Friday, May 31, 2013

Malay Trip ♥ Day 1

HELLO!!!

ပြန်ရောက်ပြီးကတည်းက ဘာမှမရေးဖြစ်ဘူး။ ခရီးပန်းတာလည်း ပါတယ်။ အလည်လွန်ပြီး ခြေထောက်ကြွက်သားတွေ နာနေလို့။ အဲ.. အဲ့ဒါနဲ့ စာမရေးဖြစ်တာနဲ့တော့ ဘာမှမဆိုင်ဘူးနော် ဟီးဟီး(:P)။ OK OK... အပျင်းတစ်နေပါတယ်လို့ပဲ အမှန်အတိုင်းဝန်ခံလိုက်ပါမယ် (:D)။ အဲ့လိုဖြစ်မယ်ဆိုတာ ကိုယ့်ဟာကိုယ်သိနေလို့လည်း ပြီးခဲ့တဲ့ပိုစ့်ကို Schedule နဲ့တင်ခဲ့တာ (xD)။ ဒီနေ့တော့ ရေးမှဖြစ်တော့မယ်ဆိုပြီး စောစောစီးစီး ကော်ဖီလေးသောက်ပြီး စာထိုင်ရေးနေတယ်ဆိုပါတော့...

ဒီပိုစ့်က မလေးခရီးစဉ်အစ ပထမဆုံးရက်ပေါ့။ ကန်ဒီလည်တဲ့နေရာတွေကများတော့ တခြားရက်တွေကို သက်သက်စီခွဲတင်မှ ရမယ်။ ဘယ်သူနဲ့သွားတယ်ဆိုတာ ပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလား စဉ်းစားတုန်းရှိသေးတယ်... အရမ်းအရမ်းလျှင်တဲ့ စာဖတ်သူသူငယ်ချင်းတွေက ဘယ်ကဘယ်လိုသိသွားလဲ မသိဘူး... "အစ်မ မဒမ်ကိုးနဲ့ သွားတာလား"လို့ လာမေးကြတယ်။ ဟုတ်၏... အစ်မ မဒိုးကန် (ခေါ်) အစ်မ ဂျာရစ် နဲ့ သွားတာပါ(:P)။ အစ်မဂျာရစ်က မလေးကို ခဏခဏသွားနေကြဆိုတော့ သူ့ကိုပဲ အားကိုးပြီး ကန်ဒီက သူနဲ့ကပ်မြောင်လိုက်သွားတယ်ဆိုပါတော့။ ဒီကနေ သွားတာ နှစ်ယောက်တည်းပဲဆိုပေမယ့် ဟိုဘက်မလေးမှာ သူငယ်ချင်းအစ်ကိုတွေက အသင့်ရှိပြီသား။ လည်ဖို့ပတ်ဖို့ သူတို့ပဲ အားလုံးစီစဉ်ပေးတယ်။ ဘယ်သူနဲ့သွားတယ် ဘယ်သူတွေရှိတယ်ဆိုတာ ပြောဖို့ မပြောဖို့ တွေဝေနေတာက တခြားကြောင့်မဟုတ်ပါဘူး။ အားလုံးက ဘလော့ဂါတွေဖြစ်နေတော့ သူတို့ကြိုက်ပါ့မလား ကိုယ်ကတွေးရသေးတယ် :)


မသွားခင်တစ်လလောက်အလိုကတည်းက အစ်မဂျာရစ်က ကန်ဒီ့ကို "လိုက်မှာသေချာလား"မေးပြီး Online ကနေ ကားလက်မှတ်ကြိုဝယ်ထားတယ်။ လက်မှတ်က Johor ကနေ Kuala Lumpur အသွားအပြန်ကို S$25 ပဲပေးရတယ်။ အသွားအပြန်ဝယ်လို့ S$8 Discount ရတယ်။ Singapore Immigration နဲ့ Malay Immigration ကြားမှာ ကားခဏစီးရသေးတယ်။ တစ်မှတ်တိုင်လောက်ပေါ့။ Immigration တွေ ဖြတ်ပြီးတော့ Johor ကားဂိတ်ကို တစ်ခါကားစီးရတယ်။ အစ်မက သွားနေကြမို့... ကိုယ့်ဟာကိုယ်ဆို လည်နေမှာသေချာတယ်(>.<)။ ကားဂိတ်ရောက်တော့ စောနေတာနဲ့ နှစ်ယောက်သား KFC ဆိုင်ထဲဝင်ပြီး နေ့လည်စာ စားနေလိုက်တယ်။

Immigration ဖြတ်ပြီး ကားဂိတ်ရောက်တဲ့ရုပ်... ချွေးတလုံးလုံးနဲ့ ရာသီဥတုက ပူထှာ >.<




ရုပ်က ရုပ်က :P

ကားက အိမ်သာသွားဖို့ တစ်ခါရပ်တယ်...

အဲ့နားက မုန့်ဆိုင်...

ရောက်တော့မယ် ရောက်တော့မယ် ဟေးဟေး...

ရောက်ပြီ :D

KL ကားဂိတ်...

Johor ကားဂိတ်က ကားက (၁၁)နာရီခွဲထွက်တာ KL ကို (၄)နာရီဝန်းကျင်လောက်ရောက်တယ်။ (၄)နာရီလောက် ကားစီးရတာပေါ့။ ဟိုရောက်တော့ အစ်ကိုချမ်းမင်းက ကန်ဒီတို့ကို လာကြိုတယ်။ အစ်ကိုချမ်းမင်းနဲ့သိတာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော် ကန်ဒီစာစ,ပြန်ရေးတဲ့အချိန်ကတည်းက။ အဲ့တုန်းက သူ့ကဗျာတွေကြိုက်လို့ ကန်ဒီ့ဘက်က စ,နှုတ်ဆက်ခဲ့တာ ဟီးး(xD)။ ကန်ဒီသူများဘလော့ဂ်တွေလိုက်လည်ရင် ကိုယ့်ဘက်ကစ,နှုတ်ဆက်ခဲတယ်။ မာနကြီးတာမဟုတ်ဘူးနော်... သူတို့နဲ့ မသိတော့ ကြောက်တာနဲ့ ဘာနဲ့ပေါ့။ အဲ့လိုနဲ့ သူနဲ့ခင်တာကြာာာာလှပြီ...

