Tuesday, February 26, 2013

တပို့တွဲ ထမနဲ

Hello^^

အခု နေ့လည် (၂)နာရီကျော်ကျော်... ထမင်းမစားရသေးဘူး။ အပြင်မှာ ဧည့်သည်တွေရောက်နေတယ်။ ထြက္မစားခ်င္ဘူး... ဂြီ ဂြီ ဂြီ (ဗိုက္ထဲက အသံ)။ သြော်... ခုမှ သတိရတယ်။ အိတ်ထဲမှာ ချောကလက်တစ်ခုရှိတယ်(:D)။ အဆာပြေ အဲ့ဒါအရင်စားထားမှ >.<


မနေ့က တပို့တွဲလပြည့်နေ့... ဓာတ်တော်တိုက်မှာ ထမနဲထိုးတယ်လို့ ကြားတယ်။ အဖော်မရှိလို့ မသွားဖြစ်ဘူး။ ရန်ကုန်အိမ်မှာအမေတို့ထိုးတဲ့ ထမနဲတော့ Facebook ကနေ ယူလာတယ် (ရှလွတ် :D)။ Facebook ဆိုလို့ ပြောပြရဦးမယ်။ ကန်ဒီနားမလည်တာပါ။ တချို့ပိုစ့်တွေက စဉ်းစားကြည့်ရင် လုံးဝအဓိပ္ပာယ်မရှိဘူး။ ဟိုနေ့က Facebook မှာ ဓာတ်ပုံတစ်ပုံတွေ့တယ်။ မျက်နှာမဲ့နေတဲ့ပုံလေး... ပုံမှာရေးထားတဲ့စာကို ဖတ်လိုက်တော့ "@ရေဝေး" တဲ့။ What?! အသုဘသွားတာ ဓာတ်ပုံရိုက်စရာလား... တကယ်ဝမ်းနည်းနေတဲ့လူက ကိုယ့်ကိုကိုယ်ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ဖို့ သတိရမယ် မထင်ဘူး။ အဲ့ဒါရိုက်နေတဲ့အချိန် တခြားလူမြင်သွားရင်လည်း ရှက်စရာကြီး >.< (ဒါ ကန်ဒီ့အမြင်သက်သက်မို့ တိုက်ဆိုင်မှုများ ရှိခဲ့ရင် ခွင့်လွှတ်ပါ)။ ကန်ဒီလည်း ဓာတ်ပုံရိုက်ရတာ ၀ါသနာပါပါတယ်။ ဒါပေမယ့် အခြေအနေနဲ့ အချိန်အခါလိုက်ပြီး လုပ်ဖို့လည်း အရေးကြီးတယ် ထင်တာပဲ။

ရန်ကုန်ခြံထဲက ဘူးစင် ^_^

အမေက အပင်စိုက်တာ ၀ါသနာပါတယ်။ ခြံထဲမှာ ဟင်းသီးဟင်းရွက်တွေ အများကြီးပဲ။ ကိုယ့်မိသားစုနဲ့ပဲ နေချင်တယ်။ သူများနဲ့နေရတာ စိတ်ကုန်လာပြီ။ သူများမျက်နှာကြည့်နေရတာ မလွတ်လပ်ဘူး။ မနေ့က စိတ်သိပ်မကြည်ဘူး။ ထုံးစံအတိုင်းပဲပေါ့... အိမ်မှာ လူလေးယောက်နေတယ်။ နှစ်ယောက်က ဘာမှမလုပ်ဘူး။ အိမ်မှာ အိပ်ရုံအိပ်တာ။ လုပ်တဲ့နှစ်ယောက်မှာလည်း ကန်ဒီကအငယ် သူကအသက်ကြီးတော့ တော်တော်များများ ကန်ဒီပဲ လုပ်ပေးတယ် (ဟိုတစ်ခါအပြောခံရပြီးကတည်းက..)။ တံမြတ်စည်းလှဲတာ မီးဖိုချောင်သန့်ရှင်းရေး နေ့တိုင်းလုပ်တယ်။ ရေချိုးခန်းကို နှစ်ပတ်တစ်ခါဆေးတယ်။ ကန်ဒီသိပ်မလုပ်ဖြစ်တာ ကြမ်းတိုက်တာပဲ။ အဲ့ဒါကိုလည်း အလျင်းသင့်သလို ဘယ်သူမှမရှိရင် လုပ်ပေးတယ်။ တစ်ခါမှ မငြိုငြင်ဘူးနော်။ ဒါပေမယ့် သူတစ်ခါလေး ကြမ်းတိုက်ရပြီဆို ဘာကိစ္စ မျက်နှာကြီးက စူပုတ်နေမှန်း ကန်ဒီနားမလည်ဘူး။ အဲ့လိုကြီးဖြစ်နေတော့ ဒီကလူက ဘယ်လိုနေရမှာတုန်း ဟွင်းးး >.<

