ဒီရက်ပိုင်း စင်္ကာပူမှာ ရာသီဥတုအရမ်းပူတာပဲ။ ဒီမနက်အပြင်သွားပြီး ပြန်လာကတည်းက ခေါင်းကိုက်နေတာ ခုထိမပျောက်သေးဘူး။ မပျောက်ဆို ဆေးမှမသောက်တာ... ဆေးကြောက်တာလည်း ကန်ဒီ့အပြင်နှစ်ယောက်မရှိဘူး xD
ပြီးခဲ့တဲ့အပတ်စနေနေ့က သွားဖြစ်ခဲ့တဲ့ "သဲပုံစေတီပွဲ"က ဓာတ်ပုံတွေ မတင်ရသေးဘူးလေ။ အဲ့ဒါ ဒီနေ့တင်ပေးမလို့(:D)။ အစက သောကြာနေ့ပါ သွားကူမလို့စီစဉ်ထားတာ... ပြီးမှ ၀မ်းချုပ်ပြီး နေလို့ထိုင်လို့မကောင်းဖြစ်နေတာနဲ့ မသွားလိုက်ရဘူး။ စနေနေ့တော့ ညနေ ၃နာရီလောက် ဟိုအရောက်သွားလိုက်တယ်။ ရောက်တာနဲ့ ကူစရာရှိတာတွေ ကူနေတာ အဲ့မှာကျွေးတဲ့ ဒံပေါက်တောင် မစားလိုက်ရဘူး >.<
သဲပုံးတွေ လက်ဆင့်ကမ်းသယ်နေတာ ^_^
Snapshot xD
SZ Photography လို့ ရေးထားတဲ့ပုံတွေက အဲ့မှာ ဓာတ်ပုံရိုက်ပေးတဲ့ ကန်ဒီနဲ့သိတဲ့ အစ်ကိုတစ်ယောက်ဆီက ယူထားတာ(:D)။ ဒီပိုစ့်တင်ဖို့ နောက်ကျနေရတဲ့အကြောင်းရင်းထဲမှာ သူဆီက ဓာတ်ပုံရဖို့စောင့်နေရတာလည်း ပါတယ် :P
ကန်ဒီ မဟုတ်ပါ...
ဓာတ်ပုံရိုက်ရင် တစ်ခါမှ အဲ့လို သွား(၃၂)ချောင်းလုံးပေါ်အောင် မရီဖူးဘူး (သွား ၃၂ချောင်းလည်း ပြည့်အောင်မရှိပါဘူး xD)။ ဆီမီးခွက် စီနေတာ (Snapshot ပဲ)။ "စီထားလိုက်တာများ တော်တော်ညီတာပဲ"လို့ အပြောမစောနဲ့ဦးနော်... အဲ့ဒါ စီလို့မပြီးသေးဘူး -.-
ဘုန်းကြီးကျောင်းမှာ စာသင်နေတဲ့ ကလေးလေးတွေ ^_^
သူတို့လေးတွေရဲ့ မိဘတွေကို လေးစားပြီး ချီးကျူးတယ်။ ဒီမှာကြီးတဲ့ ကလေးလေးတွေကို ဒီလိုမျိုး ဘုန်းကြီးကျောင်းပို့ပြီး မြန်မာစာသင်စေလို့လေ။ မြန်မာလူမျိုးဖြစ်ပြီး မြန်မာစာမတတ်ဘူးဆိုရင် ဘယ်လောက်ရှက်စရာကောင်းလဲနော်...
ညနေစောင်းတော့ လူတွေပိုပိုများလာတယ်...
ကိုယ့်ဟာကိုယ်ရိုက်တဲ့ပုံတွေထဲမှာ ဒီပုံကို အကြိုက်ဆုံးပဲ... ငါကွ xD
ညဘက်ရောက်သွားပြီ....
