Wednesday, February 13, 2013

Skin update ++

တရုတ်နှစ်ကူးဆိုတော့ စင်္ကာပူတမြို့လုံး ခြောက်ကပ်ပြီး ဆိုင်တွေလည်းပိတ်... ပျင်းစရာကြီး။ မိုးတွေကလည်း တချိန်လုံးရွာနေတယ်။ လျှောက်လည်လို့ မကောင်းဘူး (>.<)။ ခု Christina Perri ရဲ့ "A Thousand Years" သီချင်းဖွင့်ထားတယ်။ မိုးသံတွေကြားမှာ သီချင်းက ပိုအသက်ဝင်နေသလိုလို...

♫♪ I've died everyday waiting for you...
Darling don't be afraid I've loved you for a Thousand years...
I'll love you for a Thousand more... ♫♪

Chinese New Year Performance at Water Front...

ကန်ဒီ မျက်နှာအတွက် ဆေးသောက်နေရတယ်လို့ ဒီပိုစ့်မှာရေးဖူးတယ်နော်။ ခု တစ်လပြည့်ခါနီးပြီဆိုတော့ နည်းနည်း Update လုပ်မလားလို့။ ဆရာဝန်က တစ်လနေရင် ပြန်ချိန်းထားတာနဲ့ ဟိုနေ့ကပဲ ဆေးခန်းထပ်သွားလိုက်တယ်။ အရင်ပေးထားတဲ့ဆေး(Oratane)ကို တစ်ရက်ခြားပဲသောက်ခိုင်းတော့တယ်။ နောက် Antibiotics(Doxycycline)နဲ့ လိမ်းဆေးထပ်ပေးတယ်။ တော်တော်သက်သာလာတယ်လို့ ထင်တာပဲ။ အဖုလုံးဝမပေါက်တော့တာတော့ မဟုတ်ဘူး။ ပေါက်တာက ပေါက်သေးတယ်... ဒါပေမယ့် ပေါက်ပြီးရင် မြန်မြန်ပျောက်တယ်။ 


 No Makeup...

အပေါ်အောက် နှစ်ပုံလုံးက မျက်နှာသစ်ပြီး ဆေးလိမ်းပြီးတဲ့အချိန်မှာပဲ ရိုက်ထားတာ။ ကန်ဒီ့အသားအရေ နည်းနည်းပြောင်းသွားတယ်။ ဆေးသောက်နေတဲ့အချိန်မို့လားတော့ မပြောတတ်ဘူး။ အသားကခြောက်ပြီး အဖတ်တွေကွာနေပေမယ့် ပြောင်နေတယ်။ ကျန်းမာတဲ့ပုံစံ စိုပြီးပြောင်နေတာမျိုး... နောက် မျက်နှာအဆီလည်း သိပ်မထွက်တော့ဘူး။ အမာရွတ်အဟောင်းတွေ ကျန်သေးတယ်။ အသစ်ပေါက်တဲ့ဟာတွေကတော့ အမာရွတ်သိပ်မကျန်ဘူး ^_^

With BB cream...

ဆရာဝန်က ဘာမှမလိမ်းနဲ့ တခါတလေမှလိမ်းတဲ့။ ကန်ဒီကလည်း အမြဲအပြင်ထွက်တာ မဟုတ်တော့ မလိမ်းဖြစ်ပါဘူး။ တခါတလေအပြင်သွားရင်တော့ BBcream လိမ်းတယ်။ နောက်ပိုင်းအခြေအနေကို နောက်မှ Update ထပ်လုပ်ပေးမယ်နော်။ ခုလောလောဆယ် ဆေးခန်းနာမည် ပြောပြထားမယ်... "Universal Medical Clinic"  Blk 164, Bukit Batok Street 11, #01-144 Singapore (650164)။ ဆရာဝန်နာမည်က Dr. (Ms) Low Huey Chin... သဘောကောင်းတယ်။ OK OK ဒီအကြောင်းက တော်သင့်ပြီ...


313 Somerset က Charlie Brown ဆိုတဲ့ ကော်ဖီဆိုင်လေး မိုက်တယ်။ ဈေးကြီးပေမယ့် ကော်ဖီကောင်းတယ်။ ဒါနဲ့ ရန်ကုန်မှာ KFC ဖွင့်နေပြီဆိုပြီး အားလုံးက ပျော်နေကြတယ်။ မပျော်တာ ကန်ဒီတစ်ယောက်ပဲ ရှိမလား မသိဘူး။ မပျော်ဘူးဆိုတာ ဘာရယ်မဟုတ်ပါဘူး။ အဲ့ဒါတွေက စွဲတယ်။ ကြိုက်တဲ့လူက အရမ်းကြိုက်တယ်။ ကျန်းမာရေးနဲ့ လုံးဝမညီညွှတ်ဘူး။ အနောက်နိုင်ငံတွေမှာ အ၀လွန်ရောဂါတွေဖြစ်ရတဲ့ အဓိကအကြောင်းရင်းက အဲ့ဒါတွေကြောင့်ပေါ့။ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်း ကိုယ်စားတဲ့အစာ ကြည့်စားပေါ့နော် ^_~


