Friday, May 31, 2013

Malay Trip ♥ Day 1

HELLO!!!

ပြန်ရောက်ပြီးကတည်းက ဘာမှမရေးဖြစ်ဘူး။ ခရီးပန်းတာလည်း ပါတယ်။ အလည်လွန်ပြီး ခြေထောက်ကြွက်သားတွေ နာနေလို့။ အဲ.. အဲ့ဒါနဲ့ စာမရေးဖြစ်တာနဲ့တော့ ဘာမှမဆိုင်ဘူးနော် ဟီးဟီး(:P)။ OK OK... အပျင်းတစ်နေပါတယ်လို့ပဲ အမှန်အတိုင်းဝန်ခံလိုက်ပါမယ် (:D)။ အဲ့လိုဖြစ်မယ်ဆိုတာ ကိုယ့်ဟာကိုယ်သိနေလို့လည်း ပြီးခဲ့တဲ့ပိုစ့်ကို Schedule နဲ့တင်ခဲ့တာ (xD)။ ဒီနေ့တော့ ရေးမှဖြစ်တော့မယ်ဆိုပြီး စောစောစီးစီး ကော်ဖီလေးသောက်ပြီး စာထိုင်ရေးနေတယ်ဆိုပါတော့...

ဒီပိုစ့်က မလေးခရီးစဉ်အစ ပထမဆုံးရက်ပေါ့။ ကန်ဒီလည်တဲ့နေရာတွေကများတော့ တခြားရက်တွေကို သက်သက်စီခွဲတင်မှ ရမယ်။ ဘယ်သူနဲ့သွားတယ်ဆိုတာ ပြောရင်ကောင်းမလား၊ မပြောရင်ကောင်းမလား စဉ်းစားတုန်းရှိသေးတယ်... အရမ်းအရမ်းလျှင်တဲ့ စာဖတ်သူသူငယ်ချင်းတွေက ဘယ်ကဘယ်လိုသိသွားလဲ မသိဘူး... "အစ်မ မဒမ်ကိုးနဲ့ သွားတာလား"လို့ လာမေးကြတယ်။ ဟုတ်၏... အစ်မ မဒိုးကန် (ခေါ်) အစ်မ ဂျာရစ် နဲ့ သွားတာပါ(:P)။ အစ်မဂျာရစ်က မလေးကို ခဏခဏသွားနေကြဆိုတော့ သူ့ကိုပဲ အားကိုးပြီး ကန်ဒီက သူနဲ့ကပ်မြောင်လိုက်သွားတယ်ဆိုပါတော့။ ဒီကနေ သွားတာ နှစ်ယောက်တည်းပဲဆိုပေမယ့် ဟိုဘက်မလေးမှာ သူငယ်ချင်းအစ်ကိုတွေက အသင့်ရှိပြီသား။ လည်ဖို့ပတ်ဖို့ သူတို့ပဲ အားလုံးစီစဉ်ပေးတယ်။ ဘယ်သူနဲ့သွားတယ် ဘယ်သူတွေရှိတယ်ဆိုတာ ပြောဖို့ မပြောဖို့ တွေဝေနေတာက တခြားကြောင့်မဟုတ်ပါဘူး။ အားလုံးက ဘလော့ဂါတွေဖြစ်နေတော့ သူတို့ကြိုက်ပါ့မလား ကိုယ်ကတွေးရသေးတယ် :)