ပုဇွန်ဟင်းနဲ့ မုန်ညှင်းကြော်...

ဒီရက်ပိုင်း Line Camera ကို သဘောကျနေတယ်။ ပုံလေးတွေ ထည့်ရတာ ကြိုက်တယ်။ လက်ရေးနဲ့လည်း စာရေးလို့ရတယ်(^_^)။ ကန်ဒီဟင်းချက်တာ နည်းမရှိဘူး။ စားလို့ရရင်ပြီးရော တွေ့သမျှအကုန်ထည့်တာ။ ခရမ်းချဉ်သီးက ဟင်းတိုင်းလိုလိုမှာ ပါတယ်။ အမေဟင်းချက်တာကျ နည်းရှိတယ်။ ဘယ်ဟာကို ဘာလို့ထည့်တယ်ဆိုတာမျိုး သူ့မှာအကြောင်းပြချက်ရှိတယ်။ လုံးချက်တာတို့ ဘာတို့လည်း ရှိသေးတယ်။ အဲ့ဒါကြောင့် သူချက်တာတွေ စားလို့ကောင်းတာ။ ဟိုးးအရင်ကနဲ့ယှဉ်ရင်တော့ ကန်ဒီလည်း အများကြီး တိုးတက်လာပါတယ် ^_^


အခွင့်ရရင် ဒီစာအုပ်လေးကို ဖတ်စေချင်တယ်။ "မေတ္တာဈေးကွက်"ဆိုတဲ့ ၀တ္တုလေးကို ကြိုက်လွန်းလို့ အကျဉ်းချုံးပြီး ဒီမှာ ရှယ်ဖူးတယ်။ နောက်တစ်ပုဒ်(သားနှင့်ကား)ကို ဟိုနေ့ကဆက်ဖတ်ဖြစ်တော့လည်း ကြိုက်တယ်။ မိဘတိုင်း ဖတ်သင့်တယ်လို့ ကန်ဒီထင်တယ်။ ကိုယ်တိုင်က စာဖတ်အားနည်းတော့ ဖတ်ဖြစ်အောင် အဲ့လိုစာအုပ်သေးသေးလေးတွေကို အိတ်ထဲထည့်ထားတတ်တယ်။ အပြင်သွားလို့ တစ်ယောက်ယောက်ကို စောင့်နေရတဲ့အခါမျိုးမှာ ဖတ်လို့ရအောင်လေ။ နောက် ကန်ဒီက အချစ်ဝတ္တုတွေ ဖတ်ခဲတယ်။ ကိုယ့်အတွက် အသိတစ်ခုခု၊ တွေးစရာတစ်ခုခုပေးတဲ့ဟာမျိုး ဒါမှမဟုတ် အပျင်းပြေစေမယ့်ဟာမျိုးပဲ ဖတ်ဖြစ်တာများတယ်။


သူငယ်ချင်းတစ်ယောက် ရန်ကုန်ပြန်တော့ လက်ဆောင်တွေပါလာတယ်။ ကန်ဒီ့မျက်နှာကအဖုတွေ ပျောက်အောင် သနပ်ခါးနဲ့ ကျောက်ပြင်သယ်လာတယ်တဲ့။ ဒီလိုကျတော့လည်း ကန်ဒီ့ကို ခင်တဲ့လူတွေ ရှိသားနော်။ ကိုယ်မမှာဘဲ ကျောက်ပြင်တောင် သယ်လာပေးတယ်ဆိုတော့ ကျေးဇူးတင်တယ်။ အိမ်မှာ ကန်ဒီကပ်သုံးနေတဲ့ သူများကျောက်ပြင်တော့ရှိတယ်။ သြော် ဒါနဲ့ ကန်ဒီသနပ်ခါးနဲ့ပုံ မြင်ဖူးလား?! ဒါဆေးခန်းမပြခင်တုန်းကပုံ... ခုတော့ ဆရာဝန်က ဘာမှမလိမ်းနဲ့ဆိုလို့ သနပ်ခါးတောင် မလိမ်းဖြစ်ဘူး...