အဲ့ရောက်တာနဲ့ အစ်မဂျာရစ်က "လွမ်းလှချည်ရဲ့"ဆိုပြီး ကိုရင်ဆီတန်းပြေးတော့တာပဲ (သူတို့ဘလော့ဂ်ကို ဖတ်ဖူးရင် သိမှာပါ... သူတို့နှစ်ယောက်က "တစ်ယောက်တစ်နယ်ဆီမှာနေ ပိတောက်နဲ့ချယ်ရီပမာလေ~~" အဲ တော်သင့်ပြီ... ဆက်ပြောရင် ရိုက်ပေါက်ဖြစ်တော့မယ် xD)။ အဲ့လိုနဲ့ ကန်ဒီနဲ့အစ်ကိုချမ်းမင်းလည်း အထုပ်ကြီးတကားကားနဲ့ သူ့နောက်ပါသွားလေရဲ့။ ဟိုရောက်တော့ ဗိုက်ဆာတယ်ဆိုပြီး တစ်ဗြဲနှစ်ဗြဲစားကြရင်း ကိုရင်အလုပ်ပြီးတဲ့အထိ ထိုင်စောင့်ကြတယ်။ 

 ညရောက်ပြီ...

ဘကြီးမှုံ(ကိုမင်းဧရာ)က ကန်ဒီတို့အတွက် ဟိုတယ် Booking လုပ်ပေးထားပြီး ဟိုတယ်မှာ စောင့်နေလေရဲ့။ ကန်ဒီတို့ ဟိုတယ်က Times Square နားမှာ။ အဲ့နေရာကို Imbi လို့ခေါ်တာထင်တယ်။ (၃)ညအိပ် (၄)ရက်ကို မလေး RM 200 ပဲ ပေးရတယ်။ ဈေးသက်သာတယ်နော် ^_^


ည(၉)နာရီလောက်မှပဲ ဟိုတယ်ရောက်တော့တယ် (အပေါ်ကပုံက နောက်နေ့မနက်မှ ရိုက်ထားတဲ့ပုံမို့ လင်းနေတာ)။ ရောက်တာနဲ့ အထုပ်ချ၊ ရေချိုးပြီး အဲ့နားကဆိုင်မှာ ကော်ဖီလေးသောက် လက်ဖက်သုပ်လေးစားရင်း စကားပြောကြတယ်။ ဟိုးးအရင်ကတည်းက သိလာတဲ့လူတွေဆိုတော့ ကန်ဒီ့အတွက် မစိမ်းဘူး။ ပြီးတော့ ဟိုတယ်ပြန်ပြီးနားတယ်။ အဲ့နေ့က ဘယ်မှမသွားဖြစ်ဘူး။ ဟိုတယ်ကလည်း အဆင်ပြေပါတယ်။ အဲကွန်းက အပူချိန်မြင့်ထားတာတောင် အရမ်းအေးနေလို့ ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး အိပ်ရတယ်။ ကျေးဇူးရှင် အစ်ကိုတွေက သရဲခြောက်တယ်ဆိုပြီး ခြောက်ထားလို့ မီးပိတ်မအိပ်ရဲဘူး... တော်တော်ဆိုးတဲ့လူတွေ ဟွင်းးး =.=' (ကန်ဒီက တစ်ယောက်တည်း တစ်ခန်းအိပ်တာလေ >.<)။ ကုတင်ပြောင်းတာနဲ့ဘာနဲ့ ပေါင်းလိုက်တော့ အဲ့ညက ကောင်းကောင်းအိပ်မပျော်ဘူး -.-

မလေးကအစ်ကိုတွေက လိုလေသေးမရှိ ဧည့်ဝတ်ကျေတယ်။ ဧည့်ဝတ်ကျေလွန်းတော့ ကိုယ်ကတောင် ပြန်အားနာရတယ် (>.<)။ ဒီပထမနေ့ပိုစ့်ကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးနော်။ နောက်နေ့လျှောက်လည်တဲ့ပိုစ့်တွေကျမှ ဓာတ်ပုံများများကြည့်ပေါ့။ သူများပုံမတင်ပါဘူး... စိတ်ချ။ ကန်ဒီ့ပုံချည်း အမုန်းကြည့်ရမှာ ဟဟဟ xD

Malay Trip ♥ Day 2 ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ။
Malay Trip ♥ Day 3 ဖတ်ချင်ရင် ဒီမှာနှိပ်ပါ။

Saturday, May 25, 2013

Greeting from Malaysia^^

Hello!!

ခုချိန်လောက်ဆို ကန်ဒီတစ်ယောက် မလေးမှာ အလည်လွန်နေလောက်ပြီပေါ့။ လာလည်နေကျသူငယ်ချင်းတွေ ပျင်းမှာစိုးလို့ ဒီပိုစ့်ကို Schedule နဲ့ တင်ပေးသွားတယ်နော် (ကန်ဒီ ချစ်ဖို့ကောင်းတယ်ဟုတ်?? :P)။ ပြီးခဲ့တဲ့ပိုစ့်မှာ လက်ဆောင်ပေးမှာမို့ မပြလိုက်ရတဲ့ Typo က ဘောလ်ပင်လေးတွေ ခုပြမယ်နော်... 


ယောက်ျားလေးတွေအတွက်ဆိုတော့လည်း ဒီလိုဒီဇိုင်းပေါ့။ မိုက်တယ်မလား?? မရေးဖြစ်ရင်တောင် စာကြည့်စားပွဲမှာ အလှထားလို့ရတယ်လေ(:D)။ ဟိုတစ်လောက ပိုစ့်တစ်ခုမှာ ကန်ဒီတိုးတိုးတိတ်တိတ်လုပ်နေတာလေး ရှိတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲ့ဒါဘာလဲဆိုတော့ ကန်ဒီ့ညီမအငယ်ဆုံးမွေးနေ့အတွက် လက်ဆောင်ပြင်ဆင်နေတာ(^_^)။ ဆွဲသာဆွဲလိုက်တယ်... တူ မတူတော့ မသိဘူး။ သူလုပ်နေကျ Eyeliner ပုံစံနဲ့ မျက်နှာအကျ ခပ်ချွန်ချွန်ကို အသားပေးဆွဲထားတယ်။ ကန်ဒီပန်းချီမဆွဲတာ ကြာာာာလှပြီ။ အဲ့ဒါလည်း ကန်ဒီ့ဝါသနာတစ်ခုဆိုတော့ ပန်းချီစ,ဆွဲပြီဆို ထမင်းမေ့ ဟင်းမေ့ပဲ။ ၀ါသနာပါတာပဲရှိတာပါ... ဖြစ်ဖြစ်မြောက်မြောက် တတ်လားဆိုတော့လည်း မတတ်ဘူး >.<


အလတ်နဲ့ယှဉ်ရင် ကန်ဒီနဲ့သူနဲ့က ရုပ်ပိုဆင်တယ် ထင်တာပဲ...


