Hello!
ဒီနေ့ Nail Art က လာမယ့် Valentine's Day အတွက်... အဲ့နေ့မှာ လျှောက်လည်လည် မလည်လည် ကိုယ်တွေနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင် လုပ်ချင်လို့ကို လုပ်တယ်ကွာ (ရန်တွေ့သည် :P)။ ဟိုနေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောဖြစ်တော့ "Valentine's Day က ငါတို့နဲ့ ဘာဆိုင်လဲ... ငါတို့နိုင်ငံမှာ လုပ်မှမလုပ်တာ"တဲ့။ တော်တော်ရိုမန်းတစ် မဆန်တာပဲ ဟွင်းးး(>.<)။ ကန်ဒီကလည်း OMG!! Valentine's Day *Yayyyyy* ဆိုပြီး တက်ကြွ အရူးထနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့လိုဘုဂလန့်လာပြောရင် အမြင်ကတ်တယ်။ အမှန်အတိုင်းပဲ ၀န်ခံလိုက်ပါ... အဲ့နေ့မှာ တစ်ခုခုရရင် ပျော်လား? မပျော်ဘူးလား? ဘယ်မိန်းကလေးက မပျော်ဘဲနေမှာလဲ?? မပျော်ဘူးပြောတဲ့လူကို လိမ်လည်မှုနဲ့ တရားစွဲမယ် xD (Gangster Intro :P)
ကန်ဒီလုပ်ထားတဲ့ ဒီဇိုင်းကို နည်းနည်းရှုပ်တယ်ထင်ရင် ကိုယ်အဆင်ပြေသလို ကိုယ့်စိတ်ကြိုက် Customize လုပ်ကြည့်နိုင်ပါတယ်။ လက်သည်းအရင်းနားက အဖြူစက်နဲ့ပုံဖော်ထားတဲ့ အသည်းပုံတွေကို ဖျောက်လိုက်ပြီး လက်သန်းမှာလုပ်ပြထားသလိုပဲ လုပ်ပေါ့။ အဲ့ဒါဆို နည်းနည်းပိုရှင်းသွားမယ်ထင်တယ်။ ကန်ဒီ ဒီမှာ ပန်းခရမ်းရောင်ကို ဦးစားပေးသုံးထားတယ် ^_^
အောက်ခံဒီဇိုင်းအတွက် ပန်းနုရောင်နဲ့ ပန်းခရမ်းရောင်ကို Gradiant သဘောမျိုးဖြစ်အောင် စပ်ထားတယ်။ ပြီးတော့မှ အပေါ်က အသည်းပုံတွေ ထည့်တာပေါ့။ တချို့အသည်းတွေကို ခရမ်းနုရောင်ပေါ်မှာ ခရမ်းရင့်ရောင် ထပ်ထားပြီး တချို့ကိုတော့ ခရမ်းရင့်ရောင်နဲ့ပဲ ဆွဲထားတယ်။ အသည်းတချို့ရဲ့ ဘေးပတ်လည်မှာ အဖြူအစက်လေးတွေနဲ့ ပိုထင်ရှားအောင် ကွပ်ပေးထားတယ်။ လက်မကိုလည်း လက်သူကြွယ်ပုံစံအတိုင်းဆိုးထားတယ်။ လက်ချောင်းတိုင်းကို အဲ့ပုံစံမျိုးလုပ်ရင် အရမ်းရှုပ်သွားမှာစိုးလို့လေ :)
အသည်းပုံဆွဲတာ လွယ်ပါတယ်။ Dotting Tool နဲ့ "V" ပုံဆွဲလိုက်ရင်ရပြီ။ အဖြူအစက်လေးတွေကိုတော့ Nail Art Pen နဲ့ ဆွဲထားတယ်။ Nail Art Pen မရှိရင် သွားကြားထိုးတံလည်း သုံးလို့ရတယ်နော် ^_^
တကယ်တော့ ဒီလိုပိုစ့်မျိုးက သိပ်ရှင်းပြစရာတောင် မလိုပါဘူး။ ပုံကြည့်တာနဲ့တင် လုပ်တတ်တယ်လေ ဟုတ်တယ်မလား? ကန်ဒီဓာတ်ပုံရိုက်ပြထားတာကို မသဲကွဲမှာစိုးလို့သာ ပြောပြနေတာ(:D)။ ကန်ဒီ့ကို အဲ့နေ့မှာ ဘယ်သူချောကလက်ကျွေးချင်လဲ??? (မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပြောသည် :P)
Kiss *mwah*
10 comments:
အီစကိုကျွေးချင်ပါတယ်။း)
အိုင်အိုရာ
အိုးးးးးးး
ကန်လေးစားချင်တယ်ဆိုရင် မိုးနတ်ကကျွေးမှာပေါ့...
