Monday, March 4, 2013

@_@

Long time NO post!!!

အကြောင်းပြချက်ပေးပါဆို......
နံပါတ် (၁) ဘာရေးရမလဲ မသိဘူး...
နံပါတ် (၂) စနေ၊ တနင်္ဂနွေ နှစ်ရက်လုံး အပြင်ထွက်နေလို့ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး -.-


ဒီတလော....
■ လမ်းများနေတယ်။
■ ဘာဆိုဘာမှ မ၀ယ်ဖြစ်တာ တော်တော်ကြာပြီ။ 
■ နီညိုရောင်လိုလို ရွှေဝါရောင်လိုလို ဆံပင်ဆိုးဆေးဝယ်တယ်။ ၀ယ်ပြီးမှ ဆိုင်မှာ ခရမ်းရောင်သွားဆိုးရင် ကောင်းမလား တွေးနေတယ်။ ရိုင်းရိုင်းကြီးမဟုတ်ပါဘူး... ရိုးရိုးခရမ်းရင့်ပဲ။ ဗူးနဲ့လာတဲ့ဆိုးဆေးတွေမှာ ခရမ်းမရှိဘူး ထင်တယ်။ ကန်ဒီ့ညီမက ဆိုင်မှာ အနီရောင်ဆိုးလာတော့ ကိုယ်လည်းခရမ်းရောင်ဆိုးချင်လာတယ် xP
■ ကိုင်နေကျအိတ်က ဟောင်းလာလို့ အိတ်အသစ်ဝယ်တယ်။ ၀ယ်ပြီး အိမ်ရောက်တော့ မကြိုက်ပြန်ဘူး။ ဒီဇိုင်းကို ကြိုက်ပေမယ့် အရောင်က မွဲခြောက်ခြောက်ဖြစ်နေသလိုလို >.<


■ မှားလား? မှန်လား? တကယ်တော့ မေးစရာမလိုအောင် အဖြေကရှင်းတယ်။ ကိုယ့်အတ္တနဲ့ကိုယ် မှန်တယ်လို့ ကျိတ်မှိတ်တွေးထားတယ်။ လက်ရှိအချိန်မှာ ပျော်နေရဖို့က အဓိကမလား? ဟိုးအဝေးကြီးကို မတွေးချင်သေးဘူး။ သိပ်ဝေးလွန်းနေတယ်... 
■ ကန့်သတ်ထားတဲ့ အရာတွေရှိတယ်။ ဒါတွေကလည်း ကိုယ်ပဲဖန်တီးခဲ့တာ... 
■ ငယ်ရွယ်တဲ့အချိန်တွေတုန်းက အတွေးတွေကနုတယ်... ရိုးတယ်။ အဲ့အချိန်မှာ မှားတတ်ကြတာ သဘာဝပဲ။ မှားတယ်?? အင်း... အပြည့်အ၀တော့ မဟုတ်ဘူး... နည်းနည်းပေါ့။ အဲ့ဒီ နည်းနည်းလေးကပဲ အရာတော်တော်များများနဲ့ကိုယ့်ကြား စည်းတစ်ခု ခြားလိုက်တယ်။
■ စိတ်ထဲကမပါတဲ့စကားတွေ ထုတ်မပြောတတ်ဘူး။
■ တချို့ကိစ္စတွေက မရည်ရွယ်ဘဲ ဖြစ်ဖြစ်လာတယ်။ ဒီဇာတ်လမ်းမှာ ကိုယ်ကလူကြမ်း... အဲ့မျက်လုံးတွေကို ခံနိုင်ရည်ရှိအောင် ကြိုးစားရဦးမယ်။
■ လူတွေက "ငါမကောင်းဘူး" လို့ ၀န်ခံဖို့ ၀န်လေးတတ်ကြတယ်။ နာမည်ကောင်းရချင်လို့တော့ မဟုတ်ပါဘူး။ စိတ်ကျဉ်းကျပ်လွန်းလို့ အားလုံးရှေ့မှာ ၀န်ခံပါရစေ... "ကန်ဒီ မကောင်းဘူး" 


■ ကိုယ်နဲ့မဆိုင်ပေမယ့် အဲ့လိုယောက်ျားမျိုးတွေကို အမြင်ကတ်တယ်။ သေချာစဉ်းစားကြည့်တော့လည်း သူ့အတွေးနဲ့သူ မှန်နေတာပဲမို့ အမှားလို့ ပြောမရဘူး။ ကိုယ့်သူငယ်ချင်းကိုယ်အားပေးရုံပဲ တတ်နိုင်တယ်။
■ နှုတ်ခမ်းတွေ ခြောက်တယ်။ လက်မောင်းနှစ်ဖက်လုံးလည်း အသားတွေခြောက်ပြီး ကြမ်းနေတယ်။ သောက်နေတဲ့ ဆေးရဲ့ ဆိုးကျိုးတွေပေါ့....
■ မနေ့က ဘုန်းကြီးကျောင်းသွားတယ်။ ကွမ်ရင်ကျောင်းသွားတယ်။ ဘုရားရိပ် တရားရိပ်က အအေးချမ်းဆုံး...
■ ပိုက်ဆံမရှိတော့ဘူး။ အမေ့ကို ပြောရဦးမယ်။ ဒီဘ၀က မြန်မြန်လွတ်ပါရစေ....
■ ကျောင်းတူတူတက်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက် Student Pass မကုန်သေးဘဲ မြန်မာပြည်ပြန်တော့မယ်။
■ အမေက "စိတ်ဓာတ်ခိုင်မာရမယ်နော်" တဲ့... ဟုတ်ကဲ့

တာ့တာ^^
Note: I'll try to write Happier in next post :)

10 comments:

မိုးနတ်ကြယ်စင် said...

