ဒီစနေရော တနင်္ဂနွေရော အလည်လွန်နေတယ်။ Humm... အဲ့လိုပြောလို့လည်း မရပါဘူး။
ကန်ဒီက အိမ်တွင်းပုန်းဆိုတော့ တခါတလေ စိတ်ထွက်ပေါက်ပေးတယ်ပဲ ထားပါတော့(:P)။ ဒီတစ်ခေါက်လည်း Clarke Quay ပဲ။ ဟီးဟီး... အားနေ အဲ့ပဲသွားနေတယ်ဆိုပြီး အားလုံးလည်း စိတ်ညစ်နေလောက်ပြီ(xD)။ ကန်ဒီပြောဖူးတယ်လေ... အဲ့နေရာက ကန်ဒီအကြိုက်ဆုံးနေရာပါလို့။ ဒီတစ်ခေါက်မတူတာက ကန်ဒီလှေစီးခဲ့တယ် ၀ါးဟားဟား (မနာလိုဖြစ်အောင် ပြောပြီးရီခြင်း :D :D :D)
အရင်က လက်မှတ်ကို ဈေးအရမ်းကြီးမယ် ထင်တာ... S$18 ဆိုတော့ မဆိုးဘူး ထင်တာပဲ။ မိနစ် ၄၀ လို့ပြောပေမယ့် စိတ်ထဲမှာ အဲ့လောက်မကြာသလိုပဲ။ ကိုယ့်ဟာကိုယ် ဓာတ်ပုံရိုက်ရင်း အလုပ်ရှုပ်နေတာလည်း ပါမှာပေါ့(:D)။ OK OK... ဒါနဲ့ပက်သက်လို့ ဓာတ်ပုံတွေပဲ ဆက်ကြည့်လိုက်တော့နော်။ တခြားအကြောင်းပြောမယ်။
ခုနလေးတင် MyanmarCelebrity မှာ စိုးသူရဲ့အင်တာဗျူး ကြည့်လိုက်တယ်။ အသက်ကြီးလာတာတောင် ရုပ်ကနုတုန်း... သိပ်မပြောင်းလဲဘူး။ ကန်ဒီဟိုးးးငယ်ငယ်လေးတုန်းက သူ့ကိုအရမ်းကြိုက်တာ။ တကယ်တော့ သူ့ဇာတ်လမ်းတွေလည်း အဲ့လောက်မကြည့်ဖူးပါဘူး။ ဒါပေမယ့် ကြိုက်တယ်။ ဘာလို့လဲဆိုတော့ ချောလို့ ဟဟဟ (နှာခေါင်းနီနေသည် ^o^)။ အသက်ကြီးလာတော့ အဲ့လို မင်းသား မင်းသမီးတွေကို မကြိုက်တတ်တော့ဘူး... ဒါလည်း ထူးဆန်းတယ် @_@
ကန်ဒီက အပြင်သွားရင် မျက်ကပ်မှန်တပ်တာများတော့ တော်တော်များများက ကန်ဒီ့မျက်လုံးကို ကောင်းတယ် ထင်ကြတယ်။ တစ်ခါက အိမ်ကိုဧည့်သည်လာတော့ အခန်းဖော်က ကန်ဒီနဲ့ မိတ်ဆက်ပေးတာ... အဲ့နေ့က ထူးထူးဆန်းဆန်း ညနေခင်းကြီး အိပ်ပျော်သွားပြီး နိုးလာတော့ အိပ်ချင်မူးတူးနဲ့ အိမ်သာသွားတာ မျက်မှန်လည်း မတပ်သွားဘူး။ သူက မိတ်ဆက်ပေးဖို့ လှမ်းခေါ်တော့ မသွားလို့လည်း မရ... သွားပြီး ဧည့်သည်ကိုပြုံးသာပြုံးပြလိုက်ရတယ် သူ့ကိုမမြင်ရဘူး ဟဟဟဟ (xD) တော်တော်ဆိုးတဲ့ မျက်လုံး >.<
ကန်ဒီက အပြင်သွားရင် မျက်ကပ်မှန်တပ်တာများတော့ တော်တော်များများက ကန်ဒီ့မျက်လုံးကို ကောင်းတယ် ထင်ကြတယ်။ တစ်ခါက အိမ်ကိုဧည့်သည်လာတော့ အခန်းဖော်က ကန်ဒီနဲ့ မိတ်ဆက်ပေးတာ... အဲ့နေ့က ထူးထူးဆန်းဆန်း ညနေခင်းကြီး အိပ်ပျော်သွားပြီး နိုးလာတော့ အိပ်ချင်မူးတူးနဲ့ အိမ်သာသွားတာ မျက်မှန်လည်း မတပ်သွားဘူး။ သူက မိတ်ဆက်ပေးဖို့ လှမ်းခေါ်တော့ မသွားလို့လည်း မရ... သွားပြီး ဧည့်သည်ကိုပြုံးသာပြုံးပြလိုက်ရတယ် သူ့ကိုမမြင်ရဘူး ဟဟဟဟ (xD) တော်တော်ဆိုးတဲ့ မျက်လုံး >.<
