ဘာရေးရမှန်းလဲ မသိဘူး။ ကိုယ့်စာတွေ ပြန်ဖတ်ကြည့်မိတော့လည်း စိတ်ဝင်စားစရာမကောင်း... ပျင်းခြောက်ခြောက်ကြီး (>.<)။ ဘ၀ကလည်း စိတ်ဝင်စားစရာမှ မကောင်းတာ ဟင့် ဟင့် ဟင့် ဗြဲ (T_T)။ အဲ့ဒါနဲ့ စာရေးဖို့တောင် မတက်ကြွဘူး ဖြစ်နေတယ် >.<
မနေ့က JCube မှာ ခုမှအသစ်တင်တဲ့ "Beautiful Creatures" သွားကြည့်တယ်။ စုန်းနဲ့လူနဲ့ကြိုက်တဲ့ Drama ကား... ကြည့်လို့ကောင်းတယ်။ ကန်ဒီကြည့်ချင်နေတာ "Mama"... ခုမရှိတော့ဘူး အွန်လိုင်းမှာပဲ ကြည့်ရတော့မယ်။ သရဲကားကို ရုပ်ရှင်ရုံမှာ တစ်ခါမှမကြည့်ဖူးလို့ ကြည့်ဖူးချင်တယ်။
ဆံပင်ပြန်ဆိုးဖို့ အချိန်တန်နေပြီ။ စိတ်ပေါက်ပေါက်နဲ့ အရောင်ခပ်ဆန်းဆန်းတွေ ဆိုးပစ်လိုက်ချင်တယ်... ပန်းရောင်တို့ ခရမ်းရောင်တို့(:P)။ ကန်ဒီက Makeup Artist... ဒါမှမဟုတ် Model ဆို ကောင်းမယ်။ ဒါဆို ကိုယ်ဆိုးချင်တဲ့အရောင် ဆိုးပစ်လို့ရတယ်။ ဘာမှ သိပ်ကြည့်စရာမလိုဘူး။ ဒီအညိုရောင်ချည်း အမျိုးမျိုးဆိုးနေရတာ စိတ်ကုန်လာပြီ(=.=')။ နောက် ဆံပင်အရောင်ကို Ombre လုပ်ချင်တယ်။ Ombre နဲ့ Dip Dye က ဆင်ပေမယ့် မတူဘူး။ Ombre က ဆံပင်အရင်းကနေ အဖျားအထိ အရောင်ကတဖြည်းဖြည်းနုသွားတာ... Gradiant သဘောမျိုး။ Dip Dye ကကျတော့ အဖျားရောက်မှ ချက်ချင်းနောက်တစ်ရောင် ပြောင်းသွားတာ... သိပ်မလှဘူး။
Ombre Hair (From Google)
အမေလာတုန်းက ကြက်အသည်းအမြစ်ဟင်း ချက်ပြသွားတယ်။ အဲ့အတိုင်း စမ်းချက်ကြည့်ထားတယ်။ အမြစ်သိပ်မကြိုက်လို့ အမြစ်မပါဘူး... အသည်းနဲ့အသားပဲ။ ကန်ဒီဟင်းချက်ရင် ဆီပြန်ဟင်းသိပ်မချက်ဘူး။ မကြိုက်တာရော... သိပ်မချက်တတ်တာကြောင့်ရောပေါ့။ တခါတလေကျတော့လည်း ဟင်းဆိုတာ ဆီနဲ့ပြားနဲ့မှ ကောင်းတာနော်... ဆီကဟုတ်ပါပြီ ပြားကဘယ်ကပါလာတာလဲ?! မြန်မာစကားကလည်း ရှုပ်ပါ့ @_@
