Wednesday, April 10, 2013

ဆမ်ဘာဝမ်းသင်္ကြန် (၂၀၁၃)

♫♪ ယိမ်းနွဲ့ကာ တီးကွက်နဲ့အတူ ကမယ်....
လက်ခုတ်သံ စည်းချက်လိုက်မှာလား... ♫♪

ပြီးခဲ့တဲ့ ဆမ်ဘာဝမ်းသင်္ကြန်အကြောင်း နည်းနည်းပြောပြမလို့။ စင်္ကာပူရဲ့ နာမည်ကြီးသင်္ကြန်ပီပီ အရင်နှစ်တွေကလိုပဲ လူတွေအများကြီးပေါ့။ (၆)နာရီခွဲလောက် အိပ်ယာထပြီး (၇)နာရီကျော်ကျော်လောက် အိပ်ချင်မူးတူးနဲ့ အိမ်ကထွက်သွားတာ ကန်ဒီဟိုကိုရောက်တဲ့အချိန်က (၈)နာရီခွဲလောက်။ လူတွေအရမ်းမများသေးဘူး။ ရောက်တာနဲ့ ဗိုက်က"ဂြီ ဂြီ.."ဆိုတော့ လွယ်အိတ်ချပြီး စားစရာရှိတဲ့ဆီ တန်းပြေးရတယ်။ အဲ့အချိန်ကတည်းက စားစရာတော်တော်များများက အဆင်သင့်ဖြစ်နေပြီ။ နန်းကြီးသုပ်၊ ခေါက်ဆွဲသုပ်၊ ကြာဆံကြော်သုပ်၊ ဗူးသီးကြော်၊ စမူဆာကြော်၊ မုန့်ဟင်းခါး၊ ရခိုင်မုန့်တီ၊ မုန့်လုံရေပေါ်၊ ရွှေရင်အေး၊ မုန့်လက်ဆောင်း၊ လက်ဖက်ရည် အို... စုံနေတာပဲ (သရေတွေကျနေပြီမလား... မြန်မြန်သုတ်လိုက်ဦး ဟဟဟ xD)။ စမူဆာကြော်တွေ့တာနဲ့ ကျန်တာတွေဘက် မျက်စိမရောက်တော့ဘူး။ ကန်ဒီက စမူဆာကြိုက်တယ်။ မနက်စာကို စမူဆာနဲ့ လက်ဖက်ရည်ပဲ သောက်လိုက်တယ်။ 


ဒါက စတုဒိသာကျွေးတဲ့ဘက်ခြမ်း...

ဒါက ဖျော်ဖြေရေးဘက်ခြမ်း...

မနက်(၁၀)နာရီလောက်ကတည်းက လူတွေအရမ်းစည်နေပြီ။ စတုဒိသာဆိုတဲ့အတိုင်း အလှူရှင်တွေကလည်း စားစရာတွေကို အရမ်းပေးချင် လှူချင်တာ။ အဲ့လိုဆိုတော့ သွားယူရတာ မရှက်ရဘူးပေါ့ ဟီးးး(xD)။ ဒါပေမယ့် တချို့မကြိုက်လို့ မယူချင်တဲ့လူမျိုးက အားနာပြီး ယူလိုက်ရတာမျိုးဆို စားစရာတွေ အလဟသတ်ဖြစ်တယ်လို့ ကန်ဒီထင်တယ်။

ပန်းတွေရမယ် ပန်းတွေ...

အဖွဲ့ထဲက ဦးလေးကြီးတစ်ယောက် ဆွဲထားတာ... မိုက်တယ်နော်...


ကိုယ့်ဗိုက်ကိုယ်ဖြည့်ပြီးပြီဆိုတော့မှ ရေနဲ့ ပင်ပွားကျောက်ကျောဖျော်ရည်ဝေဖို့ စ,ကူတယ်။ ကျောက်ကျောဖျော်ရည်က အဖွဲ့ထဲကအစ်မတွေ စဖျော်နေပြီ။ ကန်ဒီက ဗန်းလေးနဲ့ ဝေတဲ့အလုပ်ပဲ လုပ်တယ်။ မနက်ပိုင်းမှာ ရေကသိပ်ရောင်းမကောင်းဘူး... (ဟီးး ဘယ်သူမှ မယူချင်ကြဘူးလို့ ဆိုလိုတာ)။ အားလုံးက ရောက်တာနဲ့ အစားအသောက်ဘက် မဲနေကြတာလေ(:P)။ နေ့လည်လောက်ရောက်တော့မှ ရေက နည်းနည်းရောင်းကောင်းလာတယ်။

ဒီပုံက အစ်မတစ်ယောက် Facebook ထဲက ယူထားတာ :P


ပင်ပွားကျောက်ကျောဖျော်ရည်


ကန်ဒီ့သူငယ်ချင်းတွေက လာခဲ့မယ်လို့ ပြောထားတာနဲ့ သူတို့လာမှ တူတူစားမယ်ဆိုပြီး မနက်စာပဲစားပြီး စောင့်နေတာ။ သူတို့လာရင် သူတို့နဲ့သွားနိုင်အောင်ဆိုပြီး ကူစရာရှိတာတွေပဲ လှိမ့်ကူနေတာ။ ရေဗူးနဲ့ကျောက်ကျောတွေသာ ကုန်သွားတယ်... သူတို့ကပေါ်မလာဘူး ဟွင်းးး ဒင်းတို့ကို လည်ပင်းညှစ်ချင်တယ် (>.<)။ သူတို့လည်းလာရော စားစရာတွေလည်း ကုန်နေပြီ =.='