ကန်ဒီချစ်တဲ့အစ်မတစ်ယောက်က ကန်ဒီ့မွေးနေ့အတွက်ဆိုပြီး သူ့အိမ်မှာ ထမင်းသုပ်နဲ့ ရွှေရင်အေး လုပ်ကျွေးတယ်။ သူ့အိမ်သွားဖြစ်တဲ့နေ့မျိုးဆို မနက်နိုးတာနဲ့ ဘာမှမစားဘဲထသွား၊ မနက်စာကနေ ညစာအဆုံးစားပြီးမှ အိမ်ပြန်တာများတယ်။ ကြားထဲမှာ တရေးတမော အိပ်လိုက်သေးတယ်... သာယာချက် xD xD (ကန်ဒီ့ကို အိမ်လည်ခေါ်ရမှာ ကြောက်သွားကြပြီလား? ဟီး xD)

ထမင်းသုပ်...

ရွှေရင်အေး...

ကန်ဒီ့ကို တစ်ခါ ကွန်မန့်မှာမေးဖူးတယ်။ "ဆူဇီနဲ့ ကန်ဒီက တူတူပဲလား?" "ဒီဘလော့ဂ်မှာ နှစ်ယောက်ရေးတာလား?"တဲ့။ ဆူဇီက သက်သက်၊ ကန်ဒီက သက်သက်ပါနော်။ ကန်ဒီတို့ ကိုယ့်ဘလော့ဂ်မှာပဲ ကိုယ်ရေးတာပါ။ ဟိုနေ့က သူနဲ့တွေ့ဖြစ်တော့တောင် အဲ့အကြောင်းပြောဖြစ်သေးတယ်။ ကန်ဒီတို့ဘလော့ဂ်နှစ်ခုက ရေးတဲ့စတိုင်လ်ချင်းဆင်တော့ မှားကုန်တာ နေမှာပါလို့ ^_^

With Suzy^^


သက်သတ်လွတ်နေ့ဆို ဘာချက်ရင်ကောင်းမလဲ အမြဲခေါင်းခဲရတယ်။ ဟိုနေ့ကတော့ အာလူးထမင်းလုပ်စားဖြစ်တယ်။ အဲ့လောက်လည်း မခက်ဘူးလေ။ ဂျူးမျစ်တော့ ရှာမရတာနဲ့ နံနံပင်နဲ့ ဆလတ်ရွတ်ပဲ ပုံပြီးစားလိုက်တယ်။ စားလို့ကောင်းသား :D :P

ကန်ဒီမလေးသွားမယ်ပြောတော့ အားလုံးကစိတ်ပူနေကြတယ်။ အမေကလည်း "ပိုက်ဆံအိတ်အလုခံရမယ်နော်"တဲ့။ တစ်ယောက်ကလည်း "မလေးမှာ ဆန္ဒတွေပြနေတာနော်"တဲ့။ တစ်ယောက်ကလည်း "မလုံခြုံဘူးနော်... ဖြစ်ပါ့မလား"တဲ့။ သူတို့ပြောတာနဲ့ သွားရမယ့်လူတောင် ဆန့်တငင်ငင်ဖြစ်တယ်(>.<)။ ဘာပဲဖြစ်ဖြစ် ခုဒီစာဖတ်နေတဲ့အချိန်လောက်ဆို ကန်ဒီဟိုရောက်လို့ လည်လို့တောင် ၀,နေလောက်ပြီ ဟီးဟီး xD (မနာလိုတိုရှည်ဖြစ်အောင် ပြောတာ :P)

ပြန်လာမှ တွေ့မယ်နော်...
တာ့တာ^^

Monday, May 20, 2013

The Stores I like most^^

ကန်ဒီ Shopping မထွက်တာ တော်တော်ကြာပြီ။ ဘာဆို ဘာမှကို မ၀ယ်ဖြစ်တာ။ အကျီဝတ်စရာမရှိရင် ကန်ဒီ့ညီမဟာ ယူဝတ်တယ် (ရှူးတိုးတိုး xD)။ ခုတော့ လာမယ့်အပတ် ခရီးသွားမယ်ဆိုတာကို အကြောင်းပြချက်ယူပြီး Shopping နည်းနည်းထွက်ဖြစ်တယ်ဆိုပါတော့ ဟီးး(:P)။ ဒီပိုစ့်ရေးဖြစ်သွားတာက ကန်ဒီဝယ်လာတာတွေ ကြွားဖို့အပြင် အခြားရည်ရွယ်ချက် ရှိသေးတယ်။ အဲ့ဒါကတော့ အစ်မ/ညီမတစ်ယောက်က ကန်ဒီဝယ်တတ်တဲ့ အကျီဆိုင်လေးတွေအကြောင်း ပိုစ့်တစ်ပုဒ် ရေးပေးပါလို့ ပြောထားတာနဲ့ ဒီပိုစ့်နဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ဟဲဟဲ xP

အဲ့ဒီအတွက် ပိုစ့်သီးသန့်မရေးပေးတာက ကန်ဒီဝယ်တတ်တဲ့ဆိုင်တွေက ပိုစ့်တစ်ပုဒ်ရေးရလောက်အောင် သိပ်မများလို့ပါ (>.<)။ ကန်ဒီ့အကျင့်က Shopping Mall တစ်ခုလုံးကို လှည့်ပတ်ကြည့်မနေတတ်ဘူး။ များသောအားဖြင့် ကိုယ်ဝယ်နေကျဆိုင်ကိုပဲ ဦးတည်သွားပြီး အဲ့မှာ အကြာကြီးဝင်မွှေနေတတ်တယ်။ အားလုံးသိတဲ့အတိုင်း ကန်ဒီ "Forever 21" ကြိုက်တယ် ^_^


