Tuesday, April 30, 2013

Mom's Birthday

Good Morning~

ဒီနေ့တော့ ပေါ့ပေါ့ပါးပါး ဟိုဟိုဒီဒီပဲ လျှောက်ရေးတော့မယ်။ ဧပြီလ (၂၇)ရက်နေ့က အမေ့မွေးနေ့။ သူ့အတွက် Birthday Card လုပ်ပေးဖို့ ကန်ဒီ့ညီမတွေရဲ့ Facebook ကို ၀င်မွှေ၊ ဓာတ်ပုံတွေခိုး... အဲလေ ဓာတ်ပုံတွေယူရတယ်။ ပြီးတော့ Photoshop နဲ့ မွေးနေ့ကဒ်လုပ်... ဒါကန်ဒီလုပ်ထားတဲ့ မွေးနေ့ကဒ်လေးလေ လှလား?? :D :D


ညီမအငယ်ဆုံးပုံကတော့ ကြာလှပြီ။ သူက Facebook မှာ ဓာတ်ပုံအသစ်မတင်တော့ အဟောင်းပဲ ထည့်ထားရတယ်။ ကျန်တာတွေအားလုံးကတော့ Up-to-date ဖြစ်တယ်(:D)။ ကန်ဒီသုံးနေကျ PhotoScape နဲ့ပဲ ဓာတ်ပုံတွေအလွယ်ပြင်ပြင်နေတော့ Photoshop skill က သိပ်မတိုးတက်လာဘူး။ ဓာတ်ပုံနဲ့ပက်သက်ပြီး ဆက်ပြောရရင် Cartoon Camera ဆိုတဲ့ Application ဒေါင်းပြီးရိုက်ထားတဲ့ ဓာတ်ပုံပြမယ် >>>


ဟီးးး... Feature တော့ အရမ်းမစုံဘူး။ အပျင်းတော့ပြေတယ် (:D)။ Line Camera ကိုလည်း ကြိုက်တယ်။ ဒီနောက်ပိုင်း ကန်ဒီ့ပုံတော်တော်များများက အဲ့ဒီ App နဲ့ပြင်တာများတယ်။ ဒီတလော ဘာတွေရှုပ်ဆို... ပြီးခဲ့တဲ့အပတ်က သူငယ်ချင်းအိမ်မှာ Thingyan Gathering လုပ်ကြတယ်။ ကန်ဒီဟိုရောက်တော့ ကြာဇံကြော်ကြော်နေကြတယ်။ "Thingyan Gathering ဆိုပြီး သင်္ကြန်အစားအစာလည်း မပါဘူး"ဆိုတော့ "အလုပ်ရှုပ်တယ်"တဲ့(=.=')။ သူတို့က သောက်ရရင်ပြီးရော ဆိုတာမျိုးတွေ ဟင်း ဟင်းး... နောက်ဆုံးတော့ ရွှေရင်အေးလေး လုပ်ဖြစ်သွားပါတယ် ^_^


ရန်ကုန်က ကန်ဒီ့အချစ်ဆုံးသူငယ်ချင်း အလည်လာတာနဲ့ သူတို့မိသားစုကိုလည်း တစ်ရက်လိုက်ပို့ရသေးတယ်။ သူ့အမေက ပါတိတ်ဝယ်ချင်တယ်၊ City Hall လိုက်ပို့ပါဆိုတာနဲ့ Peninsula ရောက်သွားတယ်။ ကန်ဒီတောင် အဲ့မှာပါတိတ်တွေ ဈေးပေါတာမသိဘူး ဟဟဟဟ (xD)။ သူငယ်ချင်းကလည်း ညောင်းလို့ဆိုပြီး တစ်ချိန်လုံး ညည်းနေတယ်။ ဒီမှာကလည်း လမ်းအရမ်းလျှောက်ရတာကိုးးး... ရန်ကုန်မှာဆို တနေရာနဲ့တနေရာနီးနီးလေးတောင် ကားလေးနဲ့ သွားနေကြတာမလား။ ကန်ဒီ ဒီရောက်ခါစတုန်းကလည်း ညည်းဖူးတယ်။ ခုတော့ နေသားကျသွားပါပြီ။ ကျေးဇူးရှင်က ဖိနပ်အမြင့်ကြီးလည်း စီးထားသေးတယ်လေ။ အဲ့တော့ပိုဆိုးတာပေါ့ >.<


McDonald စားချင်တယ်ဆိုလို့ လိုက်ကျွေးတယ်။ သူ့အမေပဲ ကျွေးတာပါ။ ကန်ဒီက မှာပေးရုံပဲ(:P)။ အအေးတွေမကုန်လို့ဆိုပြီး အထုပ်ကြီးနဲ့ အအေးဗူးတွေ ထည့်လာသေးတယ်။ လမ်းမှာနားရင်းသောက် ပြီးတော့ သူ့အဒေါ်က အမှိုက်ပုံးမတွေ့လို့ဆိုပြီး ထားခဲ့မယ်လုပ်လို့ "NO!! အန်တီ မရဘူး"ဆိုပြီး ကန်ဒီတစ်ယောက် အမှိုက်အိတ်ဆွဲရလေသည်(=.=')။ စင်္ကာပူလောက် အမှိုက်ပုံးပေါတာ စင်္ကာပူပဲ ရှိတယ်(>.<)။ တို့မြန်မာတွေလည်း ဘယ်တော့များမှ ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ကိုယ် စည်းကမ်းရှိကြမလဲ မသိဘူး။ အပြစ်ပြောလို့လည်း မရပါဘူး။ ရုပ်ရှင်တွေထဲမှာတောင် နေကြာစေ့ကို လမ်းလျှောက်ရင်းစားပြီး အခွံတွေလမ်းပေါ်ပစ်ပြနေတာမလား =.='