ကန်ဒီက တခါတလေ တော်တော်ဆိုးပြီး တကိုယ်ကောင်းဆန်တယ်။ အထူးသဖြင့် စိတ်ခံစားမှုနဲ့ဆိုင်တဲ့ ကိစ္စတွေမှာပေါ့။ ပုထုဇဉ်ဆိုတော့ မရှောင်လွဲနိုင်ဘူး (ဒီပုထုဇဉ်ဆိုတာကို ခုတုံးလုပ်နေရလည်း အားနာလှပြီ)။ မှားမှန်းသိရက်နဲ့လည်း ရှေ့ဆက်တိုးနေမိတယ်။ ကိုယ့်ကြောင့်ဘယ်သူ့ကိုမှ မနာကျင်စေချင်တာတော့ အမှန်ပါ... (Don't ask me Why -.-)

ထမင်းသွားစားလိုက်ဦးမယ်နော်...
Have a Great Day^^

17 comments:

ကူးကူးလှိုင် said...

ကန်ဒီတို့ အိမ်က ထမနဲဘန်းကြီး စားချင်လိုက်တာ.ဘူးသီးတွေလဲခူးပြီး ကြော်စားလိုက် ချင်တယ်...ပြောသာပြောရ တစ်ခုမှလဲ မစားရ...း(((

လရိပ်အိမ် said...

ချက်ထားတာလှနေတာဘဲနော်။ အိမ်ထောင်ရှင်မကောင်းဖြစ်မဲ့ရုပ်။ :)

မိုးညချမ်း said...

ကန်ဒီ ညွှန်းတဲ့ မေတ္တာရှင်ဆရာတော် စာအုပ်လေးရှာဖတ်အုံးမှပဲ ... ဒါနဲ့စကားမစပ် သနပ်ခါးလေးနဲ့ ညီမလေးက ချစ်စရာလေး ... :)

ဘုန်းတောက် said...

ပိစိဟင်းချက်တာ ဘုန်းတောက်ဟင်းချက်တာနဲ့ တူသွားဘီ။ ဘုန်းတောက်က တစ်ခုပိုသွားတယ်။ ဘာလဲဆိုတော့ အိုးကပ်ချက်။ သက်သက်မဲ့ကပ်ခိုင်းတာ ဟုတ်ဖူးရယ်။ တော်တော်နဲ့ မနူးသေးလို့ သတင်းစာသွားဖတ်နေတာ။ ဟင်းတူးနံ့လေး ရသလိုပဲလို့...အဲကျမှ ကမန်းကတန်းနဲ့...

Ma Tint said...

ချိုချဉ်လေးပို့စ်ဖတ်ရတာ ဟင်းမျိုးစုံနဲ့ ထမင်းစားရသလို ရသပေါင်းစုံပဲး)သနပ်ခါးလေးနဲ့ဆို့တော့ ကြည့်လို့လှမှလှ သနပ်ခါးတုံးကြီးတွေတော့ မျက်စိကျတယ် တီတင့်က သနပ်ခါးကို ခြေဆုံးအထိလိမ်းလေ့ရှိလို့လေး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ကိုယ့်အတ္တနဲ့ကိုယ် တစ်နေရာဆီမှာ မှန်နေတတ်ကြတော့
အလျော့ပေးလေ့မရှိတာ သဘာဝပါပဲဟာ....။ဒါကိုပဲ
တစ်ကိုယ်ကောင်းဆန်တယ်ခေါ်လိုက်တာပေါ့နော့...။
အသက်အရွယ်ရလာတာနဲ့အမျှ ဆင်ခြင်ညဏ်ဖွံဖြိုးလာ
တဲ့လူတွေမှာတော့ အတ္တလည်း လျော့လာပါလိမ့်မယ်။

သူကြီးမင်း said...

