မင်္ဂလာညချမ်းပါရှင်...
ဒီတလော Facebook ရောဂါစွဲကပ်ပြီး အဲ့ပေါ်ရောက်ရောက်နေတာနဲ့ စာရေးတွေကျဲနေတယ်။ အဲ့မှာရှိမယ့်သာ ရှိနေတာပါ... ကိုယ်ကနလပိန်းတုံးဆိုတော့ တစ်ခုခုဆို နောက်ဆုံးမှ သိတာများတယ် (>.<)။ သူငယ်ချင်းတွေ "လဲလဲလဲ..." တုန်းကလည်းးးး ဘာမှန်းမသိလို့လို့လို့ မေးမြန်းရသေးတယ်။ ခုလည်း Facebook တစ်ခုလုံး "မီမီ မီမီ မီမီ..." ဖြစ်နေပြန်ပြီ (ကြောင်ခေါ်နေတာ မဟုတ်ဘူးနော် xD)။ သူများတွေများ ပေါ်ပြူလာဖြစ်တာ နေ့ချင်းညချင်းပဲ။ အဲ့ဒါမျိုးက ကြောက်ဖို့ကောင်းတယ်။ Social Media တွေရဲ့ လွှမ်းမိုးမှုကလည်း မသေးဘူးနော်။ ကိုယ့်ဟာကိုယ်ပဲ သိုသိုသိပ်သိပ်နေပါရစေ... ကြောက်လို့ ဟီးးးး xD
တိုးတိုးတိတ်တိတ် လုပ်နေတာလေး တစ်ခုရှိတယ်။ တိုးတိုးတိတ်တိတ်ဆိုတော့ ခုမပြောသေးဘူး။ ပြီးမှပဲ ပြောပြတော့မယ်။ စင်္ကာပူလာလည်တဲ့ သူငယ်ချင်းလည်း ပြန်သွားပြီ။ သူရှိနေတုန်းက သူနဲ့လျှောက်သွားပေးရသေးတယ်။ Starbucks ကို ကြိုက်လို့တဲ့... ကန်ဒီနဲ့များ ကွာပါ့။ သွားသောက်တိုင်း ကိုယ့်ဟာကိုယ် အကုန်ပြန်ပြင်ရတယ်။ သူ့ဟာလေးနဲ့သူ ကောင်းနေတာတစ်ခါမှ မရှိဘူး။ ဈေးကလည်း ကြီးသေးတယ် (>.<)။ 313 Somerset က Charlie Coffee တော့ ကြိုက်တယ်။ ကန်ဒီ့အမြင်မှာတော့ Starbucks ထက်သာတယ် ^_^
မေလ ၂၃ ရက်နေ့ကျရင် မလေးသွားလည်မလို့ စီစဉ်ထားတယ်။ မေ ၂၆ ရက်နေ့မှ ပြန်လာမယ်။ ဟိုးးးးတလောကတည်းက သွားမယ်လုပ်ပြီး ဗီဇာလုပ်တာ ကြာနေတာနဲ့ မလိုက်လိုက်ရဘဲ တစ်ယောက်တည်းကျန်ခဲ့တယ်လေ။ ဒီတစ်ခေါက်တော့ တကယ်သွားဖြစ်ပြီ။ လက်မှတ်လည်း ၀ယ်ပြီးပြီ (^_^)။ ကဆုန်လပြည့်နေ့မှာ တရားပွဲရှိတယ်နော်။ ကန်ဒီမသွားနိုင်ပေမယ့် သွားချင်တဲ့သူတွေ သွားလို့ရအောင် ပြောပြပေးတာပါ :D
ခုရုံတင်နေတဲ့ "Scary Movie" ကြည့်ချင်တာ... ကိုယ်က ဒီနောက်ပိုင်းထွက်တဲ့ သရဲကားတွေ အကုန်မကြည့်ထားတော့ သွားကြည့်လည်း ရီသင့်သလောက် ရီရမှာမဟုတ်ဘူးဆိုပြီး မကြည့်ဖြစ်ဘူး။ ဟိုနေ့က အွန်လိုင်းကနေ "Mama" ကြည့်ဖြစ်တယ်။ အဲ့လောက်မကြိုက်ဘူး။ ခုတလော ထပ်ခါထပ်ခါနားထောင်ဖြစ်နေတာ အိုင်ရင်းဇင်မာမြင့်၊ ကောင်းကောင်းနဲ့ မြင့်မြတ်ရဲ့ "ဘ၀တကွေ့" အယ်လ်ဘမ်... သီချင်းတော်တော်များများကောင်းတယ်။ တစ်ခုပဲ... ကန်ဒီ့အမြင် မြင့်မြတ်အသံက အလွမ်းသီချင်းနဲ့မှ လိုက်တယ်။ တက်တက်ကြွကြွလေး ဖြစ်ရမယ့်သီချင်းမှာ သူ့အသံက ကျနေတယ် >.<