သူတို့ Universal Studio တို့၊ Garden by the Bay တို့ သွားတာကျ မလိုက်ပေးတော့ဘူး။ ကိုယ်ကလည်း ပိုက်ပိုက်မရှိဘူးလေ (xD)။ Mustafa ကို လိုက်ပို့ခိုင်းသေးတယ်။ ကန်ဒီအဲ့ကိုကျ မပို့တတ်ဘူး၊ ကိုယ်တိုင်တောင် တစ်ခါလားပဲ ရောက်ဖူးတာ.. ရောက်တုန်းကလည်း အထဲတောင် မရောက်လိုက်ဘူး (@_@)။ နေရင်းထိုင်ရင်း အစ်မခင်ဦးမေကို သွားသတိရတယ်။ သူက အဲ့နေရာ Expert :D :D


ဒီမှာ ဒန့်ဒလွန်သီး တွေ့ရခဲတယ်လေ။ ဟိုနေ့ကတွေ့တာနဲ့ ၀ယ်လာပြီး ဒန့်ဒလွန်သီးချဉ်ရည်ဟင်းချက်တယ်။ ခရမ်းသီး၊ အာလူးနဲ့ ငါးလည်းထည့်တယ်။ ကိုယ့်ဟာကိုယ်ချက်ပြီး ကိုယ့်ဟာကိုယ်ကျေနပ်နေတယ်။ ကန်ဒီ့လက်ရာ အများကြီးတိုးတက်လာတာပဲ(:P)။ အဲ့ဒါကိုကြွားချင်လို့ပါဆို ကန်ဒီ့ညီမကလည်း အိမ်ပြန်မစား(=.=')... အဲ့ဒါနဲ့ ဓာတ်ပုံလေးနဲ့ပဲ Facebook မှာ ကြွားရတယ်(xD)။ မနေ့က အစ်မတစ်ယောက် Request လုပ်ထားတဲ့ ပိုစ့်တစ်ခုအတွက် ဗွီဒီယိုလုပ်တာ ကင်မရာက Focus မမိဘဲ အားလုံးသဲထဲရေသွန်ဖြစ်သွားလို့ နောက်နေ့မှ ထပ်လုပ်ရမယ်(>.<)။ Request လုပ်ထားတာတွေ များနေတယ်။ ဘာကို ဘယ်လိုလုပ်ရမလဲ မတွေးရသေးဘူး... လာတော့လာမယ်နော် ^_^

ဘာလိုလိုနဲ့ မေလတောင် ရောက်တော့မယ်။ မေလက ကန်ဒီအကြိုက်ဆုံးလပေါ့။ ဘာလို့ဆိုတာတော့ မှန်းကြည့်ရင် သိမှာပါ :D

Good Bye April^^

7 comments:

KhaingSuMon said...

Cox ur bday is on 2nd May. :P

မိုးငွေ့........ said...

သမီးမေမေကို ဟက်ပီးဘတ်ဒေးပါလို့...။ ချစ်တဲ့ သမီးများနဲ့ သက်ဆုံးတိုင်နေရပါစေလို့ ဆုမွန်တောင်းပေးပါတယ်

မိုးငွေ့........ said...

သမီးမေမေကို ဟက်ပီးဘတ်ဒေးပါလို့...။ ချစ်တဲ့ သမီးများနဲ့ သက်ဆုံးတိုင်နေရပါစေလို့ ဆုမွန်တောင်းပေးပါတယ်

ကူးကူးလှိုင် said...

Bday ကဒ်လေးလဲ လှတယ် ဒန့်သလွန်သီးဟင်းလေးကလဲ စားချင်စရာနော် တကယ်စားရရင်ကောင်းမယ်...း(

မင်းဧရာ said...

စုံတယ် စုံတယ်
ဦးတည်ထားတာက အမေ့မွေးနေ့အကြောင်း

နောက်ပြီးတော့ ပြောင်းသွားလိုက်တာ သောင်းပြောင်းထွေလာ ဖြစ်သွားရေား))။

ပျော်ရွင်စရာကောင်းသော မွေးနေ့လေးမှသည် စိတ်၏ချမ်းသာချင်း ကိုယ်၏ ကျန်းမာချင်းနှင့်ပြည့်စုံစွာ လျှောက်လှမ်းနိုင်ပါစေဗျာ။

Ryan Aung said...

Happy birthday to your mom! aunty has pretty daughters! အလတ်လေးကချစ်စရာလေး မိတ်ဆက်ပေးနော် candy hehe

Candy said...

ဟဟ Sure :D :P