လူတစ်ယောက်က ကန်ဒီ ဒီမှာကျောင်းတက်တာ မိဘပိုက်ဆံကို ဖြုန်းနေတာတဲ့။ သူတို့ဆို ရောက်တာနဲ့ အလုပ်လုပ်တာ ဘယ်လောက်ကောင်းလဲ ဆိုပဲ။ ခုထိအလုပ်မလုပ်ဘူး?! အင်း... တစ်နှစ်လောက် အလုပ်လုပ်ရင်တော့ အရင်းကျေလောက်ပါတယ်လေ... ဘာညာနဲ့ လာပွားနေတယ်။ ကန်ဒီ ဒီမှာကျောင်းတက်ချင်ပါတယ်လို့ အမေ့ကို တစ်ခါမှမပြောဖူးဘူး။ အမေတက်စေချင်လို့သာ ဒီရောက်လာခဲ့တာ။ ဘယ်သူကတော့ ဒီအရွယ်အထိ မိဘပိုက်ဆံကို ထိုင်သုံးနေချင်မှာလဲ?? တခါတလေ လူတွေက အပေါ်ယံပဲကြည့်ပြီး ဝေဖန်တတ်ကြတယ်။ တခြားလူစိတ်ထဲ ဘယ်လိုရှိနေမလဲ ၀င်မကြည့်တတ်ကြဘူး။ သူက တမင်ကဲ့ရဲ့တာ မဟုတ်လောက်ပေမယ့် အနာပေါ် တုတ်ကျသလိုနာတယ်။ အပြုံးတော့ မပျက်ခဲ့ပါဘူး That's Candy :)
ကန်ဒီ့ပုံကို မောင်လေးတစ်ယောက် ရိုက်ပေးတာ။ ကိုယ့်ဟာကိုယ်ရိုက်ရင်သာ ပြောင်ချော်ချော်နိုင်တာ... သူများရိုက်ပေးရင်း ဘာလို့မှန်းမသိဘူး... မနေတတ်ဘူး (-.-)။ တစ်ယောက်တည်းဆို Bar တွေနား မသွားဘူး။ ဒီတစ်ခေါက်တော့ အဖော်ပါတာနဲ့ အဲ့လမ်းကြားလေးထဲ ၀င်ဖြစ်ခဲ့တယ်။ အပြင်အဆင်တွေလှပြီး နိုင်ငံခြားသားတွေနဲ့ တော်တော်စည်တယ်။
ဒီနောက်ပိုင်း ဟိုလုပ်ဒီလုပ်နဲ့ ဘလော့ခ်တောင် သိပ်မလည်ဖြစ်ဘူး။ နေရင်းထိုင်ရင်း တဂျင်းမီးရေးဖူးတဲ့ ပိုစ့်တစ်ပုဒ်ကို သွားသတိရတယ်။ ဒါလည်း ဘလော့ခ်လောကရဲ့ ထုံးစံပါပဲ။ ဘယ်သူ့ဘယ်သူရဲ့ အပြစ်မှ မဟုတ်ပါဘူး။ တော်သေးတယ်... ခုချိန်ထိတော့ ဘလော့ဂါမဟုတ်တဲ့ စာဖတ်သူတွေ ရှိနေသေးတယ် ^_^
Peninsula မြန်မာဆိုင်က အစားအသောက်တွေကို ကြည့်စားနော်။ ဟိုတစ်နေ့က ကြေးအိုးဆီချက်စားတာ Order ရေးမှတ်တဲ့ စာရွက်ပါလာတယ်(>.<)။ ဘယ်ဆိုင်လဲ ဒီမှာမပြောပါဘူး။ သူများထမင်းအိုး မခွဲချင်လို့။ တိုးတိုးလေးလာမေးရင်တော့ ပြောပြမယ်(:P)။ ဒါတောင် ကန်ဒီက တော်ရုံတန်ရုံ အဲ့မသွားတတ်လို့။ တချိန်လုံးသွားနေတဲ့လူတွေ ဘယ်လောက်တောင် ခံရမလဲ မသိဘူး =.='
Peninsula မြန်မာဆိုင်က အစားအသောက်တွေကို ကြည့်စားနော်။ ဟိုတစ်နေ့က ကြေးအိုးဆီချက်စားတာ Order ရေးမှတ်တဲ့ စာရွက်ပါလာတယ်(>.<)။ ဘယ်ဆိုင်လဲ ဒီမှာမပြောပါဘူး။ သူများထမင်းအိုး မခွဲချင်လို့။ တိုးတိုးလေးလာမေးရင်တော့ ပြောပြမယ်(:P)။ ဒါတောင် ကန်ဒီက တော်ရုံတန်ရုံ အဲ့မသွားတတ်လို့။ တချိန်လုံးသွားနေတဲ့လူတွေ ဘယ်လောက်တောင် ခံရမလဲ မသိဘူး =.='
Ohh!! နောက်အပတ်ဆို တရုတ်နှစ်ကူးပိတ်ရက်နော်။ တော်တော်များများ ခရီးသွားကြမယ် ထင်တယ်။ အပျော်လွန်ပြီး ကန်ဒီ့ကို မေ့မသွားနဲ့ဦး(:D)။ ကိုယ်တိုင်ကတော့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားတုန်းးး ^_^
Have a Great Day!!
