Hello... It's Friday!!
ဒီနေ့သောကြာနေ့ဆိုတော့ အားလုံး အားလုံး တက်ကြွနေမှာ သေချာတယ် (လည်ဖို့/နားဖို့ အားအင်အပြည့် :D)။ အစ်မ မဒိုးကန်က မုန့်ဟင်းခါးထုပ် ပေးမလို့ လာယူပါတဲ့။ အဲ့ဒါ မနက်ဖြန်သူနဲ့တွေ့ဖို့ ချိန်းထားတယ်။ အစ်မက စာရေးကောင်းသလို အပြင်မှာလည်း စကားပြောအရမ်းကောင်းတယ်။ စစတွေ့ချင်းမှာတင် အရမ်းရင်းနှီးတဲ့သူတစ်ယောက်နဲ့ ပြောနေသလို ခံစားရအောင် ပြောတတ်တယ် (ကန်ဒီနဲ့များ ကွာပါ့ :P)။ သူနဲ့တွေ့ရင် ကန်ဒီက သူပြောသမျှ ထိုင်နားထောင်နေတာများတယ် ဟီးးး :D
လူတစ်ယောက်စီမှာ မတူညီတဲ့ အကျင့်လေးတွေ ရှိတတ်ကြတယ်နော်။ အဲ့ဒါလေးတွေ သိရတာလည်း တစ်မျိုးစိတ်ဝင်စားစရာကောင်းတယ်လို့ ကန်ဒီထင်တယ်။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်ဆို အိပ်ရင် မှောက်ပြီးပဲ အိပ်တတ်တယ်တဲ့။ ကန်ဒီ့ အင်္ဂလိပ်စာဆရာတစ်ယောက်ပြောပြတာ... သူက သွားတိုက်ဆေးကို အလယ်ကညှစ်ရင် မကြိုက်ဘူးတဲ့ စသဖြင့်ပေါ့... OK! ဒီနေ့ ကန်ဒီ့အကြောင်း နည်းနည်းပြောပြမယ်။
Esplanade Mall ရဲ့အပေါ်ထပ်မှာ ပန်းခြံသေးသေးလေးရှိတယ်... အဲ့ကနေ အောက်ကို လှမ်းရိုက်ထားတာ...
လူတစ်ယောက်စီမှာ မတူညီတဲ့ အကျင့်လေးတွေ ရှိတတ်ကြတယ်နော်။ အဲ့ဒါလေးတွေ သိရတာလည်း တစ်မျိုးစိတ်ဝင်စားစရာကောင်းတယ်လို့ ကန်ဒီထင်တယ်။ ကန်ဒီ့သူငယ်ချင်းတစ်ယောက်ဆို အိပ်ရင် မှောက်ပြီးပဲ အိပ်တတ်တယ်တဲ့။ ကန်ဒီ့ အင်္ဂလိပ်စာဆရာတစ်ယောက်ပြောပြတာ... သူက သွားတိုက်ဆေးကို အလယ်ကညှစ်ရင် မကြိုက်ဘူးတဲ့ စသဖြင့်ပေါ့... OK! ဒီနေ့ ကန်ဒီ့အကြောင်း နည်းနည်းပြောပြမယ်။
♦ ကန်ဒီငယ်ငယ်က ကျောင်းမှာ ခရုတစ်ကောင်ကို မတော်တဆ တက်နင်းမိပြီးကတည်းက မိုးရွာနေတဲ့အချိန် ဒါမှမဟုတ် မိုးရွာပြီးခါစ စိုစွတ်နေတဲ့အချိန်မျိုးတွေမှာ လမ်းလျှောက်တဲ့အခါ အောက်ကိုသေသေချာချာကြည့်ပြီး လျှောက်တတ်တယ်။ မြက်ခင်းတွေပေါ်ဆို သိပ်မလျှောက်ရဲဘူး။
♦ ရွှီးးးးး ဆိုပြီးထွက်တတ်တဲ့ Spray တွေကို ကြောက်တတ်တယ် (ဥပမာ- ရေမွှေး၊ ခြင်ဆေးဗူး)။
♦ ကန်ဒီ့အသားအရည်က အရမ်းခြောက်ပြီး Sensitive ဖြစ်တယ်။ နည်းနည်းလေး ထိလိုက်တာနဲ့ အနီရောင် အဖုအပိန်းကြီးတွေ ထတတ်တယ်။ နောက် ရေချိုးဆပ်ပြာတော်တော်များများနဲ့လည်း မတည့်ဘူး။
♦ အသားအရည်ခြောက်သလောက် Lotion လိမ်းရမှာ အင်မတန်ပျင်းတယ် (Lotion ဆိုလို့ ဟိုမင်းသမီးကို သွားသတိရတယ် ခိခိ :D)။
