ကန်ဒီ Shopping မထွက်တာ တော်တော်ကြာပြီ။ ဘာဆို ဘာမှကို မ၀ယ်ဖြစ်တာ။ အကျီဝတ်စရာမရှိရင် ကန်ဒီ့ညီမဟာ ယူဝတ်တယ် (ရှူးတိုးတိုး xD)။ ခုတော့ လာမယ့်အပတ် ခရီးသွားမယ်ဆိုတာကို အကြောင်းပြချက်ယူပြီး Shopping နည်းနည်းထွက်ဖြစ်တယ်ဆိုပါတော့ ဟီးး(:P)။ ဒီပိုစ့်ရေးဖြစ်သွားတာက ကန်ဒီဝယ်လာတာတွေ ကြွားဖို့အပြင် အခြားရည်ရွယ်ချက် ရှိသေးတယ်။ အဲ့ဒါကတော့ အစ်မ/ညီမတစ်ယောက်က ကန်ဒီဝယ်တတ်တဲ့ အကျီဆိုင်လေးတွေအကြောင်း ပိုစ့်တစ်ပုဒ် ရေးပေးပါလို့ ပြောထားတာနဲ့ ဒီပိုစ့်နဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ဟဲဟဲ xP
အဲ့ဒီအတွက် ပိုစ့်သီးသန့်မရေးပေးတာက ကန်ဒီဝယ်တတ်တဲ့ဆိုင်တွေက ပိုစ့်တစ်ပုဒ်ရေးရလောက်အောင် သိပ်မများလို့ပါ (>.<)။ ကန်ဒီ့အကျင့်က Shopping Mall တစ်ခုလုံးကို လှည့်ပတ်ကြည့်မနေတတ်ဘူး။ များသောအားဖြင့် ကိုယ်ဝယ်နေကျဆိုင်ကိုပဲ ဦးတည်သွားပြီး အဲ့မှာ အကြာကြီးဝင်မွှေနေတတ်တယ်။ အားလုံးသိတဲ့အတိုင်း ကန်ဒီ "Forever 21" ကြိုက်တယ် ^_^
အကျီတွေနဲ့ ဘောင်းဘီက "Forever 21" က... ဘောင်းဘီက S$15 ပဲ ပေးရတယ်။ Legging လို အပျော့သားဆိုပေမယ့် အရမ်းပါးလွှာမနေဘူး။ ကန်ဒီက Legging ကို နည်းနည်းလေး ထူမှကြိုက်တယ်။ အဲ့မှာပဲ တခြား Legging တွေ ရှိသေးတယ်။ တချို့အသားတွေက အရမ်းပါးတယ်။ ကန်ဒီများသောအားဖြင့် ၀တ်တတ်တာ အဲ့လို Design လေးတွေပါတဲ့ Legging တွေနဲ့ ပေါ့ပေါ့ပါးပါးဘောင်းဘီတိုလေးတွေပေါ့။ ဂျင်းတွေက ကိုယ်ပေါ်မှာ လေးလေးကြီး ခံစားရလို့ သိပ်မကြိုက်ဘူး။ ဖိနပ်က "Charlie and Kate" က... "Charlie and Kate" မှာဆို ဖိနပ်ထက် အိတ်တွေဘာတွေကို ပိုကြိုက်တယ်။ ဟိုတလောက အဲ့ကပဲဝယ်ခဲ့တဲ့ အဘွားကြီးဒီဇိုင်းနဲ့ဖိနပ်လေးက အရမ်းစီးလို့ကောင်းလို့ ခုလည်း ဒီ,ဒီဇိုင်းပဲထပ်ဝယ်တာ... အသစ်မို့လို့လား မသိဘူး... ဟိုနေ့က ၀တ်သွားတာ ခြေထောက်နာတယ် >.<
အကျီတို့ ဘောင်းဘီတို့ဝယ်ရင် "Cache" နဲ့ "Pull & Bear" လည်း ကြိုက်တယ်။ ဈေးတွေကတော့ Forever 21 နဲ့ မတိမ်းမယိမ်းပါပဲ။ ကြီးရင်လည်း နည်းနည်းလေးပဲ။ Topshop တို့ Zara တို့လောက်တော့ မကြီးဘူး။ Topshop ဆိုလို့ အဲ့ဆိုင်လည်း ကြိုက်တယ်။ ဒါပေမယ့် တစ်ခါမှ မ၀ယ်ဖူးဘူး (ဈေးကြီးလို့)။ "Pull & Bear" မှာဆို ဘောင်းဘီတစ်ထည်ကို S$38 - 50 ၀န်းကျင်ရှိတယ်။ အဲ့ကဘောင်းဘီလေးတွေလှတယ်။ ဒီဇိုင်းဆန်းဆန်းလေးတွေရှိတယ်။ Dress တွေဆို S$50- 60 ကြားရှိမယ်ထင်တယ်။ ဟိုနေ့က ကန်ဒီ့ညီမအဲ့က Dress ၀ယ်တာနဲ့ ကိုယ်လည်းရောယောင်ပြီး Discount ချနေတဲ့ S$15 တန် T-Shirt လေး ၀ယ်ခဲ့သေးတယ် (xD)။ သြော်... အဲ့မှာ ယောက်ျားလေးအကျီတွေလည်း ရှိတယ်။ "Cotton on" လည်း မဆိုးဘူး။ "Cotton on" က အကျီဆိုင်နဲ့ အတွင်းခံချည်းသက်သက်ရောင်းတဲ့ဆိုင် နှစ်မျိုးရှိတယ်။ အဲ့က အတွင်းခံလေးတွေ ဒီဇိုင်းအရမ်းလှတယ်။ ချစ်စရာလေးတွေ... ကိုယ်လိုတဲ့အချိန်နဲ့ မကြုံတာနဲ့ မ၀ယ်ဖြစ်သေးဘူး။
Formal အကျီတွေဆိုရင်တော့ "G2000" ကပဲ ၀ယ်ဖြစ်တယ်။ ကန်ဒီက Vintage ဒီဇိုင်းလေးတွေ သဘောကျတယ်လေ။ "Lowrys Farm" နဲ့ "Accessorize" မှာ အဲ့လိုဒီဇိုင်းလေးတွေရှိတယ်။ "Lowrys Farm" က အကျီတွေဘာတွေရောင်းတာ... "Accessorize" က Accessory ချည်းပဲရောင်းတာ။ အဲ့ဆိုင်တွေလည်း ဈေးကြီးတယ်။ ကန်ဒီ့ညီမမွေးနေ့တုန်းကတော့ "Accessorize" ကနေ ပိုက်ဆံအိတ်လေး ၀ယ်ပေးဖူးတယ်။ အဲ့တုန်းက ကန်ဒီ့အတွက် မှန်သေးသေးလေးဝယ်ခဲ့သေးတယ်။ ပုံမှန်ဈေး S$16 ကို S$8 နဲ့ ရခဲ့တာ (Discount ချနေတဲ့အချိန်မို့...)။
Ekk... ဒါကပြောရင်ကောင်းမလား... မပြောရင်ကောင်းမလား? ဟီးး... အတွင်းခံဆို "Pierre Cardin" က ၀ယ်တာများတယ်။ Discount ချရင် ၂ခုကို S$30 လောက်နဲ့ရတယ် (မျက်နှာပူထှာ -.-')။ ဖိနပ်ကတော့ ကန်ဒီစီးကြည့်လို့ အဆင်ပြေလောက်တယ်ဆို ၀ယ်လိုက်တာပဲ။ ကန်ဒီ့ခြေထောက်က ဖိနပ်ရွေးတယ်။ ဖိနပ်လှလှလေးတွေဆို နာလို့မစီးနိုင်ဘူး။ တခါတလေလောက်ပဲ ရတယ်။ အဲ့ဒါကြောင့် အဘွားကြီးဖိနပ်ပဲ စီးနေရတယ် (>.<)။ "Mijsu" ဆိုတဲ့ဆိုင်က ဖိနပ်ဒီဇိုင်းလေးတွေ အရမ်းလှတယ်။ ဖိနပ်တို့ အိတ်တို့ကို Bugis Street မှာ သွားမ၀ယ်နဲ့နော်... Quality လုံးဝမကောင်းဘူး။ Bugis Street ကနေဆို အကျီနဲ့ Fancy Hair Accessories လေးတွေလောက်ပဲ ၀ယ်ဖြစ်တယ်။
လက်ဆောင်ဝယ်ပေးလို့ကောင်းတဲ့ ဆိုင်လေးတွေထဲမှာဆို ကန်ဒီကြိုက်တာ "Typo" နဲ့ "Totally Hot Stuff"... "Typo" မှာ ကန်ဒီ့အကြိုက် Vintage/Retro စတိုင်လ်လေးတွေအများကြီးရှိတယ်။ Home Deco တွေရှိတယ်။ ဒီဇိုင်းဆန်းဆန်း ကော်ဖီခွက်လေးတွေနဲ့ Note Book လေးတွေရှိတယ်။ ကော်ဖီခွက်တစ်ခွက်ကို S$15... ခရီးဆောင် ရေနွေး၊ရေအေးထည့်လို့ရတဲ့ ဗူးလေးတွေဆို S$12 လောက်ပဲရှိတယ်။ သူ့ဒီဇိုင်းလှလှလေးတွေနဲ့ဆို ဈေးကအရမ်းမကြီးဘူး ထင်တာပဲလေ။ လက်ဆောင်ပေးလို့ကောင်းတယ်။
