ဒုတိယနေ့...
မနက်(၈)နာရီလောက်ထပြီး ဟိုတယ်နားက မြန်မာဆိုင်လေးမှာ မနက်စာစားကြတယ်။ ဆိုင်ရဲ့အပြင်အဆင်က မြန်မာပြည်က လက်ဖက်ရည်ဆိုင်လေးတွေအတိုင်းပဲ။ ခေါက်ဆွဲသုပ်၊ မုန့်တီသုပ်၊ မုန့်ဟင်းခါး အစုံရတယ်။ မြန်မာပြည်ပြန်ရောက်သွားသလို ခံစားရတယ် ^_^
မနက်စာစားပြီးတော့ ကန်ဒီတို့ "Batu Caves"ဆီ သွားကြတယ်။ ဟင်ဒူဘုရားကျောင်းတွေရှိတဲ့ နေရာပေါ့။ ဟင်ဒူဘုရား Lord Murugan ကို ရည်ရွယ်ပါတယ်တဲ့။ ကိုယ့်ဘာသာလည်းမဟုတ်တော့ သမိုင်းကို သေချာမပြောပြတတ်ဘူး(>.<)။ အဲ့နေရာမှာရှိတဲ့ ကျောက်ဆောင်တွေနဲ့ ဂူတွေက နှစ်ပေါင်းတော်တော်ကြီးကို ကြာပြီလို့ ပြောတယ်။ လိုက်ပို့ပေးတဲ့ အစ်မ မဒမ်ကိုးတို့လင်မယားကို ကျေးဇူးတင်ပါတယ် :D
အဲ့လှေကားတွေ တက်ရမှာ... လမ်းမှာ မျောက်တွေရှိတယ်။ ပုပ္ပါးက မျောက်တွေလိုပဲ မုန့်လုတယ်။
အပေါ်ရောက်သွားပြီ။ ဆိုင်ခန်းကို ရိုက်တာ လူပါ ပါသွားတယ် >.<
တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်း...
အဲ့ကျောက်ဆောင်တွေကနေ သဘာဝအတိုင်း ကျောက်စက်ရည်တွေ ကျနေတယ်...
ဒါနောက်ဆုံးဂူ...
သူတို့က ဘုရားရှိခိုးပြီး အဲ့မှာပဲ လက်နဲ့ထမင်းထိုင်စားကြတာ တွေ့ရတယ်။
တောင်ပေါ်ကနေ ပြန်ဆင်းတဲ့လမ်းမှာ Dark Cave ဆိုတာရှိတယ်။ အဲ့ကိုတော့ ကန်ဒီတို့ မ၀င်ခဲ့ဘူး။ ၀င်ကြေးက RM 30 ထင်တယ်။ သူတို့ပေးတဲ့ ဦးထုပ်တို့ ဘာတို့ဆောင်းပြီး ၀င်ရတယ်။ အထဲမှာ မှောင်မဲနေပြီး လင်းနို့တွေ ပင့်ကူတွေရှိတယ်လို့ ပြောတယ်။ သူငယ်ချင်းတွေအများကြီးနဲ့ Adventure သဘောမျိုးသွားရင်တော့ မိုက်မယ် ^_^
တောင်ခြေမှာ Cave Villa ရှိတယ်။ ၀င်ကြေးက RM 7-10 လောက်... (သေချာမမှတ်မိလို့ >.<)။ အထဲမှာ လူလုပ်ရေတံခွန်အသေးလေးရှိတယ်။ နောက် အကောင်တွေလှောင်ထားတဲ့ဂူတွေနဲ့ ဟင်ဒူရိုးရာ ဆေးရေးပန်းချီပန်းပုတွေ ရှိတယ်။
အကောင်တွေထဲမှာ တွားသွားသတ္တ၀ါတွေကို အကြောက်ဆုံးပဲ >.<
အချစ်ဆုံးကတော့ ယုန်ပေါ့ ^_^
Cave Villa ထဲက ဂူတွေအကုန်တောင် မ၀င်ခဲ့ပါဘူး။ အဲ့မြွေတွေ လိပ်တွေထားတဲ့ဂူပဲ ၀င်ခဲ့တယ်။ နေကလည်းပူ၊ နေ့လည်စာစားချိန်လည်း ရောက်လာတာနဲ့ ပြန်ခဲ့တယ်။ မြို့ထဲမှာ နေ့လည်စာစား၊ ပြီးတော့ Bird Park သွားမယ်ဆိုပြီး ချီတက်ကြတာပေါ့။ Bird Park လည်းရောက်ရော ၀င်ကြေးက RM 90 ဆိုတာနဲ့ "မတန်ဘူးးးး"ဆိုပြီး မ၀င်ခဲ့ဘူး။ ဈေးအဲ့လောက်ကြီးတာ ဘာလို့လဲမေးကြည့်တော့... Foreigner မို့လို့တဲ့။ အဲ့မှာနေနေတဲ့လူတွေဝင်မယ်ဆို RM 30 နီးပါးပဲရှိတယ်တဲ့။ မတရားဘူး... စင်္ကာပူမှာတောင် Bird Park ၀င်ရင် SGD 20 လားပဲရှိတယ်။ အဲ... ဒါပေမယ့် မလေးက Bird Park ကတော့ နာမည်ကြီးတယ်နော်။ အဲ့ဒါကြောင့်လည်း ဈေးပိုယူတာ နေမှာပေါ့ :)
