လွန်ခဲ့တဲ့ ၃လလောက်တုန်းက ကန်ဒီ Hair Setter တစ်ခုရထားတယ်။ ရပြီးကတည်းက ခုချိန်ထိ တခါမှ စမ်းမလုပ်ကြည့်ဖြစ်ဘူး။ ကန်ဒီက ဆံပင်နဲ့ပက်သက်ရင် နည်းနည်းပျင်းတယ်။ အဲ့ဒါကြောင့်လည်း များသောအားဖြင့် ကန်ဒီ့ဆံပင်က အပြောင်းအလဲမရှိ ဒီပုံက ဒီပုံဖြစ်နေတာ(:D)။ Brand က "VS"... သူတို့ကတော့ "Travel Hair Setter" လို့ခေါ်တယ်။ တချို့ကလည်း "Heated Hair Rollers"လို့ ခေါ်ကြတယ်။
"VS" Travel Hair Setter
အဲ့နေ့က အပြင်ကပြန်လာပြီး ပျင်းတာနဲ့ စမ်းလုပ်ကြည့်ဖြစ်သွားတာ။ ပိုစ့်တစ်ပုဒ်အတွက် ကုန်ကြမ်းလည်း ရတာပေါ့(:D)။ Curling Iron တွေနဲ့ယှဉ်မယ်ဆို Heated Hair Rollers တွေက အပူနည်းတဲ့အတွက် ဆံပင်ပျက်စီးမှုကို နည်းပါးစေတယ်။ နောက် အချိန်ကုန်သက်သာတယ်။ Curling Iron တွေလို ကိုင်ထားပြီး ၁မိနစ်လောက် ထိုင်စောင့်နေစရာမလိုဘူး။ တခေါင်းလုံး လိပ်ထားပြီး ကိုယ်လုပ်ချင်တာ လုပ်နေလို့ရတယ်။ နောက် ဆံပင်အရင်းပိုင်းကို နည်းနည်းကြွပေးသလိုဖြစ်တော့ ဆံပင်ပိုထူသလို ထင်ရတယ်... ဆံပင်ကခေါင်းမှာ ကပ်မနေတော့ဘူးပေါ့ (မရှင်းပြတတ်တော့ဘူး @_@)။ သူ့အားနည်းချက်က Curling Iron တွေလို ကောက်သားကို ကိုယ့်စိတ်ကြိုက် ပုံဖော်လို့သိပ်မရဘူး။
အရင်ဆုံး အဖုံးပိတ် ပလပ်တပ်ပြီး ကိုယ်လိုချင်တဲ့အပူချိန်ရတဲ့အထိ ခဏထားထားရတယ်။ (၁)မိနစ် (၂)မိနစ်လောက်ဆို ပူနေပြီ။ အကောက်ကြာကြာခံချင်တယ် ပိုကောက်ကောက်လေးလိုချင်တယ်ဆိုရင်တော့ အဲ့ထက် ပိုကြာကြာထားပေါ့။ ကန်ဒီကတော့ (၃)မိနစ်လောက်ပဲထားတယ်။ ဘာလို့လဲဆိုတော့ စိတ်မရှည်လို့ ဟဟဟ (xD)။ စောင့်နေတဲ့အချိန်မှာ ဆံပင်ကို Heat Protectant လိမ်းထားလို့ရတယ်။ စ,လိပ်ဖို့ Roller တွေကို ယူတဲ့အခါမှာ မပူအောင် သတိထားယူဦးနော်... ထိပ်ကကိုင်ရင်တော့ အဲ့လောက်မပူဘူး။ Roller တွေက နည်းနည်းတော့ လေးတယ်။ အားလုံးပြီးရင် ခေါင်းကြီးလေးနေရော(>.<)။ အပြင်သွားမယ်ဆို အရင်လိပ်ထားပြီးမှ မိတ်ကပ်လိမ်းပေါ့။ အချိန်ကုန်သက်သာတယ်လေ။ ပူနေတဲ့ Roller တွေ အေးပြီဆို ပြန်ဖြည်လို့ရပြီ။ ကိုယ့်စိတ်ကြိုက်ပုံသွင်းပြီးပြီဆို Hair Spray ဒါမှမဟုတ် Wax လိမ်းဖို့ မမေ့နဲ့နော် ^_^