အထဲကဘာလဲဆိုတာတော့ ခုဖွင့်မပြတော့ဘူးနော်။ ကန်ဒီလက်ဆောင်ပေးမယ့်လူတွေက ဒီဘလော့ခ်ကို ဖတ်တယ် (>.<)။ "Totally Hot Stuff" က ကျတော့ ဒီဇိုင်းဆန်းတာထက် ပစ္စည်းဆန်းဆန်းလေးတွေ ရောင်းတာ။ ဈေးကတော့ Typo နီးပါးပဲ... တူတူလောက်ပဲ။ အရုပ်တွေဝယ်ဖို့ဆို "Mini Toon" ကြိုက်တယ်။ ကန်ဒီအိမ်နေရင်းစီးတဲ့ အရုပ်ဖိနပ်လေးတွေက အဲ့က၀ယ်တာပေါ့။ ဖန်စီလက်ကောက်တို့ ဆွဲကြိုးတို့ဝယ်မယ်ဆို "Diva" က ကောင်းတယ်။ ဈေးလည်းပေါတယ်။
ဒါကခရီးသွားရင် လိုအပ်မယ်ထင်တာလေးတွေပေါ့။ ပလတ်စတစ်ဗူးအလွတ်လေးတွေက Moisturizer တွေ၊ Lotion တွေ ခွဲထည့်ဖို့။ အလှကုန်တွေ တိုလီမုတ်စတွေ ၀ယ်မယ်ဆိုရင်တော့ "Watson" ပဲသွားဖြစ်တယ်။ ဟီးဟီး... Veet က ခြေထောက်သန့်ရှင်းရေးအတွက်(:P)။ အရင်ကသုံးတာ Beauty Formula က Wax Strip တွေ... အဲ့က Wax Strip တွေက ပိုကြီးတော့ ခဏလေးနဲ့ပြီးလို့ ကြိုက်တာ။ အခု အဲ့ဒါမတွေ့တာနဲ့ Veet ပဲ ၀ယ်ခဲ့ရတယ်။ သူ့မှာ Waxing လုပ်ပြီးရင် သုပ်ရတဲ့အထုပ်လေးတွေလည်း ပါတယ်။ အဲ့ဒါအများကြီး ပိုအဆင်ပြေတယ်။ အရင်သုံးဖူးတဲ့ဟာက အဲ့ဒါမပါတော့ အားလုံးပြီးရင် ကပ်နေတဲ့ Wax အကြွင်းအကျန်တွေကို Lotion လိမ်းပြီး ဖျက်ရတယ်။
အင်း... ကန်ဒီက တခြားမိန်းကလေးတွေလို ကံမကောင်းတော့ အဲ့လိုသန့်ရှင်းရေးလုပ်မှ ဘောင်းဘီအတိုတွေ ဘာတွေဝတ်လို့ရတယ်။ တစ်ခါလုပ်ပြီးရင် နှစ်လ သုံးလလောက်တော့ အသာလေးခံတယ်။ မြန်မာမိန်းကလေးတော်တော်များများက အဲ့လိုကိစ္စတွေ ပြောလေ့ပြောထ မရှိကြဘူးနော်။ ဘာလို့လဲ မသိဘူး။ အဲ့ဒါမကောင်းဘူး။ ကန်ဒီဆယ်ကျော်သက်အရွယ်လောက်က ဂျိုင်းမွှေးစပေါက်တော့ ဘာလုပ်ရမလဲမသိဘူး။ ဘယ်သူမှလည်း ဘာလုပ်ဆိုပြီး မပြောကြဘူး။ အဲ့တော့ ကလေးတွေထုံးစံအတိုင်း သူများလုပ်သလို လိုက်လုပ်တာပေါ့။ အဲ့အချိန်တုန်းက ကန်ဒီ့အစ်မ၀မ်းကွဲတစ်ယောက်က ရိတ်တာတွေ့တွေ့နေတာနဲ့ သူ့လိုလိုက်လုပ်ကြည့်မိတာ အရင်ကထွက်တာထက် ပိုများလာတဲ့အပြင် ထူထူကြီးတွေထွက်လာလို့ အဲ့ကစပြီး ဘယ်တော့မှ ရိတ်တဲ့အလုပ် မလုပ်တော့ဘူး။ နုတ်တာပဲ ကောင်းတယ်။ အမွှေးဆိုတဲ့အမျိုးက ရိတ်ရင်ပိုသန်တယ်။ ဒါ ကန်ဒီ့အမြင်ပေါ့နော်(xD)။ ခြေထောက်ကို Wax လုပ်တာလည်း စစချင်းပဲ နာတာပါ။ ကျင့်သားရသွားရင် အဲ့လောက်မနာတော့ဘူး ^_^
