ဒီနေ့ ကန်ဒီတို့ ကျန်းမာရေးအတွက် အထူးသင့်လျှော်တဲ့ ဘ၀နေထိုင်မှု ပုံစံလေးတွေအကြောင်း နည်းနည်းဆွေးနွေးရအောင်နော်။ Hmm... တနည်းအားဖြင့်ပြောရမယ်ဆို ခန္ဓာကိုယ်အ၀မလွန်အောင် ကန်ဒီတို့ ဘယ်လိုထိန်းသိမ်းနိုင်မလဲ၊ ၀,နေတဲ့သူတွေဆိုရင်လည်း ဘယ်လိုအပြောင်းအလဲလေးတွေနဲ့ ၀ိတ်ချနိုင်မလဲပေါ့။ တကယ်တော့ ဒီ Topic က အရမ်းကျယ်ပြန့်ပါတယ်။ နည်းလမ်းတွေကလည်း အများကြီးပဲလေ။ အဲ့တော့ ဒီပိုစ့်မှာ ကန်ဒီကိုယ်တိုင်လုပ်ဖြစ်တာလေးတွေနဲ့ လက်လှမ်းမှီသလောက် ဖတ်ထားတာလေးတွေကို အဓိကပြောပြသွားမယ်နော်။
♦ A Bit About Me
ကန်ဒီ့ဝိတ်က ၉၇ ပေါင်ပဲရှိတယ် (ရှက်တာ xD)။ အရပ်ကလည်း ၅ပေ ၃လက်မပဲဆိုတော့ ၉၇ ပေါင်က ပုံမှန်လောက်ပဲ ထင်တာပဲလေ(:D)။ လူတော်တော်များများက ကန်ဒီ့ကို Diet လုပ်တယ် ထင်ကြတယ်။ NOOO!!! ကန်ဒီ Diet မလုပ်ဘူး။ ၀,မှာစိုးလို့ ညစာမစားတာတို့ ဘာတို့လည်း မရှိဘူး။ အားလုံးကိုလည်း အဲ့လိုမျိုး မစားမသောက် အဆာခံပြီး ၀ိတ်ချတာမျိုးကို မလုပ်စေချင်ဘူး... အားမပေးဘူး။ အစားအသောက်နဲ့ ပက်သက်လို့ ဟိုးးးငယ်ငယ်လေးကတည်းက ကန်ဒီလုပ်တာတစ်ခုပဲ ရှိတယ်။ ဘာလဲဆိုတော့ တစ်ခုခုစားတော့မယ်ဆို ဒါကျန်းမာရေးနဲ့ သင့်တော်လား အမြဲဂရုတစိုက်ကြည့်ဖြစ်တယ်။ ကျန်းမာရေးနဲ့ မသင့်တော်ဘူးဆို မစားရဘူး မဟုတ်ဘူး... တခါတလေစားတာမျိုးဆို ကိုယ့်ကိုကိုယ်ခွင့်ပြုတယ်။ အဓိကက Balance ပဲလေ။ ကန်ဒီ Pizza ကြိုက်တယ်... ဒါပေမယ့် အမြဲမစားဘူး... အဲ့လိုပေါ့။ တတ်နိုင်သလောက် အသီးအရွက် ပိုစားတယ်။ ဆီကြော်စာတွေ သိပ်မစားဘူး... သိပ်လည်း မကြိုက်လို့ပါ(^_^)။ တစ်ခါတုန်းက သူငယ်ချင်းတစ်ယောက်ကို ကန်ဒီ့နေ့လည်စာကို ဓာတ်ပုံရိုက်ပြီး ကြွားတော့... သူက "ဒါပဲလား?? အကုန်လုံးက ရေလုံပြုတ်တွေချည်းပဲ.. အဲ့ဒါကြောင့် ပိန်နေတာ"ဆိုပြီး ကောက်ချက်ချဖူးတယ် xD
ထမင်းခူးရင် ကိုယ်စားနိုင်မယ်ထင်တာရဲ့ သုံးပုံနှစ်ပုံပဲခူးတတ်တယ်။ ထမင်းထက် ဟင်းကို ပိုစားတယ်။ ထမင်းက Carbohydrate လေ... လူကို ပိုဝစေတယ်။ နောက် အစာစားရင် တစ်ခါတည်းနဲ့ အများကြီး မစားတတ်ဘူး။ ဗိုက်မဆာတော့ဘူး... ဗိုက်ပြည့်ပြီလို့ထင်ရင် ထမင်းကျန်နေသေးလည်း ဆက်မစားတော့ဘဲ ရပ်ပစ်တယ်။ မနှမြောတတ်တာမဟုတ်ဘူးနော်... ဒါပေမယ့် နှမြောစား မစားတတ်ဘူး။ အဲ့ဒါကြောင့် ကန်ဒီဟင်းချက်ရင်ပဲဖြစ်ဖြစ်၊ ဆိုင်မှာ ဟင်းမှာရင်ပဲဖြစ်ဖြစ် အများကြီး မချက်တတ်၊ မမှာတတ်ဘူး။ တချို့က ဆိုင်မှာဟင်းတွေ အများကြီးမှာ၊ အားလုံးပြီးလို့ မကုန်ရင် နှမြောစရာကြီးဆိုပြီး ဟိုလူ့ကိုထည့်ပေး၊ ဒီလူ့ကိုထည့်ပေးလုပ်... သူတို့ကျမစားဘူး၊ သူများကို အတင်းစားခိုင်း... အဲ့ဒါမျိုးဆို အရမ်းအမြင်ကတ်တယ် သိလား (ကြုံလို့ ပြောပြတာ :P)