ကူးကူးလှိုင်ရဲ့ ကွန်မင့်ထဲက ထမနဲဘန်းကြီး ဆိုတာကို ထမနဲဘုန်းကြီးဆိုပြီး ဖတ်လိုက်မိတယ်။ အောက်မှာလဲ ဘုန်းတောက်ရဲ့ ကွန်မင့်က ရှိနေတာကိုး။ ဘန်းနှင့်ဘုန်းက မှားချင်စရာကြီး။း)

မိသားစုအရိပ်က အကောင်းဆုံးပါဘဲ။ မိသားစုအရိပ်ထဲမှာမှ မိဘအရိပ်က အကောင်းဆုံးပေါ့။ ဒါပေမဲ့လဲ တခါတလေ တစိမ်းတွေနဲ့ နေရတာ အတွေ့အကြုံသစ်ရတာပေါ့။ ဘ၀ဆိုတာ အဲဒီလိုနေဖူးမှ ပို အဓိပ္ပါယ် ရှိသလိုလိုလေ။

ချစ်စံအိမ် said...

သနပ်ခါးတွေ လိုချင်လိုက်တာ ညီမရာ :P

မိုးငွေ့........ said...

တချို့ဝက်ခြံပေါက်ရင် သနပ်ခါးတို့လည်းပျောက်တတ်တယ်နော်...။

Thu said...

မိသားစုရဲ့တန်ဖိုးကို သိရဲ့နဲ့ ကျွန်တော်လဲတခါတလေ ဘဲ့တိုက်ချင်နေတာ..မကောင်းဘူး။

သနပ်ခါးလေးနဲ့ချစ်ချာကောင်းတာပဲ ^_^

မိုးနတ်ကြယ်စင် said...

ကန်လေးက သနပ်ခါးလေးနဲ့ ချစ်ချာရေးကွာ...
နာ မွှေးမွှေးပေးချင်လာပြီ..တကယ်ကြီးးးးးးးးးးးးးးးးးး
ဟုတ်တယ် သနပ်ခါးလေး ထူထူအုံပြီးလိမ်းထားရင်လဲ
ပျောက်တယ်တဲ့ ...အဖုအပိန့်တွေဘာတွေပြောပါဒယ်
မိုးနတ်ကတော့ အဖုတွေဘာတွေ မပေါက်တတ်ဘူးးးးး
ဒါပေသိ သနပ်ခါးတော့သိပ်ကြိုက်တယ်...ခုချိန်ထိ
မိတ်ကပ်ချည်းပဲ လိမ်းတာထက် အောက်ကဖောင်ဒေးရှင်း
ပေါ့ပေါ့ပါးပါးလေး လူးပြီး အပေါ်က သနပ်ခါးထပ်လိမ်း
တာမျိုးပဲ လုပ်ဖြစ်တယ် ..နေလို့လဲ အဆင်ပြေတယ်
သနပ်ခါးကလဲ ဖုံဖုံလေးပဲလိမ်းတာဆိုတော့ လှလဲ
လှတယ်..ဒီက မိလှချင် ဆိုတော့ ကိုယ့်ကိုယ်ကို
အမြဲဂရုစိုက်ဖြစ်တယ်....မိတ်ကပ်ချည်းပဲဆိုရင်တော့
အပြင်တွေဘာတွေ သွားရင်ပဲဖြစ်ဖြစ် ခရီးသွားရင်ပဲ
ဖြစ်ဖြစ် လိမ်းတယ်..ကျန်တဲ့ အိမ်မှာနေရင်တော့
သနပ်ခါးပဲ...အော်..ကန်လေးကို တစ်ခုအကြံပေး
ရအုံးမယ်...ဟို ရွှေပြည်နန်းက ထုတ်တဲ့
သဘာဝအသားဖြူနဲ့ ကံ့ကော်ဝတ်ဆံ သနပ်ခါးကို
ရောပြီး ညအိပ်ရာမ၀င်ခင် ရေးချိုးပြီး လိမ်းအိပ်ကြည့်
ပါလားးးးးးးးးးသိပ်ကောင်းတယ်...ညဘက် ဘယ်မှ
အပြင်မထွက်ဖြစ်ဘူးဆိုရင် တပတ်လောက်စမ်း
ကြည့်ပါလားဟင်... အမှန်ပြောရရင် မိုးနတ်က
အရင်က သနပ်ခါးစစ်စစ်ကလွဲရင် နောက်ပြီး
ညဘက် ခရင်မ် တစ်ခုခုကလွဲရင် ကျန်တာတွေ
မမက်ဘူးးးးးးးးးးးးးးးး အဲ့ရွှေပြည်နန်းလဲ တခါမှကို
မသုံးတာ ဘာရယ်မဟုတ်ဘူးးးးးးးး အရိုးသားဆုံး
ဝန်ခံရရင် (ဘယ်သူမှမသိစေနဲ့နော်..ရှုးးးးးတိုးတိုး)
ကောင်းမယ်ကိုမထင်တာ....ဒါပေမဲ့ ဟိုတစ်နှစ်က
နွေအရမ်းပူတုန်းက ထူးထူးဆန်းဆန်း တခါမှ မပေါက်
ဖူးပဲ မိတ်ပေါက်တာ..အာ့နဲ့ သယ်ရင်းတစ်ယောက်က
စမ်းလိမ်းကြည့်ပါဆိုလို့ ညဘက်လိမ်းအိပ်ကြည့်တာ
တခါတည်းစွဲသွားတော့တာပဲ...ဟီးးးးးးးးးး
ဟုတ်တယ် ချွေးလေးတစိုစိုနဲ့ နေလို့လဲသိပ်ကောင်းတယ်..အသားအရည်လဲ ပိုလှလာတယ်...နောက်ပြီး
အမဲစက်တွေဘာတွေလဲ စွဲလိမ်းရင် ပျောက်တယ်
ခုတော့ ညနေရေချိုးပြီးတာနဲ့ အဲ့ဒါပဲ လိမ်းထားတော့
တယ်...တကယ်ကောင်းတယ် သိလားးးးးးး