အကျီတွေနဲ့ ဘောင်းဘီက "Forever 21" က... ဘောင်းဘီက S$15 ပဲ ပေးရတယ်။ Legging လို အပျော့သားဆိုပေမယ့် အရမ်းပါးလွှာမနေဘူး။ ကန်ဒီက Legging ကို နည်းနည်းလေး ထူမှကြိုက်တယ်။ အဲ့မှာပဲ တခြား Legging တွေ ရှိသေးတယ်။ တချို့အသားတွေက အရမ်းပါးတယ်။ ကန်ဒီများသောအားဖြင့် ၀တ်တတ်တာ အဲ့လို Design လေးတွေပါတဲ့ Legging တွေနဲ့ ပေါ့ပေါ့ပါးပါးဘောင်းဘီတိုလေးတွေပေါ့။ ဂျင်းတွေက ကိုယ်ပေါ်မှာ လေးလေးကြီး ခံစားရလို့ သိပ်မကြိုက်ဘူး။ ဖိနပ်က "Charlie and Kate" က...  "Charlie and Kate" မှာဆို ဖိနပ်ထက် အိတ်တွေဘာတွေကို ပိုကြိုက်တယ်။ ဟိုတလောက အဲ့ကပဲဝယ်ခဲ့တဲ့ အဘွားကြီးဒီဇိုင်းနဲ့ဖိနပ်လေးက အရမ်းစီးလို့ကောင်းလို့ ခုလည်း ဒီ,ဒီဇိုင်းပဲထပ်ဝယ်တာ... အသစ်မို့လို့လား မသိဘူး... ဟိုနေ့က ၀တ်သွားတာ ခြေထောက်နာတယ် >.<


အကျီတို့ ဘောင်းဘီတို့ဝယ်ရင် "Cache" နဲ့ "Pull & Bear" လည်း ကြိုက်တယ်။ ဈေးတွေကတော့ Forever 21 နဲ့ မတိမ်းမယိမ်းပါပဲ။ ကြီးရင်လည်း နည်းနည်းလေးပဲ။ Topshop တို့ Zara တို့လောက်တော့ မကြီးဘူး။ Topshop ဆိုလို့ အဲ့ဆိုင်လည်း ကြိုက်တယ်။ ဒါပေမယ့် တစ်ခါမှ မ၀ယ်ဖူးဘူး (ဈေးကြီးလို့)။ "Pull & Bear" မှာဆို ဘောင်းဘီတစ်ထည်ကို S$38 - 50 ၀န်းကျင်ရှိတယ်။ အဲ့ကဘောင်းဘီလေးတွေလှတယ်။ ဒီဇိုင်းဆန်းဆန်းလေးတွေရှိတယ်။ Dress တွေဆို S$50- 60 ကြားရှိမယ်ထင်တယ်။ ဟိုနေ့က ကန်ဒီ့ညီမအဲ့က Dress ၀ယ်တာနဲ့ ကိုယ်လည်းရောယောင်ပြီး Discount ချနေတဲ့ S$15 တန် T-Shirt လေး ၀ယ်ခဲ့သေးတယ် (xD)။ သြော်... အဲ့မှာ ယောက်ျားလေးအကျီတွေလည်း ရှိတယ်။ "Cotton on" လည်း မဆိုးဘူး။ "Cotton on" က အကျီဆိုင်နဲ့ အတွင်းခံချည်းသက်သက်ရောင်းတဲ့ဆိုင် နှစ်မျိုးရှိတယ်။ အဲ့က အတွင်းခံလေးတွေ ဒီဇိုင်းအရမ်းလှတယ်။ ချစ်စရာလေးတွေ... ကိုယ်လိုတဲ့အချိန်နဲ့ မကြုံတာနဲ့ မ၀ယ်ဖြစ်သေးဘူး။

Formal အကျီတွေဆိုရင်တော့ "G2000" ကပဲ ၀ယ်ဖြစ်တယ်။ ကန်ဒီက Vintage ဒီဇိုင်းလေးတွေ သဘောကျတယ်လေ။ "Lowrys Farm" နဲ့ "Accessorize" မှာ အဲ့လိုဒီဇိုင်းလေးတွေရှိတယ်။ "Lowrys Farm" က အကျီတွေဘာတွေရောင်းတာ... "Accessorize" က Accessory ချည်းပဲရောင်းတာ။ အဲ့ဆိုင်တွေလည်း ဈေးကြီးတယ်။ ကန်ဒီ့ညီမမွေးနေ့တုန်းကတော့ "Accessorize" ကနေ ပိုက်ဆံအိတ်လေး ၀ယ်ပေးဖူးတယ်။ အဲ့တုန်းက ကန်ဒီ့အတွက် မှန်သေးသေးလေးဝယ်ခဲ့သေးတယ်။ ပုံမှန်ဈေး S$16 ကို S$8 နဲ့ ရခဲ့တာ (Discount ချနေတဲ့အချိန်မို့...)။


Ekk... ဒါကပြောရင်ကောင်းမလား... မပြောရင်ကောင်းမလား? ဟီးး... အတွင်းခံဆို "Pierre Cardin" က ၀ယ်တာများတယ်။ Discount ချရင် ၂ခုကို S$30 လောက်နဲ့ရတယ် (မျက်နှာပူထှာ -.-')။ ဖိနပ်ကတော့ ကန်ဒီစီးကြည့်လို့ အဆင်ပြေလောက်တယ်ဆို ၀ယ်လိုက်တာပဲ။ ကန်ဒီ့ခြေထောက်က ဖိနပ်ရွေးတယ်။ ဖိနပ်လှလှလေးတွေဆို နာလို့မစီးနိုင်ဘူး။ တခါတလေလောက်ပဲ ရတယ်။ အဲ့ဒါကြောင့် အဘွားကြီးဖိနပ်ပဲ စီးနေရတယ် (>.<)။ "Mijsu" ဆိုတဲ့ဆိုင်က ဖိနပ်ဒီဇိုင်းလေးတွေ အရမ်းလှတယ်။ ဖိနပ်တို့ အိတ်တို့ကို Bugis Street မှာ သွားမ၀ယ်နဲ့နော်... Quality လုံးဝမကောင်းဘူး။ Bugis Street ကနေဆို အကျီနဲ့ Fancy Hair Accessories လေးတွေလောက်ပဲ ၀ယ်ဖြစ်တယ်။