Bird Park မ၀င်ဖြစ်တော့ အဲ့နားမှာရှိတဲ့ Botanic Garden ၀င်ကြတယ်။ သစ်ခွတွေ အရမ်းလှတယ်။ အဲ့မှာ ဓာတ်ပုံအရိုက်ကောင်းပြီး ကန်ဒီ့နေကာမျက်မှန်ကြီး ပျောက်သွားတယ်။ ဘယ်နားချလိုက်မိမှန်းကို မသိတာ(>.<)။ နောက်တနေရာရောက်မှပဲ မျက်မှန်မပါတာ သတိရတော့တယ် =.='
ဒါက လွတ်လပ်ရေးကျောက်တိုင်ကြီးနားမှာ။ အဲ့ဒါကို အဲ့လိုခေါ်တာလား? စစ်ဖြစ်တုန်းက လွတ်လပ်ရေးအတွက် အသက်ပေးခဲ့ရတဲ့ စစ်သားတွေကို ဂုဏ်ပြုထားတဲ့ နေရာလေ။ အဲ့ဒါပြီးတော့ ညနေစောင်း ကန်ဒီတို့ Twin Tower ဆီသွားကြတယ်။ အစ်မ မဒမ်ကိုးက Twin Tower ထဲရောက်တာနဲ့ RM 2 ပေးရတဲ့ အိမ်သာထဲ ၀င်ရအောင်ဆိုပြီး ကန်ဒီ့ကို ခေါ်သွားတယ်။ အဲ့အိမ်သာက တခြားအိမ်သာတွေနဲ့မတူဘူး။ လူတစ်ယောက်ဝင်ပြီးတာနဲ့ တစ်ခါသန့်ရှင်းရေးလုပ်တဲ့အပြင် လက်ဆေးတဲ့နေရာမှာ Body Lotion တွေ ရေမွှေးတွေပါ ထားပေးထားတယ်။ ဟီး... အဓိကက အိမ်သာသွားချင်တာထက် အဲ့ဒါကိုကြည့်ချင်လို့ ၀င်တာ xD
ကန်ဒီတို့အပေါ်မတက်ဘဲ အောက်ကနေပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ပြီးတော့ အစ်ကိုချမ်းမင်းက ကန်ဒီ့ကို သူ့ဆိုက်ကယ်နဲ့ခေါ်သွားပြီး မြို့တစ်ပတ်လိုက်ပြတယ်။ ဆိုက်ကယ်စီးရတာ ပျော်စရာကြီးးးး (:D)။ ကန်ဒီက စက်ဘီးတွေ ဆိုက်ကယ်တွေ မစီးတတ်ဘူး (ရန်ကုန်သူ ပီသတယ်နော် :P)။ အဲ့တော့ အဲ့ဒါတွေ သူများနောက်က လိုက်စီးရရင် အရမ်းပျော်တယ်။ ပြီးတော့ ကာရာအိုကေ သွားဆိုကြတယ်။ အဲ့နေ့ညစာကို အစ်ကိုချမ်းမင်းပဲ ကျွေးတယ်။ ကျွေးတဲ့အစ်ကိုချမ်းမင်းကိုရော ဟင်းချက်ပေးတဲ့အစ်ကိုကြီးကိုရော ကျေးဇူးအများကြီးတင်ပါတယ်ရှင်(^_^)။ အဲ့ဒါပဲကြည့် ကန်ဒီမလေးသွားလည်တာ... စားတာသောက်တာကအစ တစ်ယောက်မဟုတ်တစ်ယောက်က ဧည့်ခံနေတော့ သူတို့ကို အရမ်းအားနာတယ် >.<
အဲ့ဒါပြီးတော့ ဟိုတယ်ပြန်ပြီး အိပ်တယ်ပေါ့။ ကန်ဒီတို့ဟိုတယ်က WiFi က ဘာဖြစ်နေလို့ဆိုလဲ မသိပါဘူး... အင်တာနက် သုံးလို့မရဘူး။ အဲ့ဒါနဲ့ လေးရက်လုံးလုံး လိုင်းပေါ်ကလူတွေနဲ့ လုံးဝကိုအဆက်အသွယ်ပြတ်သွားတယ်။ Humm... ဒါပေမယ့် လည်နေတာနဲ့တင် အဲ့ဒီအင်တာနက်ကို သတိမရပါဘူး(xD)။ သြော်... အဲ့ဒီခရီးတလျှောက်လုံး ကန်ဒီ့မျက်လုံးက ဒုက္ခပေးသေးတယ်။ ခရီးမသွားခင်က မျက်လုံးနာချင်သလိုလို ဖြစ်လိုက်သေးတယ်လေ။ သွားခါနီးမှာ ပျောက်သွားပြီးမှ ဟိုရောက်တော့ ထပ်ဖြစ်တာ.. ဆိုးပါ့(>.<)။ အဲ့မှာကျတော့ ခိုးလိုးခုလုဖြစ်ပြီးနီတာပဲရှိတယ်.. မနာဘူး။ ဘာတွေဖြစ်မှန်း မသိပါဘူး >.<
