Wednesday, March 13, 2013

Baby Hamsters!!!

***တစ်ခုသော ညနေခင်းတွင် ဖြစ်သည်။ ကန်ဒီတစ်ယောက် သူမ၏ ဟမ်းစတားများကို အိပ်ယာခင်းလဲပေးရန် အသွား "ဟင်..." ဟူသော အာမေဋိတ်သံနှင့်အတူ မျက်လုံးပြူး မျက်ဆံပြူးဖြစ်ကာ စတင်ပြာယာခတ်လေတော့သည်***

 တစ်ရက်သား...

အားလုံးတော့ "မြန်လှချည်လား"လို့ တွေးနေမှာ သေချာတယ်။ ဟုတ်ပါ့... ကန်ဒီ သူတို့ကို ရထားတာတောင် မကြာသေးဘူး။ ခု ကလေးလေးတွေ ထွက်လာပြီ။ တကယ်တော့ ဒီလိုဖြစ်မယ်ဆိုတာ ကြိုတွက်ပြီးသားပါ။ ဒါပေမယ့် ဒီလောက်မြန်မယ် မထင်ထားဘူး။ သူတို့ကို စရကတည်းက ကန်ဒီ့ညီမကို "ခွဲထားရအောင်"လို့ ကန်ဒီပြောပါတယ်။ သူက "မခွဲပါနဲ့... စောင့်ကြည့်ပါဦး... နောက်ပြီး ကလေးတွေက အသက်ရှင်ခဲပါတယ်" တဲ့။ ကန်ဒီက "ဘာာာာာ... ကလေးမွေးလည်း မွေးပါစေ၊ ရှင်မှာမဟုတ်ဘူးဆိုတဲ့သဘောလား... ရှင်အောင်မွေးမယ်ဆိုတာတော့ မရှိဘူး"လို့တောင် သူ့ကို ပြန်ပြောလိုက်သေးတယ်။ သူပြောသလို စောင့်ကြည့်ရင်း စောင့်ကြည့်ရင်းနဲ့ပဲ ခုကလေးမွေးသွားပြီ >.<

Butter ကို အထီးလေးထင်နေတာ ကလေးမွေးမှ သူအမလေးမှန်း သိတော့တယ် (အဲ့လိုတော်တာ...)။ မမွေးခင်နေ့က Butter က မကိုက်စဖူး ကိုက်ချင်နေတယ်။ ထူးထူးခြားခြား "ဘာဖြစ်တာပါလိမ့်" လို့တော့ တစ်ချက် သတိထားမိလိုက်တယ်။ နောက်နေ့ကျတော့ ကလေးမွေးတာပဲ...

Butter တို့ သားအမိအတွက် အိမ်အသစ်...

အဲ့မှာတင် ပြာယာခတ်ခြင်း စတင်ပါတော့တယ်။ ဘာလို့လဲဆိုတော့ ဟမ်းစတားတွေက ကိုယ့်ကလေး ကိုယ်ပြန်စားတတ်တယ်လေ။ အဲ့ဒါနဲ့ "ဘယ်လိုလုပ်ရမလဲ"ပေါ့။ ကလေးတွေက လှောင်အိမ်တစ်ခုလုံး ဟိုတစ်ကောင် ဒီတစ်ကောင်ပျံ့နေတော့ အဖေက စားလိုက်မှာလည်း ကြောက်ရတယ်။ အဲ့ဒါနဲ့ "မဖြစ်ပါဘူး လှောင်အိမ်အသစ်ဝယ်ရမယ်"ဆိုပြီး နောက်နေ့ပဲ လှောင်အိမ်အသစ်ဝယ်ပြီး Butter တို့သားအမိကို ပြောင်းထည့်ပေးလိုက်တယ်။ ကန်ဒီ့ညီမပြောတာ ကလေးတွေကို လက်နဲ့မကိုင်ရဘူးတဲ့... လူနံ့ပါသွားရင်လည်း သူ့ကလေးတွေကို စိုးရိမ်ပြီး စားတတ်တယ်တဲ့။ အဲ့ဒါနဲ့ ပိစိလေးတွေကို ကစားစရာကော်ပြားလေးနဲ့ ကျုံးပြီး အိမ်အသစ်ထဲ ပြောင်းထည့်ပေးရတယ်။ စုစုပေါင်း (၆)ကောင်မွေးတာ... မွေးပြီးနောက်တစ်ရက်မှာပဲ (၂)ကောင်သေသွားတယ်။ သူ့ဟာသူသေနေလို့ပဲ အမေက ကိုက်တာလား... အမေကိုက်လိုက်လို့ပဲ သေသွားတာလား မပြောတတ်ဘူး။ ခုဆို တစ်ပတ်ပြည့်ပြီ... ကျန်တဲ့လေးကောင်လုံး အသက်ရှင်သေးတယ် :D

 ခြောက်ရက်သား....