ကန်ဒီ့မကောင်းတဲ့အကျင့်က... အိမ်မှာ သရေစာမုန့်တစ်ခုခု ရှိနေရင် အားတာနဲ့ အဲ့ဒါထိုင်စားနေတတ်တယ်။ အသီးအနှံလို ကောင်းတဲ့ သရေစာဆို ကိစ္စမရှိဘူး။ အာလူးကြော်တို့ဘာတို့ဆို မကောင်းဘူးလေ။ အဲ့ဒါကြောင့် သရေစာစားဖို့ ၀ယ်မယ်ဆို အကြော်အလှော်တွေရှောင်တယ်။ သစ်သီး (သို့) Fruit Juice တစ်ခုခုပဲ ၀ယ်ဖြစ်တယ်။ တစ်ခါတစ်လေတော့ ရေခဲချောင်းတို့ အာလူးကြော်တို့ ၀ယ်စားတယ် (:D :D)။ ငယ်ငယ်က စာထဲမှာဖတ်ဖူးတယ်။ မနက်စာက တစ်နေ့တာလုံးအတွက် အရေးအကြီးဆုံးပဲတဲ့... မနက်စာကို ရှင်ဘုရင်လို စားသင့်တယ်တဲ့။ ကန်ဒီကတော့ အဲ့ဒီအတွက် တကူးတကလုပ်ရမှာပျင်းတာနဲ့ များသောအားဖြင့် ကော်ဖီနဲ့ပေါင်မုန့်ပဲ စားတတ်တယ်။ မနက်စာမလွတ်အောင်တော့ အမြဲဂရုစိုက်ပါတယ်။
အစားအသောက်ပိုင်းနဲ့ယှဉ်မယ်ဆို ကိုယ်လက်လှုပ်ရှားမှုပိုင်းမှာ အားနည်းတယ်။ လုံးဝမလုပ်တာတော့ မဟုတ်ဘူး။ ပုံမှန်မလုပ်ဖြစ်တာပေါ့။ တစ်ပတ်မှာ နှစ်ရက်သုံးရက်လောက်ပဲ လုပ်ဖြစ်တယ်။ တစ်ခါတစ်လေဆို တစ်ရက်မှ မလုပ်ဖြစ်ဘူး(:P)။ လုပ်ဖြစ်ရင်လည်း အိမ်မှာပဲလုပ်တာပါ။ Gym တွေ ဘာတွေ သွားတာမျိုးတော့ မရှိဘူး ^_^
Other Tips
► ၀ိတ်ချမယ်လို့ ဆုံးဖြတ်ချက်ချပြီးရင် "ဒီတစ်လအတွင်း ဘယ်နှစ်ပေါင်ကျအောင်လုပ်မယ်"ဆိုတာမျိုး မသတ်မှတ်ပါနဲ့။ လူတစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၊ အလုပ်လုပ်ပုံခြင်းမတူညီတော့ ကိုယ်ကသူများထက် ပိုကြိုးစားနေပေမယ့် ၀ိတ်က သူများလောက် ကျချင်မှ ကျနိုင်မယ်လေ။ ထင်သလိုမဖြစ်လာတဲ့အခါ စိတ်ဓာတ်ကျသွားနိုင်တယ်။ အဲ့လိုသတ်မှတ်မယ့်အစား "တစ်နေ့မိနစ်(၃၀)လောက် လေ့ကျင့်ခန်းပုံမှန်လုပ်မယ်"ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးက ပိုထိရောက်လိမ့်မယ်လို့ ကန်ဒီထင်တယ်။