စားကောင်းမယ့်ပုံ ပေါက်တယ်မလား :D
ပန်းလက်ဆောင်ရတယ်... ကန်ဒီ့နာမည်ရေးပြီး လုပ်ထားတာဆိုတော့ ကန်ဒီ့အတွက် သတိတရလုပ်ပေးတယ်လို့ ကိုယ့်ဟာကိုယ်ယူဆလိုက်တယ်(:D)။ အားလုံးသိတဲ့အတိုင်း ကန်ဒီက Handmade လေးတွေ အရမ်းသဘောကျတယ်။ ဆိုင်မှာလုပ်ပြီးတင်ထားတဲ့ Handmade မဟုတ်ဘူးနော်။ ကိုယ်တိုင်လုပ်တာမျိုးပေါ့... အဲ့ဒါမျိုးလေးတွေမှာ လုပ်နေတဲ့အချိန်အတွင်း ပေးမယ့်လူအပေါ်ထားတဲ့ ခင်မင်မှုတွေပါတယ် ^_^
V-day အတွက်က နှင်းဆီနီတစ်ပွင့် ရတယ်(:D :D)။ ဓာတ်ပုံပဲပေါ့... သူလည်း လူကိုယ်တိုင်လာပေးလို့မှ မရတာ(>.<)။ ကန်ဒီကတော့ သူ့ကို သီချင်းတစ်ပုဒ်ပဲ ပေးဖြစ်တယ် :)
♫♪ Even if you were upside-down, I would be beside you...
And your world were a strange thing found, I would be beside you...
In my symbolised world, I'm a beautiful girl...
In my house on the hill, there is room for you still... ♫♪
Peanut နဲ့ Butter အတွက် ဆော့စရာလေးတွေ လုပ်ပေးတယ်။ သူတို့နှစ်ကောင်က ခွဲမရအောင်တူတော့ နာမည်ပေးတုန်းက အကောင်သေးပြီး ခပ်သွက်သွက်ရှိတဲ့ကောင်လေးကို Butter လို့ပေးထားတယ်။ အခုနှစ်ကောင်လုံးက အရွယ်တူဖြစ်လာတော့ သူတို့နေပုံထိုင်ပုံကြည့်ပြီးမှ ဘယ်သူက Peanut ဘယ်သူက Butter ဆိုပြီး ခွဲလို့ရတော့တယ်။ Peanut က အစားမက်တယ်။ Butter က အဆော့မက်တယ်။ ကန်ဒီထင်တာ Butter က အထီး (သူကမဟုတ်တာ သွားသွားလုပ်တာကိုး -.-')။ ဒါပေမယ့် ညီမတစ်ယောက်ပြောတော့ _င်လေးလုံးရင် အမတဲ့... Butter က _င်လေးလုံးတယ်။ ဟွင်းးး ဒင်းးလုပ်တာ မိန်းကလေးသိက္ခာကျတော့မယ် >.<
And your world were a strange thing found, I would be beside you...
In my symbolised world, I'm a beautiful girl...