အဲ့ပိစိလေးကောင်ကို နောက်တစ်လလောက်နေရင် လိုချင်တဲ့သူတွေဆီ ပေးမှာမို့ ခုပိုင်ရှင်လိုက်ရှာနေတယ်။ (၂)ကောင်ကတော့ ပိုင်ရှင် သေချာရသွားပြီ။ မမ မဒိုးကန်ကလည်း ယူမယ်ပြောတယ်။ ဒါပေမယ့် သူကသေချာမပြောတော့ ကန်ဒီသူ့ကို ထည့်မတွက်ထားဘူး။ အဲ့တော့ ယူချင်တယ်ဆို (၂)ကောင်ကျန်သေးတယ် ^_^

ကန်ဒီ ဘယ်သူ့ကိုမှ အတင်းမယူခိုင်းဘူး။ တကယ်ချစ်လို့ မွေးချင်တဲ့သူတွေကိုပဲ ပေးမှာ။ လှောင်အိမ်ထဲမှာ ဟမ်းစတားလေးတွေ ဆော့တာမြင်တယ်ဆိုရင်ပဲ လူတော်တော်များများက "ချစ်ဖို့ကောင်းလိုက်တာ (Sooo Cuteee) လိုချင်လိုက်တာ..." ဆိုပြီး ဖြစ်တတ်ကြတယ်။ အဲ့စိတ်လေးတစ်ခုတည်းနဲ့တင် တခြားဘာမှမကြည့်ဘဲ အကောင်လေးတွေကို လက်လွတ်စပယ် မွေးတတ်ကြတယ်။ အဲ့လိုပုံစံမျိုး မဖြစ်စေချင်ဘူး။ တကယ်တာဝန်ယူနိုင်မှ မွေးစေချင်တယ်။ ဟမ်းစတားလေးတွေ မွေးမယ်ဆို စဉ်းစားရမှာတွေက...

♥ သူတို့သက်တမ်းက (၁)နှစ်ခွဲ (၂)နှစ်နီးပါးရှိတယ်။ အဲ့အချိန်အတွင်းမှာ ကိုယ်သူတို့နဲ့ရှိနေနိုင်လား... သူတို့ကို တာဝန်ယူနိုင်လား ဆိုတာစဉ်းစားရမယ်။
♥ ဟမ်းစတားတွေက ညဘက်မှ ပိုတက်ကြွကြတယ်။ မနက်ဘက်ဆို အိပ်နေတာများတယ်။ အဲ့တော့ ကိုယ်က အအိပ်ဆတ်တဲ့သူဆို သိပ်အဆင်ပြေမှာမဟုတ်ဘူး။ သူတို့ဆော့နေတဲ့အသံကြောင့် ကိုယ်နိုးသွားနိုင်တယ်လေ။
♥ သူတို့အခင်းကို (၃)ရက်ခြား တစ်ခါလဲပေးရမယ်။ သဲနဲ့ ရေချိုးပေးရမယ် (တချို့တွေကတော့ မလုပ်ကြဘူး)။ သဲနဲ့ရေချိုးပေးတာက ကိုယ်ဘာမှလုပ်စရာမလိုဘူး။ သူတို့ဟာ သူတို့ချိုးတတ်တယ်။ သူတို့ချိုးပြီးရင် ကိုယ်က သွားပွတ်တံလေးနဲ့ အမွှေးလေးတွေကို ပြန်တိုက်ပေးပေါ့နော်။ သဲတွေ သူတို့မျက်လုံးထဲ မ၀င်အောင်တော့ သတိထားပါ :)
♥ ရေဗူးက ရေထွက်လား... ရေရှိလား... အစာရှိလား ဆိုတာ တစ်နေ့တစ်ခါ စစ်ဆေးရမယ်။
♥ အားရင် သူတို့ကို ကြည့်ပေး... သူတို့နဲ့ ဆော့ပေးရမယ်။ ဒါမှ သူတို့ မပျင်းမှာပေါ့။