ဗွီဒီယိုလေးပါ ထည့်ချင်တာနဲ့ Edit လုပ်နေတာ... ပြီးခါနီးကျမှ Software က ကြောင်တောင်တောင်ဖြစ်ပြီး အကုန်ပျက်သွားလို့ ထပ်လုပ်ရသေးတယ် (အရာရာနဲ့ အကြောင်းကြောင်း >.<)
သြော်...
တစ်ခုတောင်းပန်ရဦးမယ်။ အားလုံးသတိထားမိလားတော့ မသိဘူး... များသောအားဖြင့်
ကန်ဒီ့ဘလော့ဂ်မှာ ဓာတ်ပုံတွေတင်ရင် တတ်နိုင်သလောက် တခြားလူတွေ မပါအောင် သတိထားတင်တတ်တယ်လေ (သူတို့မကြိုက်ကြမှာ စိုးလို့ပါ)။ ဒီပွဲကတော့ လူမပါတဲ့ပုံ
ဘယ်လိုမှရွေးလို့မရဘူး။ အများနဲ့လုပ်အားပေးနေတဲ့ပုံတွေပဲဆိုတော့
ကိုယ့်ဓာတ်ပုံပါခဲ့ရင်လည်း ကန်ဒီ့ကို စိတ်မဆိုးပါနဲ့နော် =.='
တာ့တာ :D
တာ့တာ :D
12 comments:
မြန်မာဝတ်စုံလေးနဲ့ လှထှာ...
ကလေးလေးတွေက ချစ်စရာပဲ
ပျော်ကြလား.. ပျော်ဒယ်.. ပျော်ဒယ်နဲ့.. :)))
အဲဒီအစဉ်အလာလေးတွေ သိပ်ကောင်းတယ်ဗျာ..။
ကန်ဒီတို့တော့ ကုသိုလ်တွေ များကြီးရပြီ. သာဓု သာဓု သာဓုပါနော်...
တပေါင်းလ သဲပုံစေတီပွဲ ကြည်နူးစရာပဲ။ အမှတ်တမဲ့ရိုက်ခံလိုက်ရတဲ့ပုံလေး ချစ်ဖို့ကောင်းတယ်။ ချိုချဉ်လေးပြောမှပဲ သတိထားမိတော့တယ် တီတင့်ကတော့ တင်ပြီးမှ လက်လွန်သွားလို့ ပြန်ဖျက်ရပေါင်းများပြီ :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ငယ်ငယ်တုန်းက ရွာမှာ သဲပုံစေတီအတွက် ချောင်းထဲ သဲတွေကို ပုံးကလေးတွေနဲ့ သွားသယ်ရတာကို အမှတ်ရမိတယ်
ညေးကြိုက်တဲ့ပုံလေးကအတော်လေးကောင်းသဟာ...၊
နာလည်း အဲ့ပုံလေးသဘောကျတယ်......
သဲပုံစေတီပွဲလေးအကြောင်းတော့ မကြာခဏကြားဖူးနေတယ် ... သိပ်ကိုကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးနော် ကန်ဒီလေးရေ ... :)
I am glad to see how we maintain Burmese culture at foreign country. Wish to see it at my local too..
ရောက်တောင်မရောက်ခဲ့ဘူး ပုံလေးတွေလှတယ်
သကြားလုံးရေ
အမတို့စီမယ်တော့
အဲလိုပွဲတွေမရှိဘူး..
သကြားလုံးတင်ထားတဲ့ ပုံတွေဘဲ
ကြည့်သွားတော့တယ်..
သာဓုသာဓုသာဓု
အသူတော့ တပေါင်းလပြည့်ဥပုသ်စောင့်ဖြစ်ပါတယ်
စင်ကာပူရောက်မြန်မာများအတွက်သာဓုခေါ်ပါတယ်ရှင်
ပျော်စရာကြီးပဲ.. မသွားလိုက်ရတာ နာသကွာ.. ထဘီလေးနဲ့ချစ်စရာလေးး)
ဘုရားပါဖူးသွားပါတယ်
သာဓု...သာဓု....သာဓု...ပါ
Post a Comment