Wednesday, March 20, 2013

Easy Homemade Ice-cream

Good Morning!!!!

မနေ့ကတည်းက ဒီပိုစ့်တင်မယ်ဆိုပြီးလုပ်နေတာ ဓာတ်ပုံရွေးတာ၊ ပြင်တာနဲ့တင် အိပ်ပျော်သွားတယ်။ ခဏနေဆိုလည်း လေဆိပ်မှာ ဘုန်းဘုန်းတစ်ပါးကို သွားကြိုရမယ်။ ကိုယ်ကလည်း ဒါတင်မယ်ဆို တင်ရမှ ကျေနပ်တာဆိုတော့ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး ရေးရမယ် ဟိုက် ရားးးး (အရှိန်ယူတာ xD)။ ဒီနေ့ ကန်ဒီပြောပြမှာက အရမ်း အရမ်းးးးလွယ်တဲ့ ရေခဲမုန့်လုပ်နည်း ^_^


ဒီလုပ်နည်းလေးကို ကန်ဒီ YouTube မှာ ဟိုကြည့်ဒီကြည့်လုပ်ရင်း တွေ့တာဆိုတော့ Credit ပေးဖို့ဆို ပြန်မရှာတတ်တော့ဘူး (>.<)။ အဓိကလိုအပ်တာက ငှက်ပျောသီးနဲ့ Peanut Butter ပဲ။ စတော်ဘယ်ရီက ကန်ဒီကြိုက်လို့ သက်သက်ထည့်တာ :D




ပထမဆုံး ငှက်ပျောသီးကို အတုံးလေးတွေလှီးပြီး ရေခဲသေတ္တာခဲခန်းထဲ ထည့်ထားနော်။ သူတို့ခဲပြီးဆိုမှ Peanut Butter ရယ်၊ ငှက်ပျောသီးတွေရယ်ကို ရောပြီး Blender နဲ့ မွှေလိုက်ရုံပဲ။ ကန်ဒီအဲ့လိုလုပ်တော့ ငှက်ပျောသီးတွေက အရမ်းခဲနေပြီး မွှေရတော်တော်ခက်တယ်။ သူတို့မြန်မြန်ပျော်အောင် ရေနည်းနည်းထည့်လိုက်ရသေးတယ်။


ဒါက မွှေပြီးပြီးချင်း အနေအထား... အရည်ပျော်ချင်နေပြီ >.<

ကန်ဒီစဉ်းစားတာ နောက်တစ်ခါလုပ်ရင် ငှက်ပျောသီးတွေနဲ့ Peanut Butter ကို အရင်မွှေ... ပြီးမှ ရေခဲသေတ္တာခဲခန်းထဲပြန်ထည့်ပြီးစား... အဲ့ဒါဆို Blender နဲ့ မွှေလို့ပိုကောင်းမလားလို့။ အဲ့လိုလုပ်ရင် ချက်ချင်းတော့ စားလို့မရဘူးပေါ့။ သူလုပ်တဲ့နည်းကတော့ မွှေပြီးရင်တောင် အအေးဓာတ်လေးနည်းနည်းရှိနေသေးတော့ စားချင်ရင် စားလို့ရတယ်။ ကန်ဒီကတော့ တစ်ခါတည်း အကုန်မစားနိုင်လို့ ရေခဲသေတ္တာထဲ ပြန်ထည့်ပြီးမှ စားတယ် :D

ရေခဲသေတ္တာခဲခန်းထဲ ထည့်ထားပြီး အနေအထား ^_^


ပိုတဲ့စတော်ဘယ်ရီနဲ့ ငှက်ပျောသီးကို Yogurt ထည့်ပြီး ကန်ဒီဟိုတစ်ခါလုပ်ဖူးတဲ့ Smoothie လုပ်သောက်... ဘယ်လောက်မိုက်လဲ?? (:D) နိဂုံးချုပ်ရရင် အဲ့လိုတွေ လျှောက်လုပ်စားနေတာ အရည်ထွက်မတတ် ပျင်းလွန်းလို့ =.='


Have a Nice Day^^

9 comments:

Thu said...

ညလေးကန်ဒီ..အခုတလော..သိပ်ချက်နေတယ်နော်..
(ဟင်းတွေ)..((တံတွေးမြိုချသံဖြင့်..ဂလု)
ခေးကဒါမိုးလဲရတာပဲ...^_^

ကူးကူးလှိုင် said...

ရာသီဥတုက ပူတော့ အဲလိုမျိုးလေးတွေပဲ ခဏခဏစားချင်နေတယ် ညီမလေးရေ...ဒါနဲ့ ကန်ဒီမျက်နှာလေး ဖောင်းနေတာပဲ ချစ်ဖို့ကောင်းတယ်...

အလွမ်းမြို့ said...

ကန်ဒီလေးရေ

ငှက်ပျော်သီး စတော်ဗယ်ရီသီးတွေ မကြိုက်ပေမဲ့
ဗဟုသုတအဖြစ် ဖတ်သွားတယ် ညီမလေး။
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ

ချစ်တဲ့
မကြီးလွမ်း

Ma Tint said...

တီတင့် စလုံးရောက်တဲ့အခါ ကန်ဒီလေးပျင်းပါစေလို့ ဆုတောင်းရမယ်... ဒါမှ Homemade Ice-cream စားရကံကြုံမှာလေ :P
You Tube က ကန်ဒီလေးရဲ့ လက်ဦးဆရာပေါ့ :)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ဘုန်းတောက် said...

ဘုန်းဘုန်းတစ်ပါးကို သွားကြိုရမယ်ဆိုလို့ မျက်စိလည်ချင်စရာကောင်းတဲ့ ချိန်ဂီအဲ(ယား)ပို့တ်ကို ပြန်အမှတ်ရမိတယ်။

တီတင့်ပြောသလို ဘုန်းတောက် စလုံးရောက်တဲ့အခါ ပိစိပျင်းတဲ့အချိန်နဲ့ တိုးပါစေ...

မီးမီးငယ် said...

I want to have this after lunch ;P

မိုးငွေ့........ said...

ရေခဲမုန့်မကြိုက်ပေမယ့်လုပ်နည်းလေးမှတ်သွားတယ် ချိုချဉ်လေး

မိုးညချမ်း said...

ကန်ဒီလေးက ဒါလည်း ဖြစ်တာပဲ ... ရေခဲမုန့်ကိုကြည့်ပြီး သွားရေကျသွားတယ် ... လုပ်နည်းတော့ မှတ်သွားတယ် ... အပျင်းမတစ်ရင် လုပ်စားဖြစ်လောက်တယ် ... :P

အိပ်မက်ကောင်းကင် said...

ဗိုက်ဆာတဲ့အချိန် သည်ဆိုဒ်ကိုဝင်ကြည့်မိတာ မှားပြီထင်တယ် သရေကျစရာတွေချည်းပဲ
မမချိုချဉ် နွေရာသီအအေးဆိုင်ဖွင့်ပါလား တော်တော်ရောင်းကောင်းမှာ :P
မရောက်တာကြာလို့အလည်လာရင်းစာတွေဖတ်သွားတယ်နော် မရောက်တာကြာပေမဲ့ ရောက်လာပြန်တော့လည်း အရင်တုန်းကလိုပျော်စရာကောင်းတယ် မမချိုချဉ်ဆီလာလည်ရတာ
ပျော်ရွှင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)