ဟမ်းစတားလေးတွေအတွက် ကုန်ကျစရိတ်ကို တွက်မယ်ဆို ဈေးကြီးတာက လှောင်အိမ်ပဲ။ သူတို့လှောင်အိမ်က အကြီးအသေးပေါ်မူတည်ပြီး S$ 40 -70 ကြားရှိတယ်။ ကျန်တဲ့ အခင်းတွေ အစာတွေက သိပ်ဈေးမကြီးဘူး။ နောက်ပြီး အဲ့ဒါတွေက တစ်ထုပ်ကို တော်တော်ကြာကြာသုံးလို့ရတယ်။ OK.. အပေါ်မှာ ကန်ဒီပြောခဲ့တာတွေ အကုန်တာဝန်ယူနိုင်တယ်ဆိုမှ ဟမ်းစတားမွေးဖို့ ဆုံးဖြတ်နော်။ အဲ့ဒါဆို ကန်ဒီက အလကားပေးမှာ။ လိုချင်တယ်ဆို ကန်ဒီ့ဆီ မေးလ်ပို့လို့ရတယ် (candy4u1988@gmail.com)။ ရှိသေးရင် ပေးမယ် ^_^

ဒီအကြောင်းကို ဒီမှာတင်ရပ်... တခြားအကြောင်း ပြောရအောင်။ လာမယ့် သောကြာနေ့နဲ့ စနေနေ့မှာ သဲပုံစေတီပွဲရှိတယ်။ အဲ့ဒါလုပ်အားကုသိုလ် ပါဝင်ချင်တဲ့သူတွေ ပါဝင်လို့ရအောင် ပြောပြတာပါ။ သောကြာနေ့မှာ လူပိုလိုမယ်ထင်တယ်။ ကန်ဒီ့ကိုလည်း ခေါ်ထားလို့ လာကူပေးမယ် ပြောထားတယ်။ ပြောသာပြောရတယ်။ မိန်းကလေးက ကူလို့ရလားလည်း မသိဘူး။ စနေနေ့ကတော့ တော်တော်များများလာကြမှာပါ။ ကူမယ့်လူလည်း များလောက်တယ်။


ဟိုနေ့က မမ မဒိုးကန်ကို စောင့်ရင်း ဧရာဝတီမှာစားတဲ့ တို့ဖူးကြော်သုပ်က တော်တော်စားကောင်းတယ်။ ကြက်သွန်နီလည်း မပါဘူး။ ကန်ဒီက ကြက်သွန်နီမကြိုက်တာတော့ မဟုတ်ဘူး။ အပြင်သွားရင် ဒါမှမဟုတ် အပြင်သွားစရာရှိရင် ပါးစပ်နံမှာစိုးလို့ မစားတတ်ဘူး။ နောက်နေ့ကျတော့ ရန်ကုန်ပြန်မယ့် သူငယ်ချင်းနှစ်ယောက်က ညစာတူတူစားရအောင်ဆိုလို့ သူတို့နဲ့ Bugis သွားတယ်။ အဲ့မှာ Body Shop က Fragrance Mist ဈေးချနေလို့ လက်ယားပြီး ၀ယ်ခဲ့သေးတယ် :P


Amazonian Wild Lily

ဒီနေ့ ပိုစ့်အသစ်တင်ချင်တာနဲ့ မျက်လုံးကို အတင်းဖြဲပြီးရေးနေတာ... လူက အိပ်ချင်နေပြီ ဟီးး(xD)။ ဒီနေရာကို အဲ့လို ချစ်တာ... တားမရ ဆီးမရပဲ... မတတ်နိုင်ဘူး :P xD

Good Night^^
Have a Candy Dream :)

11 comments:

Anonymous said...

Hamsterလေးတွေကအသည်းယားစရာလေးတွေနော်

ကူးကူးလှိုင် said...

တိရစ္ဆာန်လေးတွေ ချစ်တာ ကောင်းပါတယ် ကန်ဒီရေ အစ်မတော့ အသဲယားလို့ အဲလောက်ပိစိလေးတွေ မချစ်တတ်ဘူး...တို့ဖူးကြော်သုပ်လေး စားချင်တယ်...

မိုးငွေ့........ said...

