Saturday, March 16, 2013

Food++

မတ်လလယ်လောက် ရောက်နေပြီဆိုတော့ သင်္ကြန်ပိုးက ထနေပြီ။ သင်္ကြန်မှာ ဘာမှ သိပ်ထူးထူးခြားခြား လုပ်လေ့မရှိပါဘူး။ ဒီတိုင်း ဒီအချိန်ရောက်ရင်ကို အလိုလိုနေရင်း ပျော်နေတတ်တာ... မြန်မာလူမျိုးတိုင်း ကန်ဒီ့လိုပဲ ဖြစ်မယ် ထင်တယ်နော်။ ပြီးခဲ့တဲ့နှစ်က သင်္ကြန်နဲ့ပက်သက်ပြီး ပိုစ့်လေး၊ငါးပုဒ် နီးပါးလောက် ရေးဖြစ်ခဲ့တာ မှတ်မိသေးတယ်။ လူကလည်း ဒီအချိန်မှာ ဒီ Mood ပဲ ရှိတာကိုးးး ဘယ်တတ်နိုင်မလဲ ဟီးး ခုလည်း ရောဂါက စနေပြီ xD

YouTube မှာ သင်္ကြန်သီချင်းတွေ နားထောင်ရင်း က,ချင်စိတ်ပေါက်နေတယ်။ ကန်ဒီ က,ရင် အားပေးမှာလား??(:P)။ သင်္ကြန်အမှတ်တရ က,တဲ့ဗွီဒီယို လုပ်ရင်ကောင်းမလား?? ဘလော့မှာက လူများတော့ ရှယ်ရမှာနည်းနည်းရှက်တယ် (Humm... မေးစေ့ကို လက်နှင့်ပွတ်၍ တွေးနေသည် :D)


ဒီနေ့ မုန့်ဟင်းခါးချက်တယ်။ တစ်ခါမှမချက်ဖူးတော့ ကိုယ့်ဟာကိုယ်ဆို ချက်ဖြစ်မှာ မဟုတ်ဘူး။ ချစ်ဖို့ကောင်းတဲ့အစ်မတွေက မုန့်ဟင်းခါးအနှစ် ပေးတဲ့သူကပေး၊ မုန့်ဖတ်နဲ့အကြော် ပေးတဲ့သူကပေးနဲ့ဆိုတော့ ချက်ဖြစ်သွားတယ်။ ကြက်သွန်ဥနီကို ဆီလေး၊ နနွင်းလေးနဲ့ နည်းနည်းလုံးပြီးမှ အိုးထဲထည့်တယ်။ အဲ့ဒါမှန်လားဟင် @_@


မြန်မာအစားအစာတွေလုပ်ရတာ လက်တော့ဝင်သားနော်။ ဥပမာ- မုန့်ဟင်းခါးဆို သူနဲ့တွဲစားဖို့ ပဲကြော်၊ နံနံပင်၊ သံပရာသီး၊ ကြက်ဥပြုတ်၊ ငရုပ်သီးမှုန့်နဲ့ ကြက်သွန်ဖြူဆီချက်... အဲ့ဒါတွေပါ ပြင်ရသေးတယ်။ အိုးဘဲဥလို ကြက်ဥကို ဘာလို့အလုံးလိုက် မထည့်လဲ မေးရင် "အိမ်မှာ ကြက်ဥကုန်တော့မှာမို့ပါ" (ချွေတာရေး ဟဟ xP)


အဖေက ကန်ဒီ့ဖုန်းထဲ Tango သွင်းခိုင်းလို့ သွင်းလိုက်တယ်။ **ထိုနေ့မှစ၍ အဖေသည် Tango နဲ့ Viber ကိုအသုံးပြုကာ သူရောက်လေရာအရပ်ကို ဓာတ်ပုံရိုက်၍ စတင်ကြွားဝါလေတော့သည်** အဖေက အမျိုးချစ်တတ်တယ်။ သူ့ဇာတိက အမျိုးတွေလာပြီဆို သူကိုယ်တိုင် မပင်မပန်း မညည်းမညူ လိုက်ပို့တတ်တယ်။ သူ့ဇာတိက ရွှေကူမြို့.... အခုလည်း အဲ့ကအမျိုးတွေ ရန်ကုန်ရောက်နေတာနဲ့ သူဘုရားစုံလိုက်ပို့နေတယ်။ "အခု ဆူးလေဘုရားရောက်နေတယ်သမီး..." "အခု ရေလည်ကျောက်တန်း ရောက်နေတယ်သမီး..." ဆိုပြီး ကန်ဒီ့ကို ဓာတ်ပုံတွေနဲ့ လာလာ ကြွားတယ် xD

 From Google...

