Saturday, April 6, 2013

နွေမ

ဟယ်လို.... 

ဒီရက်ပိုင်း တစ်ယောက်တည်း ရှုပ်ယှက်ခတ်နေတယ်။ ရှုပ်ဆို သင်္ကြန်ပိုးထပြီး သင်္ကြန်သီချင်းတွေနားထောင်တာနဲ့တင် အားမရသေးဘဲ စင်္ကာပူသင်္ကြန်မှာ ယိမ်းက,ဖို့ ကြံစည်နေလို့လေ (ဟီး xD xD)။ ကန်ဒီဦးဆောင်ပြီး စီစဉ်တာတော့ မဟုတ်ပါဘူး။ အသိအစ်မတွေက က,မလားဆိုတာနဲ့ နှစ်ခါမမေးရဘူး... "သင်ပေးရင် က,မယ်"ဆိုပြီး က,ဖြစ်သွားတာ :D


က,တာနဲ့ ပက်သက်ပြီး နည်းနည်းအာလူးဖုတ်ရရင်... အဲ... နည်းနည်းပြောပြရရင် ကန်ဒီငယ်ငယ်က အကတော်တော်ဝါသနာပါတယ်။ အငြိမ့်မင်းသမီးဝတ်စုံတွေဆို အရမ်းကြိုက်တာ... အထူးသဖြင့် ထမီသိမ်းကြီး လှုပ်လှုပ်က,တာတွေ့ရင် အရမ်းသဘောကျတာ။ ငယ်ငယ်က ခါးမှာစောင်ကြီးပတ်ပြီး မင်းသမီးလို က,တာမှတ်မိသေးတယ်(ခိခိ xD)။ အဲ့လိုတွေ ဆော့လို့လား မသိဘူး။ အမေက ကန်ဒီတို့ ညီအစ်မကို အကသင်တန်းပို့ပေးလိုက်တယ်။ အဲ့တုန်းက အရမ်းငယ်သေးတယ်။ ကန်ဒီ သူငယ်တန်း (သို့) တစ်တန်းလားပဲ ရှိသေးတယ်။ ညနေကျောင်းကပြန်ပြီဆို အကသွားသင်တယ်။ အကသင်တန်းကလည်း ကျောင်းနားမှာပဲ... သင်ပေးတဲ့ဆရာမက အဲ့အချိန်တုန်းက နာမည်ရှိတဲ့အငြိမ့်မင်းသမီးပဲ... နာမည်က "မြင့်မြင့်ခင်"လား "မြင့်မြင့်ကြည်"လား မမှတ်မိတော့ဘူး (အမေကပြင်ပေးသွားတယ် "သီတာဝင်း"တဲ့ တခြားစီပဲ ဟီးဟီး အဲ့လိုတော်တာ xD)။ ကဗျာလွတ်အကလောက်ပါပဲ။ သိပ်ကြီးကြီကျယ်ကျယ်ကြီး မဟုတ်ဘူး။ တီးလုံးတောင် မှတ်မိသေးတယ်... ဘာတဲ့

♫♪ တိုးဗေတိုးဗေ တိုးဗေတိုးဗေ ဗြေဗြေတပ်ဂျီး တပ်ဂျီး တပ် 
ဗေတိုးတပ် ဗေတိုးတပ်... ♫♪