In my house on the hill, there is room for you still... ♫♪
Peanut နဲ့ Butter အတွက် ဆော့စရာလေးတွေ လုပ်ပေးတယ်။ သူတို့နှစ်ကောင်က ခွဲမရအောင်တူတော့ နာမည်ပေးတုန်းက အကောင်သေးပြီး ခပ်သွက်သွက်ရှိတဲ့ကောင်လေးကို Butter လို့ပေးထားတယ်။ အခုနှစ်ကောင်လုံးက အရွယ်တူဖြစ်လာတော့ သူတို့နေပုံထိုင်ပုံကြည့်ပြီးမှ ဘယ်သူက Peanut ဘယ်သူက Butter ဆိုပြီး ခွဲလို့ရတော့တယ်။ Peanut က အစားမက်တယ်။ Butter က အဆော့မက်တယ်။ ကန်ဒီထင်တာ Butter က အထီး (သူကမဟုတ်တာ သွားသွားလုပ်တာကိုး -.-')။ ဒါပေမယ့် ညီမတစ်ယောက်ပြောတော့ _င်လေးလုံးရင် အမတဲ့... Butter က _င်လေးလုံးတယ်။ ဟွင်းးး ဒင်းးလုပ်တာ မိန်းကလေးသိက္ခာကျတော့မယ် >.<
Butter ^_^
သူတို့ကို သဲနဲ့ရေချိုးပေးတုန်းက ဗွီဒီယိုရိုက်ထားတာလေး ဖြစ်သလို Edit လုပ်ထားတယ်(:D)။ အပျင်းပြေကြည့်ပေါ့နော် ^_^
Happy Sunday^^
20 comments:
ညေး ကြက်သားဟင်းကစားကောင်းမယ့်ပုံတော့ပေါက်သား
စားမကြည့်ရတော့ ကောင်းမကောင်းမသိ....:)
အဲ့အကောင်လေးတွေကချစ်ဖို့တော့ကောင်းသား...ဒါ
ပေမယ့် သေးလွန်းတော့အသဲယားသဟ....။
သိပ်ချစ်ဖို့ကောင်းတဲ့ အကောင်လေးတွေ
တော်တော်လဲသဲတယ်နော်....ကန့်လက်ရာလေးတော့
စားချင်သားးးးးးးးးးး ခုတော့ စိတ်နဲ့ပဲ လှမ်းပြီးစားသွားတယ်ဟာ .....သီချင်းလေးတော့
နားထောင်ခဲ့တယ်....သီချင်းပဲပေးခဲ့တာလား..
အင်းးးးးး မေ့သွားလို့ဟယ်....ကန်လေးလဲ သီချင်းအပြင်ပိုပေးချင်လို့မှမရတာ ဆိုတာကိုလေ..:P
a good day to die hardသွားကြည့်..မိုက်တယ်..
candy ရေ မတွေ့တာတောင်ကြာပြီ ..( အဲလဲးP )
mama တော့ ကြည့်ပြီးပြီ candy ကြည့်တဲ့ ကားတော့ မကြည့်ရသေးဘူး..
candy ပုစုလေးတွေက ချစ်စရာလေး..ပျင်းရင် သူတို့နဲ့ ဆော့ပေါ့နော်..ဟိ
တခါတခါအဲလိုဘဲတကယ်ညီးငွေ့ ဘို့ ကောင်းတယ်။
အိုင်အိုရာ
မွေးအုန်းမလားဟင် ၊ ဒီမှာ ညီမဝမ်းကွဲက မလိုချင်တော့ဘူးဆိုဘဲ။ ယုန်နဲနဲကြီးတစ်ကောင်နဲ့ ရှဥ့်တကောင်လားသိဘူး။ လရိပ်ကတော့ မမွေးဘူးလို့ပြောလိုက်တယ်။ အဲဒီ နှင်းဆီပန်းလေးဟိုရက်က ဖဘမှာတွေ့လိုက်တယ်။
ဆံပင်တွေအရောင်သိပ်မဆိုးပါနဲ့ ညီမလေး။ မကောင်းဘူးဆိုတာသိတယ်ဟုတ်။ ကျောက်ကပ်အရမ်းထိတယ်။ ဆေးဆရာမကို ဆရာပြန်လုပ်သွားတယ်ကွယ်။ အမလဲ အရောင်တောက်တောက်တွေဆိုးချင်တယ်။ အိမ်က တစက်မှ ပေးမဆိုးဘူး။
သတင်းစုံပဲ ညီမရေ ဟီး အပျင်းတော့ပြေတယ် ညီမပိုစ့်တွေဖတ်ရတာ....:)
ခေါင်းစဉ်က Boring ဆိုပေမဲ့ ဖတ်ရတဲ့လူတော့ အပျင်းပြေစေပါတယ် ညီမလေးရေ.