မသွားခင်တစ်လလောက်အလိုကတည်းက အစ်မဂျာရစ်က ကန်ဒီ့ကို "လိုက်မှာသေချာလား"မေးပြီး Online ကနေ ကားလက်မှတ်ကြိုဝယ်ထားတယ်။ လက်မှတ်က Johor ကနေ Kuala Lumpur အသွားအပြန်ကို S$25 ပဲပေးရတယ်။ အသွားအပြန်ဝယ်လို့ S$8 Discount ရတယ်။ Singapore Immigration နဲ့ Malay Immigration ကြားမှာ ကားခဏစီးရသေးတယ်။ တစ်မှတ်တိုင်လောက်ပေါ့။ Immigration တွေ ဖြတ်ပြီးတော့ Johor ကားဂိတ်ကို တစ်ခါကားစီးရတယ်။ အစ်မက သွားနေကြမို့... ကိုယ့်ဟာကိုယ်ဆို လည်နေမှာသေချာတယ်(>.<)။ ကားဂိတ်ရောက်တော့ စောနေတာနဲ့ နှစ်ယောက်သား KFC ဆိုင်ထဲဝင်ပြီး နေ့လည်စာ စားနေလိုက်တယ်။

Immigration ဖြတ်ပြီး ကားဂိတ်ရောက်တဲ့ရုပ်... ချွေးတလုံးလုံးနဲ့ ရာသီဥတုက ပူထှာ >.<




ရုပ်က ရုပ်က :P

ကားက အိမ်သာသွားဖို့ တစ်ခါရပ်တယ်...

အဲ့နားက မုန့်ဆိုင်...

ရောက်တော့မယ် ရောက်တော့မယ် ဟေးဟေး...

ရောက်ပြီ :D

KL ကားဂိတ်...

Johor ကားဂိတ်က ကားက (၁၁)နာရီခွဲထွက်တာ KL ကို (၄)နာရီဝန်းကျင်လောက်ရောက်တယ်။ (၄)နာရီလောက် ကားစီးရတာပေါ့။ ဟိုရောက်တော့ အစ်ကိုချမ်းမင်းက ကန်ဒီတို့ကို လာကြိုတယ်။ အစ်ကိုချမ်းမင်းနဲ့သိတာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော် ကန်ဒီစာစ,ပြန်ရေးတဲ့အချိန်ကတည်းက။ အဲ့တုန်းက သူ့ကဗျာတွေကြိုက်လို့ ကန်ဒီ့ဘက်က စ,နှုတ်ဆက်ခဲ့တာ ဟီးး(xD)။ ကန်ဒီသူများဘလော့ဂ်တွေလိုက်လည်ရင် ကိုယ့်ဘက်ကစ,နှုတ်ဆက်ခဲတယ်။ မာနကြီးတာမဟုတ်ဘူးနော်... သူတို့နဲ့ မသိတော့ ကြောက်တာနဲ့ ဘာနဲ့ပေါ့။ အဲ့လိုနဲ့ သူနဲ့ခင်တာကြာာာာလှပြီ...

အဲ့ရောက်တာနဲ့ အစ်မဂျာရစ်က "လွမ်းလှချည်ရဲ့"ဆိုပြီး ကိုရင်ဆီတန်းပြေးတော့တာပဲ (သူတို့ဘလော့ဂ်ကို ဖတ်ဖူးရင် သိမှာပါ... သူတို့နှစ်ယောက်က "တစ်ယောက်တစ်နယ်ဆီမှာနေ ပိတောက်နဲ့ချယ်ရီပမာလေ~~" အဲ တော်သင့်ပြီ... ဆက်ပြောရင် ရိုက်ပေါက်ဖြစ်တော့မယ် xD)။ အဲ့လိုနဲ့ ကန်ဒီနဲ့အစ်ကိုချမ်းမင်းလည်း အထုပ်ကြီးတကားကားနဲ့ သူ့နောက်ပါသွားလေရဲ့။ ဟိုရောက်တော့ ဗိုက်ဆာတယ်ဆိုပြီး တစ်ဗြဲနှစ်ဗြဲစားကြရင်း ကိုရင်အလုပ်ပြီးတဲ့အထိ ထိုင်စောင့်ကြတယ်။ 

 ညရောက်ပြီ...