Candy said...

စိတ်ရှည်လက်ရှည်နဲ့ စာအရှည်ကြီးရေးပြီး အကြံပေးတာ ကျေးဇူးပဲ မိုးနတ်ရေ mwahhhhhhh :D

Anonymous said...

ကန်ဒီလေး..
ခြံထဲကစားပင်တွေရှိရင်တင်ပေးအုန်းနော်။
အဲလိုခြံထွက်တွေသိပ်သဘောကျတယ်။း)
အိုင်အိုရာ

နွေတေးရှင် (မင်းဧရာ) said...

အေး သကြားလုံးရ
ခင်ဗျားတို့လို မိန်းခလေးတွေမပြောနဲ့ ကျုပ်တို့လိုယောင်္ကျား ရင့်မာကြီးတွေတောင် တစ်ခါတခါ မျက်ရည်က လည်ချင်ချင်ရယ် သူတပါးရပ် သူတပါရွာမှာ
အများနဲ့ ပေါင်းသင်ဆက်ဆံရတာလည်း သိပ်မလွယ်ဘူး။

ထမနဲ ပုဂံကြီးတွေပြထားတာကတော့ နည်းနည်းလွန်တယ်
ရွာကိုသတိရလို့း))။

မေမြို့မိုး said...

သိပ်တော်တယ်..နအမ..
နမိုး အစ်မလို့ မပြောရဘူး:))))

ဟန်ကြည် said...

ပုထုဇဉ်ဆိုတာတော့ ခရမ်းချဉ်သီးနဲ့ ကင်းပုံသီးပဲ ဒေါ်ကန်ဒီ...ပုပုလေးနဲ့ ထုလိုက်ရင် စင်သွားလို့...

မရောက်တာ အတော်ကြာသွားလို့ ထမနဲလာချောင်းတာ...တရားနာပြီး ပြန်သွားပြီး)

witch83 said...

သနပ်ခါးလေးနဲ့ ချစ်စရာလေး... ထမင်းနှဲစားချင်နေတဲ့အချိန်မှာ ဓါတ်ပုံတွေမြင်လိုက်ရလို့ ပိုစားချင်သွားပြီ။း)