Surprise Surprise!! Long time no video!! Here you go ^_^
ဆံပင်နဲ့ပက်သက်ပြီး ဗွီဒီယိုမလုပ်တာ ကြာပြီနော်။ အစက Edit လုပ်ရမှာပျင်းတာနဲ့ မထည့်ဘဲနေမလို့။ နောက်တော့ ရိုက်ထားတာ အလကားဖြစ်ပါတယ်လေဆိုပြီး (၁)မိနစ်ကျော်ကျော်ဗွီဒီယိုရအောင် အပျင်းနည်းနဲ့ Edit လုပ်လိုက်တယ် ဟီး(xD)။ အဲ့လောက်ပဲကောင်းပါတယ်... ကန်ဒီ့ကို ကြာကြာမြင်ရင် အမြင်ကတ်သွားမှာစိုးလို့ xD xD
This video is "Unlisted". That means it's only for my Blog readers *mwah*
Have a Nice Day^^
22 comments:
ကြိုက်တယ်။ ဆံပင်ရှည်ထားဖို့ကြံစည်လိုက်ပြီ။ ဆံပင်ရှည်ထားမလို့ကြံစည်တာအခါခါရှိပြီ။ မအောင်မြင်ဘူး။
ဒီတစ်ခေါက် လိုချင်တာအားလုံးမှန်သမျှ အောင်မြင်ပါစေ။ :P
ကျုပ်လည်း လေ့လာသွားတယ်ဗျ နောင်ခါ ချစ်သူတွေ့ရင် ကိုယ်တိုင်ပြင်ပေးရအောင်လို့း)))။
ဒီကွန်မင့်ကိုတော့ ဟိုသူကြီးမင်း မတွေ့ပါစေနဲ့ ဖျားး)))။
အိုးးးးးးးးးးးးး
မမလရိပ်ရေ....တူတူပဲ
မိုးနတ်က တစ်ခါမှ ဆံပင်ရှည်မထားဖူးဘူးးးး
ခုတော့ နွေရောက်တာတောင် ကြိတ်မှိတ်ပြီး
မရရအောင်ထားမယ်လို့ ဆုံးဖြတ်ပြီး စထားနေပြီ....
မဆိုးဘူးးး နေနိုင်သားပဲ ခုတော့လဲ...ရှည်ရင်တော့
ကြိုက်သလိုလုပ်လို့ရပြီ...ဒါထက် ကန်လေးရေ...
မိုးနတ်ခေါင်းမှာ ဗောက်ထတတ်တယ်..အဲ့ဒါဘိုလုပ်ရမလဲ
ဆံပင်မပျက်စီးစေပဲ ဗောက်ပျောက်အောင်ဘိုလုပ်ရမလဲ
အမေက 101 ဗောက်ပျောက်ခေါင်းလျှော်ရည်
ဝယ်လာပေးသေးတယ်...ဒါပေသိ သိပ်မပျောက်ဘူး
လို့ခံစားရတယ်..အရင်က (ဟက်နီးလ်) လျှော်ဖူး
တယ်...လျှော်တုန်းတော့ ပျောက်ပါတယ်...နောက်
ရပ်လိုက်ရင် ပြန်ထတယ်....ဒီ 101 ကုန်သွားရင်တော့ clear ၀ယ်လျှော်မယ်လို့
စိတ်ကူးထားတယ်...အဲဒါက ခုနောက်ပိုင်း
မိန်းကလေးသုံး ယောက်ျားလေးသုံး ခွဲထုတ်ထား
သလို ဗောက်ပျောက်တာလဲ ထုတ်ထားလို့..
