Hello^^
ဒီပိုစ့်က အစ်မတစ်ယောက် Request လုပ်ထားတာပါ။ မျက်လုံးခြယ်သတဲ့နေရာမှာ အိုင်းလိုင်နာက အရေးအပါဆုံးလို့ ကန်ဒီထင်တယ်။ ဘာလို့လဲဆိုတော့ အိုင်းရှဲဒိုးမခြယ်ဘဲ အိုင်းလိုင်နာပဲဆွဲထားတာနဲ့တင် ကန်ဒီတို့မျက်လုံးလေးတွေ သိသိသာသာပြောင်းလဲသွားတာ တွေ့နိုင်တယ်လေ။ အိုင်းလိုင်နာအမျိုးအစားတွေဖြစ်တဲ့ Liquid, Pencil နဲ့ Gel Liner တွေထဲမှာ ကန်ဒီအကြိုက်ဆုံးကတော့ Liquid Eyeliner ပေါ့။ အကြောင်းရင်းက Liquid Eyeliner နဲ့ဆို လိုင်နာက အရမ်းသပ်ရပ်ပြီး မျက်တောင်အရင်းတွေကြားထဲက Gap တွေကိုပါ အလွယ်တကူ သူ့ဟာသူဖြည့်ပေးသွားနိုင်တယ်လေ။
Liquid Eyeliner ဆွဲတဲ့အခါ ပထမဆုံး မျက်လုံးအလယ်ကနေ အပြင်ဘက်ကိုဆွဲပါ။ ဘာလို့လဲဆိုတော့ စ,စဆွဲချင်းနေရာမှာ Product အများဆုံးပါတတ်တယ်လေ။ ကန်ဒီတို့ Eyeliner ဆွဲတဲ့အခါ မျက်လုံးအပြင်ဘက်ကို ထူထူလေးလိုချင်တာမလား? တကယ်လို့မှားဆွဲမိရင်လည်း မျက်လုံးအပြင်ဘက်ဆို ပြင်ရပိုလွယ်တယ်။ အဲ့ဒါပြီးတော့မှ ကျန်တဲ့ Product နဲ့ မျက်လုံးအတွင်းပိုင်းကို ဆွဲပါ။ မျက်လုံးအတွင်းပိုင်းကို အတတ်နိုင်ဆုံး ပါးပါးလေးဆွဲပါ။
ကန်ဒီက မျက်ရစ်အောက်က မျက်ခွံလေးနည်းနည်းပေါ်နေတာကို သဘောကျတော့ အိုင်းလိုင်နာကို အရမ်းအထူကြီးမဆွဲတတ်ဘူး။ ဒါကတော့ သူ့အကြိုက်နဲ့သူပေါ့နော်။ ကိုယ်အဆင်ပြေသလိုဆွဲပါ(:D)။ အဲ့ဒါပြီးရင် အမည်းရောင်အိုင်းရှဲဒိုးနဲ့ ခုနဆွဲထားတဲ့ အိုင်းလိုင်နာပေါ်ပြန်ဆွဲပြီး Set လုပ်ပါ။ အဲ့လိုလုပ်တာ အိုင်းလိုင်နာကို ပိုကြာကြာခံစေတဲ့အပြင် ပြောင်မနေဘဲ နည်းနည်းပိုသဘာဝကျသွားစေတယ်။ Liquid Eyeliner တော်တော်များများက ဆွဲထားရင် ပြောင်ပြောင်လေးဖြစ်နေတတ်တယ်လေ။ တချို့က အဲ့လိုပြောင်နေတာလေးကို ကြိုက်ကြတယ်။ ကန်ဒီကတော့ သဘာဝမကျဘူးထင်လို့ သိပ်မကြိုက်ဘူး :)
ပိုတဲ့ အိုင်းရှဲဒိုးနဲ့ မျက်လုံးအောက်ကို တ၀က်နားလောက်အထိ ဆွဲပါ။ အားလုံးပြီးပြီဆို ခုနက Liquid Eyeliner နဲ့ အပေါ်လိုင်နာနဲ့ အောက်လိုင်နာကို ဆက်ပါ။ ဒါဆိုပြီးပြီ... ဟူးးး မောတာ(xD)။ အဲ့ဒါ ကန်ဒီလုပ်နေကျနည်းပေါ့နော်။ Wing Liner/ Cat Liner ဆွဲတဲ့နည်းတော့ မဟုတ်ဘူး။ Cat Liner နဲ့ ကန်ဒီနဲ့ မလိုက်ဘူး >.<