လက်ဆောင်ဝယ်ပေးလို့ကောင်းတဲ့ ဆိုင်လေးတွေထဲမှာဆို ကန်ဒီကြိုက်တာ "Typo" နဲ့ "Totally Hot Stuff"... "Typo" မှာ ကန်ဒီ့အကြိုက် Vintage/Retro စတိုင်လ်လေးတွေအများကြီးရှိတယ်။ Home Deco တွေရှိတယ်။  ဒီဇိုင်းဆန်းဆန်း ကော်ဖီခွက်လေးတွေနဲ့ Note Book လေးတွေရှိတယ်။ ကော်ဖီခွက်တစ်ခွက်ကို S$15... ခရီးဆောင် ရေနွေး၊ရေအေးထည့်လို့ရတဲ့ ဗူးလေးတွေဆို S$12 လောက်ပဲရှိတယ်။ သူ့ဒီဇိုင်းလှလှလေးတွေနဲ့ဆို ဈေးကအရမ်းမကြီးဘူး ထင်တာပဲလေ။ လက်ဆောင်ပေးလို့ကောင်းတယ်။ 


အထဲကဘာလဲဆိုတာတော့ ခုဖွင့်မပြတော့ဘူးနော်။ ကန်ဒီလက်ဆောင်ပေးမယ့်လူတွေက ဒီဘလော့ခ်ကို ဖတ်တယ် (>.<)။ "Totally Hot Stuff" က ကျတော့ ဒီဇိုင်းဆန်းတာထက် ပစ္စည်းဆန်းဆန်းလေးတွေ ရောင်းတာ။ ဈေးကတော့ Typo နီးပါးပဲ... တူတူလောက်ပဲ။ အရုပ်တွေဝယ်ဖို့ဆို "Mini Toon" ကြိုက်တယ်။ ကန်ဒီအိမ်နေရင်းစီးတဲ့ အရုပ်ဖိနပ်လေးတွေက အဲ့က၀ယ်တာပေါ့။ ဖန်စီလက်ကောက်တို့ ဆွဲကြိုးတို့ဝယ်မယ်ဆို "Diva" က ကောင်းတယ်။ ဈေးလည်းပေါတယ်။


ဒါကခရီးသွားရင် လိုအပ်မယ်ထင်တာလေးတွေပေါ့။ ပလတ်စတစ်ဗူးအလွတ်လေးတွေက Moisturizer တွေ၊ Lotion တွေ ခွဲထည့်ဖို့။ အလှကုန်တွေ တိုလီမုတ်စတွေ ၀ယ်မယ်ဆိုရင်တော့ "Watson" ပဲသွားဖြစ်တယ်။ ဟီးဟီး... Veet က ခြေထောက်သန့်ရှင်းရေးအတွက်(:P)။ အရင်ကသုံးတာ Beauty Formula က Wax Strip တွေ... အဲ့က Wax Strip တွေက ပိုကြီးတော့ ခဏလေးနဲ့ပြီးလို့ ကြိုက်တာ။ အခု အဲ့ဒါမတွေ့တာနဲ့ Veet ပဲ ၀ယ်ခဲ့ရတယ်။ သူ့မှာ Waxing လုပ်ပြီးရင် သုပ်ရတဲ့အထုပ်လေးတွေလည်း ပါတယ်။ အဲ့ဒါအများကြီး ပိုအဆင်ပြေတယ်။ အရင်သုံးဖူးတဲ့ဟာက အဲ့ဒါမပါတော့ အားလုံးပြီးရင် ကပ်နေတဲ့ Wax အကြွင်းအကျန်တွေကို Lotion လိမ်းပြီး ဖျက်ရတယ်။


အင်း... ကန်ဒီက တခြားမိန်းကလေးတွေလို ကံမကောင်းတော့ အဲ့လိုသန့်ရှင်းရေးလုပ်မှ ဘောင်းဘီအတိုတွေ ဘာတွေဝတ်လို့ရတယ်။ တစ်ခါလုပ်ပြီးရင် နှစ်လ သုံးလလောက်တော့ အသာလေးခံတယ်။ မြန်မာမိန်းကလေးတော်တော်များများက အဲ့လိုကိစ္စတွေ ပြောလေ့ပြောထ မရှိကြဘူးနော်။ ဘာလို့လဲ မသိဘူး။ အဲ့ဒါမကောင်းဘူး။ ကန်ဒီဆယ်ကျော်သက်အရွယ်လောက်က ဂျိုင်းမွှေးစပေါက်တော့ ဘာလုပ်ရမလဲမသိဘူး။ ဘယ်သူမှလည်း ဘာလုပ်ဆိုပြီး မပြောကြဘူး။ အဲ့တော့ ကလေးတွေထုံးစံအတိုင်း သူများလုပ်သလို လိုက်လုပ်တာပေါ့။ အဲ့အချိန်တုန်းက ကန်ဒီ့အစ်မ၀မ်းကွဲတစ်ယောက်က ရိတ်တာတွေ့တွေ့နေတာနဲ့ သူ့လိုလိုက်လုပ်ကြည့်မိတာ အရင်ကထွက်တာထက် ပိုများလာတဲ့အပြင် ထူထူကြီးတွေထွက်လာလို့ အဲ့ကစပြီး ဘယ်တော့မှ ရိတ်တဲ့အလုပ် မလုပ်တော့ဘူး။ နုတ်တာပဲ ကောင်းတယ်။ အမွှေးဆိုတဲ့အမျိုးက ရိတ်ရင်ပိုသန်တယ်။ ဒါ ကန်ဒီ့အမြင်ပေါ့နော်(xD)။ ခြေထောက်ကို Wax လုပ်တာလည်း စစချင်းပဲ နာတာပါ။ ကျင့်သားရသွားရင် အဲ့လောက်မနာတော့ဘူး ^_^


ခရီးသွားပါမယ်ဆိုမှ မျက်လုံးတစ်ဖက်က ယောင်ပြီးနီနေလို့ အစ်မတစ်ယောက်ပေးလိုက်တဲ့ မောရိယမန်းဆေး ကွင်းထားရတယ်။ မြန်မြန်ပျောက်ပါစေ :(

Have a Nice Day^^

Thursday, May 16, 2013

No Title

မင်္ဂလာညချမ်းပါရှင်...