ခရီးသွားပါမယ်ဆိုမှ မျက်လုံးတစ်ဖက်က ယောင်ပြီးနီနေလို့ အစ်မတစ်ယောက်ပေးလိုက်တဲ့ မောရိယမန်းဆေး ကွင်းထားရတယ်။ မြန်မြန်ပျောက်ပါစေ :(
Have a Nice Day^^
19 comments:
sis..i m ur page fan..:-) I always check ur new post..u r so cute...can u give ur facebook acc..i wanna add u.
အမလေး လာမှက အစုတ်ပလုပ်မလေး ကို ညေးပဲတွေ သိပ်များမယ် မကြံနဲ့း))။
အဲလိုမပြောပါဘူးလို့ လက်ဆောင် တွေပါတယ်ဆိုလို့း))
ဝယ်ပါနဲ့အေ အလကား ပိုက်ကုန်အောင် ။
ညေးတို့ ညီအစ်မ နှစ်ယောက်အတွက် ထန်းရွက်တည်း ဆောက်းထားတယ်လေ သရဲခြောက်သော ဟော်တယ် ကြီး ဟီးးးးးးးးးးးးးး))။
Sure sis. My facebook account name is also Candy Khine. You look at the profile first before you send a friend request because there are two Candy Khine on facebook. My profile picture is Me as a cartoon :D
See you there :)
okie sis.. i send request... pls accept..my acc name is su mon..
why a preety girl doesn't upload photo at fb..:-)
Accepted :)
Have a nice trip.candy gal ;)
ချိုချဉ်လေးလိုပဲ အမလဲ ရှော့ပင်းသွားရင် ကိုယ်ဝယ်နေကျဆိုင်ပဲဝင်မွှေတတ်တယ်...။ ဒီမှာလည်း junction square မှာ forever 21 ရှိတယ်...။ တခါတလေ သူတင်တဲ့ပစ္စည်းက ၀ယ်ချင်စရာ တခါတလေကျတော့ ပုံတုံးလားလို့...။ အဲမှာတော့ နှစ်ခါလောက်ဝယ်ဖြစ်တယ်..။
မီးတို့အကြိုက်တွေပေါ့နော်.. မမ..ေိေိ
တောင်းဆိုတာကိုရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်candy လေးရေ....
တကယ့်ကိုစုံနေတာပဲ...ပျော်ရွှင်ဖွယ်ခရီးလေး ဖြစ်ပါစေ....မျက်လုံးနီနေတာလဲအမြန်သက်သာပါစေ...
Thank you sis ^_^
မောရိယမန်းဆေးလို့ လုပ်စမ်းပါ ပိစိလေးရာ။း)))
ဖြစ်လိုက်ရရင်အသည်းအသန်း))
ဟီးဟီး ပြင်လိုက်မယ် တဂျင်းမီး xD
မိန်းကလေးတွေ ခရီးသွားရင် စုံနေအောင်ထည့်ရတာ ခွဲထည့်စရာ ပုံအထပ်လေးတွေ ကြိုက်တယ်
U can wipe the residue of the wax strip by a cotton pad which soaking with Johnson's baby oil.
Yayy... Thank you for your Tip sis ^_^
wax strip အတွက်အရမ်းကျေးဇူးတင်တယ်အစ်မ ကန်တီ။ညီမ ရဲ့ခြေထောက်ကိုတ်ာတော်ရှက်နေခဲ့တာ ဘယ်သူမှ ဒီလိုမပြောပြဘူး ။အစ်မကိုအမြဲအားပေးတယ်နော်
အမြဲအားပေးတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်ရှင် ^_^
Post a Comment