As always, this video is unlisted. Just for my readers ^_~
ဒါက ဗွီဒီယိုလေး... ဟိုးးအပတ်ကလုပ်ပြီး Focus မမိလို့ ခုထပ်လုပ်ထားရတယ်။ အပေါ်မှာစာနဲ့ရှင်းပြထားတာက ဗွီဒီယိုကြည့်လို့မရတဲ့ သူတွေအတွက်ပေါ့နော်။ ရေးမယ့်သာရေးရတာ ကန်ဒီ Liquid Eyeliner ကို ကြိုက်ပေမယ့် အမြဲမလုပ်ဖြစ်ဘူး။ ဟိုနားဒီနား ခဏပဲသွားတာမျိုးဆို အမည်းရောင်အိုင်းရှဲဒိုးနဲ့ပဲ လိုင်နာသဘောမျိုးဆွဲလိုက်တာများတယ်။ အဲ့ဒါက မျက်လုံးကို အရမ်းသဘာဝကျစေတယ်လေ။ ဒါပေမယ့် အကြာကြီးတော့ မခံဘူး။ တနေကုန် အပြင်ထွက်တဲ့နေ့မျိုးဆိုရင်တော့ Liquid Eyeliner နဲ့ပဲ ဆွဲဖြစ်တယ်။
အပေါ်က Liquid Eyeliner နဲ့... အောက်က Black Eyeshadow နဲ့ ^_^
ကန်ဒီ ဒီမှာသုံးထားတဲ့ Liquid Eyeliner က Dolly Wink ကဟာ... အရောင်က အညို။ အဲ့ဒါကို ကန်ဒီ Review ရေးဖူးတယ် (ဒီမှာ ဖတ်ပါ)။ ၀ယ်ထားတာ ကြာလှပြီ။ ခုမှ ကုန်ခါနီးဖြစ်နေတာ... အကြာကြီးခံတယ် ^_^
Stay Beautiful^^
7 comments:
ကန်ဒီလှတာပဲသိတယ် ညီမလေးရေ အစ်မတော့ သိပ်မသုံးဖြစ်ပါဘူး...
Eyelinerဆွဲရတာအကြိုက်ဆုံးပဲ..အပြင်သွားရင်2wayလေးပုံ့ပြီး..eyelinerဆွဲပြီးထွက်ရင်ထွက်တာ.တခါတလေတ်ခမ်းနီတောင်ဆိုးဖို့မေ့တာ..eyelinerဆွဲဖို့တော့မမေ့ဘူး :P
ကျေးဇူးပဲကန်ဒီရေ..စနစ်ကျတဲ့နည်းလေးပေးလို့
လိုင်နာဆွဲတာသိပ်ကြိုက်တယ် အဲဒါဆွဲပြီးပြီဆို မျက်လုံးအိမ်ပိုကျယ်ပြီး လှသွားတယ်လို့ခံစားရတယ် ဆွဲနည်းလေးအတွက် ကျေးကျေးနော်
Thank you so much for this post Candy... ^_^
Hnin Hnin
ဘမှုံရောက်တယ်အေ့.....
နည်းနည်းပါးပါး လေ့လာရအောင်လို့လေ
ဂွက်ထော်ကတော့ အဲဒါကြီးတွေစွဲပေးလည်း
သိပ်ပြောင်းလဲသွားမယ်တော့ တယ်မထင်ပေါင်
လေ့သာ လေ့လာရတယ်း)။
Candy!Thanks xo much for ur post!lovely ur face:)
Thank you <3
Post a Comment