ဒီတလော Facebook ရောဂါစွဲကပ်ပြီး အဲ့ပေါ်ရောက်ရောက်နေတာနဲ့ စာရေးတွေကျဲနေတယ်။ အဲ့မှာရှိမယ့်သာ ရှိနေတာပါ... ကိုယ်ကနလပိန်းတုံးဆိုတော့ တစ်ခုခုဆို နောက်ဆုံးမှ သိတာများတယ် (>.<)။ သူငယ်ချင်းတွေ "လဲလဲလဲ..." တုန်းကလည်းးးး ဘာမှန်းမသိလို့လို့လို့ မေးမြန်းရသေးတယ်။ ခုလည်း Facebook တစ်ခုလုံး "မီမီ မီမီ မီမီ..." ဖြစ်နေပြန်ပြီ (ကြောင်ခေါ်နေတာ မဟုတ်ဘူးနော် xD)။ သူများတွေများ ပေါ်ပြူလာဖြစ်တာ နေ့ချင်းညချင်းပဲ။ အဲ့ဒါမျိုးက ကြောက်ဖို့ကောင်းတယ်။ Social Media တွေရဲ့ လွှမ်းမိုးမှုကလည်း မသေးဘူးနော်။ ကိုယ့်ဟာကိုယ်ပဲ သိုသိုသိပ်သိပ်နေပါရစေ... ကြောက်လို့ ဟီးးးး xD


တိုးတိုးတိတ်တိတ် လုပ်နေတာလေး တစ်ခုရှိတယ်။ တိုးတိုးတိတ်တိတ်ဆိုတော့ ခုမပြောသေးဘူး။ ပြီးမှပဲ ပြောပြတော့မယ်။ စင်္ကာပူလာလည်တဲ့ သူငယ်ချင်းလည်း ပြန်သွားပြီ။ သူရှိနေတုန်းက သူနဲ့လျှောက်သွားပေးရသေးတယ်။ Starbucks ကို ကြိုက်လို့တဲ့... ကန်ဒီနဲ့များ ကွာပါ့။ သွားသောက်တိုင်း ကိုယ့်ဟာကိုယ် အကုန်ပြန်ပြင်ရတယ်။ သူ့ဟာလေးနဲ့သူ ကောင်းနေတာတစ်ခါမှ မရှိဘူး။ ဈေးကလည်း ကြီးသေးတယ် (>.<)။ 313 Somerset က Charlie Coffee တော့ ကြိုက်တယ်။ ကန်ဒီ့အမြင်မှာတော့ Starbucks ထက်သာတယ် ^_^


မေလ ၂၃ ရက်နေ့ကျရင် မလေးသွားလည်မလို့ စီစဉ်ထားတယ်။ မေ ၂၆ ရက်နေ့မှ ပြန်လာမယ်။ ဟိုးးးးတလောကတည်းက သွားမယ်လုပ်ပြီး ဗီဇာလုပ်တာ ကြာနေတာနဲ့ မလိုက်လိုက်ရဘဲ တစ်ယောက်တည်းကျန်ခဲ့တယ်လေ။ ဒီတစ်ခေါက်တော့ တကယ်သွားဖြစ်ပြီ။ လက်မှတ်လည်း ၀ယ်ပြီးပြီ (^_^)။ ကဆုန်လပြည့်နေ့မှာ တရားပွဲရှိတယ်နော်။ ကန်ဒီမသွားနိုင်ပေမယ့် သွားချင်တဲ့သူတွေ သွားလို့ရအောင် ပြောပြပေးတာပါ :D


ခုရုံတင်နေတဲ့ "Scary Movie" ကြည့်ချင်တာ... ကိုယ်က ဒီနောက်ပိုင်းထွက်တဲ့ သရဲကားတွေ အကုန်မကြည့်ထားတော့ သွားကြည့်လည်း ရီသင့်သလောက် ရီရမှာမဟုတ်ဘူးဆိုပြီး မကြည့်ဖြစ်ဘူး။ ဟိုနေ့က အွန်လိုင်းကနေ "Mama" ကြည့်ဖြစ်တယ်။ အဲ့လောက်မကြိုက်ဘူး။ ခုတလော ထပ်ခါထပ်ခါနားထောင်ဖြစ်နေတာ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်းနဲ့ မြင့်မြတ်ရဲ့ "ဘ၀တကွေ့" အယ်လ်ဘမ်... သီချင်းတော်တော်များများကောင်းတယ်။ တစ်ခုပဲ... ကန်ဒီ့အမြင် မြင့်မြတ်အသံက အလွမ်းသီချင်းနဲ့မှ လိုက်တယ်။ တက်တက်ကြွကြွလေး ဖြစ်ရမယ့်သီချင်းမှာ သူ့အသံက ကျနေတယ် >.<

ခုအိမ်မှာ ဟမ်းစတားလေးကောင်ပဲ ကျန်တော့တယ်။ နှစ်ကောင်ပေးလိုက်ပြီ။ လေးကောင်ကို လှောင်အိမ်လေးခုနဲ့ ထားထားတယ်။ ထပ်မျိုးပွားလို့ မဖြစ်ဘူးလေ ဟီး(xD)။ ကလေးနှစ်ကောင်ကို Jelly နဲ့ Cookie လို့ နာမည်ပေးထားတယ် ^_^


ဒီတလော သက်သတ်လွတ်ပြန်စားဖြစ်နေတယ်။ စားတဲ့နေ့အပြင်သွားမိရင် တကယ်မလွယ်ဘူး။ သက်သတ်လွတ်ရောင်းတဲ့ဆိုင်တွေကလွဲရင် ကျန်တဲ့ဆိုင်ကဟာတွေက အသားပါတာတွေချည်းပဲ။ ဟိုနေ့က Facebook မှာ သူငယ်ချင်းတစ်ယောက်ရှယ်ထားတဲ့ ကြောင်ရောင်းတဲ့သတင်းဖတ်ပြီး အရမ်းစိတ်မကောင်းဘူး။ ကန်ဒီတို့ရန်ကုန်အိမ်မှာ ကြောင်တွေမှ အများကြီးပဲ။ တစ်ကောင်မှ ၀ယ်ထားတာ မပါဘူး။ သူတို့ရောင်းနေတဲ့ကြောင်ကလည်း ရိုးရိုးကြောင်အမျိုးအစားပါပဲ။ ထူးထူးခြားခြားကြီး မဟုတ်ဘူး။ အဲ့ဒါကို သူ့တစ်ကိုယ်စာပဲဆန့်တဲ့ လှောင်အိမ်သေးသေးလေးထဲထည့်ထားတာ သနားဖို့ကောင်းတယ်။ အကောင်လေးတွေကို နှိပ်စက်တာလောက် အမြင်ကတ်တာမရှိဘူး =.='

