Yes!! Malay Trip ♥ Day 3!!
အဲ့မတိုင်ခင်ညက ခေါင်းလျှော်ပြီး အိပ်လိုက်တော့ ခေါင်းအေးအေးနဲ့ ကောင်းကောင်းအိပ်ပျော်တယ်။ ဟီးး.. ခေါင်းခြောက်အောင် မစောင့်နိုင်လို့သာ အိပ်လိုက်တာ... အမှန်က အဲ့လိုမအိပ်ရဘူး(=.=')။ မနက်(၈)နာရီဝန်းကျင်လောက်ကို Genting Highland သွားဖို့ အားလုံးနဲ့ ချိန်းထားတယ်။
မနက် (၇)နာရီခွဲ....
"ဒေါက် ဒေါက် ဒေါက်..."
တံခါးဖွင့်လိုက်တော့ ကိုရင်။ အစ်မ မဒမ်ကိုးတစ်ယောက် မနေ့ကလျှောက်လည်ပြီး ခြေထောက်ကြွက်တက်သွားလို့ ကန်ဒီနဲ့ မလိုက်နိုင်တော့ဘူး ဆိုတဲ့အကြောင်းနဲ့ ဟိုတယ်အောက်ထပ်မှာ အစ်ကိုချမ်းမင်းရောက်နေပြီဆိုတဲ့ အကြောင်းပြောတယ်။ အဲ့ဒါနဲ့ အစ်ကိုချမ်းမင်းပဲ Genting ကို လိုက်ပို့ပေးရတာပေါ့။ ကန်ဒီတစ်ယောက်တည်းကို တကူးတက အပင်ပန်းခံ လိုက်ပို့ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် ^_^
Genting Skyway...
မိနစ်(၂၀)လောက် စီးရတယ်ထင်တယ်။ ဘယ်လောက်ပေးရလဲ ကန်ဒီမသိဘူး (ကောင်းလိုက်တဲ့ ခရီးသွားပိုစ့်နော်... မသိတာနဲ့ မသေချာတာကများနေတယ် ဟီးဟီး xD)။ အစ်ကိုက ကန်ဒီ့ကို ပိုက်ဆံမပေးခိုင်းဘူးလေ။ လိုက်လည်းပို့တယ်... အကုန်အကျလည်း အကုန်ခံတယ်။ အားနာလိုက်တာ (>.<)။ အဲ့ဒါကြီးက တောင်တွေပေါ်က ဖြတ်သွားတာ ရှုခင်းအရမ်းလှတယ်။ ကန်ဒီ့မျက်လုံးလေးကို ကြည့်ဦး... သနားပါတယ်။ သေချာကြည့်ရင် နီနေတယ် တွေ့လား?? :(
ဒါက နှစ်ယောက်စာဆိုတော့ တစ်ယောက်ကို ~RM 54 လောက်ကျမယ်။ ဒါလည်း သူပဲပေးတာ -.-
ကန်ဒီ့ကို အဲ့မှာအေးတယ် ဆိုပြီး ပြောထားကြတာ... ဟိုရောက်တော့ ပူလိုက်တဲ့နေ။ မျက်လုံးတစ်ဖက်နီပြီး နေကာမျက်မှန် ပျောက်ထားတာနဲ့ ကွက်တိ (-.-)။ အရိပ်ထဲမှာ နေရင်တော့ အေးတယ်။ နေပူထဲသွားရင် ပူတယ်။ အဲ့ဒါနဲ့ လူကပြိုင်းပြီး ဘာမှသိပ်မစီးနိုင်ဘူး။ နောက်တစ်ခုက တန်းစီရတာ... ကန်ဒီက နဂိုကတည်းက စိတ်ကသိပ်ရှည်တာဆိုတော့ အကြာကြီးစောင့်ရမှာ ပျင်းတယ် =.='