Happy Thingyan Everyone ^_^

မမလှလှများနဲ့... ကန်ဒီအငယ်ဆုံးထင်တယ် :P

ဖုန်းတကြည့်ကြည့်နဲ့ ကိုယ်တော်ချောတွေကို မျှော်တော်ယောင်လုပ်လိုက်... (ချိန်းထားတဲ့သူငယ်ချင်းတွေကို ပြောတာနော်... ကန်ဒီတစ်ယောက် ကောင်လေးတွေလိုက်ငမ်းနေတယ် ထင်မှာစိုးလို့ ဟဟဟ xD)... ရေဝေလိုက် ကျောက်ကျောဝေလိုက်နဲ့လုပ်နေတာ ကိုယ့်ပုံကိုယ်တောင် ဓာတ်ပုံမရိုက်လိုက်ရဘူး။ အဲ့နေ့က ကန်ဒီ့ကိုမှတ်မိပြီး "ကန်ဒီလေးလား.."ဆိုပြီး နှုတ်ဆက်တဲ့ အစ်မတွေ၊ အစ်ကိုတွေအားလုံးကို ကျေးဇူးတင်ပါတယ်(^_^)။ လူတွေကျပ်နေတာနဲ့ စကားများများမပြောနိုင်ဘဲ စိမ်းသလိုဖြစ်သွားခဲ့ရင် ဒီနေရာက တောင်းပန်ပါတယ်နော်။

ဒီနှစ်ကတော့ တကယ့်အမှတ်တရပါ။ ကန်ဒီနဲ့ YouTube မှာခင်တာ တစ်နှစ်လောက်ရှိပြီဖြစ်တဲ့ အစ်ကိုတစ်ယောက်နဲ့လည်း တွေ့တယ်။ သူလည်းမှတ်မိသလို ကန်ဒီလည်း မှတ်မိတယ်လေ။ အပျော်ဆုံးကတော့ ဘလော့ဂါအစ်မတစ်ယောက်နဲ့ တွေ့ခွင့်ရတာပေါ့။ သူကကန်ဒီ့ကို ပဟေဠိလုပ်သွားတယ်။ ကန်ဒီ့ကို နှုတ်ဆက်... ဓာတ်ပုံရိုက်သွားပြီး "ညကျမှ Message ပို့လိုက်မယ်နော်"တဲ့။ အဲ့ကတည်းက ကန်ဒီနဲ့သိတဲ့ အစ်မတစ်ယောက်ယောက်ဆိုတာ သိလိုက်တယ်။ ညဘက် Facebook မှာ Message ပို့လာတဲ့ နာမည်ကိုတွေ့လိုက်တော့ အရမ်းအံ့သြပြီး အရမ်းပျော်သွားတယ်။ ကန်ဒီ စာစ,ပြန်ရေးဖြစ်တဲ့အချိန်တုန်းက ကန်ဒီ့ကိုအားပေးခဲ့တဲ့အစ်မပေါ့။ ကန်ဒီသိသလောက်ဆို အစ်မကအရမ်းလျို့ဝှက်တတ်တယ်။ Facebook မှာတောင် သူ့ပုံတင်မထားဘူးလေ။ ခုလိုမထင်မှတ်ဘဲ ဖော်ဖော်ရွေရွေနဲ့ နှုတ်ဆက်လာတော့ ပျော်သွားတာ အတိုင်းမသိပါပဲ(:D)။ ဒါက အစ်မရိုက်ပေးသွားတဲ့ပုံ...