ဒီပိုစ့် ဒီလောက်ကြာနေတာ ဒီဗွီဒီယိုတွေ Edit လုပ်နေရလို့လေ။ ကန်ဒီ ခရီးသွားတိုင်း ဗွီဒီယိုလုပ်ဖြစ်တာများတယ်။ Humm... ကန်ဒီ ဗွီဒီယိုရိုက်တဲ့နေရာမှာ စိတ်နည်းနည်းလေး ပိုရှည်ဖို့လိုသေးတယ်။ လမ်းလျှောက်နေရင်းရိုက်တော့ လက်ကမငြိမ်လို့လေ။ ကြည့်ရင်း မမူးပါစေနဲ့လို့ ဆုတောင်းပြီး ကြည့်နော် ဟီးးး xD (Warning: ပေါတောတော လုပ်သမျှ သည်းခံပါရန် xD)
ဒါက မြို့ထဲနဲ့ တနေကုန်သွားထားသမျှတွေ... (ဒီဗွီဒီယိုကို အစ်ကိုချမ်းမင်းဆီမှာ
ခွင့်တောင်းပြီးမှ တင်တာပါ... သူနည်းနည်းပါနေလို့ :P)
ခွင့်တောင်းပြီးမှ တင်တာပါ... သူနည်းနည်းပါနေလို့ :P)
13 comments:
ဒီ post ဖတ်ရင်း မလေးသွားချင်လာတယ်။ ဒါပေမဲ.
Thanks for sharing Sis..
ဒီ post ဖတ်ရင်း မလေးသွားချင်လာတယ်။ ဒါပေမဲ.
Thanks for sharing Sis..
You are welcome bro ^_^
အဲဒီဂူကို ရောက်ဖူးချင်တယ်.. ပထမ Video က သီချင်းလေးကောင်းတယ်နော်
သွားတုံးကတော့အဲ့ဒီနေရာလေးတွေလည်းသွားဖူးတယ်။
ဒါပေမဲ့ ဓါတ်ပုံလေးတွေလည်းပျောက်သွားလို့ 
ဘာမှသိပ်မသိခဲ့ဘူး။
ဓါတ်ပုံလည်းကောင်းတယ်။
Video လည်းကောင်းတယ်။
မလေးကို တစ်နေ့ ကျရင် ၀င်လည်ချင်တယ်
အစ်မကန်ဒီပိုစ့်ကိုဖတ်လိုက်ရတာ
မလေးကို တစ်ခါထဲ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မကုန်ဘဲ ရောက်သွားရသလိုပဲ
ပျော်စရာလဲကောင်း ပင်လဲ ပင်ပန်းမှာပဲ အစ်မလဲ ခရီးသွားရတာတော့ ၀ါသနာပါတယ် ကန်ဒီရေ...
ရောက်ဖတ်ပြီးပြန်
နောက်တစ်ပိုင်းဖတ်ရန်မျှော် ။
အွန်း.. အာလူးကြော်စားချင်နေပါတယ်ဆို မျောက်ကလာစားပြနေသေးတယ် >.< ..
သီချင်းလေးတွေကောင်းတယ်.။ အစ်မဘလော့လာရင် သီချင်းအသစ်လေးတွေ ရတတ်တယ်. :v..။ အောက်က ဗွီဒီယိုထဲမှာ သီချင်းဆိုတာ ယုံပါ.. ယုံပါ တဲ့.. ။ :v
videoဖိုင်ထဲက မနတ်ခင်းငှတ်လေးတွေအသံက နားထောင်လို့ကောင်းတယ်..။
ဟဲဟဲ ငါ့အစ်ကိုဘယ်ဆိုးလို့လဲ ညီမတမင်ထည့်ထားတဲ့အသံကို ကြားတတ်သားပဲ :P
U are so cute,sis.I always read your posts!
Thank you sooo much!!! ^_^
Post a Comment