Monday, May 6, 2013

မေ

မျက်ရည်တွေနဲ့ နိဒါန်းပျိုးခဲ့တဲ့"မေ"...

OK! ကဗျာဆရာလည်း မဟုတ်တော့ ဆက်မရေးတတ်တော့ဘူး ဟီးး(xD)။ လိုရင်းပြောရရင် မေလ(၁)ရက်နေ့က တော်တော်စိတ်ဆင်းရဲတယ်။ အနာပေါ် ဒုတ်ကျတယ်ပဲဆိုပါတော့။ ဘယ်သူနဲ့ဖြစ်တာလဲဆို ကိုယ့်ညီမနဲ့ကိုယ်... စိတ်ညစ်လွန်းလို့ စာရေးမယ်ကြံလိုက်သေးတယ်။ နောက်တော့ ကန်ဒီအချစ်ဆုံးမေလရဲ့ ပထမဆုံးပိုစ့်ကို ၀မ်းနည်းစရာတွေနဲ့ အစမချီချင်ဘူး။ အဲ့ဒါနဲ့ပဲ မရေးဖြစ်ခဲ့ဘူး။ 

ကန်ဒီသည်းမခံနိုင်ဆုံးကိစ္စက ကတိမတည်တာနဲ့ အချိန်မလေးစားတာပဲ။ သူကတိမတည်ဘူး။ အဲ့ကိစ္စနဲ့ပက်သက်ပြီး အဲ့နေ့မနက်ကတည်းက စိတ်မကြည်ဘူး။ ပြဿနာက အဲ့ကစတာပဲ။ ဆက်မပြောချင်တော့ဘူး။ မေလ(၂)ရက်နေ့က ကန်ဒီ့မွေးနေ့။ ကိတ်မုန့်တော့ ရပါတယ်။ ရန်ဖြစ်ထားတော့ ၀တ်ကြေတန်းကြေပေါ့။ စိတ်မပါဘဲလည်း ပြုံးတတ်အောင် ကျင့်ထားတယ်...


မွေးနေ့မှာ ကန်ဒီ့ကို အပျော်ကြီးပျော်စေတာက Facebook ပေါ်က မွေးနေ့ဆုတောင်းတွေနဲ့ မွေးနေ့ကဒ်တွေပေါ့။ သူပြောတာလည်း ဟုတ်ပါတယ်။ ကန်ဒီကလက်တွေ့ဘ၀မှာ လူတွေနဲ့ အံဝင်အောင်မနေတတ်တဲ့အတွက် သူငယ်ချင်းမရှိတာ မဆန်းပါဘူး။ ကန်ဒီ့အတွက်တော့ ဒီအွန်လိုင်းပေါ်က သူငယ်ချင်းတွေနဲ့တင် ဒီနှစ်မွေးနေ့က ပြည့်စုံတယ်။ ကန်ဒီရတဲ့ လက်ဆောင်လေးတွေ ကြွားမယ်နော် ဟီးးးး :D

Custom မွေးနေ့ကဒ်လေးတွေ...


ကဗျာနှစ်ပုဒ်လက်ဆောင်ရတယ်။ သူငယ်တန်းတုန်းကခင်တဲ့ သူငယ်ချင်းက ကမ္ဘာအေးဘုရားမှာ ရွှေသင်္ကန်းလှူပေးတယ်။ ကိုယ်မပြောရပါဘဲ ကိုယ့်မွေးနေ့အတွက် အမှတ်တရ အဲ့လိုလေး လှူပေးတဲ့လူလည်း ရှိပါလားဆိုပြီး ပျော်ရတယ် ^_^


ဆွဲကြိုး၊ အရုပ်နဲ့ ဂဏန်း။ ဟုတ်တယ် ဂဏန်း... ကန်ဒီ့သူငယ်ချင်းဆီက ဂဏန်း(၇)ကောင် လက်ဆောင်ရတယ်။ ခုနှစ်ရက်သားသမီးတွေကို ရည်ရွယ်ပါတယ်တဲ့။ ကန်ဒီတို့ ဈေးထဲကနေ၀ယ်သွားပြီး Chinese Garden မှာ သွားလွှတ်ကြတာ။ အဲ့ဒါကတော့ ဒီနှစ်မွေးနေ့ရဲ့ ကန်ဒီအကြိုက်ဆုံး အမှတ်တရပေါ့ ^_^

Hmm... (၂၅)နှစ်တောင် ပြည့်ပြီ။ အသက်တစ်နှစ်ကြီးလာတာနဲ့အတူ အသိဥာဏ်လည်း လိုက်ကြီးပြင်းလာဖို့ လိုသေးတယ်နော်။ သေချာတာကတော့ အသက်(၂၀)အရွယ်တုန်းက အတွေးတွေနဲ့ အခုအတွေးတွေ မတူတော့တာပဲ။ ဒါဆို တိုးတက်လာတာပေါ့ ဟုတ်လား?! အဲ့အချိန်က ပေါ့ပေါ့တွေးပြီး လုပ်ခဲ့တဲ့အမှားတွေကို အခုနောင်တရတတ်နေပြီ။ နောင်တဆိုတော့လည်း နောင်မှရတာပေါ့ (=.=')။ ပြင်လို့ရတဲ့အမှားတွေရှိသလို ပြင်လို့မရတဲ့အမှားတွေလည်း ရှိတယ်။ ခုချိန်မှာ စိတ်ထဲအရှိဆုံးကတော့ မိဘပါပဲ :D :D

Have a Nice Day^^

17 comments:

မင်းဧရာ said...