စမ်းကြည့်မလားလို့.....ကန်လေးမှာ အကြံကောင်း
ညဏ်ကောင်းလေးများရှိရင် ပြောပြပါအုံးလို့......
ချစ်တဲ့.....မိုးနတ်
ဟီးး.. ကန်ဒီလည်း ဗောက်နဲ့ပက်သက်ပြီး မပြောပြတတ်ဘူး... ခေါင်းလျှော်ရည်ကို စင်အောင်မဆေးရင် ဗောက်ထတတ်တယ်လို့တော့ ကြားဖူးတယ် :D
ဆံပင် အဖြောင့်လေးနဲ့ တမျိုး ချစ်ဖို့ ကောင်းသလို ဆံပင် အကောက်လေးတွေနဲ့ မျက်နှာ ပိုပြည့်ပီး အခု ခေတ်စတိုင်လိုမျိုး ဖြစ်သွားတယ်။
ကိုရီးယား မင်းသမီးလို .. အဲလိုမျိုး အရမ်း အကောက်ကြီး မဟုတ်ပဲ ပြေပြေလေး ကောက်ထားတာ ဆွဲဆောင်မှု့ ရှိတယ်။ :)
ဆံပင်ကိုလဲ မကောက်နဲ့။
ဘုရင်ကိုလဲ မနောက်နဲ့။
ဆံပင်ကို ကောက်တော့ အလှတိုးပြီး ချစ်သူများရတတ်သည်။
ဘုရင်ကို နောက်တော့ ဘ၀ဆိုးပြီး စစ်ကူသွားရတတ်သည်။
ဟင်းဖွေရှာ အပီဆွဲ မစားနဲ့။
မင်းဧရာ ဆီလဲ မသွားနဲ့။
ဟင်းဖွေရှာ အပီစားတော့ အာပလာမို့
အသာနှပ်ခံရတတ်သည်။
မင်းဧရာဆီသွားတော့ ကဗျာဆရာမို့ ကဗျာစပ်ခံရတတ်သည်။
ကန်ဒီပိစိလိုလဲ မလှချင်နဲ့။
မြန်ပြည်ကွိစိကိုလဲ မရချင်နဲ့။
ကန်ဒီပိစိလို လှတော့ ရူပါအပြည့်မို့ မျက်နှာပွင့်တတ်သည်။
မြန်ပြည်ကွိစိကို ရတော့ မူယာမသိလို့ ကြက်ညှာသင့်တတ်သည်။း)
(သူကြီးမင်းကိုကိုမောင် စကားပုံ)
.
အော်.. မောင်မင်းဧရာ..
ဆံပင်လိမ်ကောက်
ချစ်သူပျောက်ကို
ရှေ့နောက်မြောက်တောင်
မြင်းမိုရ်ခေါင်ထိ
မှောင်မှောင်မဲမဲ
ရှာနေဆဲပါဘဲလား။း)
နအမ ပိန်သွားသလိုပဲ တိလား :O
VS angel hair! :)
သရုပ်ဆောင်ကောင်းတယ်။ ကြော်ငြာကောင်းတယ် ပြောတာ။(ကိုးရီးယားဇာတ်လမ်းကြည့်ရင်း ကြော်ငြာအချို့ကို မြင်ယောင်မိသေးသည်၊ ၀တ်မှုန်ကြော်ငြာတို့၊ သက်မွန်ကြော်ငြာတို့) မှတ်ချက်။ ။ပိစိပြောစကားပြောတဲ့ အသံပါရင် ပိုပြည့်စုံမည်ဟု ထင်မှတ်ရသည်။
ဟဟဟဟဟဟ သူကြီးမင်းကွန်မန့်ကို ရီလိုက်ရတာ အူတောင်နာတယ် xD xD
သမီးဆံပင်ခွေတွေကိုကြည့်ပြီး အရင်က ဆံပင်အရှည်လေးကိုပြန်လွမ်းသွားတယ်ကွယ်..။ ပြန်ထားမယ် ဆံပင်ရှည်ပြန်ထားမယ်...း)
အမ်....သူကြီးမင်း ငါ့ကိုတွယ်ထားတာ ကြည့်စမ်း..