ဟိုနေ့က လူကြုံသွားပေးရင်း ကိုလေး(အစ်ကိုအငယ်)နဲ့တွေ့တော့ ကန်ဒီ့ကို ကုလားစာလိုက်ကျွေးတယ်။ နောက် McDonald မှာ ရေခဲမုန့်ကျွေးတယ်။ သူ့ကြည့်ရတာ ကန်ဒီ့ကို စိတ်ပူနေပုံရတယ်။ သူငယ်ချင်းတွေနဲ့ အပြင်သွားလား... အိမ်ထဲမှာချည်းနေမနေနဲ့... အပြင်ထွက်စား... လျှောက်လည်... သင်တန်းတစ်ခုခုတက်မလား စသဖြင့် စသဖြင့် ကန်ဒီ့ကို စကားတွေ ကွေ့ပတ်ပြောနေတယ်။ "အဲ့လိုချည်း အိမ်ကပ်နေရင် စိတ်ဓာတ်ကျမယ်"တဲ့... ကန်ဒီက "မကျပါဘူး"လို့ ပြောတော့... "ဒါဆိုဘာလို့ Whats app မှာ Bullshit Status တင်ထားတာလဲ"တဲ့။ အဲ့လိုပြောမှ သူဘာလို့ အဲ့လိုတွေပြောပြီး စိတ်ပူနေလဲ နားလည်တော့တယ်။ ကန်ဒီ Whats app မှာ သူငယ်ချင်းတော်တော်များများနဲ့ ချက်ဖြစ်တယ်။ ဒါပေမယ့် ကန်ဒီ့ Status နဲ့ပက်သက်ပြီး ဘယ်သူမှ လာမမေးဖူးဘူး။ "ကိစ္စရှိရင် ကိုလေးကို ပြောပြလို့ရတယ်... နားထောင်ပေးနိုင်တယ်"တဲ့။ သူက အဲ့လိုပြောလာတော့ စိတ်ထဲဝမ်းနည်းပြီး ၀မ်းလည်းသာတယ်။ မငိုမိအောင် ထိန်းထားရတယ် (Love him sooo much T_T)။ ပြန်လာတော့ Status ပြောင်းလိုက်တယ်။ စိတ်ညစ်စရာတွေ ဒီမှာရေးတတ်ပေမယ့် အပြင်မှာ ပြောခဲတယ်။ ကိုယ့်အတွက် ဘယ်သူ့ကိုမှ အဲ့လိုစိတ်မပူစေချင်ဘူး။ တကယ်တော့ စိတ်ညစ်စရာတွေ ဒီမှာလည်း မရေးချင်ပါဘူး... ကန်ဒီ့ကြောင့် ပျော်ပဲ ပျော်စေချင်တယ် :D 


ရဲလေးရဲ့ အယ်လ်ဘမ်အသစ် ပရိုမိုးရှင်းပွဲကြည့်တာ... အဲ့မှာ သူတို့ Game ဆော့ကြတယ်။ မိန်းကလေးသုံးယောက်ကနေ ရဲလေးကို ရည်းစားစကား တစ်ယောက်တစ်ခွန်းစီပြောရတယ်။ ရဲလေးကနားထောင်ပြီး သူသဘောကျတဲ့လူကို ရွေးတာပေါ့နော်။ အဲ့ဒါကိုကြည့်ရင်း ရှက်လို့ မျက်နှာတွေရဲလာတယ် ဟဟဟဟ(=^.^=)။ ပြောတဲ့ကောင်မလေးတွေတော့ ဘယ်လိုနေမယ်မသိဘူး... ဒီကကြည့်နေတဲ့လူတော့ နေရင်းထိုင်ရင်း တော်တော်ရှက်တယ်။ သြော်... ကိုရီးယားကားတွေရဲ့ လွှမ်းမိုးမှုက မသေးပါလား xD xD

Have a Great Day^^

14 comments:

ညိမ်းနိုင် said...

အေးလေကွယ်....အိမ်ထဲမှာချည်းနေမနေနဲ့....ဖဘလေး
ဘာလေးသွားသက်လည်ချေပေါ့ ခိခိခိ......။

လရိပ်အိမ် said...

အမကတော့ အိမ်မှာနေရင် မထွက်ချင်ဘူး ၊ ထွက်မိပြီဆိုရင် မနက်ကနေ ညထိ လျှောက်သွားတာ။
ပျော်ရွှင်ပါစေ ညီမလေး။

Aung Htut said...

ဒီမှာလဲ ပျင်းစရာကြီး.... သင်္ဘောတစ်စီးလုံးခြောက်ကပ်လို့.... ဓာတ်မီးတစ်လက်နဲ့ တောင်ထိုးမြောက်ထိုး... လျှောက်ကြည့်နေ၏..... A Thousand Years ရှာပြီး နားထောင်လိုက်ဦးမယ်....