ကန်ဒီ စုံစိအောင် ပြောနေတာ ခေါင်းတွေလည်း မူးလောက်ပြီ ထင်တယ် ဟီး :D
ဒီမှာတင်ရပ်ပြီး အိပ်ပြီနော်...
Good Night^^

Saturday, May 11, 2013

Liquid Eyeliner Application

Hello^^

ဒီပိုစ့်က အစ်မတစ်ယောက် Request လုပ်ထားတာပါ။ မျက်လုံးခြယ်သတဲ့နေရာမှာ အိုင်းလိုင်နာက အရေးအပါဆုံးလို့ ကန်ဒီထင်တယ်။ ဘာလို့လဲဆိုတော့ အိုင်းရှဲဒိုးမခြယ်ဘဲ အိုင်းလိုင်နာပဲဆွဲထားတာနဲ့တင် ကန်ဒီတို့မျက်လုံးလေးတွေ သိသိသာသာပြောင်းလဲသွားတာ တွေ့နိုင်တယ်လေ။ အိုင်းလိုင်နာအမျိုးအစားတွေဖြစ်တဲ့ Liquid, Pencil နဲ့ Gel Liner တွေထဲမှာ ကန်ဒီအကြိုက်ဆုံးကတော့ Liquid Eyeliner ပေါ့။ အကြောင်းရင်းက Liquid Eyeliner နဲ့ဆို လိုင်နာက အရမ်းသပ်ရပ်ပြီး မျက်တောင်အရင်းတွေကြားထဲက Gap တွေကိုပါ အလွယ်တကူ သူ့ဟာသူဖြည့်ပေးသွားနိုင်တယ်လေ။


Liquid Eyeliner ဆွဲတဲ့အခါ ပထမဆုံး မျက်လုံးအလယ်ကနေ အပြင်ဘက်ကိုဆွဲပါ။ ဘာလို့လဲဆိုတော့ စ,စဆွဲချင်းနေရာမှာ Product အများဆုံးပါတတ်တယ်လေ။ ကန်ဒီတို့ Eyeliner ဆွဲတဲ့အခါ မျက်လုံးအပြင်ဘက်ကို ထူထူလေးလိုချင်တာမလား? တကယ်လို့မှားဆွဲမိရင်လည်း မျက်လုံးအပြင်ဘက်ဆို ပြင်ရပိုလွယ်တယ်။ အဲ့ဒါပြီးတော့မှ ကျန်တဲ့ Product နဲ့ မျက်လုံးအတွင်းပိုင်းကို ဆွဲပါ။ မျက်လုံးအတွင်းပိုင်းကို အတတ်နိုင်ဆုံး ပါးပါးလေးဆွဲပါ။


ကန်ဒီက မျက်ရစ်အောက်က မျက်ခွံလေးနည်းနည်းပေါ်နေတာကို သဘောကျတော့ အိုင်းလိုင်နာကို အရမ်းအထူကြီးမဆွဲတတ်ဘူး။ ဒါကတော့ သူ့အကြိုက်နဲ့သူပေါ့နော်။ ကိုယ်အဆင်ပြေသလိုဆွဲပါ(:D)။ အဲ့ဒါပြီးရင် အမည်းရောင်အိုင်းရှဲဒိုးနဲ့ ခုနဆွဲထားတဲ့ အိုင်းလိုင်နာပေါ်ပြန်ဆွဲပြီး Set လုပ်ပါ။ အဲ့လိုလုပ်တာ အိုင်းလိုင်နာကို ပိုကြာကြာခံစေတဲ့အပြင် ပြောင်မနေဘဲ နည်းနည်းပိုသဘာဝကျသွားစေတယ်။ Liquid Eyeliner တော်တော်များများက ဆွဲထားရင် ပြောင်ပြောင်လေးဖြစ်နေတတ်တယ်လေ။ တချို့က အဲ့လိုပြောင်နေတာလေးကို ကြိုက်ကြတယ်။ ကန်ဒီကတော့ သဘာဝမကျဘူးထင်လို့ သိပ်မကြိုက်ဘူး :)

ပိုတဲ့ အိုင်းရှဲဒိုးနဲ့ မျက်လုံးအောက်ကို တ၀က်နားလောက်အထိ ဆွဲပါ။ အားလုံးပြီးပြီဆို ခုနက Liquid Eyeliner နဲ့ အပေါ်လိုင်နာနဲ့ အောက်လိုင်နာကို ဆက်ပါ။ ဒါဆိုပြီးပြီ... ဟူးးး မောတာ(xD)။ အဲ့ဒါ ကန်ဒီလုပ်နေကျနည်းပေါ့နော်။ Wing Liner/ Cat Liner ဆွဲတဲ့နည်းတော့ မဟုတ်ဘူး။ Cat Liner နဲ့ ကန်ဒီနဲ့ မလိုက်ဘူး >.<

As always, this video is unlisted. Just for my readers ^_~

ဒါက ဗွီဒီယိုလေး... ဟိုးးအပတ်ကလုပ်ပြီး Focus မမိလို့ ခုထပ်လုပ်ထားရတယ်။ အပေါ်မှာစာနဲ့ရှင်းပြထားတာက ဗွီဒီယိုကြည့်လို့မရတဲ့ သူတွေအတွက်ပေါ့နော်။ ရေးမယ့်သာရေးရတာ ကန်ဒီ Liquid Eyeliner ကို ကြိုက်ပေမယ့် အမြဲမလုပ်ဖြစ်ဘူး။ ဟိုနားဒီနား ခဏပဲသွားတာမျိုးဆို အမည်းရောင်အိုင်းရှဲဒိုးနဲ့ပဲ လိုင်နာသဘောမျိုးဆွဲလိုက်တာများတယ်။ အဲ့ဒါက မျက်လုံးကို အရမ်းသဘာဝကျစေတယ်လေ။ ဒါပေမယ့် အကြာကြီးတော့ မခံဘူး။ တနေကုန် အပြင်ထွက်တဲ့နေ့မျိုးဆိုရင်တော့ Liquid Eyeliner နဲ့ပဲ ဆွဲဖြစ်တယ်။

