Thursday, June 6, 2013

Leg Workout++

Good evening~

ဟီးးး... Malay Trip (Day 2) မလာသေးလို့ Cbox မှာ ပိကျိပိကျိလုပ်နေကြတယ်။ ခုမှ ပြင်ဆင်နေတုန်းမို့ မကြာမီ လာမည်နော်။ ဓာတ်ပုံနဲ့စာရေးရုံဆိုရင်တော့ အရမ်းမြန်တာပေါ့။ ခုက ဗွီဒီယိုပါထည့်ချင်တော့ Edit လုပ်နေရလို့လေ(:D)။ ပြီးခဲ့တဲ့အပတ် စနေနေ့က တရားပွဲမှာ ဆီထမင်းလှူတာ သွားကူသေးတယ်။ သီတဂူဆရာတော်နဲ့ ပါချုပ်ဆရာတော် နှစ်ပါးဆုံတော့ လူတွေမှ အများးးးကြီးပဲ။


ဆီထမင်းမနက်ကတည်းက စ,ထိုးတာတောင် လူ(၅၀၀)ကျော်စာပဲ ရတယ်။ တရားပွဲလာတဲ့လူက (၁၀၀၀)ကျော်တယ်။ တရားပွဲနှစ်ပွဲကြား ဝေတာ... ခဏလေးနဲ့ကုန်သွားတယ်။ ဝေရတာတောင် အားမရဘူး (>.<)။ အဲ့ကပြန်လာပြီး ခေါင်းတွေကိုက်လို့ လှုပ်တောင်မလှုပ်နိုင်ဘူး။ အိမ်မှာဆေးကုန်နေတာနဲ့ အိပ်ရင်ပျောက်မလားဆိုပြီး ဖျစ်ညှစ်အိပ်တာ... အရမ်းကိုက်ပြီး အိပ်လို့မပျော်တဲ့အပြင် မနက်မိုးလင်းတဲ့ထိတောင် ဆက်ကိုက်နေသေးတယ်... ဆိုးပါ့ (=.=')။ Humm... ဒီရက်ပိုင်းဘာတွေလုပ်ဖြစ်သေးလဲဆိုတော့... ရုပ်ရှင်ကြည့်ဖြစ်တယ်။ "The Hangover(3)" အရမ်းရီရတယ် (xD xD)။ ကားကောင်းတွေ ရုံတင်နေတယ်။ တခြားကြည့်ချင်တဲ့ကားတွေ ရှိသေးတယ်။ အခုတလော လူတိုင်းပြောနေကြတဲ့ "Pee Mak" လည်း မကြည့်ရသေးဘူး။


အိမ်မှာ ကန်ဒီ့ညီမ လေ့ကျင့်ခန်းတွေလုပ်၊ Diet တွေလုပ်တာကို ဘေးကထိုင်ကြည့်ရင်း ကန်ဒီက အသားကုန်စားနေတယ် ဟဟဟဟ(xD)။ ခရီးသွားပြီးပြန်လာကတည်းက လေ့ကျင့်ခန်းပြန်မလုပ်ဖြစ်သေးဘူး။ အပျင်းတစ်နေတာလည်း ပါတယ်။ သူကတော့ ဘာစိတ်ကူးရလို့လဲ မသိဘူး... တော်တော်ပြင်းပြင်းထန်ထန်ကို လုပ်နေတာ(O_o)။ ညစာလည်း အသီးပဲစားတယ်(>.<)။ လေ့ကျင့်ခန်းဆိုလို့ ဒီတလော အင်တာနက်ပေါ်မှာ ရေပန်းစားနေတဲ့ (၁၅)မိနစ် ခြေထောက်လေ့ကျင့်ခန်း လုပ်နည်းလေး ရှယ်ပေးလိုက်မယ်နော် ^_~


Facebook မှာ အစ်ကိုတစ်ယောက် ရှယ်ထားတဲ့ ကလေးတွေဆော့နေတဲ့ ဗွီဒီယိုလေးတစ်ခု ကြည့်မိတယ်။ ကန်ဒီတို့ ငယ်ငယ်ကဆော့တဲ့ ရှုံးတဲ့သူနဖူးတောက်ကြေးလိုပုံစံမျိုး... သူတို့က ရေဗူးအခွံနဲ့ ခေါင်းကိုရိုက်တာ။ အဲ့မှာ နိုင်တဲ့ကလေးက ရှုံးတဲ့ကလေးတွေကို အသားကုန်ရိုက်တာကြည့်ပြီး ဒီကလေးက စာနာမှုနည်းလှချည်လား တွေးမိတယ်။ ကန်ဒီတို့ နဖူးတောက်ကြေးဆော့ကြတုန်းက ကိုယ်နိုင်လို့ သူများကို နဖူးတောက်ရမယ်ဆိုရင်တောင် သူငယ်ချင်းနာသွားမှာစိုးလို့ ဖွဖွလေးတောက်တတ်တယ်။ သူငယ်ချင်းတွေကလည်း ကန်ဒီရှုံးရင် အဲ့လောက်နာအောင် ဘယ်သူမှ မတောက်ကြဘူး။ အခု ဒီကလေးတွေဆော့တာကိုကြည့်ပြီး မျက်လုံးပြူးရတယ် O_O