မိုးနတ်ကြယ်စင် said...

ကန်လေးသုံးတဲ့ BB Cream တံဆိပ်လေး
မိုးနတ်ကို ပြောပြပါလားးးးးးးးး
မိုးနတ်က ခုမှစမ်းသုံးကြည့်မှာမို့ ဘာတံဆိပ်
ဝယ်ရမှန်းမသိဘူးဖြစ်နေတယ်...အဲ့ဒါကို
မိုးနတ်သူငယ်ချင်းကလဲ သိပ်စိတ်ဝင်စားနေတယ်
ဘာတံဆိပ်သုံးရင် အဆင်ပြေမလဲ ညွှန်းပါအုံး
ကန်ရေ....:)))
အင်းးးးးးး အဖုတွေကတော့ အမာရွတ်ကျန်မှာပဲပေါ့
ဒါပေသိ နောက်ပေးတဲ့ဆေးတွေက ပိုကောင်းလို့လား
မသိ...အပျောက်မြန်တယ်ဆိုလို့ ၀မ်းသာမိပါတယ်
ကန်လေးးးးးးးးးး ပျော်ရွှင်ပါစေဟာ
ချစ်တဲ့...မိုးနတ်

Candy said...

ကန်ဒီသုံးနေတာ Skin79 BBcream မိုးနတ်ရေ... အဲ့တစ်ခုပဲသုံးဖူးလို့ ဘယ်ဟာကောင်းလဲ မပြောတတ်ဘူး... ခုသုံးနေတာလေးတော့ ကြိုက်တယ် :)

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ။
ဟိုတုန်းကနဲ့ နှိုင်းစာရင် မျက်နှာ ပိုပြောင်လာသလိုဘဲ။

(မှတ်ချက်။ မျက်နှာ ပြောင်စပ်စပ်ဖြစ်လာတာကို ဆိုလိုသည်မဟုတ်။ ဆေးတန်ခိုးကြောင့် မျက်နှာအဖုများ ကင်းပျောက်ပြီး ချောမွတ်ပြောင်ဝင်းလာတာကို ဆိုလိုခြင်းဖြစ်သည်။ အင်း... မှတ်ချက်က ပိုများ ရှည်သွားလေသလား မသိ)

ကူးကူးလှိုင် said...

ကန်ဒီရေ အဖုတွေသက်သာလာတာတွေ့လို့ ၀မ်းသာပါတယ် ဒါနဲ့ ကော်ဖီလေးက တော်တော်ကောင်းမဲ့ပုံပဲနော်...

Ma Ma Ei Ei said...

Hi Candy,Will it be okay for you to let me know the location of KFC open at Yangon ? Cos I just want to know whether it is the one that my friend mentioned .She just came back from Yangon and she told me that she also went to there cos she heard that KFC opened at Yangon.But the name of shop is LCFC .They wrote L and C with small letter and let people assumed that k (lc) .

Ma Ma Ei Ei said...

And your make up artist skill is really professional also :)
(refer to before and after make up :P ) .Just kidding you only..
don't be mad :)

Candy said...

Hi Sis Ei Ei,

I don't know the location of KFC in Yangon. I just saw the photo on my facebook. The name and style of the shop is exactly like the one we can find here. Nothing changed :)

Ma Ma Ei Ei said...

Thank you sis for the information.
I tried to find and saw the video on YouTube now.

ဘုန်းတောက် said...

အဖုတွေနဲ့ ကန်ဒီ့မျက်နှာကို ကြည့်ရတာ စိတ်မချမ်းသာဘူး။ အဖုလေးတွေ မြန်မြန်ပျောက်ပါစေ ပိစိရေ။

ဘုန်းတောက်တည်းခိုတဲ့ကျောင်းရှေ့မှာ မနက်တိုင်း ဈေးရှိတယ်။ တရုတ်နှစ်ကူးမို့ သကြားလုံးပြောသလိုပဲ ခြောက်ကပ်လို့နေပါတယ်။ ဒီနေ့မနက်တော့ နည်းနည်းပြန်စိုပြေလာတယ်။

အစစအရာရာ အဆင်ပြေပါစေ

ညီလင်းနိုင် said...

THEကြားလုံး.....

အဖုတွေ အထစ်တွေ

အကုန် သက်သာပျောက်ကင်းနိုင်ပါစေ။

:p

နွေတေးရှင် (မင်းဧရာ) said...

အရင်နဲ့ စာရင် တော်တော်လေး သက်သာသွားပြီဟ
နောက်လလောက်ဆိုရင် ပျောက်လောက်ရောပေါ့။

အိမ်ထဲမှာတင်နေတော့ စိတ်မွန်းကျပ်တာပေါ့
အိကု ကိုခေါ်ပြီး မလေးကို လာခဲ့ အချိန်ရရင် လျှောက်သာသွား ဗဟုသုတ တိုးပွားတယ်။