မျက်လုံးတစ်ဖက်နဲ့တစ်ဖက် မျက်ရစ်မညီမညာဖြစ်နေတဲ့သူတွေအတွက် မျက်ရစ်ပုံသွင်းတဲ့နည်းလေး ဒီနေ့ပြောပြမယ်နော်။ ကန်ဒီအရင်ကပြောဖူးသလိုပဲ ကန်ဒီ့ညာဖက်မျက်လုံးက Hooded eye အမျိုးအစားထဲမှာ ပါတယ်လေ။ နောက်တစ်ဖက်ကတော့ ပုံမှန်ပဲ။ အဲ့လိုဆိုတော့ Eyeliner ဆွဲတဲ့နေရာမှာ အဓိကပြဿနာတက်တယ်။ မျက်လုံးနှစ်ဖက်ညီအောင် တစ်ဖက်ကိုအမြဲထူထူလေးဆွဲပေးရတယ်။ အခုပြောပြမယ့်နည်းလေးက အရမ်းကြီး မခက်ပါဘူး။ တစ်ခုရှိတာက မျက်ရစ်လုံးဝမရှိတဲ့လူတွေအတွက်ဆိုရင်တော့ ဒီနည်းက အဆင်မပြေလောက်ဘူး။ လိုအပ်တာကတော့... Eyelid Tape :D
တစ်ထုပ်မှာ အဲ့လိုကဒ်မျိုး ၃ ကဒ်ပါတယ်...
ကန်ဒီ ဒီနေရာမှာ ပြောတဲ့ Eyelid Tape က Double Eyelid Tape မဟုတ်ဘူး။ ဆိုလိုတာက Tape ရဲ့ တစ်ဖက်တည်းမှာပဲ ကော်ပါတယ်။ Eyelid Tape သုံးတဲ့လူတော်တော်များများက Double Eyelid Tape ကို ကြိုက်ကြတယ်။ ကန်ဒီကတော့ အဲ့ဒါသုံးတာအားမပေးဘူး။ အဲ့ဒါက မျက်ခွံနှစ်ဖက်ကိုကော်နဲ့ကပ်ပြီး မျက်ရစ်ဖော်လိုက်တာဆိုတော့ ရေရှည်အတွက်ဆို မကောင်းဘူး။ ကန်ဒီတို့မျက်ခွံတွေက အသက်ကြီးလာတာနဲ့အမျှ တွဲကျလာတတ်ကြတာမဟုတ်လား?? အဲ့လိုလုပ်ခြင်းအားဖြင့် အရွယ်မတိုင်ခင် မျက်ခွံတွဲကျနိုင်ခြေပိုများစေတယ်လို့ ကန်ဒီမြင်တယ်။ ပြောနေတာဘယ်ရောက်သွားပါလိမ့်... အင်း ကော်တစ်ဖက်တည်းမှာပါတဲ့ Eyelid Tape ကို ၀ယ်နော် (Watson မှာ ၀ယ်လို့ရတယ်)
Eyelid Tape ရပြီဆို ကိုယ်ပုံဖော်ချင်တဲ့ ကိုယ်မျက်ရစ်ရှိစေချင်တဲ့နေရာကို Eyelid Tape ရဲ့အပေါ်အနားထိအောင် ကပ်ပေးပါ။ မျက်လုံးဖွင့်လိုက်တဲ့အခါ မျက်လုံးနှစ်ဖက်ညီနေအောင် အတတ်နိုင်ဆုံးကြိုးစားကပ်နော်။ အဲ့ဒါကို အိမ်မှာနေရင်း ကပ်ထားပေါ့။ မအိပ်ခင်ကပ်လည်းရတယ်။ ဒါပေမယ့် မျက်လုံးဖွင့်ထားတဲ့အချိန်တပ်ထားတာ ပိုကောင်းတယ်။ နောက်နေ့ အပြင်သွားဖို့ ခွာလိုက်ရင် မျက်ရစ်က ကိုယ်ပုံဖော်ထားတဲ့နေရာမှာပဲ ရှိနေတာတွေ့ရလိမ့်မယ်။ ကန်ဒီဆို အဲ့လိုလုပ်ထားရင် တစ်နေကုန်ခံတယ်။
BEFORE (Just look at my Right Eye)
AFTER
ဒီနည်းက အဲ့လိုမလုပ်တော့ဘဲ ထားထားရင် အရင်လိုပြန်ဖြစ်သွားလိမ့်မယ်။ ကန်ဒီကြားဖူးတဲ့ နောက်နည်းလမ်းတစ်ခုက ခုနကပြောတဲ့ Double Eyelid Tape သုံးတဲ့နည်းပေါ့။ အဲ့ဒါကို သုံးလလောက် တစ်ချိန်လုံးတပ်ထားပြီး မျက်ရစ်ကို အသေဖြစ်သွားအောင် ပုံဖော်လို့ရတယ်လို့ ကြားဖူးတယ်။ အဲ့နည်းကိုတော့ အားမပေးဘူးနော်...
Stay Beautiful :)
5 comments:
ညီမ လည်းမျက်ရစ်တစ်ဖတ်ကအစ်မနဲ့တူတယ်တွဲကျနေတာ ။ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတာ။အစ်မ အခုလို နည်းပေးတာ ကောင်းလိုက်တာ။ဒါပေမဲ အဲ့မျက်ရစ်ဖော်တဲ့နည်းက ခဏခဏလုပ်ရင်အသေ ဖြစ်သွားတာလားအစ်မ ။ညီမက အလှအပကိုအခုမှစလေ့လာတော့ဘာမှမသိဘူးဖြစ်နေတယ်
Double Eyelid Tape နဲ့လုပ်ရင်တော့ အသေဖြစ်သွားတယ်လို့ ကြားဖူးတယ်ညီမ။ အစ်မပြောတဲ့နည်းအတိုင်းလုပ်ရင်တော့ အသေဖြစ်မဖြစ် မပြောတတ်ဘူး။ အစ်မလည်း ခုမှစမ်းနေတာဆိုတော့လေ။ နေ့တိုင်းပုံမှန် စိတ်ရှည်ရှည်နဲ့ တပ်ပေးမယ်ဆိုရင်တော့ အသေဖြစ်သွားနိုင်တယ်လို့ ထင်တာပဲ :D
ဘယ်လိုလုပ်လုပ် ညီမလေးက ချစ်စရာကောင်းပြီးသားပါ...
အိုင်းလိုင်နာ အနက်လေး ဆွဲတဲ့နည်းလေး သိချင်ပါတယ် ညီမလေးရေ.... သင်ပေးပါအုံး.... ၀ယ်ထားပြီး မသုံးတတ်ဘူး ဖြစ်နေလို့... မ ဆီမှာ ရှိတာက Lunasol Intellectual liquid eye liner.... ကျေးဇူးနော်... မျှော်နေမယ်
နှင်းနှင်း
ဟုတ်ကဲ့အစ်မ ညီမသိပ်မကြာခင် ရေးပေးပါ့မယ် :D
Post a Comment