Hello!!
အဟွတ် အဟတ်... ဒီရက်ပိုင်း ဖြစ်တာ၊လုပ်တာတွေက များနေတော့ ဘယ်ကဘယ်လိုစရေးရမလဲတောင် မသိဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းတွေက စင်္ကာပူမှာ ပေါ်ပြူလာအဖြစ်ဆုံးကတော့ "Haze"ဆိုတဲ့ပုဂ္ဂိုလ်ပေါ့... PSI (Pollutant Standards Index) 400 လောက် ဖြစ်နေတာ Mask မရှိသေးဘူး။ ကန်ဒီက အိမ်ထဲအောင်းနေတာဆိုတော့ သိပ်တော့ကိစ္စမရှိပါဘူး။ ဒါပေမယ့် အဲ့ PSI 400 လောက် ဖြစ်တဲ့နေ့ကတော့ တော်တော်သိသာတယ်။ အိမ်ထဲနေတာတောင် အသက်ရှုမ၀ဘဲ ခေါင်းတွေဘာတွေ မူးချင်ချင်ဖြစ်လာလို့ ပေါက်ကရတွေးလိုက်သေးတယ်... ခုချိန် "ဖုတ်"ကနဲ လဲသွားလို့ကတော့ သွားပြီ လို့ ဟဟဟဟ (xD)။ အဆုတ်မကောင်းတဲ့လူတွေဆို ပိုခံရမှာနော် >.<
PSI 400 ကနေ ပြန်ကျသွားပြီးနောက်နေ့ သစ္စာရွှေစည်ဆရာတော်ရဲ့ နေ့တရားစခန်းသွားတော့မှ အဲ့ကသိတဲ့အစ်ကိုတွေ၊ အစ်မတွေက Mask တွေ ပေးလိုက်တာ... အများကြီးပဲ။ အိမ်ရောက်တော့လည်း ကန်ဒီ့ညီမက ထပ်ပေးတယ်။ N95 ဆိုလား အဲ့ဒါတော့ မဟုတ်ဘူး။ ဘာဖြစ်ဖြစ် စွတ်လို့ရရင် ပြီးတာပဲ ဟုတ်တယ်မလား? (xD)။ စွတ်လည်း မစွတ်ဖြစ်လိုက်ပါဘူး... မီးခိုးမှ မရှိတော့တာ :D
တနင်္ဂနွေနေ့ကျတော့ အဲ့မှာပဲ တနင်္ဂနွေနေ့တိုင်းလုပ်တဲ့ တရားစခန်းမှာ ဝေယျာဝစ္စသွားကူတယ်။ ကန်ဒီတို့အဖွဲ့ကလုပ်တာ မဟုတ်ပါဘူး။ ဟိုနေ့က တရားပွဲမှာတွေ့တဲ့ "ဓမ္မမောင်နှမ"အဖွဲ့က အစ်ကိုတစ်ယောက်က "အားရင်လာခဲ့လေ" ဆိုတာနဲ့ သွားကူဖြစ်သွားတာ။ ယောဂီအယောက်(၆၀)စာ ထမင်း၊ ဟင်းတွေ ပြင်ပေးရတာပေါ့ ^_^
ဘယ်ဘက်ကပုံက သူများရိုက်သွားပြီး ကန်ဒီ့ကိုပြန်ပို့ပေးထားတာ...
(ပုံနှစ်ပုံက တစ်ရက်စီမို့ အကျီမတူဘူး :D)
အားလုံးကူပြီးတော့ ကိုယ်လည်းယောဂီတွေနဲ့အတူ တရားထိုင်၊ ညနေ(၃)နာရီလောက်ကျတော့ တရားနာ၊ ညမှ အိမ်ပြန်ရောက်တယ်။ တရားထိုင်တယ်ဆိုလို့ ကန်ဒီ့ကို အထင်မကြီးနဲ့ဦး။ ကန်ဒီတရားထိုင်ခဲတယ်။ စိတ်တွေက ပျံ့လွင့်လွန်းလို့ ငရဲကြီးတယ်ဆိုပြီး များသေားအားဖြင့် မထိုင်ဘူး။ ဒီတစ်ခေါက်ထိုင်တာ နာရီဝက်တောင်ရတယ်... ဟဲဟဲ မဆိုးဘူးလို့ ပြောရမယ်နော်။ နောက်ဆိုလည်း ခဏခဏထိုင်ပေးရမယ်။ ဒါမှ အကျင့်ရမှာ ^_^
ဒီပုံလေးကို ကြည့်ပါဦး!!! လက်ဆောင်ရထားတာ... ကန်ဒီနဲ့ တကယ်တူတယ်နော်!! အခု အဲ့ပုံလေးကို အရမ်းကြိုက်နေတယ်(:D)။ ပုံတစ်ပုံပြီးဖို့က နာရီနဲ့ချီပြီးကြာတဲ့အပြင် တူဖို့ဆို အာရုံစူးစိုက်ဖို့နဲ့ စိတ်ပါဖို့လည်း လိုသေးတယ်လေ။ ကျေးဇူးအများကြီး တင်ပါတယ်ရှင်(^_^)။ ဒီရက်ပိုင်း အပျင်းမကြီးဘဲ လေ့ကျင့်ခန်း ပြန်လုပ်ဖြစ်နေပြီ။ ကန်ဒီလုပ်နေကျ အလွတ်ရတဲ့ လေ့ကျင့်ခန်းတွေ လုပ်ရတာ ပျင်းလာလို့ ခု YouTube က Aerobic Video တွေ ကြည့်လုပ်နေတယ်။ ဒါက အဲ့ထဲက တစ်ခု ^_^
ကြွက်စုတ်ရုပ် xD