♦ အသားအရည်ခြောက်သလောက် Lotion လိမ်းရမှာ အင်မတန်ပျင်းတယ် (Lotion ဆိုလို့ ဟိုမင်းသမီးကို သွားသတိရတယ် ခိခိ :D)။
♦ ကန်ဒီ့ ညာဘက်လက်မှာ လက်ဗွေမရှိသလောက်နည်းတယ်။ ပတ်စ်ပို့သက်တမ်းတိုးတုန်းက သံရုံးမှာ လက်ဗွေကို တော်တော်ကြာအောင် နှိပ်လိုက်ရတယ် -.-
♦ အရေပြားဆရာဝန်တွေနဲ့ ခဏခဏတွေ့ဖူးတယ်။
♦ ခြေ၊ လက်နဲ့ သွားတွေ မလှဘူး။
♦ ကန်ဒီ့လက်မက သူများတွေလို ကော့လို့မရဘူး။
♦ ကန်ဒီ့လက်မက သူများတွေလို ကော့လို့မရဘူး။
♦ ကြီးမှပေါက်တဲ့ အံဆုံးသွား ၄ ချောင်းလုံး မရှိဘူး။ ကန့်လန့်ပေါက်လို့ ဆေးရုံတက်ပြီး နုတ်ထားရတယ် xD
♦ ခရမ်းချဉ်သီးကြိုက်တယ်။ တစ်နေ့တစ်လုံးတော့ မရည်ရွယ်ဘဲ ပုံမှန်စားဖြစ်နေတယ်။
♦ ကန်ဒီ အကြိုက်ဆုံးအနောက်တိုင်းအစားအစာက ပီဇာ။
♦ အိပ်တဲ့ကုတင်ကို အသန့်ရှင်းဆုံးထားတတ်တယ်။ ခြေထောက်မဆေးဘဲ မသုတ်ဘဲ ကန်ဒီ့ ကုတင်ပေါ်လာတက်ရင် မကြိုက်ဘူး။
♦ သိပ်မခင်တဲ့သူတွေနဲ့ မအိပ်တတ်ဘူး။ ကိုယ်အိပ်နေတုန်းသူ့တို့ကို ထိမိမှာ ဖက်မိမှာ ရိုက်မိမှာကြောက်နေတာနဲ့ အိပ်မပျော်ဘူး =.='
♦ ငယ်ငယ်က ရေကူးသင်ဖူးတယ်။ ဒါပေမယ့် သင်တန်းသာပြီးသွားတယ်... ရေကူးရင်း အသက်မရှုတတ်ဘူး xD
♦ ကန်ဒီ့ပစ္စည်းတွေကို ကြိုက်သလောက်ယူသုံး... ပြီးရင်တော့ သူ့နေရာနဲ့သူ ပြန်ထားမှ ကြိုက်တယ်။ ဒီနေရာကယူပြီး ဟိုနေရာမှာထားတာ လုံးဝ (လုံးဝ) မကြိုက်ဘူး :P
♦ ပန်းရောင်ကို အရမ်းကြိုက်တယ်။ ကန်ဒီသုံးတဲ့ပစ္စည်းတော်တော်များများက ပန်းရောင်... ဒါပေမယ့် ပန်းရောင်အကျီင်္ဝတ်ခဲတယ်။
♦ အကြောက်ဆုံးအကောင်က ပိုးဟတ်နဲ့ အိမ်မြှောင်၊ အချစ်ဆုံးအကောင်က ယုန်။
♦ အကြောက်ဆုံးအကောင်က ပိုးဟတ်နဲ့ အိမ်မြှောင်၊ အချစ်ဆုံးအကောင်က ယုန်။
♦ ငယ်ငယ်က ဓာတ်ပုံရိုက်တာ မကြိုက်ဘူး။ ကြီးလာတော့ လုံးဝ(လုံးဝ)ဆန့်ကျင်ဘက်။ ခုချိန်မှာ ငယ်ငယ်က ဓာတ်ပုံမရိုက်ဖြစ်ခဲ့တာကို နောင်တရတယ် No Photo = No Memory -.-'
♦ အစေ့များတဲ့ အစားအစာတွေ(ဥပမာ-သြဇာသီး) စားရင် စိတ်ရှုပ်တယ်။
Humm... ဖတ်တဲ့သူတွေက ကန်ဒီ့အကြောင်းသိချင်လား မသိချင်လား မသိ... ကိုယ်ကဇွတ်ရေးနေတယ်။ အပျော်သဘောပါ... အဲ့လိုလေးတွေ စဉ်းစားပြီး ရေးရတာ ပျော်ဖို့ကောင်းတယ် (ဘာရေးရမှန်းမသိဘဲ အကြံကုန်နေတာလည်း ပါတာပေါ့ :P)
Have a Nice Weekend!!
