Tuesday, April 16, 2013

အမြည်း

ဗွမ်း ဗွမ်းး ဗွမ်းးးး

သင်္ကြန်တွင်းဆိုတော့ ရေပက်ပြီး နှုတ်ဆက်ရမှာပေါ့ နော့ (:D :D)။ ပြီးခဲ့တဲ့တစ်ပတ်လုံး အကတိုက်တာတွေနဲ့ ရှုပ်ယှက်ခတ်ပြီး ညဆိုလည်း ညနက်မှ ပြန်ပြန်ရောက်နေတာနဲ့ ဘလော့ဂ်လည်ပြီး စာဖတ်ဖို့နေနေသာသာ ကိုယ့်ဘလော့ဂ်ကိုယ်တောင် အနိုင်နိုင်ဝင်နေရတယ်(>.<)။ ပင်ပန်းလို့လား မသိဘူး... ၀ိတ်တောင် နှစ်ပေါင်ကျသွားတယ်(=.=')။ အခုတော့ အားလုံးပြီးသွားပါပြီ =)

အစ်မတစ်ယောက် ၀ယ်လာပေးတဲ့ ပိတောက်ပန်းတွေ... က,ရင် ပန်ဖို့ :D

ကန်ဒီတို့အဖွဲ့က နန်းကြီးသုပ်ကျွေးမှာဆိုတော့ စနေနေ့ကတည်းက လိုအပ်တာတွေ ပြင်ဆင်ကြတယ်။ ကြက်သားချက်တာတို့... လှီးတာတို့ကို စနေနေ့ကတည်းက Joo Koon မှာ သွားကူလုပ်ပေးတယ်။ ကူတဲ့လူတွေက အများကြီးဆိုတော့ ဘာမှတောင် သိပ်မလုပ်လိုက်ရပါဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်ပဲ xD

ကြက်သားလှီးနေကြတာ =)

 ကြက်သားအိုးမွှေနေတာ :D

အားလုံးလုပ်ပြီးတော့ အဲ့မှာပဲ အကနည်းနည်းတိုက်လိုက်သေးတယ် ^_^

 ကန်ဒီနဲ့တူတူက,တဲ့ အစ်မတွေ...

ဒါကအမြည်းသဘော နည်းနည်းပြတာ။ တကယ့်နေ့ကပုံတွေကိုတော့ မကြာမီ လာမည် မျှော်.... (:P)။ လောလောဆယ် ဓာတ်ပုံတွေ မရွေးရသေးလို့ပါ (^_^)။ ဟိုပွဲဆိုလည်းပါ ဒီပွဲဆိုလည်းက,နဲ့ ကန်ဒီ့ကို ပါလေရာ ငါးပိချက်ထင်နေပြီလား?? ဟီးးး(xD)။ ကန်ဒီ့မှာ အကျင့်တစ်ခုရှိတယ်။ ကန်ဒီ မလုပ်ရဲဘူးလို့ ထင်တဲ့ကိစ္စမျိုးဆို လုပ်ဖြစ်အောင် ကိုယ့်ကိုကိုယ်တွန်းအားပေးတတ်တယ်။ တစ်ခါလုပ်ဖူးသွားရင် နောက်တစ်ခါလုပ်ဖို့ဆိုတာ သိပ်မခက်ခဲတော့ဘူး။ အဲ့လိုနည်းနဲ့ ကိုယ့်ကိုကိုယ် Train လုပ်တယ်။ ကန်ဒီ့အားနည်းချက်က လူကြောက်တယ်။ ရှက်တတ်တယ်။ အဲ့ဒါကြောင့် ကျောင်းမှာ Group Presentation တွေလုပ်ရင် ကန်ဒီ Presenter လုပ်တာများတယ်။ ခုလည်း က,တယ်ဆိုတာ စင်ပေါ်တက်ရမှာ မကြောက်လို့ မဟုတ်ဘူး။ ကြောက်တတ်လို့ ကိုယ့်ဟာကိုယ် Train လုပ်တဲ့သဘော။ ဒီလောက်လုပ်တာလည်း မရပါဘူး... ကြောက်တာက ကြောက်တာပါပဲ (>.<)။ ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်လိုက်တယ်ဆိုတဲ့ ခံစားချက်လေးကိုတော့ သဘောကျတယ် :D