► ကန်ဒီဖတ်ဖူးတာ ၀ိတ်ကျဖို့အတွက် (၈၀)ရာခိုင်နှုန်းက အစားအသောက်ပေါ်မူတည်ပြီး (၂၀)ရာခိုင်နှုန်းက ကိုယ်လက်လှုပ်ရှားမှုပေါ် မူတည်ပါတယ်တဲ့။ Diet မလုပ်ပါနဲ့။ Diet လုပ်တာက ခဏတာအတွက်ပဲ ကောင်းတယ်။ ပြီးလို့ ပြန်စားဖြစ်ရင် နဂိုပုံစံပြန်ဖြစ်သွားနိုင်တယ်။ အဲ့ဒါကြောင့် ကိုယ့် Lifestyle ကို ပြောင်းပါ။ အဲ့ဒါက ရေရှည်အတွက်ပိုကောင်းတယ်။ ကျန်းမာရေးအတွက် သင့်တော်တာတွေ ပိုစား... မသင့်တော်တာတွေ လျော့ပေါ့(:D)။ "ငါဝ,မှာစိုးလို့ ဒါတော့ လုံးဝမစားတော့ဘူး..."ဆိုပြီး ဆုံးဖြတ်ချက်မချပါနဲ့။ အဲ့ဒါမျိုးလုပ်ရင် ပိုစားဖြစ်တတ်တယ်။
► ရေများများသောက်ပါ။ အစာစားတဲ့အခါ မြန်မြန်မစားပါနဲ့။ ဖြည်းဖြည်း အေးအေးဆေးဆေး စားပါ။ ဘာလို့လဲဆိုတော့ ကန်ဒီတို့ ဦးနှောက်က အစာအိမ်ထဲမှာ အစာပြည့်ပြီ(ဗိုက်ပြည့်ပြီ) ဆိုတာသိဖို့ မိနစ်(၂၀)ကြာအောင် စောင့်ရပါတယ်။ အစာကို မြန်မြန်စားတဲ့အခါ ကိုယ်စားနိုင်တာထက် ပိုစားမိတတ်ပြီး နောက်ဆုံးမှာ ဗိုက်ကြီးပြည့်ပြီး မအီမသာဖြစ်တတ်ပါတယ်။ အစာကို တထိုင်တည်း အများကြီးစားတာထက် နည်းနည်းစီနဲ့ ခဏခဏစားတာ ပိုကောင်းပါတယ်။
► တတ်နိုင်သမျှ လတ်ဆတ်တဲ့ အစားအစားတွေ စားပါ။ Soda တွေ၊ Processed food တွေ ရှောင်ပါ။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ ပိုစားပါ။ Carbohydrate လျော့စားပါ။ မနက်စာကို များများစားပါ။ ညစာကို စောစောစားပါ။
► ကိုယ်လက်လှုပ်ရှားမှုက (၂၀)ရာခိုင်နှုန်း အရေးပါတယ်လို့ ပြောခဲ့တယ်နော်။ ကိုယ်လက်လှုပ်ရှားမှုဆိုတဲ့နေရာမှာ ကိုယ့်ဟာကိုယ် Active ဖြစ်အောင် လှုပ်လှုပ်ရှားရှား နေနေရင် ပြီးရော ဘာလုပ်လုပ်ရပါတယ်။ အိမ်မှာ ဘယ်သူမှမရှိတုန်း က,နေလည်း ဖြစ်တာပဲ။ တစ်ခုရှိတာက လေ့ကျင့်ခန်းတစ်ခုထဲကို စွဲပြီး မလုပ်စေချင်ဘူး။ ဘာလို့လဲဆိုတော့ အဲ့လိုတစ်ခုထဲကို စွဲလုပ်တဲ့အခါ ခန္ဓာကိုယ်က ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းပေါ်မူတည်ပြီး ပုံစံတစ်မျိုး ပြောင်းသွားတတ်တယ်။ ဥပမာ- ရေကူးတာမျိုးဆို လက်ပြင်ကျယ်တယ်လေ။ ခန္ဓာကိုယ်ရဲ့ နေရာစုံကိုသက်ရောက်မှုရှိတဲ့ လေ့ကျင့်ခန်းမျိုးကို ပိုအားပေးတယ်။ အဲ့ဒါမှ ခန္ဓာကိုယ်အချိုးအစားလည်း လှမှာပေါ့... ဒါက Bonus :P

အားလုံးက အခြေခံသဘောတရားလေးတွေပါ။ ဒါလေးတွေကို ပြန်ဖတ်မိပြီး ကိုယ့်ကိုကိုယ် ပြန်သတိပေးသလိုဖြစ်သွားတယ်ဆိုရင်ပဲ ကန်ဒီကျေနပ်ပါပြီ ^_^
စာကြွင်း- "ငါမ၀,လို့ ဒါတွေလုပ်စရာမလိုပါဘူး" ဆိုတာမျိုး မတွေးမိပါစေနဲ့နော်။ ကျန်းမာရေးအတွက် အစားအသောက်ဂရုစိုက်ဖို့နဲ့ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့က
လူတိုင်းအတွက်လိုအပ်ပါတယ် :)
Stay Healthy^^
Stay Healthy^^