အဲ့ဒီ "တိုးဗေတိုးဗေ" လုပ်ပြီးကတည်းက မက,ဖြစ်တော့တာ ဒီအရွယ်အထိပဲ(xD)။ အဲ့တော့ က,တတ်လား လာမေးရင် မဖြေတတ်ဘူး။ ဒါနဲ့ အခုက,မှာ ဆမ်ဘားဝမ်းသင်္ကြန် မဟုတ်ဘူးနော်... ဧပြီလ (၁၄)ရက်နေ့ Arena Country Club (Joo Koon) မှာ "ဓမ္မမောင်နှမများ" ဦးစီးပြီးလုပ်မယ့် သင်္ကြန်ပွဲမှာ က,မှာ(^_^)။ သီချင်းနာမည်က "နွေမ"... လေးယောက်က,မှာ။ တခြားသင်္ကြန်သီချင်းတွေက သူများတွေ ယူထားပြီးပြီဆိုတော့ မတိုက်အောင် သူတို့နဲ့မတူတဲ့ သီချင်းယူရတာပေါ့။ အက,ကအခုမှ စ,တိုက်တုန်းရှိသေးတယ်(>.<)။ လာမယ့်(၇)ရက်နေ့ ဆမ်ဘာဝမ်းသင်္ကြန်မှာလည်း ကန်ဒီရှိမှာ... ရေအလှူမှာ လုပ်အားပေးဖို့၊ စားဖို့နဲ့ ဓာတ်ပုံရိုက်ဖို့ xD xD


ဟိုနေ့ကအပြင်သွားတုန်း ရိုက်ထားတာလေးတွေပါ။ ဓာတ်ပုံမထည့်ရရင် မနေနိုင်လွန်းလို့ ပိုစ့်နဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်ထည့်တယ်(:P)။ Myanmar Celebrity မှာ တင်ထားတဲ့ စိုးသူရဲ့ Show ကြည့်လိုက်ရတယ်။ သူ့ကို လူတော်တော်များများ ကြိုက်ကြတာပဲနော်။ အဲ့လောက်မှန်း မသိခဲ့ဘူး။ သူ့သီချင်းတွေ ဘာတွေလည်း နားမထောင်ဖူးဘူးလေ -.-'


ကန်ဒီ့အကောင်လေးတွေ ဒီလောက်ကြီးနေပြီ (:D)။ မနက်ဖြန်တစ်ကောင်ပေးလိုက်တော့မှာ... သူတို့ကိုမခွဲချင်ပါဘူး... ဒါပေမယ့် ဘယ်တတ်နိုင်မလဲ(>.<)။ ဟိုနေ့က အသိအန်တီနဲ့ သူ့သူငယ်ချင်းတစ်ယောက် စကားပြောနေကြတာ နားစွံနားဖျားကြားမိတယ်။ သူတို့ပြောနေကြတာ ဘာသာရေးအကြောင်း... တစ်ယောက်က ဗုဒ္ဓဘာသာ၊ တစ်ယောက်က ခရစ်ယာန်။ ကန်ဒီနဲ့သိတဲ့ အဲ့ဒီအန်တီက ဘုရားတရား တော်တော်ကိုင်းရှိုင်းတယ်။ နည်းနည်းအစွန်းရောက်တယ်ပဲ ပြောရမလား... သူပြောနေပုံတွေက ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ တစ်ဖက်ကအန်တီအပေါ် အပြစ်တင်နေသလို၊ နည်းနည်းလွန်နေသလို ခံစားရတယ်။ နေရင်းထိုင်ရင်းကြားမိတဲ့ ကန်ဒီတောင် စိတ်ထဲအားနာမိတယ်။ တကယ်တော့ ဘာသာရေးဆိုတာ သွန်သင်ဆုံးမမှုတစ်ခုပဲ မဟုတ်လား။ လူတိုင်းမှာ သူ့ယုံကြည်မှုနဲ့သူ ရှိကြတာပဲလေ။ ကိုယ့်ယုံကြည်မှုနဲ့မကိုက်ညီတာနဲ့ပဲ ဒါမှားနေတယ်လို့ သွားလက်ညှိုးထိုးမှာလား?? ဘာသာပြောင်းတယ်ဆိုတာတွေကလည်း တစ်ရာမှာ တစ်ယောက် အရမ်းရှားပါတယ်။ ကိုယ်မကိုးကွယ်၊ မယုံကြည်ရင်နေ Respect တော့ ရှိသင့်တယ်လို့ ကန်ဒီထင်တယ်။