ဒီနေ့လည်း Tango ကနေ ခေါ်တယ်။ ဧည့်သည်တွေပြန်တော့မယ်တဲ့... အမျိုးတစ်ယောက်ချင်းစီကို ကင်မရာကြီးနဲ့ လိုက်ပြတယ်။ တကယ်တော့ ကန်ဒီနဲ့လည်း တစ်ယောက်မှမသိဘူး (Awkward moment =.=')။ ဒါကို သူကမေးလိုက်သေးတယ် "သမီး ဒီဦးကို သိလား၊ မှတ်မိလား"တဲ့(xD)။ ကန်ဒီ ရွှေကူကို ခြောက်တန်းလောက်က တစ်ခေါက်၊ ဆယ်တန်းဖြေပြီး တစ်ခေါက် စုစုပေါင်းနှစ်ခေါက်ပဲ ရောက်ဖူးတာ အဲ့ကလူတွေကို ဘယ်လိုလုပ်မှတ်မိမှာလဲ။ နောက်ပြီး အဲ့မှာအမျိုးတွေက တော်တော်များတော့ အကုန်လုံး မမှတ်မိနိုင်ဘူး(>.<)။ ကန်ဒီမှတ်မိတာ အစားအသောက် ဟီး (xD)... အဲ့က ဆန်စီးခေါက်ဆွဲ အရမ်းစားကောင်းတယ်။ မြီးရှည်တို့၊ လကွိုင်စီတို့(အဲ့လို စာလုံးပေါင်းတာလား @_@)၊ ဆီတို့ဖူးတို့တော့ ကန်ဒီမကြိုက်ဘူး။ ဟင်းပေါင်းတော့ ကြိုက်တယ်။ ဟိုးးး မြန်မာပြည်အထက်ပိုင်းဆိုတော့ ခရီးကလည်း ဝေး... တော်ရုံမရောက်ဖြစ်ဘူး။ အဖေကတော့ အမျိုးတွေနဲ့တွေ့ရင် သိပ်ပျော်တယ်။ သူပျော်ရင် ကန်ဒီလည်း ပျော်ပါတယ် ^_^

တစ်ဦးတည်းသော မောင်ဝမ်းကွဲလေး ဆယ်တန်းဖြေနေတာ ဒီနေ့မှ သိတယ်။ စိတ်ထဲမှာ ကလေးလိုပဲ မြင်နေတော့ ဆယ်တန်းရောက်တာ မသိလိုက်ဘူး (တော်တော်ဆိုးတဲ့အစ်မ >.<)။ သူဖြေနိုင်ပါစေ (ဆုတောင်းပေးနေသည် _/|_ )

"စကား စကား ပြောပါများ၊ စကားထဲက ဇာတိပြ"တဲ့။ အမြင်မတော်တာလေးတွေ မြင်နေရတယ်။ သူတပါး ထိခိုက်စေမယ့် စကား၊ သူတပါး စိတ်ဆင်းရဲစေမယ့်စကား၊ ကိုယ့်စကားကြောင့် လူနှစ်ယောက် ရန်လိုပြီး အမုန်းဖြစ်စေမယ့် ကုန်းစကားတွေဆို မပြောသင့်ဘူး။ ဆင်ခြင်နိုင်ကြပါစေ... (ခေါင်းခါကာ ဆရာကြီးအထာဖြင့် ပြောသည် :P)


ကန်ဒီ နည်းနည်း ၀,လာလို့ အရင်က ချောင်လို့ ကျဉ်းထားတဲ့အကျီကို ပြန်ချဲ့နေရတယ်(>.<)။ အမေတော့ ကျိတ်ဝမ်းသာနေမှာ သေချာတယ်။ သူက ကန်ဒီ့ကိုတွေ့တိုင်း ပိန်တယ်ချည်း ပြောနေတာ။ အင်း... အရင်က အရမ်းပိန်တယ်။ ခုက အနေတော်လောက်ပဲ။ ဒီ့ထက် ပိုမ၀,လာဖို့ မျှော်လင့်ပါတယ် ^_^

မီးပူတိုက်ရဦးမယ်။ တကယ်တော့ အဲ့အကျီက မနက်ဖြန်ဝတ်ဖို့...

Good Night^^

11 comments:

အလင်းသစ် said...

