Saturday, May 25, 2013

Greeting from Malaysia^^

Hello!!

ခုချိန်လောက်ဆို ကန်ဒီတစ်ယောက် မလေးမှာ အလည်လွန်နေလောက်ပြီပေါ့။ လာလည်နေကျသူငယ်ချင်းတွေ ပျင်းမှာစိုးလို့ ဒီပိုစ့်ကို Schedule နဲ့ တင်ပေးသွားတယ်နော် (ကန်ဒီ ချစ်ဖို့ကောင်းတယ်ဟုတ်?? :P)။ ပြီးခဲ့တဲ့ပိုစ့်မှာ လက်ဆောင်ပေးမှာမို့ မပြလိုက်ရတဲ့ Typo က ဘောလ်ပင်လေးတွေ ခုပြမယ်နော်... 


ယောက်ျားလေးတွေအတွက်ဆိုတော့လည်း ဒီလိုဒီဇိုင်းပေါ့။ မိုက်တယ်မလား?? မရေးဖြစ်ရင်တောင် စာကြည့်စားပွဲမှာ အလှထားလို့ရတယ်လေ(:D)။ ဟိုတစ်လောက ပိုစ့်တစ်ခုမှာ ကန်ဒီတိုးတိုးတိတ်တိတ်လုပ်နေတာလေး ရှိတယ်လို့ ပြောခဲ့ဖူးတယ်နော်။ အဲ့ဒါဘာလဲဆိုတော့ ကန်ဒီ့ညီမအငယ်ဆုံးမွေးနေ့အတွက် လက်ဆောင်ပြင်ဆင်နေတာ(^_^)။ ဆွဲသာဆွဲလိုက်တယ်... တူ မတူတော့ မသိဘူး။ သူလုပ်နေကျ Eyeliner ပုံစံနဲ့ မျက်နှာအကျ ခပ်ချွန်ချွန်ကို အသားပေးဆွဲထားတယ်။ ကန်ဒီပန်းချီမဆွဲတာ ကြာာာာလှပြီ။ အဲ့ဒါလည်း ကန်ဒီ့ဝါသနာတစ်ခုဆိုတော့ ပန်းချီစ,ဆွဲပြီဆို ထမင်းမေ့ ဟင်းမေ့ပဲ။ ၀ါသနာပါတာပဲရှိတာပါ... ဖြစ်ဖြစ်မြောက်မြောက် တတ်လားဆိုတော့လည်း မတတ်ဘူး >.<


အလတ်နဲ့ယှဉ်ရင် ကန်ဒီနဲ့သူနဲ့က ရုပ်ပိုဆင်တယ် ထင်တာပဲ...


ကန်ဒီချစ်တဲ့အစ်မတစ်ယောက်က ကန်ဒီ့မွေးနေ့အတွက်ဆိုပြီး သူ့အိမ်မှာ ထမင်းသုပ်နဲ့ ရွှေရင်အေး လုပ်ကျွေးတယ်။ သူ့အိမ်သွားဖြစ်တဲ့နေ့မျိုးဆို မနက်နိုးတာနဲ့ ဘာမှမစားဘဲထသွား၊ မနက်စာကနေ ညစာအဆုံးစားပြီးမှ အိမ်ပြန်တာများတယ်။ ကြားထဲမှာ တရေးတမော အိပ်လိုက်သေးတယ်... သာယာချက် xD xD (ကန်ဒီ့ကို အိမ်လည်ခေါ်ရမှာ ကြောက်သွားကြပြီလား? ဟီး xD)

ထမင်းသုပ်...

ရွှေရင်အေး...

ကန်ဒီ့ကို တစ်ခါ ကွန်မန့်မှာမေးဖူးတယ်။ "ဆူဇီနဲ့ ကန်ဒီက တူတူပဲလား?" "ဒီဘလော့ဂ်မှာ နှစ်ယောက်ရေးတာလား?"တဲ့။ ဆူဇီက သက်သက်၊ ကန်ဒီက သက်သက်ပါနော်။ ကန်ဒီတို့ ကိုယ့်ဘလော့ဂ်မှာပဲ ကိုယ်ရေးတာပါ။ ဟိုနေ့က သူနဲ့တွေ့ဖြစ်တော့တောင် အဲ့အကြောင်းပြောဖြစ်သေးတယ်။ ကန်ဒီတို့ဘလော့ဂ်နှစ်ခုက ရေးတဲ့စတိုင်လ်ချင်းဆင်တော့ မှားကုန်တာ နေမှာပါလို့ ^_^

With Suzy^^


သက်သတ်လွတ်နေ့ဆို ဘာချက်ရင်ကောင်းမလဲ အမြဲခေါင်းခဲရတယ်။ ဟိုနေ့ကတော့ အာလူးထမင်းလုပ်စားဖြစ်တယ်။ အဲ့လောက်လည်း မခက်ဘူးလေ။ ဂျူးမျစ်တော့ ရှာမရတာနဲ့ နံနံပင်နဲ့ ဆလတ်ရွတ်ပဲ ပုံပြီးစားလိုက်တယ်။ စားလို့ကောင်းသား :D :P