ဘကြီးမှုံ(ကိုမင်းဧရာ)က ကန်ဒီတို့အတွက် ဟိုတယ် Booking လုပ်ပေးထားပြီး ဟိုတယ်မှာ စောင့်နေလေရဲ့။ ကန်ဒီတို့ ဟိုတယ်က Times Square နားမှာ။ အဲ့နေရာကို Imbi လို့ခေါ်တာထင်တယ်။ (၃)ညအိပ် (၄)ရက်ကို မလေး RM 200 ပဲ ပေးရတယ်။ ဈေးသက်သာတယ်နော် ^_^


ည(၉)နာရီလောက်မှပဲ ဟိုတယ်ရောက်တော့တယ် (အပေါ်ကပုံက နောက်နေ့မနက်မှ ရိုက်ထားတဲ့ပုံမို့ လင်းနေတာ)။ ရောက်တာနဲ့ အထုပ်ချ၊ ရေချိုးပြီး အဲ့နားကဆိုင်မှာ ကော်ဖီလေးသောက် လက်ဖက်သုပ်လေးစားရင်း စကားပြောကြတယ်။ ဟိုးးအရင်ကတည်းက သိလာတဲ့လူတွေဆိုတော့ ကန်ဒီ့အတွက် မစိမ်းဘူး။ ပြီးတော့ ဟိုတယ်ပြန်ပြီးနားတယ်။ အဲ့နေ့က ဘယ်မှမသွားဖြစ်ဘူး။ ဟိုတယ်ကလည်း အဆင်ပြေပါတယ်။ အဲကွန်းက အပူချိန်မြင့်ထားတာတောင် အရမ်းအေးနေလို့ ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီး အိပ်ရတယ်။ ကျေးဇူးရှင် အစ်ကိုတွေက သရဲခြောက်တယ်ဆိုပြီး ခြောက်ထားလို့ မီးပိတ်မအိပ်ရဲဘူး... တော်တော်ဆိုးတဲ့လူတွေ ဟွင်းးး =.=' (ကန်ဒီက တစ်ယောက်တည်း တစ်ခန်းအိပ်တာလေ >.<)။ ကုတင်ပြောင်းတာနဲ့ဘာနဲ့ ပေါင်းလိုက်တော့ အဲ့ညက ကောင်းကောင်းအိပ်မပျော်ဘူး -.-

မလေးကအစ်ကိုတွေက လိုလေသေးမရှိ ဧည့်ဝတ်ကျေတယ်။ ဧည့်ဝတ်ကျေလွန်းတော့ ကိုယ်ကတောင် ပြန်အားနာရတယ် (>.<)။ ဒီပထမနေ့ပိုစ့်ကိုတော့ ဒီလောက်နဲ့ပဲ ကျေနပ်ပေးနော်။ နောက်နေ့လျှောက်လည်တဲ့ပိုစ့်တွေကျမှ ဓာတ်ပုံများများကြည့်ပေါ့။ သူများပုံမတင်ပါဘူး... စိတ်ချ။ ကန်ဒီ့ပုံချည်း အမုန်းကြည့်ရမှာ ဟဟဟ xD

Malay Trip ♥ Day 2 ဖတ်ချင်ရင် ဒီမှာ နှိပ်ပါ။
Malay Trip ♥ Day 3 ဖတ်ချင်ရင် ဒီမှာနှိပ်ပါ။

14 comments:

ကူးကူးလှိုင် said...

မလေး ခရီးသွားတောလား တတ်ပြီလားလို့ လာလာချောင်းတာ ခုမှပဲတွေ့တော့တယ် ဆက်ရန်ကို မျှော်နေပြီနော်^_^...

မောင်သစ္စာ said...

aww..thu ka lae..toe 3 yoke ka nan mae gyi chin par tal so..pyaw ko ma pyaw chin buu

ကိုကိုမောင်(ပန်းရနံ့) said...