ဆံပင်ဆေးဆိုးတာတွေတော့ သတိထားပါ ကန်လေးရေ
မိုးနတ်တောင် ဆံပင်ဆေးဆိုးမလို့ဟာကို ဆံပင်တွေ
ပစ်ရမှာ ကြောက်လို့ ခု မဆိုးတော့ဘူးလို့ဆုံးဖြတ်လိုက်ပြီ
နောက်ပြီး ကန်လေး ဆေးတွေလဲ သောက်နေရတုန်းပဲ
လားးးး အသားအရည်ကိုတော့ သေချာဂရုစိုက်ပါနော်
ကန်ရေ....ကန်လေးအမေဆီက ပိုက်ပိုက် မတောင်းရပဲ ကိုယ်ကပြန်ပေးနိုင်တဲ့နေ့ မကြာခင်မြန်မြန်
ရောက်လာပါစေလို့လဲ ဆုတောင်းပေးလိုက်ပါတယ် :)
ချစ်တဲ့....မိုးနတ်

လရိပ်အိမ် said...

၂ခါလောက် အိမ်မှာကိုယ့်ကိုယ်ဆံပင် ဆေးဆိုးဖူးတယ်။ အရောင်မရဘူး။ အဲဒါနဲ့မဆိုးဖြစ်တော့ဘူး။
ဆိုင်မှာဆိုးမယ်ဆိုတော့ အိမ်က အားမပေးဘူး။
ခုလဲ ကန်ဒီကို မဆိုးနဲ့လို့ပြောရင်း လင့်တခုပေးလိုက်တယ်။
http://uzawyankin.blogspot.tw/2013/03/blog-post_3.html
ပျော်ရွှင်ပါစေ။

Anonymous said...

လာသွားတယ်နော်။ မလာဘူးမပြောနဲ့၊ ဟွန့်

- Who?

Anonymous said...

တောင့်ထားကန်ဒီလေးရေ။
အိုင်အိုရာ

မေမြို့မိုး said...

Fighting! Na A Ma.
ဆူခံရဒယ် :'(

ကူးကူးလှိုင် said...

ကန်ဒီရေ မိုးနတ်ဆုတောင်းပေးသလိုပဲ မိဘကို ကိုယ်က မတောင်းရပဲ ပြန်ကန်တော့နိုင်တဲ့ ဘ၀ မြန်မြန်ရောက်ပါစေလို့ ဆုတောင်းပေးတယ်နော်...

ဟန်ကြည် said...

အမေ့ဆီက ပိုက်ဆံတာင်းတာကို တောင်းတယ်လို့ သဘောထားနေရင် ဘယ်စိတ်ကောင်းပါ့မလဲ ဒေါ်ကန်ဒီ...ချေးတယ်လို့ သဘောထားလိုက်ပေါ့း)

တစ်ခုတော့ရှိတယ် မိဘဆီက တောင်းရမှာ အားနာရင် တောင်းလို့ရတဲ့ ပိုက်ဆံကို မိဘကြိုက်တဲ့နေရာမှာပဲ သုံးဖြစ်အောင်ကြိုးစား...မိဘပိုက်ဆံကို အလဟဿသုံးဖြုန်းပစ်တာမဟုတ်သရွေ့တော့ ထိုင်ပြီး ညစ်မနေနဲ့ပေါ့လေ...အချိန်မှ မဟုတ်သေးဘဲ...

စိတ်နွမ်းရင် လူပန်းသတဲ့
စိတ်လန်းမှ လူကျန်းမာမှာ မဟုတ်လားး)

Suzy said...

ကျန်းမာရေးဂရုစိုက်မမ
ပျော်အောင်ကြိုးစားပြီးနေနော်...
မမ ပြောနေကျလိုပဲ စိတ်ညစ်စရာရှိရင် ပေါက်ကွဲပစ်လိုက်
ပြီးရင် ပြန်ထနိုင်အောင် ကမ်းပေးမယ့်လက်အသင့်ရှိ၏
ချစ်ညီမ :)

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိ။ အခန်းထဲမှာ တစ်ယောက်ထဲ အသားကုန်အော်ဟစ်ပစ်လိုက်။ ဒါဆို ပေါ့ပါးလန်းဆန်းသွားလိမ့်မယ်။

မိုးညချမ်း said...

ကန်ဒီလေးရေ မမမိုးနတ်ပြောသလို ဆံပင်ဆိုးဆေးတွေကို သတိထားနော် ... ဦးရေပြား ထိတယ်တဲ့ ... ဆေးသောက်နေရတယ်ဆိုတော့ ကျန်းမာရေးအထူးဂရုစိုက်နော် ... :)