ကန်ဒီ့ကို ပိန်သွားလို့တဲ့... "Diet" လုပ်နေတာလား မေးကြတယ်။ မလုပ်ပါဘူး... ဗိုက်ဆာနေတာကို မစားဘဲနေရတာလောက် မုန်းတာမရှိဘူး ဟီးး(xD)။ ကန်ဒီ့ပိုစ့်တစ်ပုဒ်မှာလည်း Dietလုပ်တာကို လုံးဝ(လုံးဝ) အားမပေးဘူးလို့ ရေးဖူးတယ်။ လေ့ကျင့်ခန်းလုပ်တယ်ဆိုတာလည်း ပိန်ချင်လို့ မဟုတ်ဘူး။ လှုပ်လှုပ်ရှားရှားနေတာ ကျန်းမာရေးအတွက် ကောင်းတယ်လေ။ နောက်တစ်ခုက ဗိုက်ထွက်မှာစိုးလို့ မထွက်ခင်က ကြိုကာကွယ်ထားတာ (:P :P)။ ကိုယ့်ကိုကိုယ်ပိန်သွားတာတော့ သိတယ်။ ပေါင်ချိန်လိုက်တာ (၉၂)ပေါင်ပဲ ရှိတော့တယ်။ ဘာလို့ပါလိမ့် O_o
ကန်ဒီ့ဘေဘီဟမ်းစတားလေးတောင် လေးလပြည့်တော့မယ်။ ခုဆို ၀တုတ်ပြဲလေးဖြစ်နေပြီ။ လူပျိုကြီး Cookie (xD)။ မလေးသွားတုန်းက သူတို့ကို ကန်ဒီ့ညီမနဲ့ ထားခဲ့ရတာ စိတ်တောင်မချဘူး။ မသွားခင် မနက်တိုင်းအစာကျွေးဖို့ မှာခဲ့ရသေးတယ်။ ဒါလည်း သံယောဇဉ်ပဲနော်(:D)။ ပီကေက မလေးကနေ ထည့်ပေးလိုက်လို့ ပါလာတာ။ ဟိုနေ့ကမှ အိတ်သန့်ရှင်းရေးလုပ်တော့ ထွက်လာတယ်။ အဲ့ဒါနဲ့ပဲ မလေးမှာ ပျော်ခဲ့တာတွေ ပြန်သတိရပြန်ရော :D
Good Night^^
9 comments:
လေ့ကျင့်ခန်းအတွက်ဝိတ်မ..^_^။တိုတိုဖြစ်တာ၊ရှည်ရှည်ဖြစ်တာ၊မြန်မြန်ဖြစ်တာ၊ကြာကြာဖြစ်တာ၊လိုက်ပြီးးသိ..နိဝရဏတွေကင်းလာလေစိတ်ကပိုပြီးးအေးချမ်းလေ..^_^
Sometimes I have to use the mask, like yours, in the lab . If I have to use it I wanna get my job done very quickly as it makes me feel uncomfortable.
I like the painting. It is really nice.
Iora
ဘမှုန်လာသွားတယ် သကြားပိန် ;)
လေ့ကျင့်ခန်းတွေ လုပ်ပြီး ဗလ တွေ သိပ်မပြနဲ့
လူတွေ ကြောက်လန့် ကုန်မယ် ။
ပုံလေးက ရှစ်ရှာလေး ။
ကုသိုလ်တွေ များကြီးလုပ်လိုက်တာပေါ့ သာဓုသာဓုသာဓုပါ ကန်ဒီရေ အဲဒါကြောင့် ပိုပိုလှနေတာဖြစ်မယ်...
တရားထိုင်လို့ဟိုတွေးဒီတွေးဖြစ်ရင်..လဲအဲ့ဒီအတွေးကိုလိုက်မှတ်နေလေ..
ငါတွေးမိနေပြန်ပြီဆိုပြီးတော့ပေါ့..ပြန်ပျောက်သွားရင်ဝင်လေထွက်လေပြန်မှတ်..
အသူတို့လဲ.တရားအမြဲထိုင်ပေမယ့်စိတ်အခြေအနေပေါ်မူတည်ပြီးလွင့်တာပဲ..
ထိုင်တာကြာရင်အဆင်ပြေသွားမှာပါ
သူများသားသမီးလေးတွေကချစ်ချာကောင်းတော့ပုံဆွဲပေးမယ့်သူနဲ့ဘာနဲ့
အသူလဲအဲ့လိုဆွဲပေးတာလေးလိုချင်တာ.. :P
ဟုတ်ပါ့ ဟမ်းစတားလေးတောင် ၀တုတ်ကလေးဖြစ်နေပြီ သူ့ပိုင်ရှင်လေးပဲ ပိန်သွားတာ မျက်နှာလေးချောင်နေတယ် အိပ်ရေး၀၀အိပ် သမီး ဖီးကြမ်းငှက်ပျောသီး စားပေး..။
မိုးနတ်လဲ ဒီရက်ထဲ လေ့ကျင့်ခန်းမှန်မှန်ပြန်လုပ်ဖြစ်
နေတယ် ...နောက်ပြီး အစားမှန်အအိပ်မှန်ဖြစ်ပြီး
ပင်ပန်းလဲပင်ပန်းတော့ မကြာခင် ၀တုတ်မဖြစ်တော့
မှာမြင်ယောင်သေးတော့တယ် ....ဟီးးးးးးးးး
ကန်လေးကတော့ ပိန်တွားဒယ် အာ့ ဘာလို့လဲ ???
အမ မျက်နှာကုနေတာ သက်သာလားအမ။ဟမ်းစတားလေးကချစ်စရာလေးနော် မွေးချင်လာပြီ
သက်သာတယ် ညီမ... ခုဆို ဆေးလည်းဖြတ်လိုက်ရပြီ :D
Post a Comment