ဒါကြီးတော့ နေပူစာလှုံရင်း စီးလိုက်သေးတယ် xD
မှိုလမ်း O.o
နေပူလို့ဆိုပြီး အထဲအရင် ၀င်ကြည့်တာ :D
ရေခဲမုန့် စားပါဦး (^_^)။ အဲ.. ကန်ဒီ ကိုက်ပြီးသွားပြီ မစားနဲ့တော့နော် (xD)။ ငယ်ငယ်က ကိုယ်စားနေတဲ့မုန့်ကို ရွံတတ်တဲ့သူငယ်ချင်းစားမှာစိုးလို့ အဲ့လိုညစ်ပတ်ကြတာလေ။ ကန်ဒီ့ကို အဲ့လိုလာလုပ်လို့တော့ မရဘူး။ သူများစားနေတဲ့ ရေခဲမုန့်လည်း စားတယ်... Lolipop လည်း စုပ်တယ် ဟဟဟ xD
ဓာတ်ပုံတွေ မပြင်ထားဘူး... အများကြီးဆိုတော့ ပြင်ပြီး Blog address လေး ထည့်ရမှာကို ပျင်းသွားလို့ :P
ဒိုင်နိုဆောနဲ့ ဂေါ်ဇီလာ တူလားဟင်??? အဲ့အကောင်ကြီးတွေက လှုပ်တယ်... အသံလည်း ထွက်တယ် :D
ကြိုးတံတားပေါ်မှာ :D
သူတို့ Kiss တာကလည်း ဟီးဟီး xD
အဲ့မှာပဲ နေ့လည်စာစားပြီး (၂)နာရီလောက်ကျတော့ ကားနဲ့ ပြန်လာတယ်။ တောင်ပတ်လမ်းတွေပေါ်ကသွားတော့ မေမြို့ကို သတိရတယ်။ တကယ်တော့ Times Square မှာ လက်ဆောင် နည်းနည်းဝယ်ချင်လို့ စောစောပြန်လာတာ။ စင်္ကာပူမှာဆို ကန်ဒီ့အပေါ်အရမ်းကောင်းတဲ့ အစ်မတို့မိသားစု ရှိတယ်လေ။ အဓိကက သူနဲ့ သူ့သမီးလေးအတွက် လက်ဆောင်ဝယ်ပေးချင်လို့။ သြော်... အဲ့ဒီအသွားမှာ ကန်ဒီရထားစီးလိုက်သေးတယ်။ မလေးက ရထားက တိုတိုလေး :D
ရထားပေါ်မှာ...
အဲ့ကိုလည်း ရောက်တယ်ဆိုရုံလေး ရောက်သွားတာ။ အစ်ကို့ကို ဘယ်ဆိုင်မှာ ၀ယ်ရင်ကောင်းမလဲမေးပြီး သူပြတဲ့ဆိုင်မှာပဲ ၀ယ်လိုက်တာ။ ကျန်တဲ့ဆိုင်တွေတောင် လျှောက်ပတ်မကြည့်ဖြစ်ဘူး။ အချိန်ကလည်း မရဘူးလေ။ အစ်မ မဒမ်ကိုးတို့က ကန်ဒီတို့ကို ညစာသွားစားဖို့ စောင့်နေကြတယ်။ အဲ့နေ့ညစာကို အစ်ကိုသောမတ်တို့လင်မယားက သူတို့အိမ်မှာစားဖို့ဖိတ်ထားလို့ အားလုံးပဲအဲ့ကိုချီတက်ကြတယ်။ အစ်ကိုသောမတ်လည်း ဘလော့ဂါပဲ... ဒါပေမယ့် ကန်ဒီသူ့ဘလော့ဂ်ကို မသိဘူး။ ကန်ဒီနဲ့ အဲ့နေ့မှ စ,တွေ့ဖူးတာဆိုပါတော့။ အစ်မ မဒမ်ကိုးတို့နဲ့က အရမ်းခင်တော့ အားလုံးကိုဖိတ်လိုက်တာ။ လင်မယားနှစ်ယောက်လုံး အရမ်းသဘောကောင်းတယ်။ ကလေးလေးနှစ်ယောက်ကလည်း ချစ်စရာလေးတွေ။ ညစာအတွက် သူတို့ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ် ^_^