Take care :D
♦ ငယ်ငယ်က ရုပ်ရှင်တွေထဲမှာ ကလေးမွေးတဲ့အခန်းတွေကြည့်ပြီး ကိုယ်ဝန်ရမှာ အရမ်းကြောက်တယ်။ အဲ့လိုဖြစ်မှာစိုးလို့ဆိုပြီး ယောက်ျားလေးတွေနဲ့ ထိမိတိုင်း လက်ဆေးတယ် (ကလေးအတွေး ဟဟဟဟဟ xD)
Humm... ဖတ်တဲ့သူတွေက ကန်ဒီ့အကြောင်းသိချင်လား မသိချင်လား မသိ... ကိုယ်ကဇွတ်ရေးနေတယ်။ အပျော်သဘောပါ... အဲ့လိုလေးတွေ စဉ်းစားပြီး ရေးရတာ ပျော်ဖို့ကောင်းတယ် (ဘာရေးရမှန်းမသိဘဲ အကြံကုန်နေတာလည်း ပါတာပေါ့ :P)
Have a Nice Weekend!!
Take care :D
17 comments:
ယုန်ကလေးကချစ်စရာလေး။ နားရွက်ကို ဖြေးဖြေးဆွဲပါ၊ အရုပ်ဆိုပေမဲ့ တော်ကြာနာလွန်းလို့ ထကိုက်နေမှ ဟုတ်ပေ့ဖြစ်နေဦးမယ်။
- You know who
အွန်..
အဲ့သဟာဆို နေကြာစေ့ကော မစားဘူးလား..
Just Kidding!!
-m
ဟားဟား.. အောက်ဆုံးအချက်ကိုကြည့်ပီး ရယ်လိုက်ရတာ..။ ဒါနဲ့ စပရေးဘူးက ဘာလို့ ကြောက်တာလဲ.။ တားလည်း လက်မ ကော့လို့ရပူး..
ကောင်းလိုက်တဲ့ ဆားချက်ပို့စ်အေ....၊ညေးရေးမှ ကွကို
ပြန်စဉ်းစားမိ..... :))))
သာမီးမကြိုက်တာကိုသိသွားပြီ
ဟေးးးးးးးးးးး
ကန်လေး နဲ့ မိုးသက်ရေ..
နာလဲတူတူပဲ လက်မက ကော့လို့ရ၀ူးကွ
အဖော်ရပီ ဟီဟိ :)
ဟုတ်တယ်..မိုးနတ်လဲ သိပ်မခင်ပဲနဲ့
တအိပ်ယာထဲ တူတူမအိပ်တတ်ဘူးးးးးးးးးးးးး
သြဇာသီးလားးးးးးးးးး
စားရင်းနဲ့ကို စိတ်တိုလာလို့ တစ်လုံးလုံးကုန်အောင်
မစားဖြစ်တာများတယ် :)))
ကော်ဖီကို တစ်နေ့တစ်ခွက်မှ မသောက်ရရင် မနေနိုင်တာတို့ ... ပစ္စည်းတွေကို ကြိုက်သလောက်ယူသုံးပြီး နေရာတကျပြန်ထားစေချင်တာမျိုးတို့ ... ငယ်ငယ်က ဓါတ်ပုံရိုက်တာ မကြိုက်ပေမယ့် ကြီးလာတော့ ဆန့်ကျင်ဘက်ဖြစ်တာတို့ကတော့ မမနဲ့တူမှတူ ကန်ဒီလေးရေ ... :)
Fats about me လို့ ဖတ်နေတာ။ ပိစိလေးများ ၀ိတ်တွေတက် အ၀လွန်လာလို့များလားလို့။း)
:D
Iora
♦ ငယ်ငယ်က ဓာတ်ပုံရိုက်တာ မကြိုက်ဘူး။ ကြီးလာတော့ လုံးဝ(လုံးဝ)ဆန့်ကျင်ဘက်။ ခုချိန်မှာ ငယ်ငယ်က ဓာတ်ပုံမရိုက်ဖြစ်ခဲ့တာကို နောင်တရတယ် No Photo = No Memory -.-'
အသူလဲတော်တော်နောင်တရနေတယ်...အဲ့တာကြီးကို :'(
♦ ကန်ဒီ့အသားအရည်က အရမ်းခြောက်ပြီး Sensitive ဖြစ်တယ်။ နည်းနည်းလေး ထိလိုက်တာနဲ့ အနီရောင် အဖုအပိန်းကြီးတွေ ထတတ်တယ်။ နောက် ရေချိုးဆပ်ပြာတော်တော်များများနဲ့လည်း မတည့်ဘူး။
♦ တစ်နေ့ကော်ဖီတစ်ခွက်မှ မသောက်ရရင် မနေနိုင်ဘူး။
♦ အိပ်တဲ့ကုတင်ကို အသန့်ရှင်းဆုံးထားတတ်တယ်။ ခြေထောက်မဆေးဘဲ မသုတ်ဘဲ ကန်ဒီ့ ကုတင်ပေါ်လာတက်ရင် မကြိုက်ဘူး။
♦ သိပ်မခင်တဲ့သူတွေနဲ့ မအိပ်တတ်ဘူး။
မထင်မှတ်ဘဲတူတာတွေတော်တော်များတာပဲ..:P
ရုပ်ကတော့ အသူပိုဆိုးတယ် :P
ကန်ဒီရေ အစ်မကြားဖူးတာကတော့ လက်မက ကော့လို့မရပဲ ထောင်နေရင် အဲဒီလူက မာနမကြီးတတ်ဘူး သဘောကောင်းတယ်တဲ့ လက်မက ကော့နေရင်တော့ မာနကြီးတတ်တယ် ခေါင်းမာတတ်တယ် အဲလိုမျိုးကြားဖူးတာပဲ ဟုတ်မဟုတ်တော့ သေချာမသိဘူးနော်...
