘူး။ သူများထမင်းအိုး မခွဲချင်လို့။ တိုးတိုးလေးလာမေးရင်တော့ ပြောပြမယ်(:P)။ ဒါတောင် ကန်ဒီက တော်ရုံတန်ရုံ အဲ့မသွားတတ်လို့။ တချိန်လုံးသွားနေတဲ့လူတွေ ဘယ်လောက်တောင် ခံရမလဲ မသိဘူး =.='


Ohh!! နောက်အပတ်ဆို တရုတ်နှစ်ကူးပိတ်ရက်နော်။ တော်တော်များများ ခရီးသွားကြမယ် ထင်တယ်။ အပျော်လွန်ပြီး ကန်ဒီ့ကို မေ့မသွားနဲ့ဦး(:D)။ ကိုယ်တိုင်ကတော့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတုန်းးး ^_^

Have a Great Day!!
Candy