အပေါ်က Liquid Eyeliner နဲ့... အောက်က Black Eyeshadow နဲ့ ^_^

ကန်ဒီ ဒီမှာသုံးထားတဲ့ Liquid Eyeliner က Dolly Wink ကဟာ... အရောင်က အညို။ အဲ့ဒါကို ကန်ဒီ Review ရေးဖူးတယ် (ဒီမှာ ဖတ်ပါ)။ ၀ယ်ထားတာ ကြာလှပြီ။ ခုမှ ကုန်ခါနီးဖြစ်နေတာ... အကြာကြီးခံတယ် ^_^

Stay Beautiful^^

Monday, May 6, 2013

မေ

မျက်ရည်တွေနဲ့ နိဒါန်းပျိုးခဲ့တဲ့"မေ"...

OK! ကဗျာဆရာလည်း မဟုတ်တော့ ဆက်မရေးတတ်တော့ဘူး ဟီးး(xD)။ လိုရင်းပြောရရင် မေလ(၁)ရက်နေ့က တော်တော်စိတ်ဆင်းရဲတယ်။ အနာပေါ် ဒုတ်ကျတယ်ပဲဆိုပါတော့။ ဘယ်သူနဲ့ဖြစ်တာလဲဆို ကိုယ့်ညီမနဲ့ကိုယ်... စိတ်ညစ်လွန်းလို့ စာရေးမယ်ကြံလိုက်သေးတယ်။ နောက်တော့ ကန်ဒီအချစ်ဆုံးမေလရဲ့ ပထမဆုံးပိုစ့်ကို ၀မ်းနည်းစရာတွေနဲ့ အစမချီချင်ဘူး။ အဲ့ဒါနဲ့ပဲ မရေးဖြစ်ခဲ့ဘူး။ 

ကန်ဒီသည်းမခံနိုင်ဆုံးကိစ္စက ကတိမတည်တာနဲ့ အချိန်မလေးစားတာပဲ။ သူကတိမတည်ဘူး။ အဲ့ကိစ္စနဲ့ပက်သက်ပြီး အဲ့နေ့မနက်ကတည်းက စိတ်မကြည်ဘူး။ ပြဿနာက အဲ့ကစတာပဲ။ ဆက်မပြောချင်တော့ဘူး။ မေလ(၂)ရက်နေ့က ကန်ဒီ့မွေးနေ့။ ကိတ်မုန့်တော့ ရပါတယ်။ ရန်ဖြစ်ထားတော့ ၀တ်ကြေတန်းကြေပေါ့။ စိတ်မပါဘဲလည်း ပြုံးတတ်အောင် ကျင့်ထားတယ်...


မွေးနေ့မှာ ကန်ဒီ့ကို အပျော်ကြီးပျော်စေတာက Facebook ပေါ်က မွေးနေ့ဆုတောင်းတွေနဲ့ မွေးနေ့ကဒ်တွေပေါ့။ သူပြောတာလည်း ဟုတ်ပါတယ်။ ကန်ဒီကလက်တွေ့ဘ၀မှာ လူတွေနဲ့ အံဝင်အောင်မနေတတ်တဲ့အတွက် သူငယ်ချင်းမရှိတာ မဆန်းပါဘူး။ ကန်ဒီ့အတွက်တော့ ဒီအွန်လိုင်းပေါ်က သူငယ်ချင်းတွေနဲ့တင် ဒီနှစ်မွေးနေ့က ပြည့်စုံတယ်။ ကန်ဒီရတဲ့ လက်ဆောင်လေးတွေ ကြွားမယ်နော် ဟီးးးး :D

Custom မွေးနေ့ကဒ်လေးတွေ...


ကဗျာနှစ်ပုဒ်လက်ဆောင်ရတယ်။ သူငယ်တန်းတုန်းကခင်တဲ့ သူငယ်ချင်းက ကမ္ဘာအေးဘုရားမှာ ရွှေသင်္ကန်းလှူပေးတယ်။ ကိုယ်မပြောရပါဘဲ ကိုယ့်မွေးနေ့အတွက် အမှတ်တရ အဲ့လိုလေး လှူပေးတဲ့လူလည်း ရှိပါလားဆိုပြီး ပျော်ရတယ် ^_^


ဆွဲကြိုး၊ အရုပ်နဲ့ ဂဏန်း။ ဟုတ်တယ် ဂဏန်း... ကန်ဒီ့သူငယ်ချင်းဆီက ဂဏန်း(၇)ကောင် လက်ဆောင်ရတယ်။ ခုနှစ်ရက်သားသမီးတွေကို ရည်ရွယ်ပါတယ်တဲ့။ ကန်ဒီတို့ ဈေးထဲကနေ၀ယ်သွားပြီး Chinese Garden မှာ သွားလွှတ်ကြတာ။ အဲ့ဒါကတော့ ဒီနှစ်မွေးနေ့ရဲ့ ကန်ဒီအကြိုက်ဆုံး အမှတ်တရပေါ့ ^_^

Hmm... (၂၅)နှစ်တောင် ပြည့်ပြီ။ အသက်တစ်နှစ်ကြီးလာတာနဲ့အတူ အသိဥာဏ်လည်း လိုက်ကြီးပြင်းလာဖို့ လိုသေးတယ်နော်။ သေချာတာကတော့ အသက်(၂၀)အရွယ်တုန်းက အတွေးတွေနဲ့ အခုအတွေးတွေ မတူတော့တာပဲ။ ဒါဆို တိုးတက်လာတာပေါ့ ဟုတ်လား?! အဲ့အချိန်က ပေါ့ပေါ့တွေးပြီး လုပ်ခဲ့တဲ့အမှားတွေကို အခုနောင်တရတတ်နေပြီ။ နောင်တဆိုတော့လည်း နောင်မှရတာပေါ့ (=.=')။ ပြင်လို့ရတဲ့အမှားတွေရှိသလို ပြင်လို့မရတဲ့အမှားတွေလည်း ရှိတယ်။ ခုချိန်မှာ စိတ်ထဲအရှိဆုံးကတော့ မိဘပါပဲ :D :D

Have a Nice Day^^