ချစ်စရာလေးတွေ ... Soooo cute လို့ပဲပြောနိုင်တယ် မွေးတာတော့ ၀ါသနာမပါဘူး..ဆိုတော့ ဟမ်းစတားလေးတွေ တောင်းတဲ့စာရင်းထဲမှာ အမကိုမထည့်နဲ့..(((ဟမ်)))...း)

နွေတေးရှင် (မင်းဧရာ) said...

အဲလို အကောင်ပေါက်စလေးတွေဆို မကိုင်ရဲဘူးဗျ
အူယားတယ်။

ဘုရားသွား ကျောင်းတက် ကောင်းမြတ်သော အလုပ်တွေ များများလုပ်ပါလေ။

မိုးနတ်ကြယ်စင် said...

ဟုတ်တယ်.....
မိုးနတ်လဲ ချစ်ပေမဲ့ အရမ်းအသဲယားလို့
မကိုင်ရဲဘူးးးးးးးးးးးးးး
ဒါထက် တော်တော်တော့ မြန်တယ်နော် :PPPP

ညိမ်းနိုင် said...

ကြောင်ပေါက်စလေးတွေတောင် အသဲယားလို့ မကြည့်ဝံ့
တာ....ဒီလောက်သေးတာဆိုလို့ကတော့ တာ့တာပဲဟေ့၊
နာ့လည်းစာရင်းထဲမထည့်နဲ့....ခိခိခိ

မိုးသက် said...

တားယူမယ်.ရှိတာအကုန်သာပေး..
ဟင်းချိုလုပ်တောက်မလို့ ဟိဟိ...
လကားစတာ..
အထက်ပါအချက်တွေကိုကြည့်ခြင်းအားဖြင့်..
၁) နအမ ရေရှည်ကိုကြည့်တတ်တယ်.။ စိတ်ရှည်တယ်.။
၂)အချက် အအိပ်မဆတ်ရဘူးဆိုတော့ နအမ အိပ်ပုပ်တယ်။
(လကားစတာနော်)
၃) အချက် သဲနဲ့ရေချိုးပေးပီး သွားပွတ်တံနဲ့ တိုက်ပေးမယ်.။
မျက်လုံးထဲမွင်စေနဲ့ဆိုတော့ သေချာဂရုစိုက်ပီးလုပ်တတ်
တယ်.။
အောက်ကဟာတွေကလည်း ဂရုစိုက်တတ်တာပဲ.။
နောက်ဆုံးအချက်ကတော့ ခုထိ ဆော့တုန်းပဲ..ဟီးဟီး.။
လာနောက်တာ.။ လစ်ပီ. ၀ှစ်..။

blackroze said...

သကြားလုံးရယ်..
ဟမ်းစတား ပေါက်စနလေးတွေက
ကြည့်ရတာအသည်းယားလိုက်တာအေ

လရိပ်အိမ် said...

အဲလောက်သေးရင်တော့ မမွေးချင်ဘူး။ ဒီမှာ ညီမလေးတွေ ယုန်မွေး ၊ ရှဥ့်မွေးနဲ့ ။ သူတို့ဆီသွားရင်တော့ အစာကျွေးဖြစ်တယ်။ အဲဒီ ဟန်းစတားလဲ မွေးတယ်။ ပြီးတော့ ခုသူတို့ မအားတော့လို့ အဲဒီယုန်နဲ့ရှဥ့်ဘယ်သူယူမလဲတဲ့။ ဟင့်အင်းလို့ပြောလိုက်တယ်။ ကိုယ့်ကိုတောင် အနိုင်နိုင် :D ။
သဲပုံစေတီတော့လာချင်တယ်။
တို့ဟူးကြော် နဲ့ နှိပ်စက်ကြ ဟွန့်။

အလင်းသစ် said...

ဟမ်းစတားဆိုတာ ဘာလဲမှတ်တယ်... ကြွက်အဖြူလေးတွေကိုး.... အက်ဆို အကို့ကိုလည်း ကြေညာပေးပါကွယ်... ဟိုးအသိုက်ထဲက ကြွက်သအုပ်မ ပေါက်ထားတာ ... နီတာရဲလေးတွေကို နည်းမဟုတ်ဘူး... :D လိုချင်သလောက် ရမယ်လို့ .... :D
ဒါနဲ့စကားမစပ် .... တို့ဟူးကြော်သုပ်တို့ ရှမ်းခေါက်ဆွဲတို့ စားချင်လှပါဘိ... :)

Kyi Thu said...

I got a candy dream