Sunday, April 21, 2013

ကကြီးရေ "က"

ဒီပိုစ့်က တိုသလောက် အချိန်တော်တော်ယူတဲ့ပိုစ့်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က Arena Country Club (Joo Koon) မှာလုပ်တဲ့ သင်္ကြန်ပွဲလေးအကြောင်း ရေးမလို့လေ။ အထွေအထူးတော့ ရေးစရာအများကြီး မရှိပါဘူး။ ဓာတ်ပုံတွေနဲ့ ဗွီဒီယိုပဲပေါ့။ အဲ့နေ့က Topayoh သင်္ကြန် လုပ်တဲ့နေ့။ အဲ့တော့ လူတော်တော်များများက အစဉ်အလာမပြတ် လူစည်ကားတဲ့ Topayoh ပဲ သွားကြမယ်ထင်တယ်။ ကန်ဒီ ဒီမှာနေတဲ့ (၃)နှစ်လုံး Topayoh သင်္ကြန် တစ်ခါမှ မရောက်ဖူးဘူး။ "ဒါတော့ တော်တော်ပိန်းရာကျသွားပြီ"လို့ တွေးနေတယ်မလား >.<



အစောကြီး (၈)နာရီခွဲလောက် အဲ့ကိုရောက်သွားပြီး နန်းကြီးသုပ်လုပ်တာ ၀ိုင်းကူပေးတယ်။ က,တဲ့အစီအစဉ်က ဘုန်းဘုန်းတွေကို နေ့ဆွမ်းကပ်ပြီးမှဆိုတော့ အေးအေးဆေးဆေးဝိုင်းကူလုပ်လို့ ရတယ်။ အဲ့အချိန်မှာပဲ ဦးရွှေရိုးနဲ့ ဒေါ်မိုးကို အလှပြင်ပေးမယ့်လူမရှိလို့ ကူညီပါဆိုပြီး လာခေါ်တာနဲ့ နန်ကြီးသုပ်ပွဲပြင်ရာကနေ ဒေါ်မိုးကို အလှပြင်ပေးဖို့ ပါသွားတယ်(xD)။ လက်ကတော့ သံပရာသီးနံ့တွေ တထောင်းထောင်းပဲ။ ဆေးထားတာတောင် အနံ့ကျန်သေးတယ်။ ဒေါ်မိုးမျက်နှာကို အဲ့သံပရာသီးညှစ်ထားတဲ့ လက်ကြီးနဲ့ စိန်ပြေနပြေပြင်တာပေါ့ ဟဟဟ (xD)။ သူ့ကိုတော့ ကြိုပြောထားပါတယ်... အနံ့ သည်းခံပါလို့ :P 



ဦးရွှေရိုးကိုက ကန်ဒီနဲ့တူတူက,တဲ့ အစ်မတစ်ယောက်ပြင်ပေးတယ် :D

ကိုယ့်ဟာကိုယ်သာ နည်းနည်းပါးပါးပြင်တတ်တာ... သူများကိုဆို မလုပ်ပေးတတ်ဘူး။ သူတို့ကလည်း "ကိစ္စမရှိဘူး... လုပ်သာလုပ် ချသာချ"ဆိုပြီး မြှောက်ပေးတာနဲ့ မာမီကန်ဒီပြင်ပေးလိုက်တာ ဒီပုံထွက်လာပါတယ် :D :P


အမယ် အမယ်... ပြုံးနေပုံက xD xD


သူတို့က ပွဲဦးထွက်ဆိုတော့ အရင်ဝင်ရတယ်။ သူတို့ကို ပြင်ပေးပြီးတော့မှ ကိုယ်က,ဖို့အတွက် အကျီလဲတာတွေ၊ ပန်းပန်တာတွေ အမြန်ဆုံးနည်းနဲ့ ပန်းကန်လုံးစီးပြီး လုပ်ရတယ်။ ပြီးခဲ့တဲ့ပိုစ့်မှာ ပြထားတဲ့ ပိတောက်ပန်းလေးပဲ အားလုံးပန်ကြတယ်။ ကန်ဒီတို့က,မယ်ဆိုတာသိလို့ ရန်ကုန်အလည်ပြန်ပြီး ပြန်လာတဲ့အစ်မက ရန်ကုန်က ၀ယ်လာပေးတာ။ ပိတောက်အရောင်က အပြင်မှာနည်းနည်းတောက်တယ်။ ဓာတ်ပုံထဲရောက်တော့ သူ့အလိုလိုကြည့်ကောင်းသွားတယ် :D



ကန်ဒီ့ကို က,တာ ဘာလို့ပြုံးပြုံးလေး မက,တာလဲတဲ့။ စိတ်က ပြုံးတဲ့ဆီရောက်သွားရင် က,ကွက်တွေ မေ့သွားတယ်။ စိတ်က က,ကွက်ဆီရောက်နေရင် လူက မပြုံးတော့ဘူး ဟီးးးး (xP)။ စ,စ၀င်ခြင်းတုန်းက ပြုံးတယ်။ ပြုံးတာမှ ဖြီးနေတာပဲ... အဲ့ဒါအပြုံးလွန်ပြီး က,ကွက်တွေ မှားကုန်လို့ နောက်ပိုင်း က,ကွက်ထဲ စိတ်ထည့်လိုက်တာ ရုပ်ကတည်ပြီး လူသတ်မယ့်ရုပ်ပေါက်သွားတယ်။ သည်းခံပါ xD