နောက်နေ့ကျတော့ မနက်(၁၀)နာရီခွဲကားနဲ့ ပြန်ခဲ့တယ်လေ။ အဲ့ဒါကို ပုဝါခေါ်တာလား တဘက်ခေါ်တာလား... အဲ့ဒါလေးက အစ်ကိုချမ်းမင်းလက်ဆောင်ပေးလိုက်တာ။ သူဝယ်တော့ ကန်ဒီလည်း အိမ်ကအန်တီနဲ့ ကန်ဒီချစ်တဲ့အစ်မအတွက် ၀ယ်သွားဦးမယ်ဆိုပြီး နှစ်ထည်ဝယ်ခဲ့သေးတယ် (:D)။ သြော်... မေ့တော့မလို့ ဒါက Day 3 အတွက် ဗွီဒီယို ^_^
ပုံပြင်လေးကတော့ ဒါပါပဲရှင်...
8 comments:
လိုက်လည်ရတာလည်းမောပြီ။
နားလိုက်အုန်းမယ်။
အိုင်အိုရာ
^_^ welcomeeeeeeeeeeeeeeeeeeeeeeeeeee
^_^ ^_^
မလေးရှားကိုအလည်တခေါက်ရောက်ဖူးတုန်းက ဂျန်ဒင်းရောက်တယ် ကန်ဒီမစီးရဲဖူးဆိုတဲ့ဟာ စီးခဲ့သေးတယ်..။ အဲဒီတုန်းက အရမ်းအေးတယ် မိုးလဲရွာတယ် pizza hut ကော်ဖီသောက်တော့ အမိုးက မှန်အကြည်နဲ့လေ တိမ်တွေအလိတ်လိုက်အဆုပ်လိုက်ဖြတ်သွားတာ လှမှလှပဲ အဲတုန်းက ဓါတ်ပုံရိုက်ရမှန်းလည်းမသိဘူး နှမြောလိုက်တာ..။
ပျော်စရာကောင်းတယ်နော် စိတ်လဲလန်းသွားမှာပဲ အစ်မလဲ ခရီးသွားရတာပျော်တယ်...
သွားချင်လာပြီနော့်
မေမြို့ကိုဒိရရင်လာလည်..။ တားလိုက်ပို့မယ် ^_^
ဘိုင်သဝေး ဒိုင်နိုဆောနမ်းတာလည်း လူသံထွက်တယ်..ငိငိ
ဝိုးးးးးးးးး ပျော်စရာကောင်းထှာ
ဘာပဲဖြစ်ဖြစ် ကိုချမ်းကရှင်းပေးတယ်
ဆိုတာလဲ အရမ်းကို လျော်ကန်သင့်
မြတ်လိုက်ထှာ ဟီးးးးးးးးး အရေးထဲ
အချောင်သမားဝင်ပြီး အားကျနေပြန်ပါပြီ
ဟဲဟဲ ဒို့များ အလည်လာရင်လဲ
အဲလိုပဲ သဘောကောင်းစေချင်ပါတယ်
ကိုချမ်းရယ် .....ဘလော့ဂါမောင်နှမတွေ
ရေ.....ဒီမှာဒကာတွေ့ထားတယ်ဗျို့ :PPPP
အပိုင်း (၄) မျှော်နေတယ်ကန်ရေ ..
ဂွတ်ညဟေ့ အာဘွားးးးးးးးးး :)
အဲကို သွားချင်ဘူး ပျင်းတယ်။
လန်ကာဝီကို သွားမယ်...
ဘီဘီတွေ ၀ီဝီတွေ ဈေးပေါတယ်း)။
ဘမှုန်
Post a Comment