ပိစိရယ်။
ပိစိပုံတွေ
မှိုင်လိုက်
ပြုံးလိုက်
ရယ်လိုက်နဲ့။

ဖတ်ရင်း ကြည့်ရင်း သူကြီးမင်း မျက်နှာတွေ တွန့်သွားသလိုလို။း)

မလေးရှားက အဆွေတော်တွေ လွတ်သဘောကောင်းတယ်နော်။ သူကြီးမင်းလဲ တစ်နေ့နေ့တော့ ကမင်းဧရာတို့ ကပ္ပိယကြီးတို့နဲ့ တွေ့ဆုံကောင်းပါရဲ့။

မိုးနတ်ကြယ်စင် said...

ချစ်စရာ ကန်ဒီလေးပုံတွေ မျှော်နေတယ် ဒီက...
ဟုတ်ပါ့ တဂျီးမင်းပြောတာမှန်တယ် မလေးက
အဆွေတော်တွေက လွှတ်သဘောကောင်းသကိုးးးး
အင်းလေ မိတ်ဟောင်း ဆွေဟောင်းတွေဆိုတော့လဲ....
ဒို့များတော့ ဘယ်နေ့ဆုံမယ် မသိနိုင်သေးဘူးကွယ် :)

မီးမီးငယ် said...

ပျော်စရာကောင်းမဲ့ပုံ...
ကိုယ်မလေးသွားတုံးကဓါတ်ပုံတွေပျောက်နေလို့ ၊
နို့ မို့ ရင်ဝင်အာလူးပေးလို့ ရသေးတာပေါ့..နော်..:P
သမီးတို့ ၂ယောက်ရုပ်ချင်းဆင်ကြသလား..လို့ ဘဲ..။
မဒမ်ကိုးနဲ့ လေ..ဖြူဖြူလေးချစ်စရာလေးတွေ..။

နွေတေးရှင် (မင်းဧရာ) said...

ဖျားးးးးးးး
သကြားပိန် ကတော့ လုပ်တော့မယ် ထင်တယ် မလေးရှားက လူပေါကြီးတွေအကြောင်းကို ပတ်ပလစ် ရှိုးပါတော့ မယ်လို့ အဲး)။

Anonymous said...

:D
Iora

မိုးငွေ့........ said...

ပျော်စရာကြီး ချိုချဉ်လေး နောက်ပို့စ်လေး မြန်မြန်တင်နော်

Thu said...

ပျော်ချာကြီး..
အသူစင်ကာပူလာရင်လဲလိုက်ပို့နော်...:P

Ma Tint said...

မလေးအလွမ်းပြေလေး ဖတ်ရလို့ ကျေးဇူးပါ သကြားလုံးလေးရေ... မလေးအကြောင်း ဖတ်ရတိုင်း သဘော မနောကောင်းတဲ့ မလေးက ဘလော့ဂါတွေကို လွမ်းတယ် ပြန်ဆုံချင်ပါသေးတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

mabaydar said...

နောက်နေ့ပိုစ့်တွေ ဆက်မျှော်နေမယ်နော်... နယ်ခံနဲ့သိတာ ဈေးတွေအတော်သက်သာတယ်နော်... ကောင်းလိုက်တာ... မလေးအင်မီဂရေးရှင်းကနေ ကေအယ်လ်သွားတဲ့ ကားဂိတ်ဘယ်နားလဲဆိုတာ သေသေချာချာသိရရင်ကောင်းမယ်... စမ်းကြည့်ချင်လို့...

Candy said...

ဟီးဟီး ညီမလည်း နာမည်သေချာမသိဘူး... Johor အဝေးပြေးကားဂိတ်လို့ပြောတာပဲ။ အားလုံးစီးတဲ့ကား လိုက်စီးသွားရင်တော့ ရောက်လောက်တယ် :P xD

Karen said...

Hello, I was recommended by mydaydream89.wordpress.com as we have a client who is looking for Myanmar bloggers for a campaign.
Would you be interested? Hope to hear from you soon!

Candy said...

Since I don't know what that's for, I'm not sure whether I'm interested in it or not. It would be better if you could tell me a bit about it.

As you can see in my blog, I'm not a professional writer. I'm writing blog just for fun when I'm free. So, what kind of writers you are looking for would be my another question ^_^