Awww.. We love coffee, pizza and tomatoes.. Let's meet up for dinner some time. :D
Yes, I'm looking forward to it sis :D
အမလဲ ဒီတိုင်းဘဲ ။
အရေပြားမကောင်းဘူး။ ပူရင်လက်မခံဘူး။ ရေပူတော့ချိုးလို့ရတယ်။ တရုတ်ဆေးပူရင် မရဘူး။ ချော်လဲတုန်းက တရုတ်ဆေးစီးတာ အရေပြားလောင်သွားလို့ အပူဖုအကြီးကြီးဖြစ်ပြီး တော်တော်ကြာပြလိုက်ရတယ်။
ခြင်မကိုက်တဲ့အရည်လိမ်းမိတာ အနီဖုတွေတက်လာပြီး အရေပြားဆေးခန်းပြန်ရောက်။ ဆရာဝန်က ရေခဲရေနဲ့ကပ်ခိုင်းတယ်။ နောက်ဖြစ်တော့သိသွားပြီ။ ဖြစ်ဖြစ်ချင်းဆို ရေခဲနဲ့အုံပစ်လိုက်တယ်။ ဒီရောက်တော့ချမ်းတယ်လေ ၊ ရေပူအိတ်လေးထိမိတာ အရေပြားလောင်လို့ အေးအေးနဲ့ ရေခဲကပ်ရတဲ့ဘဝ။ ဒီတစ်ခေါက်ရန်ကုန်ပြန်တော့လဲ နေမကောင်းဖြစ်နေလို့ မြန်မာဆေးဆရာက သူ့သွေးဆေးနဲ့သံပရာသီးနဲ့လိမ်းခိုင်းတာ ဆေးခန်းရောက်သွားတယ်။ သွေးဆေးရိုးရိုးလိမ်းတာအကောင်း ၊ သံပရာသီးနဲ့စပ်လိုက်တော့ ပြောင်းသွားပုံရတယ်။ ဥသျှစ်သီးနဲ့သနပ်ခါးနဲ့ရောလိမ်းလိုက်တာ တော်တော်ကောင်းသွားတယ်။ အင်္ဂလိပ်ဆေးလဲသောက်လိုက်ရတာပေါ့လေ။ ရာသီကလဲပူ ၊ ယားလဲယား ၊ ရောင်လဲရောင် တော်တော်ခံစားလိုက်ရတယ်။
ညီမကန်ဒီ ကလေးသုံးတဲ့ ဆပ်ပြာရည်နဲ့ကောတည့်လား။ အမတော့ ကလေးသုံးတဲ့ဟာဘဲ သုံးဖြစ်တယ်။
ဩဇာသီးစားရင် ဩဇာရှိတယ် ၊ များများစားပေးပါ။ :P
cute post as ever :D
သကြားလုံးအကြောင်းတွေ ရေးထားတာကိုဖတ်ပြီးတော့
ရယ်သွားမိတယ်။
တစ်ခါလောက်တော့ အဲလိုရေးကြည့်ဦးမယ်
လူရယ်စရာကြီးများ ဖြစ်သွားမလားး))။
အဲပုံစံလေး ရေးကြည့်ချင်သေးတယ်။ ဟုတ်ပါ့ ပျော်ချရာကြီး။ ဘုန်းတောက်က ဘာကြောက်လဲဆိုတော့ အနက်ရောင်ကို ကြောတတ်တယ်။ ဥပမာ ကမ္ဘာအေးဘုရားမှာ ဘုရားရေသပ္ပါယ်ဖို့ ကြွေပြားခင်းထားတဲ့ရေကန်တွေ သေးသေးလေးတွေ ရှိတယ်လေ။ အနက်ရောင်ဆိုရင် ကြောက်တယ်။ ကျန်တဲ့အရောင်တွေတော့ မကြောက်ဘူး။
Post a Comment