ချာတူးလန် အာပေးတူးရယ်..
မွေးနေ့ဆုတောင်းမရေးတောဘူးနော် ဖွဘုတ် ပေါ်မှာပေးပြီးပြီလေ နော်း)

လူပေါင်းဆံ့လေလေ ရင့်ကျက်လေလေပေါ့ အဲလိုဘဲ နှစ်တွေ ကြာလေလေ ရင်ကျက်လေလေဘဲ

မိဘ ဆိုတာကတော့ ရထဲမှာ ထာဝရ ကိုရှိနေရမည့်သူတွေပေါ့ကွယ်

လောက အကျိုးတွေကို များများသယ်ပိုးနိုင်သောသူ ဖြစ်ပါစေဗျာ ။

Goldfish Lay said...

Happy Birthday Candy..

One of your virtual friend.. :p

မီးမီးငယ် said...

Happy Birthday Candy လေးရေ..

Anonymous said...

ဟက်ပီးဘတ်ဒေးကန်ဒီလေးရေ။
တီတီအိုင်အိုရာ

Anonymous said...

Happy Birthday sis :)

with love,
Regular reader

Anonymous said...

Hope ur heart is filled with Happiness .
I wish you find joy, love & peace .
May all your dreams come true :)
Happy Birthday Candy :)
rainbow

ဆုမြတ်မိုး said...

မမကန်ဒီ :D
ရက်ပိုင်းကြီးလည်းကြီးတာပဲမှုတ်လား..ဟီးးး
စတာ..
ပျော်ရွှင်ပါစေ..
အသားအေ၇အရမ်းပိုလှလာတယ်..မျက်နှာလေးတွေဝင်းနေတာပဲ..အားကျတယ်

မိုးငွေ့........ said...

Happy Belated Birthday Candy...:)

လရိပ်အိမ် said...

ဟေး ... မွေးနေ့လက်ဆောင်တွေ အများကြီးဘဲ။ :))
ဒါနဲ့ဘုရားမှာစာရေးတဲ့လူက ၄လနဲ့ ၅လ မှားရေးထားတာလား။ :D

Su said...

Happy Birthday!!Is it Suzy is not Candy??????
U 2 writing in same blog...???

ကိုကိုမောင်(ပန်းရနံ့) said...


"ပိစိကိုယ်တိုင်ရေးကဗျာ"

ကညာဖော် အဟုတ်လှတယ်ပြောတာ
အနာပေါ် ဒုတ်ကျတာထက်နာတယ်
ဒီမယ် ကျုပ်နှမ
ရုပ်လှတော့ ဘာဖြစ်တုန်းရှင့်။

ဝန်ခံပါတယ်။

စကားတွေ မတတ်ခဲ့တဲ့ ငါ
အမှားတွေ ထပ်ခဲ့တဲ့ ငါ
တရားတွေ မှတ်ခဲ့တဲ့ ငါ။

ဒီလိုနဲ့...
စကားတွေသင်ရင်း
အမှားတွေပြင်ရင်း
အဖျားတွေလဲ ၀င်ခဲ့ရပေါ့။

မေ အစ မွေးနေ့သစ်မှာ
နွေ မက ဆွေးမြေ့ရစ်အောင်
ဆွေ အလှ တိုးခွေ့ရက်တယ်။

သက်သေတွေဖွဲ့ မချိတမ်း ရိုးခဲ့တဲ့ ဆွေ
အရှက်တွေငဲ့ ကတိဆန်း ထိုးခဲ့သတဲ့လေ
အော်.. နောက်ဆုံးတော့လဲ
"မျက်ရည်တွေနဲ့ နိဒါန်းပျိုးခဲ့တဲ့ မေ"။

:D :D :D

Candy said...

ဆုရေ... ဆူဇီက သက်သက် ကန်ဒီက သက်သက်ပါ... ဒီဘလော့မှာ ကန်ဒီတစ်ယောက်တည်း ရေးတာပါ... ဆူဇီ့ဘလော့က http://officiallyyoursforever.blogspot.sg/ ပါ :D :D

တဂျင်းမီးကဗျာတော့ ရေလည်ခိုက်သွားပြီ :D :D

ကူးကူးလှိုင် said...

မွေးနေ့မှာ ဖေ့ဘုတ်က ဆုတောင်းသံတွေကြောင့် ပျော်တယ်ဆိုလို့ ၀မ်းသာပါတယ် ညီမလေးရေ...မွေးနေ့တိုင်းမှာ ပျော်ရွှင်ပါစေနော်...

witch83 said...

Happy Birthday par, sis. Wish you all the best! ^^

Tay Zar said...

ညီမတော်မယ်သကြားလုံး၏ ဘလော့သို့ ဦးကျောက်ပိလဲ လာလည်သွားပါသည် :P

မိုးနတ်ကြယ်စင် said...

ကန်ဒီလေး မွေးနေ့မှာ ပျော်ရွှင်ပါစေ..
လိုရာဆန္ဒတွေလဲ ပြည့်ဝပါစေဟယ်...
ချစ်တဲ့...မိုးနတ်

မတွေ့ရတာလဲ အရမ်းကိုကြာသွားပြီ
သတိတရ ရှိနေရုံတင်မက
လွမ်းလဲလွမ်းလှပါသည် ကန်ဒီရေ :)))

Thwin said...

ကန်ဒီ က ချစ်ဖို့ ကောင်းတယ်..။ မွေးနေ့ မှ စ..နှစ်ပေါင်းများစွာထိ စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ..။