Tuesday, April 2, 2013

Fresh Summer Color: Mint Green

Humm... ကန်ဒီ့စိတ်က ရာသီတွေ၊ ပွဲတော်တွေအလိုက် လိုက်ပြောင်း၊ လိုက်ပျော်တတ်တယ်ထင်တယ်။ အဲ့လိုအချိန်တွေ ရောက်ပြီဆို အဲ့ဒါတွေနဲ့လိုက်ဖက်တဲ့ဟာ တစ်ခုခုတော့ လိုက်လုပ်ရမှ ကျေနပ်တယ်။ အခုလည်း နွေရာသီရောက်ပြီဆိုတော့ နားထောင်နေတဲ့သီချင်းတောင်မှ ဗစ်တာခင်ညိုဆိုထားတဲ့ "နွေ" တဲ့ ^_^

♫♪ နွေရောက်ပြီလေ.. ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလည်းပြိုင်....
လေရူးလေးအဝှေ့ ရွက်ဝါတွေ လိပ်ပြာတွေရယ် အကချင်းပြိုင်နေသလိုပင်...♫♪

ဘာလို့များ စင်္ကာပူမှာ ရာသီဥတုမရှိရတာလဲ... ဗြဲ (ငိုသံ T_T)။ ထားပါတော့... အခုဒီနွေရာသီအတွက် Fashion ရွေးပါဆို ပေါ့ပေါ့ပါးပါး အကျီ၊ ဘောင်းဘီနဲ့ အရောင်လွင်လွင်လေးတွေပေါ့ (ကိုယ့်ဟာကိုယ်မေး၊ ကိုယ့်ဟာကိုယ်ရွေးသည် :P)

မော်ဒယ်လ်လည်း ကိုယ်... ကင်မရာမန်းလည်း ကိုယ် xP

တစ်ခါတစ်လေ အရောင်ခပ်မှိုင်းမှိုင်းကြီးတွေ ၀တ်ရတာ မပျင်းလာဘူးလား?? အပြောင်းအလဲလေးဖြစ်အောင် အရောင်လွင်လွင်လေးတွေ စမ်းဝတ်ကြည့်စေချင်တယ်။ အဲ့လိုအရောင်တွေထဲမှာဆို ကန်ဒီအကြိုက်ဆုံးအရောင်က "Mint Green" :D



အိုင်ဒီယာလေး ပေးချင်ရုံသက်သက်ဆိုတော့ စာသိပ်မလိုဘူးထင်တယ်နော်။ လက်သည်းပုံဖော်ထားတာလေးတွေကလည်း လွယ်တယ်လေ။ ကြည့်တာနဲ့တင် လုပ်တတ်ပါတယ်... ဟုတ်တယ်ဟုတ်?? (အမှန်က ရှင်းပြရမှာပျင်းလို့ :P)


လိုရင်းတိုရှင်းပြောရရင်...
Let's Get Colorful v^0^v

9 comments:

phyo lay said...

ကန်ကန်ရေ..... အရမ်းလှနေတယ်

Candy said...

Thanks phyo yayyyy :D

မိုးငွေ့........ said...

ရာသီစာလေးဆိုပါတော့ ကြိုက်တယ် အဲလို အရောင်လေးတွေနဲ့ကစားရတာ နောက်တစ်ရာသီကျ နောက်တစ်ရောင်ပေါ့

ကူးကူးလှိုင် said...

ကန်ဒီရေ အစိမ်းရောင်လေးနဲ့ ပိုလှသွားသလိုပဲ. အစ်မက အစိမ်းဆို အကုန်ကြိုက်...

Thu said...

အဲ့လိုအစိမ်းရောင်မျိုးဆိုအရမ်းကြိုက်တယ်...:D
လက်သည်းဒီဇိုင်းလေးကတော့အသူအကြိုက် <3

Suzy said...

ညီမလည်း အရောင်လွင်လွင်လေးတွေကြိုက်တယ် :)

ကိုကိုမောင်(ပန်းရနံ့) said...

လက်သည်းကို မြန်မာ့အလံရောင်ဆိုးရင် ပိုလှမယ်ထင်တယ် ပိစိ။ စမ်းကြည့်ပါလား။ သုံးရောင်ခြယ်ပေါ့။

တစ်ယောက်ထဲ အတော်လေး အလုပ်ရှုပ်ခဲ့မဲ့ ပုံ။း)

Su Lay said...

ကန်ဒီရေ… အစိမ်းရောင်လေးတွေဆို မပူးလဲအရမ်းကြိုက်တာ……..အမဆီမှာလဲအစိမ်းရောင်နဲ့ပတ်
သတ်တာတွေဝယ်တာများလွန်းနေပီ…….အခုကန်ဒီရဲ့ဝမ်းဆက်လေးတွေ့တော့လိုချင်လာပြန်ပီ…
အစိမ်းလေးတွေကမျက်စိလဲအေးတယ် …နေပူထဲမှာဆိုလဲမြင်ရတဲ့သူလဲအမြင်အေးတပေါ့နော်………
လှတယ်…ညီမလေးကန်ဒီ…..ဒါနဲ့ ဟမ်းစတားလေးတွေတော်တော်ကြီးလာပီလား…ပုံလေးတွေအား
ရင်တင်ပါအုံး……ကန်ဒီကိုမေးရအုံးမယ်….မပူးရဲ့အမေနဲ့မောင်လေးကို စလုံးအလည်ခေါ်ချင်လို့အဲဒါ
ကန်ဒီအမေတွေလာတုန်းက ဘယ်လိုလုပ်လဲသေချာလေးသိချင်လို့ ပြောပြပေးပါအုံး….
အိမ်ကသိပ်မလုပ်တတ်လို့…..ပြီးတော့ စီးတီးဟောမှာလဲလုပ်ပေးတယ်ကြားတယ်…မပူးသေချာမသိလို့..ကန်ဒီသိရင်လမ်းညွန်ပါအုံးနော်…
ကျေးဇူး………….ညီမလေးကန်ဒီ………
ခင်မင်လျက်ပါ။…………………………….မပူးပူး

ဘုန်းတောက် said...

ပိစိက ခေတ်ဆန်ပြီး တောသီချင်းတွေ၊ ဘာတွေ မကြိုက်တတ်ဘူးပဲ ထင်နေတာ။ (ဒါနဲ့ ဗစ်တာခင်ညိုဆိုထားတဲ့ နွေဆိုတဲ့သီချင်းက တောသီချင်း ဟုတ်ပါတယ်နော် လွဲနေမှာစိုးလို့) ဟီး...။ သူကြီးမင်းကလည်း ပြောတတ်တယ်နော်။

လက်သည်းကို မြန်မာ့အလံအတိုင်း ဆိုးပါလားတဲ့။ ဘုန်းတောက်ကတော့ အင်္ဂလန်ရဲ့အလံရောင်အတိုင်း ဆိုးရင် ပိုလှမလားဘဲ။