Revlon က အသစ်ထွက်တဲ့ Balm Stain... ၀ယ်ချင်နေတာကြာပြီ။ Discount ကို စောင့်နေလို့ ခုမှဝယ်ဖြစ်တော့တယ်။ Stain ဆိုတဲ့အတိုင်း အရောင်က တော်တော်ကြာကြာခံတယ်။ တော်ရုံနဲ့မပျက်ဘူး။ နှုတ်ခမ်းက ဆိုးဆိုးပြီးချင်းမှာ စိုစိုလေးဖြစ်နေပေမယ့် နည်းနည်းကြာသွားရင် ခြောက်ကပ်ကပ်ကြီး ခံစားရတယ်။ အဲ့တစ်ခုက လွဲလို့ ကျန်တာကောင်းတယ်။ အနံ့က ပူရှိန်းနံ့။ ကန်ဒီဝယ်ထားတဲ့အရောင်က "Cherish Devotion"... ပန်းရောင်ပဲ Cool Tone ဘက် ပိုရောက်တယ် ^_^

တော်တော်နောက်ကျနေပြီ...
အိပ်တော့မယ်... 
တာ့တာ^^

9 comments:

Moe Thet Oo Lwin said...

အစ်တော့...
ဒီနှစ် ကက မကက စိမ်းလန်းမြေမဏ္ဍာပ်မှာ
မုန့်စားတဲ့ပုံ ဒါ့ပုံရိုက်ပြီး လာမပြရင် မခေါ်တော့ဘူး
ဒါဗြဲ...။

Susan Naing said...

OMG!!!!!!!!! I just bought the same colour!!!!!!

ဘုန်းတောက် said...

ဟေ့ ဟေ့ ပိစိ ... အဲဟုတ်ဖူး ဟေ့ ဟေ့ နွေမ ....

ဗပ် ဗပ် ဗပ် ဗေ တိုး ဗြောင်...(တီးလုံးသံဖြစ်သည်)

ကူးကူးလှိုင် said...

ကန်ဒီတို့ကမဲ့ သင်္ကြန်ယိမ်းလေး ခုတည်းက ကြည့်ချင်နေပြီ ညီမလေးရေ...

မိုးငွေ့........ said...

ချိုချဉ်ကတာမြင်ဖူးချင်သားပဲ...။ သမီးလိုနှုတ်ခမ်းအရောင်လေး အဲလိုအတောင့်နဲ့ပဲ အစ်မမှာရှိတယ် Clinque တံဆိပ်..

မင်းဧရာ said...

ယိမ်း ''အက'' အငြိမ့် ''အက''အားပေးတယ် သရုပ်ပျက် ''က'' လို့တော့ ခဲနဲ့ပစ်မယ် ဝေးလို့ မရောက်ဘူးဆိုရင် မြောက် ကိုးရီးယားက ဒုံးတွေသွားငှားမယ်း))။

အရင်တုန်းက ညီမလေးကရင် အကိုက သီချင်းဆိုပေးတယ် မြူမှောင်ဝေကင်း သီချင်းဆိုတယ် ညီမလေးက က တယ် ဆုတွေအများကြီး ရတယ် မောင်နှမနှစ်ယောက် မုန့်ဝယ်စားတယ်း))။

ပြောရင်ဆိုရင်း စိတ်က ရွာပြန်ရောက်သွားပြီ ။

လရိပ်အိမ် said...

TV ထဲရောက်လို့ မင်းသမီးဖြစ်သွားနိုင်တယ်။ :))

ညိမ်းနိုင် said...

မိန်းကလေးမှန်ရင် စောင်ပတ်ပြီး က ခဲ့ကြတာပဲ...၊
ယောင်္ကျားလေးမှန်ရင်တော့ အဖေ့ပုဆိုးခေါင်းမှာစီးပြီး
နင်ဂျာ ချ ခဲ့ကြတာပဲ.....ခိခိခိခိ

blackroze said...

ညေး ဟမ်းးစတားလေးတွေ
ကြီးလာတယ်သာပြောတယ်..
အသည်းယားစရာပါအေ..
အမတော့အူယားတယ်...
သင်္ကြန်ကျပြီးရင်
ကတဲ့ပုံတွေလည်းတင်ဦးလေ..