ခက်တယ် လူပျိုကြီးများး)))။
ဆံပင်တွေ တော်တော်ရှည်လာတယ်နော် ကန်ဒီ အကောက်နဲ့လဲ တစ်မျိုးလှတာပဲ အဖြောင့်နဲ့လဲ လိုက်တယ်...
အသူကဆံပင်ကို တခါမှကောက်တာ၊ဖြောင့်တာ၊ဆေးဆိုးတာ မလုပ်ဖူးဘူး။
အဟီးး ဆံပင်ကလဲပခုံးကျော်ကနေမတက်ဘူး။သူငယ်ချင်းတွေကရှည်ချင်ရင်ဖြောင့်လိုက်တဲ့။ အသူကတော့မထင်ဘူး..ဟီး အကြံလေးနဲနဲပေးပါလားဟင်။???????
အခုကန်ဒီကောက်ပြသလိုမျိုးတော့ကောက်ကြည့်ချင်တယ်။
အသူဆံပင်ကနဂိုထဲက ပွတယ်။အုံထူတယ်။ အဆင်ပြေပါ့မလားတော့မသိဘူး။ခုကန်ဒီပြသလိုမျိုးဆို..ဆံပင်လဲပျက်စီးတာသက်သာလောက်တယ်။အမြဲအကောက်မဟုတ်တော့ ရိုးတာမျိုးလဲမဖြစ်လောက်တော့ဘူးနော်။ :)
Candyလုပ်ပြရင်တော့လှနေတာပဲ အဟဲ
အသူစိတ်မရှည်လို့ ဖြတ်ဖြတ်ပစ်လို့ ပခုံးအကျော်က မတက်တာမလား :P :P
စိတ်ရှည်ရှည်ထားရင် ရပါတယ် အသူရ :D
candy မျက်နှာလေး ဒီထဲမှာ ပိုကြည်ပြီး လှနေသလိုပဲ..အသားအရေလေး စိုနေတာမျိုးလေ..နည်းလမ်းကောင်းလေးများရှိရင် လက်တို့ပါဦး..
ဟီး... ကန်ဒီ မျက်နှာကိုဆေးခန်းပြနေရတယ်လေ.. အဖုတွေပေါက်လွန်းလို့.. အဲ့ဒါကြောင့် အခု သက်သာပြီး အသားကစိုသလို ဖြစ်နေတာ.. အရင်ပိုစ့်တွေမှာ ရေးဖူးတယ် အိမ်မက် ^_^
ညီမလေးကန်ဒီရေ
မကြီးလွမ်းကတော့ အလှမကြိုက်သလို အလှ
မပြင်တတ်ပါဘူး။ဒါပေမဲ့ ကန်ဒီလေးတင်ထား
တဲ့ပိုစ့်ထဲ အလှအပဆိုင်ရာလေးတွေဖတ်ဖြစ်
တယ်။ပြီးတော့ ချစ်စရာကောင်းတဲ့ညီမလေး
ကိုလည်းဘလော့လာတိုင်းမြင်ရတော့ ကျေနပ်
တယ်။
ချစ်ခြင်းအားဖြင့်
မကြီးလွမ်း
ဟီးဟီး ဟုတ်တယ်။နဲနဲတိမယ်ဆိုလိုက်ပါသွားလိုက်နဲ့ :P
ခုတော့ စိတ်ရှည်ရှည် ထားပြီးနေကြည့်မလားလို့။
အဲဒါလေးဝယ်ချင်လိုက်တာ။ ဘယ်လိုဝယ်ရမလဲမသိဘူး
အဲဒါလေးဝယ်ချင်လိုက်တာ။ ဘယ်လိုဝယ်ရမလဲမသိဘူး
အဲ့ဒါ Robinson မှာ ရှိတယ်အမ။ Watson မှာလည်း ရှိတယ်ထင်တယ် :)
Post a Comment