ကန်ဒီမက,ခင် စင်ပေါ်တက်ခါနီးမှ သတိရလို့ အပြေးအလွှားကင်မရာယူပြီး အနားမှာတွေ့တဲ့ ကန်ဒီနဲ့သိတဲ့ အစ်ကိုကြီးတစ်ယောက်ကို ဗွီဒီယိုရိုက်ခိုင်းလိုက်တာ... သူရိုက်နေတာတော့ စင်ပေါ်ကနေတွေ့ပါတယ်။ ဒါပေမယ့်အားလုံးလည်းပြီးရော သူပဲဖျက်လိုက်မိတာလား... Recording ခလုတ်ကိုပဲ မနှိပ်မိတာလား မပြောတတ်ဘူး... ဗွီဒီယိုက မပါလာဘူး။ အဲ့ဒါနဲ့ ၀မ်းနည်းပြီး အဲ့မှာထိုင်ငိုသေးတယ် (xD xD)။ ကန်ဒီမေ့သွားလို့ ကင်မရာကို မပေးလိုက်ရလို့ဆို ထားပါတော့။ အခုဟာက အသေအချာအပြေးအလွှားယူပေးပြီးမှ မပါလာဘူးဆိုတော့ ၀မ်းနည်းပြီး မျက်ရည်က သူ့အလိုလိုကျလာတာ ဗြဲ.... (ငိုသံ)

အဲ့နေ့ညမှာပဲ အဖွဲ့ထဲက အစ်မတစ်ယောက်က ကန်ဒီတို့က,တဲ့ဗွီဒီယိုလေးကို တင်ပေးထားတာတွေ့တယ်။ အဲ့ဒါလေးကို ယူလို့ရပေမယ့် ကိုယ်က ဒေါင်းလုပ်ပြန်လုပ်ပြီးသုံးရင် Quality က အရမ်းမကောင်းတော့ဘူးလေ။ အဲ့ဒါကြောင့် ကန်ဒီ့ကို Video Clip လေးပေးချင်တဲ့လူများ ရှိလိုရှိငြား Facebook ကနေ ကြေငြာမောင်းခတ်ပြီး ရှာပုံတော်ဖွင့်ရတယ်။ အဲ့ဒါကို ကန်ဒီ့ဘလော့ခ်ဖတ်တဲ့လူတွေကလွဲလို့ ဘယ်သူမှ အဖတ်မလုပ်ကြဘူး... ၀မ်းနည်းတာ x(

အဲ့ဒီ မရတဲ့ ဗွီဒီယိုကိုစောင့်နေရတာနဲ့  ဒီပိုစ့်က ဒီလောက်ကြာသွားတာ။ နောက်ဆုံးတော့ ဖြစ်သလိုပဲ ဟိုအစ်မတင်ပေးထားတဲ့ ဗွီဒီယိုလေးကို ဒေါင်းလုပ်လုပ်ပြီး ကောင်းတဲ့အပိုင်းလေးတွေ (က,တာညီတဲ့အပိုင်းလေးတွေ :P) ထည့်သုံးထားတယ်။ သူ့ဗွီဒီယို Link ကိုလည်း Credit အနေနဲ့ ထည့်ပေးထားပါတယ် :D


Happy New Year^^
Good Night Zzzz...

9 comments:

မိုးညချမ်း said...

ပျော်စရာကြီးနေမှာပဲနော် ... စကားမစပ် ကန်ဒီလေး အက၀တ်စုံလေးနဲ့ အရမ်းလှနေပါတယ် ... :)

Anonymous said...

ကန်ဒီလေးက..
ချစ်စရာလေး။
အိုင်အိုရာ

ကူးကူးလှိုင် said...

ကန်ဒီ ၀တ်တဲ့ အရောင်လေး လှတယ် ညီမလေးကတော့ အမြဲချစ်ဖို့ကောင်းနေတာပဲနော်...

Anonymous said...

Mwah* ^ ^
Susan

ဘုန်းတောက် said...

အိပ်ခါနီးလေး လာဖတ်မိပါတယ် ကန်ဒီရေ။ အိပ်ချင်စိတ်ကို ပြေသွားရောလားကွယ်။ ရယ်လိုက်ရတာ။ ဘာရယ်တာလဲဆိုတော့ ကကွက်မေ့တာတို့၊ ဗွီဒီယိုရိုက်ပြီး မပါတာတို့လေ။ တကယ်ရယ်ရတာ။ ထပ်ရယ်လိုက်ဦးမယ် ဗြဲ................

ကိုကိုမောင်(ပန်းရနံ့) said...

သေချာရှာကြည့်ပါဦး ပိစိ။ ဗီဒီယိုဖိုင်က ကင်မရာထဲ တစ်နေရာရာမှာ ကပ်နေတာ ဖြစ်နိုင်တယ်။း)

လုံချည်လေးတွေနဲ့ ရင်ဖုံးအင်္ကျီလေးတွေနဲ့ မြင်ရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။

ဘုန်းတောက်က ပိစိ ငိုနေတာကို ရယ်ရတယ်တဲ့။ အဲဒီတော့ သူငိုတဲ့အခါ ပိစိ သွားရယ်ချေ။း)

Ma Tint said...

ဒီနှစ်တော့ကြုံဘူးပြီပေါ့ ချစ်စရာလေးတွေ... သိကြားလုံးလေးကိုတော့ ရင်းနှီးထားပြီးမို့ထင်ပါရဲ့
အလှတွေပိုနေသလိုပဲ မြန်မာဝတ်စုံလေးနဲ့ကျတော့ ပိုပိန်သွားတယ် (ရှူးတိုးတိုး သိကုန်အုံးမယ် :P)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း)
ပျော်စရာပါပဲ
ကျုပ်တို့တော့ သင်္ကြန်ရေကိုမစိုလိုက်ဖူးး)
ပျင်းတာနဲ့ အိမ်တွင်းအောင်းနေတား)

ဧဒင်အချစ်ပုံပြင် said...

အရမ်းပျော်ဖို့ကောင်းမှာဘဲနော်...