အဲ့ မုန့်ဟင်းခါးချက်စားသလား... မနေ့က ကိုယ်လည်း ချက်စားဖြစ်တယ်... ကိုယ့်သူငယ်ချင်း စကားနဲ့ပြောရရင် ငါးအသုဘကောင်ကို ဟင်းရည်လုပ်ပြီး အရသာခံစားတာတဲ့ ... အဲဒီကောင် တော်တော်ကြောင်တယ်... ဘဲဥမရှိလို့ ကြက်ဥလေးပြုတ်ထည့်တာကို... သူများပဋိသန္ဓေကို ရေပူနဲ့ပြုတ်သတ်တယ်တဲ့... ကိုယ်တောင် နည်းနည်းစတွန့်သွားတယ်... ပြီးတော့လည်း သူပဲ သွားဖြဲ နားဖြဲ နင်းကန်စားတာ .. ကျွေးလည်းကျွေး နားဘန်လည်း ကျင်းပေးလိုက်တယ်... သိပ်တောင် မသဒ္ဓါဘူး... မှတ်ကရော ...
(တစ်နေ့တည်း နှစ်ပုဒ်ဆက်တိုက် ဖတ်လိုက်သဖြင့် ကန်ဒီ့အာဘော် မိသွားသည်... ကွန်မန့်တွင် ရေးဟန်တူပါက ခွင့်လွှတ်... :P :P)

မိုးငွေ့........ said...

အလဲ့ မွင်းဂါးတွေဘာတွေချက်စားလို့ပါလားဟေ

အလွမ်းမြို့ said...

ညီမလေးကန်ဒီရေ..

မကြီးရောက်ခဲ့တယ်။ ကန်ဒီအဖေက သမီးကိုချစ်တော့
ခုလို ဘယ်ရောက်ရောက် ဓါတ်ပုံရိုက်ပို့ပေးတာ ကောင်း
တာပေါ့။ မကြီးလွမ်းတို့များ ဒီလိုဖြစ်ချင်တာ မဖြစ်လာ
လို့ကွာပါ့။
နည်းနည်းဝလာတော့ ပိုလှလာမယ်.အဟဲ


ချစ်တဲ့
မကြီးလွမ်း

Ma Tint said...

ဘက်စုံပါလား ချိုချဉ်လေးရေ... မုန့်ဟင်းခါးချက်တတ်သားပဲ :P
ချိုချဉ်လေးက လူငယ်ဆိုတော့ သင်္ကြန်ရောက်မှာကို အခုထဲက ပျော်နေတာ မဆန်းပါဘူး တီတင့်တော့ နားအေးပါးအေး ရိပ်သာသွားနေမလို့း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညိမ်းနိုင် said...

ကြက်နီကို ဆီသတ်ထည့်ရတယ်လို့မကြားမိပါလားဟေ..၊

မိုးညချမ်း said...

ကန်ဒီလေး ချက်တဲ့မုန့်ဟင်းခါးတော့ စားချင်မိပါ၏ ... ၀လာတယ်ဆိုလို့ ၀မ်းသာပါတယ် ကန်ဒီလေးရေ ... :)

blackroze said...

မုန့်ဟင်းခါး........

မိုးသက် said...

ဝ လာဒယ်.. ဒဲ့..
ဟီးဟီး.. မကန်ဒီ အဖေက အစ်မကို ကလေးသေးသေးလေးကို စကားပြောသလိုပြောတာနော်.။ ကျွန်တော့်ကိုလည်း အဖေရော အမေရောက ခုထိ သားသားတဲ့ >:((((

Candy said...

အဲ... သားမခေါ်လို့ ဘယ်လိုခေါ်မတုန်း သူပြောမှ လူတောင်ကြောင်သွားတယ် xD

ကူးကူးလှိုင် said...

မိဘတွေ ပျော်နေတယ်ကြားရင် အစ်မလဲ အလိုလိုစိတ်ချမ်းသာ ပျော်နေတတ်တာ ကန်ဒီရေ...

ဘုန်းတောက် said...

သင်္ကြန်နွေဦး တူးပို့ တူးပို့ .....

ဘုန်းတောက် မုန့်ဟင်းခါးချက်နည်းပြောပြမယ်နော်။ အရင်ဆုံး ထောင်းထားတဲ့ ပုဇွန်ခြောက်နဲ့ကြက်သွန်ဖြူကို ဆီသတ်၊ ပြီးမှ ကျန်တာထည့် ကြက်သွန်နီအလုံးလိုက်ထည့်။ ကောင်းမှကောင်း။ (ကိုယ့်ဘသာကိုယ်ပြောပါတယ်၊ ဟိ)