Facebook မှာ အရမ်းအိုဗာဖြစ်တဲ့ အတွဲတွေကို သိပ်ကြည့်မရဘူး (အပျိုကြီးလေသံဟု တွေးလိုက တွေးနိုင်ပါသည် ဟီးဟီး xD)။ Anniversaryတို့ ဘာတို့မို့ ဘယ်လောက်ချစ်ကြောင်း ဘယ်လိုချစ်ကြောင်း ပြောတာထားပါတော့။ ခုဟာက တနေ့လာလည်း ဒါပဲ... နောက်တနေ့လာလည်း ဒါပဲ>> "ချစ်တယ်.." "အရမ်းချစ်လိုက်တာ.." "သိပ်ချစ်တာပဲ"။ နောက်တစ်မျိုးရှိသေးတယ်>> "ဒါ ကိုကိုပေးတဲ့ လက်ဆောင်လေးလေ.. မထင်မှတ်တဲ့ လက်ဆောင်လေးမို့ အရမ်းပျော်တယ် သိလား... ကျေးဇူးကိုကို မွမွ" ဘာညာ ဘာညာ အဲ့ဒါမျိုးတွေကလည်း တစ်ရက်တည်း မဟုတ်ဘူးနော်... ပုံမှန်နေ့စဉ်ရက်ဆက်(=.=')။ အဲ့လိုတွေပြောလို့ ကန်ဒီ့ကို သူများချစ်တာ မနာလို တိုရှည်ဖြစ်နေတယ်လို့ ပြောမယ်ဆိုရင်လည်း ခံရမှာပဲ (ဟဟ xD)။ အချစ်ဆိုတာကို အယုံအကြည်မရှိတော့တဲ့ လူတစ်ယောက်အတွက် ဒီလိုဖြစ်တာ မဆန်းပါဘူး ဟုတ်တယ်ဟုတ်? ဆယ်ကျော်သက်အရွယ်ကစလို့ အချိန်အပိုင်းအခြားတစ်ခုအထိ အချစ်ဆိုတဲ့အရာကို ရူးရူးမိုက်မိုက် ဖက်တွယ်ခဲ့ဖူးတာပဲ။ ဒီလောက်ဆို လုံလောက်ပြီ ထင်တယ် ^_^

ကဲ.. ပြောချင်တာတွေလည်း ပြောပြီးပြီ။ ဒါမျိုးပိုစ့်တွေရေးပြီးတိုင်း အခက်တွေ့တာ ခေါင်းစဉ်ပဲ။ ရေးချင်တာတွေချရေး... ပြီးရင်ခေါင်းစဉ်မပေးတတ်တော့ဘူး >.<

Good Night^^

10 comments:

လရိပ်အိမ် said...

ရေးပုံကြည့်ရတာ အပျိုကြီးလုပ်မဲ့စတိုင်ဘဲ။
ဒါပေမဲ့ စောင့်ကြည့်ပါအုန်းမယ် ၊ ငယ်ပါသေးတယ် ညီမကန်ဒီ။ :P

မိုးသက် ဦးလွင် said...

အာပျိုဂျီးတဲ့ ပြောတာပဲ.။. အစ်မသာ အပျိုကြီးလုပ်ချင်လုပ်နော်..။ ညလေးတွေကို မတိုက်တွန်းနဲ့.. ငိငိ :D

နွေတေးရှင် (မင်းဧရာ) said...

အဲ ဖွဘုတ် ပေါ်က video ဖိုင်ထဲကလို ကစားမလာလို့ တင်းပုတ် တွေ စုထားလိုက်မယ်း)။

Anonymous said...

Hah...ha..Sis,your sound look like over 30 ladies ...You are still young to feel that way per...CHEER :)

Ma Ma Ei Ei said...

Hah...ha..Sis,your sound look like over 30 ladies ...You are still very young to feel that way per...CHEER :

ကူးကူးလှိုင် said...

လေ့ကျင့်ခန်းလေးမျှဝေတာတော့ ကျေးဇူးတင်တယ်ကန်ဒီရေ. လုပ်နိုင်မလုပ်နိုင်တော့မသိသေးဘူး...း)

Candy said...

Hee... I didn't say I'm gonna stay single for my whole life. Just tired of that thing called "LOVE" in the moment xD :P

မိုးငွေ့........ said...

အဲဒီလေ့ကျင့်ခန်းလေးက မမတို့ အေရိုးဗစ်မှာ သေးပူ အကြောလျှော့မှာ အမြဲပါတယ်

မိုးနတ်ကြယ်စင် said...

အင်းးးးးးးးးး ကန်လေးနဲ့ နာနဲ့ကတော့
အမြဲလေသံတူတယ်....ညီအမတွေပဲ
ဒီလောက်တော့ ရှိမပေါ့ ဟုတ်ဘူးလားးးးးးးး :)
( ခုမှ အဖော်ရသွားတဲ့လေသံနဲ့ ခစ်ခစ် )
ဒါထက် မိုးနတ်လဲ ခုတလော လေ့ကျင့်ခန်းမှန်မှန်
မလုပ်ဖြစ်ဘူး ကန်ကန်ရေ :(

ကိုကိုမောင်(ပန်းရနံ့) said...

အပျိုကြီး ပိစိ။ ဒေါ်ဒေါ်ပိစိ။ ဖွားဖွားပိစိ။း)