အကောင်ပလောင်တွေမချစ်တတ်...ပန်းပွင့်လေးတွေကိုတော့ ချစ်ပါတယ်...း)
်fb မှာ ကြည့်ပီးဘီ။ ချစ်ချရာလေး။ ထပ်ကြည့်ပစ်တယ်။
ကန်ဒီ့ဟင်းအရောင်ကလည်း ဘုန်းတောက် အိန္ဒိယမှာ ချက်တဲ့ ဟင်းအရောင်အတိုင်းပဲ။ (မှတ်ချက်။ ။အရသာတော့ မိုးနဲ့မြေ ကွာမယ်ဆိုတာကို ၉၉% အာမခံသည်)
အကောင်လေးတွေကချစ်စရာလေးတွေ
အသဲယားလို့မွေးရဲဘူး။တိရိစ္ဆာန်ဆိုဒီတိုင်းပဲချစ်တာ..
ကိုင်ကြည့်ဖို့တောင်သတ္တိမရှိဘူး။ဟိဟိ။
"ဘာရေးရမှန်းလဲ မသိဘူး။ ကိုယ့်စာတွေ ပြန်ဖတ်ကြည့်မိတော့လည်း စိတ်ဝင်စားစရာမကောင်း... ပျင်းခြောက်ခြောက်ကြီး (>.<)။ ဘ၀ကလည်း စိတ်ဝင်စားစရာမှ မကောင်းတာ ဟင့် ဟင့် ဟင့် ဗြဲ (T_T)။ အဲ့ဒါနဲ့ စာရေးဖို့တောင် မတက်ကြွဘူး ဖြစ်နေတယ် >.<"
စာရေးဒီလောက်ကောင်းတဲ့သူက..ပျင်းခြောက်ခြောက်ကတော့အသူလဲအတူတူပဲ။ရာသီဥတုကြောင့်လား၊အလုပ်တွေကြောင့်လားတော့မသိဘူး :)
နှင်းဆီပန်းခက်ကလေးက ဘိလပ်မြေပုံနဲ့ ခပ်ဆင်ဆင်ရယ်။
ပျင်းခြောက်ခြောက် ဖြစ်နေရင် ပျော်စိုစို ဖြစ်သွားအောင် Just for laughs ဆိုတဲ့ ဖိုင်တွေ များများကြည့်။
Handmade လုပ်တာ သဘောကျ၇င် ဒီကိုသွားဗျို့ http://craft.tutsplus.com/
အေးဟ သကြားလုံးရ
ညီးပိုစ့်တွေဖတ်ရတော့ ကျုပ်မှာပြုံးရ ရယ်ရတယ်။
နှင်းဆီးပန်းတွေ ဘာတွေရတယ်ဆိုတော့ ကျုပ်တို့ထက်သာတာပေါ့း))
အိကုတို့ ကျုပ်တို့တော့ ချောကလက်လည်း မစားရ ပန်းစည်းလည်း မရပါဘူး အပျိုတွေလည်း ဘယ်သွားမူးအိပ်နေလဲ သိတော့ပါဘူးး))။
Wowww... Thank you sooo much for your link. I love it a lot :D :D :D
မဟုတ်တာ လုပ်တိုင်းအထီးမထင်နဲ့ အုံး အရင်က ခွေးမွေးဖူးတာအယ်လ်ဇေးရှင်း ခွေးမက
ယောကျာ်းလျှာမို့ သူကချည်း သွားသွားမဟုတ်တာကြံတယ် အထီးက ခွေးပုမျိုးလေးဆိုတော့ စိတ်တွေညစ်လို့  ခံနေရရှာတာ ဟိဟိ
ဟီးဟီးဟီး xD
အဲကားမကြိုက်ဘူး ထမင်းစားစားပွဲလည်နေတဲ့အခန်းမှာတင်ထပြန်လာလိုက်တော့တယ်း)))
lovely hamster
Phildel...amazing voice,I've never heard of her songs.~Beside you~I feel it like a mermaid song na... :">
Post a Comment