OK... သင်္ကြန်အကြောင်းတွေ ခဏထား၊ တခြားအကြောင်းပြောရအောင်။ အထက်တန်းကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်က Facebook မှာ ဓာတ်ပုံတစ်ပုံလာ Tag တယ်။ သူ Tag လာတာက ငယ်ငယ်တုန်းက ကန်ဒီ သူ့ကို အော်တိုရေးပေးခဲ့တဲ့ စာရွက်လေး။ အဲ့ဒါလေး ပြန်ဖတ်ပြီး ငယ်ဘ၀ကို သတိရသွားတယ်။ ငယ်ငယ်က ဘာမှန်းတော့ မသိဘူး။ အော်တိုတွေများ ရေးလိုက်ရတာ... မသိရင် မင်းသမီးကျနေတာပဲ။ "ရေးပေးပါ"ဆိုတဲ့ဟာလည်း ရေးပေးရတယ်။ အခုအဲ့ဒါလေးတွေ ပြန်ဖတ်ရတော့ တကယ့်အမှတ်တရပါပဲ။ အမှတ်တမဲ့မှသည် အမှတ်တရဆီသို့ပေါ့ :D :D


အဲ့တုန်းကလက်ရေးနဲ့ ခုလက်ရေးနဲ့များ တခြားစီပဲ။ နာမည်ကို ဖျောက်ထားရတဲ့ အကြောင်းရင်းက အဲ့လိုလျှို့ဝှက်ထားရတာ ကြိုက်လို့(:P)။ ကန်ဒီ့ဆီမှာလည်း သူငယ်ချင်းတွေကို အော်တိုရေးခိုင်းထားတဲ့ စာအုပ်လေး ရန်ကုန်မှာရှိသေးတယ်(:D)။ Relationship နဲ့ ပက်သက်ပြီး စိတ်ရှုပ်စရာတွေ ရှိနေတယ်။ ကိုယ့်ဟာကိုယ်တောင် ဘာမှန်းရေရေရာရာ မသိပါဘူး။ တစ်ခုခုလွဲနေတာတော့ သေချာတယ်။ လောလောဆယ် ဘာမှမတွေးချင်ဘူး။ အားလုံးမေ့ထားတယ်။ Serious Relationship ကို စိတ်ကုန်နေပြီ။


Good Night
အိပ်ပြီ^^

7 comments:

ဘုန်းတောက် said...

ကန်ဒီရဲ့ နည်းဗျူဟာလေးကို သဘောကျတယ်။ ကိုယ့်ဘာသာကိုယ် သတ္တိရှိအောင်၊ ရဲရင့်သွားအောင် လေ့ကျင့်တယ်ဆိုတော့...။ အဲဒီလို လုပ်ရမှာလေ။

လရိပ်အိမ် said...

ကိုယ့်ကိုယ်ရဲရင့်လာအောင်လုပ်ရဲတဲ့စိတ်လေး ကြိုက်တယ်။ လက်ရေးကလဲ လှလိုက်တာ။ နန်းကြီးသုပ်စားချင်လာပြီ။ ကတာလေးသဘောကျတယ်။ ဖဘမှာ ဗီဒီယိုကြည့်လိုက်ရတယ်။
မင်္ဂလာနှစ်သစ်ပါ ညီမ ၊ နှစ်သစ်မှစ၍ ညီမ ကန်ဒီ ရဲ့ ရည်မှန်းချက် အောင်မြင်ပါစေ။

လရိပ်အိမ် said...

မင်္ဂလာနှစ်သစ်ပါ ညီမ ၊ နှစ်သစ်မှစ၍ ညီမ ကန်ဒီ ရဲ့ ရည်မှန်းချက်များ အောင်မြင်ပါစေ။ "များ" ကျန်ခဲ့လို့ ထပ်လာမန့်ပါတယ်။ :P

ပန်းချီ said...

စာတွေလာဖတ်ပြီး ချစ်စရာပုံလေးတွေပါ ကြည့်သွားတယ် ညီမလေး Candyး))

blackroze said...

မင်္ဂလာ နှစ်သစ်ပါ သကြားလုံး
အားလုံးအဆင်ပြေပါစေလို့
ဆုတောင်းပေးတယ်နော်..

မိုးညချမ်း said...

ဟုတ်တယ် ကန်ဒီလေးရေ ... ငယ်ငယ်က သူငယ်ချင်းတွေရေးပေးထားတဲ့ အော်တိုစာအုပ်လေးတွေကို ပြန်ဖတ်မိရင် ငယ်ဘ၀လေးကို သိပ်လွမ်းတာပဲ ... :)

ကူးကူးလှိုင် said...

က တဲ့ ညီမလေးတွေ အကုန်ချစ်စရာကောင်းကြတယ်နော်...