Candy
Have a Great Day!!
Candy
15 comments:
တရုတ်နှစ်ကူးပိတ်ရက်မှာ ပျော်ရွှင်ပါစေ.။ အလှအပလေးတွေဖတ်ရတာ အလှပြင်ချင်စိတ် ပေါက်ပေါက်လာတယ်သိလား ညီမလေး.။
ချစ်တဲ့
သဒ္ဓါ
oh u like Clarke Quay??great !!
i like bintan so much.. next trip will b my third times there :D crazy me :P btw...u look slimmer than before <3
ကန်ရေ....မိုးနတ်ကတော့ ဦးစိုးကို ငယ်တုန်းက
သိပ်မကြိုက်ပါဘူးးးးးးး ခုမှ ကြိုက်သွားတာ(ပေါ်ပြီ..ဟိ)
ဘာလို့လဲ တိဝူးးးးးးးးး သူအရမ်းနုတာပဲ ...မိုးနတ်တို့
ငယ်ငယ်က မြင်ခဲ့ရတဲ့အတိုင်းထက် ဘာမှသိပ်ပြောင်းလဲ
မသွားသလိုပဲ...ဦးကျော်သူနဲ့ ခေတ်ပြိုင်ဖြစ်ပြီးတော့ခုယှဉ်ပြထားတဲ့ အခါ အရမ်းကွာသွားသလိုပဲ..ဦးကျော်သူကတော့ မိုးနတ်ရဲ့
my hero forever ပါ..တူတော့မတူဘူးပေါ့နော်
လူတွေ ပါးစပ်ကတော့ ဒီလိုပါပဲဟယ်..
သိပ်ရှည်ရှည်ဝေးဝေးတွေးမနေပါနဲ့ ကန်လေး
မောနေမှာစိုးလို့ပါ :) (အဲလိုကြင်နာတာ)
That's Moe nut :P
ွှ
အိုးးးးးးးး ဟုတ်သားပဲ မကြာခင်တရုတ်နှစ်သစ်ကူး
ရောက်တော့မယ် ....အာ့နဲ့ စကားမစပ်ကန်ဒီ
ဘာဝယ်ကျွေးမှာလဲ :D (ဘာမှလဲဆိုင်ဝူးးးးးးး )
ချစ်တဲ့...မိုးနတ်
ပုံတွေတော်တော်ကောင်းတယ်။သဘောကျမိတယ်။အလင်းအမှောင်နဲ့ကျနေတာတွေကြိုက်တယ်။စိတ်ကြိုက်လျှောက်ရိုက်တယ်ဆိုပေမယ့်အဲဒီလိုအထဲကနေပုံကောင်းတွေထွက်တတ်တယ်။
စိုးသူအကြောင်းဖတ်ရတော့ သူငယ်ချင်း တစ်ယောက်ကို ပြေးအမှတ်ရမိတယ်။
သူလဲ စိုးသူနဲ့ နဲနဲ ဆင်တယ်။ တစ်ချို့နေရာတော့မဟုတ်ပါဘူး။ နှာခေါင်းဆင်တာပါ။ သူ့နှာခေါင်းလဲ စိုးသူပုံစံမျိုးဘဲ။ သူနဲ့ ခင်တဲ့ မိန်းခလေး တော်တော်များများက စိတ်ယားလို့ဆိုပြီး သူ့နှာခေါင်းကို ကိုင်ကိုင် ဆွဲချင်စိတ် ပေါက်ကြတယ်ဆိုဘဲ။ ဘာကြောင့်ရယ် မသိ။း)
နောက်ရှိသေးတယ်။ တစ်ချို့မိန်းခလေးတွေဆို သူ့အနားမှာဘဲ နေချင်တယ်တဲ့ ဒါမှ တတိယကမ္ဘာစစ်ဖြစ်ရင် သူ့နှာခေါင်းထဲ ၀င်ပုန်းလို့ ရမှာ ဆိုပါလား။း) သူတို့ကလဲ တစ်မျိုး။ နှာခေါင်းထဲ ၀င်ခိုတာနဲ့ စစ်ဒဏ်ဗုံးဒဏ်ကနေ လွတ်မြောက်မှာ ကျနေတာဘဲ။