ခုအိမ်မှာ ဟမ်းစတားလေးကောင်ပဲ ကျန်တော့တယ်။ နှစ်ကောင်ပေးလိုက်ပြီ။ လေးကောင်ကို လှောင်အိမ်လေးခုနဲ့ ထားထားတယ်။ ထပ်မျိုးပွားလို့ မဖြစ်ဘူးလေ ဟီး(xD)။ ကလေးနှစ်ကောင်ကို Jelly နဲ့ Cookie လို့ နာမည်ပေးထားတယ် ^_^
ဒီတလော သက်သတ်လွတ်ပြန်စားဖြစ်နေတယ်။ စားတဲ့နေ့အပြင်သွားမိရင် တကယ်မလွယ်ဘူး။ သက်သတ်လွတ်ရောင်းတဲ့ဆိုင်တွေကလွဲရင် ကျန်တဲ့ဆိုင်ကဟာတွေက အသားပါတာတွေချည်းပဲ။ ဟိုနေ့က Facebook မှာ သူငယ်ချင်းတစ်ယောက်ရှယ်ထားတဲ့ ကြောင်ရောင်းတဲ့သတင်းဖတ်ပြီး အရမ်းစိတ်မကောင်းဘူး။ ကန်ဒီတို့ရန်ကုန်အိမ်မှာ ကြောင်တွေမှ အများကြီးပဲ။ တစ်ကောင်မှ ၀ယ်ထားတာ မပါဘူး။ သူတို့ရောင်းနေတဲ့ကြောင်ကလည်း ရိုးရိုးကြောင်အမျိုးအစားပါပဲ။ ထူးထူးခြားခြားကြီး မဟုတ်ဘူး။ အဲ့ဒါကို သူ့တစ်ကိုယ်စာပဲဆန့်တဲ့ လှောင်အိမ်သေးသေးလေးထဲထည့်ထားတာ သနားဖို့ကောင်းတယ်။ အကောင်လေးတွေကို နှိပ်စက်တာလောက် အမြင်ကတ်တာမရှိဘူး =.='
ကန်ဒီ စုံစိအောင် ပြောနေတာ ခေါင်းတွေလည်း မူးလောက်ပြီ ထင်တယ် ဟီး :D
ဒီမှာတင်ရပ်ပြီး အိပ်ပြီနော်...
Good Night^^
6 comments:
နေ့တိုင်းသာ လမင်းထွက်ပြနေရင် ..ဘယ်သူ လရောင်
ကိုမျှော်နေဦးမှာလည်း...သာတဲ့ချိန်မှာတန်ဖိုးထားကြသလို ၊မသာတဲ့အချိန် လူတွေကမျှော်တလင့်လင့်စောင့်နေရတာ.
လမင်းက သူ့အလှကို ဝှတ်ထားတတ်လို့..။
စုံစီနဖာလေးတွေ ဖတ်သွားတယ်နော် မလေးကအပြန် ပို့စ်လေးကိုလဲမျှော်နေပါမယ်...
မလေးပို့စ်လေးကို မျှော်နေပါ့မယ် ကန်ရေ...
Take Care ! sis
i miss u a lot :)
ကဲ ကိုဖိုးစိန် ရန်သူတွေ နီးလာပါပေါ့ကွယ်း))။
ကိုယ့်ဖာသာ သိုသိုသိပ်သိပ်နေပါလေ
fb လေ အခြေအနေ ဂယက် လှိုင်းကတော့ ဆိုင်ကလုန်း ထက်ကြောက်ဖို့ ကောင်းတယ်း))။
လူတောင်နေစရာမရှိလို့စိတ်လျော့လိုက်တာ ဟေးးး
သကြားလုံးရဲ့ :PPPPPP
ကန်ဒီရေ.. ဟမ်းစတားလေးတွေတော်တော်ကြီးလာပီလား….
မပူးအကောင်လေးတော့ ၁နှစ်ပြည့်သွားပီ… အခုလှောင်အိမ်တွေ ထပ်ဝယ်ထားတာလား…
အကောင်သက်သက်ဆီခွဲထားတော့ အခန်းထဲမှာ ပြည့်နေပီပေါ့… ဟီးဟီးဒီလိုပါပဲ…
ကန်ဒီ…….ပျော်ရွင်ပါစေ……………ခင်မင်တဲ့ မပူးပူး
Post a Comment