ခမျာမှာ မျက်လုံးလေး ကလယ်ကလယ်နဲ့
သနားစရာ :))) ( စတာနော် ကန် )
ချစ်တဲ့....မိုးနတ်
ကဲ...အဲဒီနေ့
သကြားလုံးကို ချော့ကလက်ကျွေးမယ်နော်
မပစ်ပြောတာကြီးက ရီစရာကြီး
သကြားလုံးကို ချောကလတ်ကျွေးမယ်တဲ့ ဟီးဟီး.
:)
အဲဒီနေ့မှာ တစ်ခုခုရရင် ပျော်မဲ့လူတွေချည်းပါပဲနော် ညီမလေး...
အယ် .... မောင်ဘုန်း မှာ အစီစဉ် တစ်ခုရှိတယ် ...
blogger အပျိုကြီး လူပျိုကြီးတွေ Valentine's Day မှာ ချောကလက် မရလို့  စိတ်ညစ်နေမှာ ဆိုးလို့ 
အညာက ကြံသကာ ပို့ ပေးမယ် လေ ... :)
ချောကလက်ဖိုး မတက်နိုင်လို့ ပါ .... ... ။
ချိုချဉ်ရော စောစောပြောထားနော် လူကများတယ် ။ ... အဟီး .... ။
မှတ်ချက်
စိတ်ဆိုးတဲ့သူ တရားစွဲပစ်မယ် ...... ^_^
အင်းးး ပိစိ လက်သည်းအလှကို ဘာလင်တိုင်းဒေးက ဖျက်ဆီးလိုက်သလို ဖြစ်နေပြီကော။ လူတိုင်း လက်သည်းအလှကို မချီးကျူးဘဲ ချောကလက်ကိုဘဲ စိတ်ဝင်စားနေကြပါလား။
ဒါနဲ့...
အဲဒီ ဗီဒေးမှာ ဘယ်သူမှ ဘာမှ ပေးတဲ့လူမရှိရင် ဘဘကြီးကိုပြောနော်။ ဘီစကစ်မုန့်ပုံးခွံထဲမှာ ထန်းလျက်ဖြူဆုပ်ကလေး တစ်ဆယ်သားလောက် ထည့်သိမ်းထားတာရှိတယ်။ အဲဒါလေး ပေးပေးမယ်။
ကျန်းမာရေးဂရုစိုက်။
ဘဘသူကြီးမင်း
ချစ်စရာ ညီမကန်ဒီ ဆိုးလိုက်တော့လည်း လှလိုက်တာကွယ်....
ကြိုက်တယ်..ဆိုးတတ်ဖူး
ချစ်တဲ့
အမသဒ္ဓါ
ဘဘသူကြီးမင်းပြောသလို ချော့ကလက်က လက်သည်းအလှကို ဖုံးလွှမ်းနေပါလား ချိုချဉ်လေးရေ။ အိမ်မှာချော့ကလက်တွေ လာကန်တော့ထားတာရှိတယ် ချိုချဉ်လေး V-Day မှာ စားဘို့ ပို့ပေးလိုက်ရမလားဟင် :P လက်သည်းလေးတွေလှပ့ါ
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အေးဟ....
သကြားလုံး ရ....
သည်နှစ်လည်း ချောကလက် မစားရပဲ
တစ်ကုန်သွားပြန်ပြီ သို့ပေသိ အားငယ်ပေါင်ဗျာ
လူပျိုကြီး သူကြီးတို့ ကိုညိမ်းနိုင်တို့ ကိုယ့်ရှေ့မှာရှိသေးး))
အဲသည်ဘဲ ကိုယ်ဖာသာ အားပေးတာပေါ့း))။
Post a Comment