ဒါနဲ့... ပိစိသွားခဲ့တဲ့ နေရာလေးတွေ သွားချင်စိတ်ပေါက်နေမိတယ်။ ဓါတ်ပုံထဲမှာမို့လား မသိ။ အတော်လေး လှပပြီး ရိုမန်တစ်ဖြစ်မဲ့ နေရာမျိုး။ ဘုတ်ထရစ်ပ်ထဲ ကြိုက်တယ်။
တရုတ်နှစ်သစ်ကူးမှာ အခန်းအောင်းပြီး သီချင်းတွေချည်း နင်းကန်ဆိုမနေနဲ့ဦးနော။
ဟိုတလောကဆိုင်တဆိုင်က ကန်စွန်းရွက်ကြော်ပူပူလေးဆိုပြီးဘန်းထဲရောက်တဲ့အချိန်မှထည့်ခိုင်းလိုက်တာ စားပြီးတဝက်ကျတော့ (ကင်းခြေများကောင်)တစ်ကောင် :-(
ကန်ဒီရေ မျက်လုံးကိုတော့ အထူးဂရုစိုက်နော် ခုတစ်လော မျက်ကပ်မှန်တပ်တာ ပိုးဝင်လို့ ပိုဆိုးတာတွေ ကြားနေရလို့ ညီမလေးရေ...
ဟုတ်တယ် ဟုတ်တယ်... အဲ့လို ပုံစံတူဇာတ်လမ်းတွေ အများကြီး ကြားကြားနေရတယ် ကြည့်ကျက်စားမှ >.<
ကျေးဇူး မမကူးကူးရေ ကန်ဒီဂရုစိုက်ပါ့မယ် :D
ဟမ် ဟမ် အဲဒီတုန်းက အမနဲ့ တူတူ စီးပါတော့လား။ >.<
အမကို တော်တော်မခင်သော ကန်ဒီ။
သူစိမ်းဆန်ဆန်နေသော ကန်ဒီ။
ကောင်းပါလေ့ဗျာ အပြင်ထွက်နှုတ်ဆက်တာ လူမမြင်ခဲ့ရဘူးတဲ့ အဲလောက်တော်တား)))
ကျောင်းကတော့ကိုယ့်ဖာသာ တက်ချင်လို့တက်တက် မိဘက တက်ခိုင်းလို့တက်တက် ကျောင်းပြီးလို့ ဘွဲ့ရတဲ့အခါ ကောင်းကောင်းအသုံးချတတ်ဖို့သာလိုတယ်...။
နှစ်ကူးရက်တွေအတွက်တော့ လူ့ဂွစာကြီးအိမ်မှာ ကပ်စားရမယ် အဲမှာ လူစုံမယ်ဟ ပျော်စရာကြီး။
အိကုနဲ့ လာမယ်ဆို ဘယ်တော့လာမှာလဲ ကြိုကြိုတင်တင်ပြောထား အဆက်အသွယ်ဖြတ်ထားမို့း))။
Ekk... အဲ့လို မဟုတ်ရပါဘူး Byalll :( အဲ့တုန်းက Ticket ၀ယ်တဲ့နေရာတောင် ဘယ်နားလဲ တကယ်မသိတာ >.<
ခရီးသွား ဆောင်းပါးလေးတွေ ကြိုက်တယ်။
အမြဲတင်ပေးနေတော့
အမြဲ ဗဟုသုတ တိုးတာပေါ့။
ကျေးဇူးတင်ပါတယ် THEကြားလုံးရေ.....
ရိုက်ထားတဲ့ ပုံလေးတွေလှတယ်..
Xin Nian kuai le ...သကြားလုံးလေး
ကြေးအိုးဆီချက်ခွက်ထဲမှာ အော်ဒါမှတ်တဲ့စာရွက်ပါလာတာကို ပြောတာလား ညီမ... ဒွတ်ခ ပါပဲ...
ဟုတ်ပါ့ >.<
Post a Comment