သူငယ်ချင်းတွေရောက်လာတဲ့အချိန်က (၁)နာရီထိုးတော့မယ်။ ရှိတာလေး စား၊ သီချင်းလေးတွေ နားထောင်ပြီး ပြန်ရတာပေါ့ ဟွန်းးး(>.<)။ အပြန်လမ်းမှာ အရှက်တွေ ဗြန်းဗြန်းကွဲပုံကို ပြောပြဦးမယ်။ ပြန်ခါနီး တခြားသူငယ်ချင်းတစ်ယောက်နဲ့ဆုံလို့ "ပြန်တော့မယ်နော်.."လို့ သွားနှုတ်ဆက်လိုက်မိပါတယ်... သူရော သူ့သူငယ်ချင်းတွေပါ အတင်းရေနဲ့ဝိုင်းလောင်းလိုက်တာ ခြောက်ခါနီးဖြစ်နေတဲ့ အကျီတွေက ရေစက်လက်ကျအောင် စိုရွှဲသွားပါလေရော။ ဒါလေးများ အေးဆေးပါဆိုပြီး... MRT ရောက်တာနဲ့ အိမ်သာထဲဝင်၊ အသင့်ယူလာတဲ့ အကျီနဲ့ဘောင်းဘီလဲလိုက်တယ်။ ရထားပေါ်ရောက်တော့ နေရာရတာနဲ့ အပြေးအလွှားဝင်ထိုင်လိုက်တယ်... မနက်(၈)နာရီခွဲကနေ နေ့လည်(၂)နာရီထိ မတ်တပ်ရပ်ထားတဲ့ ခြေထောက်က မခံနိုင်တော့ဘူးလေ။ ဖြစ်ချင်တော့ ထိုင်လိုက်တာ Reserved Seat ဖြစ်နေရော။ နှစ်ဂိတ်လောက်နေတော့ ကလေးလေးတွေနဲ့ မိသားစုတစ်စု ရထားပေါ်တက်လာတယ်။ ဘေးမှာထိုင်နေတဲ့ သူငယ်ချင်းက ကန်ဒီ့ကို ထိုင်နေဆိုပြီး သူကထပြီး နေရာပေးလိုက်တယ်။ ကလေးကနှစ်ယောက်ဆိုတော့ ကိုယ်က Reserved ခုံမှာ ထိုင်နေရတာ အားနာတာနဲ့ ထပေးလိုက်ရော... အဲ့ဒီမှာ ဇာတ်လမ်းက စပြီ >.<

ကန်ဒီထိုင်ခဲ့တဲ့နေရာမှာ ရေတွေကွက်ပြီး ကျန်ခဲ့တယ်။ မနက်က ကမန်းကတန်းထွက်ခဲ့တာဆိုတော့ အပေါ်အကျီနဲ့ဘောင်းဘီပဲ ယူခဲ့မိတယ်။ အတွင်းကျကျတွေးပြီး အတွင်းကဟာတွေ မယူခဲ့မိဘူး (>.<)။ ရေကွက်က ပုံမှန်ဆို မမြင်ရပါဘူး။ ကလေးက ခုံကိုမမှီလို့ လက်နဲ့ထောက်ပြီး တက်လိုက်တာဆိုတော့ ခုံမှာရေစိုနေတာသိသွားတယ်။ သူတို့ကတော့ ရေလို့ဘယ်ထင်မလဲ... ဒါ ဘာတွေလဲပေါ့။ သူတို့အမြင်မှာလဲ မှန်ပါတယ်လေ။ ဘယ်သူက ရေလို့ထင်မှာလဲ :( :(

အဲ့ဒါနဲ့ မျက်နှာပူလွန်းလို့ နောက်နှစ်ဂိတ်လောက်နေတော့ ရထားပေါ်ကဆင်းပြီး နောက်ရထားစောင့်စီးခဲ့ရတယ်။ တွေးရင်းနဲ့တောင် ရှက်လာပြီ (-.-')။ OK OK... ဒါလည်း စင်္ကာပူသင်္ကြန်အမှတ်တရပေါ့ ဟီးးး(xD)။ ဗွီဒီယိုလေးပဲ ဆက်ကြည့်လိုက်တော့နော်။ လူတွေကို တိုးရင်းဝှေ့ရင်း ရိုက်ထားတာဆိုတော့ လှုပ်နေတာလေးတွေ နည်းနည်းတော့သည်းခံပေး ^_^


Have a Safe Thingyan^^

7 comments:

Moe Thet Oo Lwin said...

ဝတုတ်နေတာပဲ...
အစ်မတော်... :O

ကူးကူးလှိုင် said...

ကန်ဒီ အရမ်းချစ်ဖို့ကောင်းတာပဲ ပုံလေးတွေ အကုန်လှတယ်...

Candy said...

ကျေးဇူး မမကူးကူး :D :D

ဘုန်းတောက် said...

ပိစိရေ ပီတိမျက်လုံး၊ မုဒိတာအပြုံးများနှင့် ဖတ်မှတ်၊ ကြည့်ရှုနားထောင်သွားပါကြောင်း...

လရိပ်အိမ် said...

အင်းနော် ၊ ရေလို့ဘယ်ထင်မလဲ :P ။
ကန်ဒီလဲ အက ကမှာဆို။ ဒီပွဲမဟုတ်ဘူးလား? သီချင်းလေးတော့ တက်ဆိုသင့်တယ်။
အားလုံးထဲမှာ နာ့ညီမ အချောဆုံးဘဲ။

ညီလင်းနိုင် said...

THEကြားလုံးတို့များ.....

လန်းနေတာ..... လန်း ..... နေ .... တာ....

သင်္ကြန်ကို မေ့ထားရတာ ၁၂ နှစ်ရှိပြီ။

မနာလိုအောင် လုပ်နေတယ်။

:) :) :)

Anonymous said...

ဓါတ်ပုံဆရာက လှတဲ့သူပဲ ရွေးရိုက်သွားတယ်နော်း)) ကိုယ် မလျှို့ဝှက်တတ်ပါဘူး ညီမလေးရေ :P နာမည်ပြောမသွားတာက လူတွေကြည့်နေတော့ ရှက်လို့ပါ :D (ကိုယ့်အကြောင်းပါတော့ ပြုံးပြုံးလေး ဖတ်သွားတယ်)