ကန်ဒီမလေးသွားမယ်ပြောတော့ အားလုံးကစိတ်ပူနေကြတယ်။ အမေကလည်း "ပိုက်ဆံအိတ်အလုခံရမယ်နော်"တဲ့။ တစ်ယောက်ကလည်း "မလေးမှာ ဆန္ဒတွေပြနေတာနော်"တဲ့။ တစ်ယောက်ကလည်း "မလုံခြုံဘူးနော်... ဖြစ်ပါ့မလား"တဲ့။ သူတို့ပြောတာနဲ့ သွားရမယ့်လူတောင် ဆန့်တငင်ငင်ဖြစ်တယ်(>.<)။ ဘာပဲဖြစ်ဖြစ် ခုဒီစာဖတ်နေတဲ့အချိန်လောက်ဆို ကန်ဒီဟိုရောက်လို့ လည်လို့တောင် ၀,နေလောက်ပြီ ဟီးဟီး xD (မနာလိုတိုရှည်ဖြစ်အောင် ပြောတာ :P)

ပြန်လာမှ တွေ့မယ်နော်...
တာ့တာ^^

10 comments:

Anonymous said...

Be happy ur trip.,:-)
sis Su Mon

မိုးနတ်ကြယ်စင် said...

မိုးနတ်တော့ မလေးမသွားချင်ဘူးးးးးး
ဟို စိတ်ထဲမယ် ဘယ်လိုမှကို မလုံခြုံသလို
ခံစားရလို့ မသွားရဲဘူးးးးး ယိုးဒယားတော့
ခဏခဏသွားချင်တယ်....ဈေးဝယ်လို့
အရမ်းကောင်းတာပဲတဲ့....ဒါမဲ့ ယိုးဒယားမှာက
တုတ်တုတ် တွေက အရမ်းဆိုးတယ်....နေရာမှားတာ
လူလစ်ရင်လစ်သလိုညစ်တာတွေတော့ တော်တော်
မကောင်းဘူးးးး ကျန်တာအားလုံးအရမ်းကောင်းတယ်တဲ့
နောက်နှစ်ကျ သွားဖြစ်မယ်ထင်တယ် :)))
ဈေးဝယ် အရမ်းသွားချင်တာ...မောင်လေးစာမေးပွဲ
ပြီးအောင် စောင့်နေရတယ် မနဲကြီးးးးးးးးးဟီးးးးးး
remember u sis :)
take care everything !!!

နွေတေးရှင် (မင်းဧရာ) said...

အလည်လာသွားပါသော ညီမလေး (သကြားပိန် )ပျော်ရဲ့လားတော့မသိ ဘမှုန် ကလည်း အလုပ်ကမအား ဘယ်မှလိုက်မပို့နိုင်လို့ စိတ်မကောင်း ဘာလက်ဆောင်မှလည်း ထည့်မပေးလိုက်နိုင် ကိုယ်တွေကို အားကိုးပြီးလာကာမှ ဒီကလူပေါကြီးတွေ ဘရုတ်ကျတာကို ကြည့်ပြီး တော်တော်စိတ်ပျက်သွားမှာဘဲ ။

လရိပ်အိမ် said...

ပန်းချီဆွဲတတ်တာ ကန်ဒီကို စိတ်ဝင်စားသွားပြီ။
ဘောပင်လေးကြိုက်လိုက်တာ။
ဒီလောက်တနေကုန်သွားစားပြီး ပြန်လာတာတောင် အရိုးချည်းဘဲနော်။ :)
မလေးမှာတော်တော်ပျော်ခဲ့ရဲ့လား?
ပြန်လာပြီမလား?

ကူးကူးလှိုင် said...

အသုပ်တွေကြိုက်တယ် ကန်ဒီက ပန်းချီဆွဲတာတော်လိုက်တာ အစ်မလဲ ၀ါသနာတော့ပါတယ် သိပ်မဆွဲတတ်ဘူး...

Thu said...

ပန်းချီဆွဲတတ်တာကိုတော့အရမ်းသဘောကျသွားပြီ
နောက်ကန်ဒီကိုဆွဲဖို့ပူဆာအုန်းမယ်။။။
ကန်ဒီအိုင်ဒီယာလေးတွေကလန်းတယ်တော့..ဘောပင်လေးတွေကမိုက်တယ်..
မလေးပြန်ပို့စ်တင်အုန်းနော်...
:D :D
Ahthu

Anonymous said...

အစ်မ ပန်းချီတော်တာပဲ

mabaydar said...

Malaysia က ဓာတ်ပုံအလန်းတွေတော့ ဖေ့ဘွတ်မှာတွေ့တယ်။ ရေးချင်စိတ်ရှိရင် ခရီးသွားပိုစ့်ရေးအုံးနော်... ကန်ဒီတို့ ညီအစ်မ သုံးယောက်လုံးက အချောတွေချည်းပဲနော်... ကန်ဒီ့မေမေဘယ်လိုပုံလဲတောင် စိတ်ဝင်စားလာဘီ။
ကန်ဒီပန်းချီဆွဲတတ်တာ ခုမှသိတယ်... Multi talent ပဲ...

Evy said...

ညီအစ်မ ၃ ယောက်လုံး ချောချောလေးတွေ။ ချစ်စရာကောင်းတယ်

မိုးသက် ဦးလွင် said...

မွေးနေ့ရှိရင်လည်းကြိုပြောဦးလေဂျာ.ကဗျာလေးဘာလေးရေးရအောင် :D